ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jan 14, 2011

နိုင်ငံရေးအကျဉ်းသားများအခြေအနေ နှစ်ချုပ်အစီရင်ခံစာ ထုတ်ပြန်

January 14th, 2011 | ရိုးမ ၃

မြန်မာစစ်အစိုးရ အကျဉ်းထောင်များတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ အခြေအနေများနှင့်ပတ်သက်၍ နှစ်ပတ်လည် အစီရင်ခံစာ တစောင်ကို ယခုလ (၃) ရက်နေ့က ထုတ်ဝေခဲ့သည်။

အဆိုပါ အစီရင်ခံစာကို ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

Jan 9, 2011

ဈေးသည်များအခက်ခဲကို အာဏာပိုင်များ မဖြေရှင်းပေးသည့်အတွက် အဖွဲ့ချုပ်ထံ အကူညီတောင်းထား

January 9th, 2011 | ရိုးမ ၃

စည်ပင်သာယာအဖွဲ့၏ မတရားလုပ်ရပ်ကြောင့် သင်္ဃန်းကျွန်းဈေးမှ ဈေးသည်များ အခက်ခဲကြုံနေရပြီး အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သို့ တိုင်တန်းအကူညီ တောင်းခဲ့သည်။

ဈေးကောက်ပေးရောင်းနေသည့် ဈေးသည်များကို နေရာဖမ်းခိုင်းပြီး ဈေးရောင်းခွင့်မပေးတော့သဖြင့် သက်ဆိုင်ရာ စစ်အာဏာပိုင်များထံ အကြောင်းကြားခဲ့သော်လည်း တစုံတရာ ဖြေရှင်းပေးခြင်းမရှိသည့်အတွက် ယခုလ (၇) ရက် နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ သွားရောက်အကူညီ တောင်းခံခဲ့ခြင်းဖြစ်ကြောင်း ဈေးသည်တဦးက ပြောသည်။

Jan 6, 2011

“လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနဲ့ မြန်မာ့ရွေးကောက်ပွဲ (၂၀၁၀)” အမည်ရှိ အစီရင်ခံစာကို ပြည်တွင်းမှ ထုတ်ဝေ

January 6th, 2011 | ကောင်းမြတ်ကျော်

မြန်မာပြည်အတွင်း လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ လှုပ်ရှားဆောင်ရွက်နေသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP) အဖွဲ့က “လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနဲ့ မြန်မာ့ရွေးကောက်ပွဲ (၂၀၁၀)” အမည်ရှိ လေ့လာသုံးသပ်ချက် အစီရင်ခံစာတစောင်ကို ယနေ့ ထုတ်ဝေလိုက်သည်။

Jan 5, 2011

လွတ်လပ်ရေးနေ့အခမ်းအနား ကျောက်ပန်းတောင်းတွင် ကျင်းပ

January 5th, 2011 | ရိုးမ ၃

(၆၃) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အခမ်းအနားကို မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များက ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားကို နံနက် (၉) နာရီမှ (၁၀) နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ပြီး အင်အား (၅၀) ကျော်ခန့် တက်ရောက် ခဲ့ကြသည်။

Dec 17, 2010

ကျောင်းက ကောက်ခံသည့် ငွေမထည့်နိုင်သူများကို ဆရာမက ရိုက်နှက်

December 17th, 2010 | ရိုးမ ၃

အတန်းပိုင်ဆရာမက ကျောင်းသားများထံ ငွေကြေးကောက်ခံရာတွင် မထည့်နိုင်သည့် ကျောင်းသားများအား ရိုက်နှက်မှုကို ပြုလုပ်နေသည့်အတွက် ကျောင်းသားမိဘများ မကျေမနပ်ဖြစ်နေကြသည်။

Dec 7, 2010

ကုလအတွင်းရေးမှူးချုပ်က မြန်မာ့အရေးကိစ္စ လုံခြုံရေးကောင်စီတွင် တင်ပြခဲ့

December 7th, 2010 | ရိုးမ ၃

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr. Vijay Nambiar) က မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်၍ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများကို ဒီဇင်ဘာ ၆ ရက်နေ့က တင်ပြခဲ့သည်။

