ဆရာမက ကျူရှင်မတက်သည့် ကျောင်းသားတဦးအား အငြိုးထား ရိုက်နှက်
ရိုးမ ၃၊ သြဂုတ် ၂၀၊ ၂၀၁၀
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှ ကျောင်းဆရာမ တဦးက ၎င်းထံတွင် ကျူရှင်မတက်သည့် ကျောင်းသားတဦးအား အငြိုးထား ရိုက်နှက်မှုကြောင့် မိဘများအနေဖြင့် စိုးရိမ်မိကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။
မရမ်းကုန်း အမက (၉)မှ ဆရာမက အဆုတ်ရောဂါအခံရှိသည့် သူငယ်တန်းကလေးငယ်ကို ရိုက်နှက်သဖြင့် မိဘများအနေဖြင့် ရောဂါပြန်ဖြစ်လာမှာ စိုးရိမ်နေခြင်းဖြစ်သည်။