ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jun 18, 2010

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို မြန်မာ့အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပ

ဖြိုးကြီး။ ဇွန်လ ၁၈၊ ၂၀၁၀

ဇွန်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၆၅) နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အခမ်းအနားနှင့် မြန်မာ့အမျိုးသမီးများနေ့ အခမ်းအနားကို မြန်မာ့အမျိုးသမီးထု လှုပ်ရှားမှု ကော်မတီက ဦးဆောင်ပြီး ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးဆပ်မှုစွန့်လွှတ်မှု၊ အနစ်နာခံမှုတွေဟာ မြန်မာအမျိုးသမီးထု တရပ်လုံးအတွက် အတူယူဖွယ်ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဟာ မြန်မာအမျိုးသမီးများနေ့ ဖြစ်သင့်တယ်ဆိုတာကို လက်ခံပြီး ကျင်းပတာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ အမျိုးသမီးထုလှုပ်ရှားမှု ကော်မတီ အဖွဲ့ဝင်တဦးဖြစ်သူ မအိရွှေစင်ညွန့်က ပြောသည်။

Jun 15, 2010

ကြံ့ဖွံ့ကို မထောက်ခံလျှင် ဖမ်းဆီးမည်ဟု ဒေသအာဏာပိုင်များပြော

ရိုးမ ၃။ ၁၅၊ ၆၊ ၂၀၁၀

စစ်အစိုးရ ပြုလုပ်မည့်ရွေးကောက်ပွဲတွင် ကြံ့ဖွံွှ့ပါတီကို မထောက်ခံပါက ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကျေးရွာအာဏာပိုင်များက ခြိမ်းခြောက်ပြောဆိုနေလျှက်ရှိကြောင်း ရွာသားတဦးက ပြောသည်။

ယခုလ (၈) ရက်နေ့က ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကျီကြီးအုပ်စု ဥက္ကဌ ဦးအောင်သန်းဌေးနှင့် ရယက စာရေး ဦးကျော်မြင့်တို့က ပြောဆိုခြင်းဖြစ်ကြောင်း စုမှတ်တိုင်ကျေးရွာ ဆယ်အိမ်မှူး ကိုမင်းထိုက်က အစည်းဝေးတွင် ပြောသည်။

Jun 13, 2010

မဖြူဖြူသင်း ဦးဆောင်သည့်အဖွဲ့က NLD လူကြီးများအား ဂါဝရပြု

လွန်းဒင်။ ။ ၁၃၊ ၆၊ ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် HIV/AIDS ရောဂါသည်တွေကို အကူအညီပေးရေး အစီအစဉ်တာဝန်ခံ မဖြူဖြူသင်းဦးဆောင်ပြီး ဝေဒနာသည်များက အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်တို့အား ဂါဝရပြု ကန်တော့သည့်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ (၁၈) ရပ်ကွက်ရှိ HIV/AIDS ဝေဒနာရှင်များကိုထားရှိသည့်နေရာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မဖြူဖြူသင်းက ပြောသည်။

ကလေးစစ်သားတဦး မိဘများထံ ပြန်လည်ရောက်ရှိ

ဖြိုးကြီး။ ။ ၁၃၊ ၆၊ ၂၀၁၀

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ကန်းကျွန်းကြီးကျေးရွာမှ အဖ ဦးသောင်းအေး အမိ ဒေါ်ခင်စန်းရွှေတို့၏သား အသက် (၁၇)နှစ်အရွယ် မောင်ဝေယံ ကလေးစစ်သားအဖြစ် တာဝန်ထမ်းဆောင်နေရာမှ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) အကူညီဖြင့် မိဘထံ ပြန်လည်ရောက်ရှိလာသည်။

ယခုလ (၁၀) ရက်နေ့က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး ခလရ (၃၂) တွင် တာဝန်ကျနေသည့် မောင်ဝေယံကျော် (ခ) သန့်ဇင်နောင်ကို မိဘများကိုယ်တိုင် သွားရောက်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ခင်စန်းရွှေက ပြောသည်။

Jun 11, 2010

ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးသူကို အရေးမယူသဖြင့် မြို့ခံများ မကျေနပ်

ရိုးမ ၃။ ၁၁၊ ၆၊ ၂၀၁၀

သစ်တောဝန်ကြီး အရှိန်အဝါဖြင့် ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးခဲ့သူကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များက ယနေ့အထိ အရေးယူခြင်း မရှိသည့်အတွက် မြို့ခံများက မကျေမနပ် ဖြစ်နေကြသည်။