မစ္စတာ နမ်ဘီးယားသည် နက်ပိုင်းတွင် မြန်မာ့မိတ်ဆွေနိုင်ငံများနှင့် တွေ့ဆုံဆွေးနွေပြီး ညနေပိုင်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်၍ အစီရင်ခံစာ တင်သွင်းမည်ဖြစ်သည်။

အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ရောက်ရှိ

December 7th, 2010 | ဥာဏ်မောင်

အရှေအာရှနှင့် ပိစိဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုး ဆက်(ဖ) ၀ိုင်ယွန်း (Joseph Y Yun) သည် မြန်မာ့နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း၏ ဖိတ်ကြားချက်ဖြင့် ယနေ့တွင် နေပြည်တော်သို့ ရောက်ရှိသည်ဟု အစိုးရအရာရှိတဦးက ပြောသည်။

သူသည် မကြာသေးမီက နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာသည့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဟု သတင်းရရှိသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏ သားငယ် မြန်မာပြည်မှ ပြန်လည်ထွက်ခွာ

December 7th, 2010 | ဥာဏ်မောင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားအငယ်ဖြစ်သူ ကိုထိန်လင်း (Kim Aris) သည် ရန်ကုန်မြို့ မှ ယနေ့နံနက် ၈နာရီ ၄၅ မိနစ်အချိန်တွင် ထွက်ခွာသွားပြီဖြစ်သည်။

သူသည် သူ၏မိခင်နှင့် ၂၀၀၀ ခုနှစ်နောက်ပိုင်းကတည်းက ဆယ်စုနှစ်ခန့် မတွေ့ဆုံခဲ့ရဘဲ သူ၏မိခင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့သည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး အချိန်အတော်ကြာကြာ ပြည်ဝင်ခွင့်ဗီဇာ စောင့်ဆိုင်းပြီးမှ နှစ်ပတ်ခန့်တွေ့ဆုံခွင့်ရခဲ့ခြင်း ဖြစ်သည်။

Dec 2, 2010

ကြံ့ဖွံ့အာဏာပိုင်က ပြည်သူများထံမှ အဓမ္မငွေကြေးကောက်ခံ

December 2nd, 2010 | ရိုးမ ၃

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအာဏာပိုင်များ၏ အကြောင်းပြ ငွေကြေးကောက်ခံမှုများကြောင့် မြို့ခံများ မကျေမနပ်ဖြစ်နေကြသည်။

Dec 1, 2010

ကမ္ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့ လမ်းလျှောက်ချီတက်ပွဲ ပြုလုပ်

December 1st, 2010 | ရိုးမ ၃

ကမ္ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပညာပေး လမ်းလျှောက်ချီတက်ပွဲကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

Nov 30, 2010

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီး ငြိမ်းချမ်းရေးကောင်စီဝင်များ ဖမ်းဆီးခံရ

November 30th, 2010 | ရိုးမ ၃

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဖက်ခြမ်းတလျှောက်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေလျှက်ရှိပြီး ငြိမ်းချမ်းရေးကောင်စီမှ တပ်ဖွဲ့ဝင်အချို့ကို နအဖတပ်များက ဖမ်းဆီးခေါ်သွားခဲ့သည်။

Nov 28, 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကြိုဆိုပွဲ ဒုက္ခသည်စခန်းတွင် ကျင်းပ

November 28th, 2010 | ရိုးမ ၃

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက်လာမှုကို ကြိုဆိုသည့် အထိမ်းအမှတ်အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် အုန်းပြန့်ဒုက္ခသည်စခန်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားကို ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD-LA) နှင့် အုန်းပြန့်ဒုက္ခသည်စခန်းကော်မတို့က ဦးစီးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Nov 25, 2010

