ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jul 21, 2010

နိုင်ငံရေးအကျဉ်းသားများကျန်းမာရေး မိသားစုစိုးရိမ်နေရ

ရိုးမ ၃။ ၂၁ ဇူလိုင်၊ ၂၀၁၀

နယ်ဝေးအကျဉ်းထောင်များတွင် နှစ်ရှည်အကျဉ်းကျခံနေရသည့် လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးနှင့် ကိုဘိုဘိုဝင်းလှိုင်တို့နှစ်ဦးစလုံး ကျန်းမာရေးမကောင်းဖြစ်နေပြီး ထောင်တွင်း ဆေးဝါးကုသမှုလည်း မပြည့်စုံသဖြင့် ၎င်းတို့ကျန်းမာရေးအတွက် စိုးရိမ်နေရကြာင်း မိသားစုဝင်များက ပြောသည်။

နိုင်ငံရေးအကျဉ်းသူ မစုစုနွေးသည် ခန္တီးထောင်တွင် ငှက်ဖျားရောဂါကို ခံစားနေရပြီး မိသားစုများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် ငွေကြေးအခက်အခဲများကြောင့် ထောင်ဝင်စာသွားမတွေ့နိုင်ကြောင်း မစုစုနွေး၏ အမဖြစ်သူက ပြောသည်။

Jul 20, 2010

ပျော့ဖက်စက်ရုံ ဓါတုစွန့်ပစ်ပစ္စည်းများ၏ဆိုးကျိုး ဒေသခံများ ခံစားနေရ

ရိုးမ ၃။ ၂၀ ဇူလိုင်၊ ၂၀၁၀

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းရှိ ပျော့ဖက်စက်ရုံ စွန့်ပစ်ပစ္စည်းများကြောင့် အနီးနားကျေးရွာများမှ ဒေသခံများ ကျန်းမာရေးထိခိုက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှု ဒဏ်များကို ခံနေရကြောင်း ရွာသားတဦးက ပြောသည်။

စက်ရုံမှ စွန့်ပစ်သည့် ရေများက ဒေသခံများ သောက်သုံး အသုံးပြုနေသည့် ချောင်းများသို့ စီးဝင်ကာ ရေထုညစ်ညမ်းမှုနှင့် အခြားအက်စစ်ဓါတ်ပါဝင်သည့် စွန့်ပစ်ပစ္စည်းများမှ အနံ့များကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပွားနေကြောင်း ၎င်းက ပြောသည်။

ခင်ဗျားတို့အခြေအနေနဲ့ ခင်ဗျားတို့အဖြေ

တူမောင်ညို။ ဇူလိုင် ၂၀၊ ၂၀၁၀

စည်းဝိုင်းထဲက နိုင်ငံရေးကတော့ တဖြည်းဖြည်းနဲ့ အသံတွေ ဆူညံလာပါပြီ။

ထူးခြားတာတစ်ခုက အသံတိတ်နေတဲ့ (တစည) အသံထွက်လာတာပါ။ အရင်လိုငြိမ်ခံနေလို့ မဖြစ်တော့ဘူး၊ ထွက်ပြောမှဖြစ်တော့ မယ်လို့ (တစည)တွေ ယူဆပုံ ပေါ်ပါတယ်။ ဒါကြောင့် ဦးချစ်လှိုင်နဲ့ ပွဲစပြီးထွက်လိုက်ပုံ ပေါ်ပါတယ်။

Jul 19, 2010

သမဂ္ဂဖော်ဆောင်ရေးအဖွဲ့ အပါအ၀င် အဖွဲ့ (၅) ဖွဲ့ အာဇာနည်ဗိမာန်သို့ တက်ရောက် အလေးပြု

ဘုန်းခိုင်။ ၁၉ ဇူလိုင်၊ ၂၀၁၀

ရန်ကုန်မြို့က အာဇာနည်ဗိမာန်မှာ စစ်အစိုးရက ပြုလုပ်သည့် (၆၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အာဏာပိုင်တွေ တားမြစ်စစ်ဆေးမှုတွေကြားက ရန်ကုန်မြို့ရှိ အဖွဲ့ (၅) ဖွဲ့မှ လူ (၆၀)လောက် တက်ရောက်အလေးပြု လွမ်းသူ့ပန်းခွေချခြင်း ပြုလုပ်ခဲ့သည်။

ဒီကနေ့ ကျရောက်သည့် (၆၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားပြုလုပ်ရာ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်သို့ အဖွဲ့ (၅) ဖွဲ့မှာ အဖွဲ့ဝင် (၆၀) လောက် အလေးပြု လွမ်းသူ့ပန်းခွေချဖို့ သွားရောက်ခဲ့သည့်အတွေ့အကြုံကို ကိုယ်တိုင်ပါဝင်ခဲ့သူ လူငယ်တဦးက “ကျနော်တို့ အရှေ့ဘက်မုဒ် အာဇာနည်ကုန်းထိပ်ကို ရောက်သွားပါပြီ၊ ကျနော်တို့ လမ်းမှာတော့ အတားအဆီးတွေရှိတယ်၊ ကျနော်တို့ တော်တော်လေးအတိုက်အခံကိုပြောပြီးတော့ သွားရတယ်၊ အရှေ့ဘက်မုဒ် အာဇာနည်ကုန်းထိပ်ရောက်တော့ ငါးယောက်တတန်း ငါးယောက်တတန်းဆိုပြီးတော့ ၀င်ပြီး အလေးပြုခွင့်ရတယ်၊ ”ဟု ပြောသည်၊

အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ

ဖြိုးကြီး။ ဇူလိုင် ၁၉၊ ၂၀၁၀

(၆၃) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားနှင့် လူငယ်စကားဝိုင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)က ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ “စစ်အစိုးရအနေနဲ့က ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု အခန်းကဏ္ဍကို ပျောက်ပျက်မှေးမှိန်အောင် လုပ်ဆောင်နေတယ်၊ အာဇာနည်နေ့ဟာ မြန်မာ့သမိုင်းမှာ ဖျောက်ဖျက်လို့မရတဲ့ မှတ်တမ်းဖြစ်တယ်ဆိုတာကို အဓိက မီးမောင်းထိုးပြချင်တယ်၊ ပြီးတော့ ဒီနေ့ခေတ် လူငယ်တွေကို သမိုင်းလက်ဆင့်ကမ်းချင်တဲ့အတွက် ဒီအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဒုဥက္ကဌ ဒေါက်တာအေးကျော်က ပြောသည်။

Jul 14, 2010

ဝန်ကြီး စည်းရုံးရေးခရီးစဉ်တွင် ဂျာနယ်ဖတ်ရန် တိုက်တွန်းခဲ့

ရိုးမ ၃။ ဇူလိုင် ၁၄၊ ၂၀၁၀

ပညာရေး ဒုဝန်ကြီး၏ ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်တွင် The Voice ဂျာနယ်ဖတ်ရန် တိုက်တွန်းသွားပြီး အခြားစည်းရုံးမည့်ပါတီများကို မယုံကြရန် ပြောဆိုခဲ့ကြောင်း ကျောင်းသားတဦးက ပြောသည်။

ယခုလ (၈) ရက်နေ့က မိတ္ထီလာ စီပွားရေးတက္ကသိုလ်သို့ ပညာရေး ဒုဝန်ကြီး အောင်မျိုးမင်းရောက်ရှိကာ ရွေးကောက်ပွဲတွင် မည်သည့်ပါတီကို မဲပေးသင့်သည်ကို ပြောဆိုသွားခြင်း ဖြစ်သည်။

Jul 12, 2010

ကလေးငယ် ရာနှင့်ချီ၍ သွေးလွန်တုတ်ကွေးဖြစ်နေ

ဖြိုးကြီး။ ဇူလိုင် ၁၂၊ ၂၀၁၀

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ကလေးငယ် ရာနှင့်ချီ၍ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားနေလျှက်ရှိပြီး သေဆုံးမှုများလည်း ရှိနေကြောင်း ဆေးရုံအသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