စစ်အစိုးရက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေ

November 25th, 2010 | ဖြိုးကြီး

မြန်မာပြည်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကို အစိုးရကိုယ်တိုင်ကျူးလွန်နေကြောင်းနှင့် ထုံးတမ်းစဉ်လာ ဓလေ့များကြောင့်လည်း ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB) အဖွဲ့တာဝန်ရှိသူများက ပြောသည်။

ယနေ့ကျရောက်သည့် နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB) သဘာပတိအဖွဲ့ဝင် နန့်ဒါးအဲ့ကလယ်က “အိမ်တွင်းအကြမ်းဖက်မှုဆိုတာ မြန်မာ့ထုံးတမ်းစဉ်လာတွေအရ ပြောင်းလဲလို့ မရသေးတာတွေ ရှိတယ်၊ အဲဒါကြောင့် ဆက်ရှိနေဦးမှာဘဲ၊ အစိုးရကိုယ်တိုင်အကြမ်းဖက်မှုတွေကလည်း ဆက်ရှိနေတယ်၊ ကျမတို့ အမျိုးသမီးတွေအပေါ် ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလမှာဘဲ စစ်တပ်က စိတ်ရောဂါ ခံစားနေရသူ အမျိုးသမီးတဦးကို မုဒိမ်းကျင့် ခဲ့တာတွေ ရှိနေတယ်” ဟု ပြောသည်။

Nov 23, 2010

ဒေါ်အောင်ဆန်းစုကြည် သားဖြစ်သူနှင့် ပြန်လည်တွေ့ဆုံ

November 23rd, 2010 | ဉာဏ်မောင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဆယ်စုနှစ်ကျော်ကြာ တွေ့ဆုံခွင့်မရသော သားအငယ်နှင့် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံခွင့်ရသည်။

ယနေ့နံနက်ပိုင်းက ရန်ကုန်လေဆိပ်တွင် ရောက်ရှိလာသော သားအငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်ကို သွားရောက်ကြိုဆို တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ကင်မ်အဲရစ်သည် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ (၁၃) ရက်နေ့ ပြန်မလွတ်ခင်ကတည်းက ထိုင်းနိုင်ငံသို့ရောက်ရှိနေပြီး မြန်မာပြည်သို့ဝင်ရန် ဗီဇာ စောင့်နေခဲ့သည်။

Nov 19, 2010

ဝေါလေတွင် နအဖတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိ

November 19th, 2010 | ရိုးမ ၃

ထိုင်း- မြန်မာနယ်စပ်ဒေသ ကရင်ပြည်နယ်၊ ဝေါလေဂွင်အတွင်း ဒီကေဘီအေတပ်များ ဝန်းရံထားသည့်အတွက် နအဖစစ်တပ်များ ရွာထဲမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိကာ ဒေသခံ ရွာသားများ ဆက်လက်တိမ်းရှောင်နေရသည်။

ယနေ့ မနက် (၃) နာရီခန့်တွင် စစ်အစိုးရတပ်များက ဝေါလေဂွင်၊ ထိပလယ်ရွာအခြေစိုက် စခန်းကနေ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒီကေဘီအေ တပ်မဟာ (၅) တပ်ရင်းမှူး ဗိုလ်မှူးချုပ် စောလားပွယ်က ပြောသည်။

Nov 17, 2010

ဂျပန်နိုင်ငံက မြန်မာပြည်နှင့် အပြုသဘောဆက်ဆံရေး ဆက်လက်ကျင့်သုံးမည်ဟု ပြော

November 17th, 2010 | ဉာဏ်မောင်

စစ်တပ်အုပ်ချုပ်ရေးရှိနေသေးသော မြန်မာပြည်တွင် ဒီမိုကရေစီတိုးတက်ရေးအတွက် နည်းလမ်းတခုအနေဖြင့် အပြုသဘော ဆက်ဆံရေးမူဝါဒကို ဆက်လက်ကျင့်သုံးဦးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး စဲအိဂျိ မအဲဟာရက ယမန်နေ့က ပြောကြားခဲ့သည်။

မြန်မာပြည်တွင် ဆိုက်ကလုံးမုန်တိုင်းကြောင့် ပျက်စီးမှုများအား ပြန်လည်ပြင်ဆင်ရန်အတွက် အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၅ သိန်း ကူညီပြီးကြောင်း တိုကျိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Nov 13, 2010

လူထုခေါင်းဆောင် ပြန်လည်လွတ်မြောက်ပြီ

November 13th, 2010 | ကောင်းမြတ်ကျော်

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်း ၂၁ နှစ်အတွင်း ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ်ဖြင့် နေခဲ့ရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မြန်မာစံတော်ချိန် ၅ နာရီ ၁၅ မိနစ်အချိန်တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ပြီဖြစ်သည်။

ယမန်နေ့မှစ၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မည်ဆိုသည့် သတင်းများကြောင့် ထောင်ဂဏန်းရှိသော အင်န်အယ်ဒီပါတီဝင်များအပါအဝင် ပြည်သူလူထုက သူမ၏ နေအိမ်ရှေ့နှင့် အင်န်အယ်ဒီရုံးချုပ်ရှေ့များတွင် ကြိုဆိုစောင့်ဆိုင်းနေခဲ့ကြသည်။

Nov 12, 2010

လူထုခေါင်းဆောင် ပြန်လွတ်တော့မည်

November 12th, 2010 | ရိုးမ ၃

နေအိမ်အကျယ်ချုပ်ကျခံနေရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးမည်ဟု စစ်အစိုးရ နေပြည်တော်ရပ်ကွက်က စာထုတ်လိုက်ပြီဆိုသည့် သတင်းများကြောင့် ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးတွင် ရာချီသော အဖွဲ့ချုပ်အဖွဲ့ဝင်များ ကြိုဆိုစောင့်ဆိုင်းနေကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ယနေ့ လွတ်မည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့ခံတဦးက “ဒီနေ့ ညနေ ၄ နာရီမှာ ဒေါ်စုကို လွှတ်မှာဖြစ်ပါတယ်၊ စစ်အစိုးရဆီက လိုအပ်တဲ့ စာရွက်စာတမ်းတွေအားလုံး ရနေပါပြီ၊ လက်ရှိမှာလည်း သူမအိမ်ထဲမှာ သံတမန်အချို့နဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေရောက် နေပါပြီ။ တပြိုင်နက်တည်းမှာပဲ ဒေါ်စုအိမ်တဝိုက်မှာလဲ လုံခြုံရေးအဖွဲ့တွေလည်း အတော်များများ ချထားတယ်” ဟု ပြောသည်။

Nov 9, 2010

မြဝတီမြို့ပေါ်မှ ဒီကေဘီအေတပ်များ ဆုတ်ခွါ၊ ဘုရားသုံးဆူတွင် တိုက်ပွဲဆက်ဖြစ်

November 9th, 2010 | ဉာဏ်မောင်

မြဝတီမြို့ပေါ်ရှိ ဒီကေဘီအေတပ်များက ၎င်းတို့ ခြေကုပ်ယူထားသည့် ချစ်ကြည်ရေးတံတားထိပ်နှင့် မြို့တွင်းနေရာများမှ ဆုတ်ခွါသွားပြီ ဖြစ်သော်လည်း ဘုရားသုံးဆူဒေသနှင့် ဒီကေဘီအေ တပ်မဟာ (၅) တည်ရှိရာ ဝေါလေဂွင်များတွင် ယနေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

Nov 8, 2010

ဒီကေဘီအေနှင့် နအဖတပ်များ မြဝတီတွင် တိုက်ပွဲဖြစ်ပွားနေ

November 8th, 2010 | ရိုးမ ၃

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တွင် ဒီကေဘီအေတပ်များနှင့် နအဖတပ်များအကြား ယနေ့နံနက်ပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ဘက်နှင့် အရပ်သားများ ထိခိုက်ဒဏ်ရာရမှုများရှိနေသည်။