ယခုလဆန်းပိုင်းမှ စတင်ကာ ဖြစ်ပွားခြင်းဖြစ်ပြီး ယခုလ(၉) ရက်နေ့ စာရင်းအရ သွေးလွန်တုတ်ကွေးဖြစ်ပွားသူ ကလေးငယ် (၁၁၉) ယောက်ရှိကြောင်း ၎င်းက ပြောသည်။

Jul 10, 2010

ကလေးစစ်သားပြန်ခေါ်ရန် မိဘများက လမ်းပြကြယ်ထံ အကူညီတောင်းထား

ရိုးမ ၃။ ဇူလိုင် ၁၀၊ ၂၀၁၀

ဦးလေးဖြစ်သူထံတွင် အလုပ်လုပ်နေသည့် အသက် (၁၅) နှစ်အရွယ် ကလေးငယ်တဦး ပျောက်ဆုံးနေခဲ့ရာ (၅) လကျော်မှ စစ်သင်တန်းကျောင်းရောက်နေသည်ကို သိရသဖြင့် မိဘများက ပြန်လည်ခေါ်ဆောင်နိုင်ရန် ပဲခူးမြို့ရှိ လမ်းပြကြယ်အဖွဲ့သို့ အကူညီတောင်းထားသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ဦးလေးထံတွင် အလုပ်လုပ်နေစဉ် မောင်မင်းကိုသက် (ခ) ပိုင်ငြိမ်းချမ်းဆိုသူမှာ ပျောက်ဆုံးသွားခဲ့ပြီး ယမန်နေ့က ဖုန်းဆက်လာမှ စစ်တပ်ထဲရောက်နေသဖြင့် ပြန်လည်ခေါ်ယူနိုင်ရန် လိုက်လံလုပ်ဆောင်နေခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ခင်မာက ပြောသည်။

Jul 9, 2010

ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝတ်စုံများ အခမဲ့ပေးဝေနေ

ဘုန်းခိုင်။ ဇူလိုင် ၉၊ ၂၀၁၀

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်တွင် အဖြူနှင့် အစိမ်းရောင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းသားများ ဝတ်ဆင်သည့် ဝတ်စုံများကို မြို့နယ်ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးက ဒီကနေ့ မနက်ပိုင်းကစပြီး အခမဲ့ ဝေငှပေးနေကြောင်း ကျောက်ပန်းတောင်း ဒေသခံများက ပြောသည်။

ကလေးစစ်သားလွတ်ပေးဖို့ မိဘများက တောင်းပန်သော်လည်း အခုထိ ပြန်မလွတ်သေး

ရိုးမ ၃။ ဇူလိုင် ၉၊ ၂၀၁၀

ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ အမှတ် (၁၀) စစ်အခြေခံ လေ့ကျင့်ရေးကျောင်းတွင် စစ်သင်တန်းတက်နေရသည့် အသက် (၁၅) နှစ်အရွယ် မောင်ဝေယံမိုး လွတ်မြောက်ဖို့ မိဘဖြစ်သူများက သက်ဆိုင်ရာ အထက်အာဏာပိုင်များထံ မေလအတွင်းက တင်ပြထားသော်လည်း ယခုအချိန်ထိ လွတ်မြောက်လာခြင်းမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၄) ရက်နေ့က စစ်သားအဖြစ်စုဆောင်းခံလိုက်ရသည့် မောင်ဝေယံမိုးက စစ်တပ်ထဲတွင် မနေလိုသည့်အတွက် မိဘများက သင်တန်းကျောင်းတပ်မှူးထံသို့ ကလေး၏ ကိုယ်ရေးရာဇဝင် အပြည့်အစုံနှင့် ထောက်ခံစားများ တင်ပြခဲ့သော်လည်း တစုံတရာ မသိရသေးခြင်းဖြစ်သည်။