ပြီးခဲ့လ (၂၅) ရက်နေ့က ဧရာဝတီတိုင်း၊ အင်္ဂပူမြို့ပေါ်တွင် သစ်တောဝန်ကြီး ဦးသိန်းအောင်၏ နေအိမ်ကို ဆောက်လုပ်ပေးနေသူ ဖိုးလပြည့်သည် သံဃာတပါးနှင့် အဆင်မပြေဖြစ်ရာမှ လမ်းဘေးပလက်ဖောင်းများ၊ လမ်းမီးတိုင်များ၊ ဖုန်းကြိုးများနှင့် စည်ပင်သာယာဆိုင်းဘုတ်များကို မြေတူးစက်ဖြင့် ထိုးကာ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

Jun 5, 2010

ဆုတောင်း


လွတ်လပ်စွာ တွေးခေါ်နိုင်သော နေရာ
ဦးခေါင်းကို မတ်မတ် ထောင်ထားနိုင်သော နေရာ
အသိပညာ လွတ်လပ်သော နေရာ။

ကမ္ဘာကြီးအား ကျဉ်းမြောင်းသော
ကိုယ်ပိုင် အုတ်တံတိုင်းများဖြင့် ကာရံလျက်
အစိတ်စိတ် အမွှာမွှာ ခွဲခြားထားခြင်း မရှိသော နေရာ။
စကားလုံးများသည် နက်ရှိုင်းလှစွာသော သစ္စာတရားမှ
ထွက်ပေါ်လာသော နေရာ။

မတွန့်မဆုတ် ကြိုးပမ်းအားထုတ်မှုသည်
ယင်း၏လက်များကို ပြီးပြည့်စုံခြင်းဆီသို့
ဆန့်တန်းလျက် ရှိသောနေရာ။

ဆင်ခြင်တုံတရား တည်းဟူသော
ကြည်လင်သည့် စမ်းရေအလျင်သည်
သေခြင်းတရား၏ စိုးမိုးရာ
ခြောက်သွေ့သော ကန္တာသဲပြင်အတွင်း
လမ်းပျောက်သွားခြင်း မရှိသောနေရာ။

အရှင့် ရှေ့ဆောင်မှုဖြင့် စိတ်အလျင်သည်
အမြဲတစေ ချဲ့ထွင်လျက်ရှိသော
အတွေးအခေါ်နှင့် လုပ်ဆောင်မှုနယ်ပယ်ဆီသို့
ဦးတည် သွားနေသော နေရာ။

ထိုလွတ်လပ်သော နိဗ္ဗာန်ဘုံထဲ၌
တပည့်တော်၏တိုင်းပြည် နိုးကြားနေရပါလို၏
အရှင်ဘုရား…..။ ။

                                   ရာဘင်ဒြာ နသ် တဂိုး

ဘာသာပြန်ဆိုသူ မောင်သန့်စင်
(ရာဘင်ဒြာ နသ် တဂိုးနှင့် သူ၏ ကဗျာများ စာအုပ်မှ)

Jun 4, 2010

မယ်လဒုက္ခသည်စခန်းတွင်း ကာလဝမ်းရောဂါ ဆက်လက်ဖြစ်ပွား

ဘုန်းခိုင်။ ၄၊ ၆၊ ၂၀၁၀

မယ်လ ဒုက္ခသည်စခန်းတွင်း ဒုက္ခသည် (၁၁)ဦး ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ ၀မ်းရောဂါဖြစ်သည့် လူနာ (၂၀)ဦး စခန်းတွင်းရှိ အေအမ်အိုင်ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရသည်။

မယ်လဒုက္ခသည်စခန်းတွင်း ၀မ်းရောဂါဖြင့် တက်ရောက်ခဲ့သည်လူနာ (၅၀)ဦးတွင် ကာလ၀မ်းရောဂါပိုးတွေ့ရှိသည့် လူနာ (၁၁) ဦးရှိခဲ့ပြီး အခုလက်ရှိ ကာလ၀မ်းရောဂါသည်တွေနှင့် ဝမ်းရောဂါသည်တွေ တက်ရောက်ကုသနေမှု အခြေအနေကို မယ်လဒုက္ခသည်စခန်း ဆေးရုံတာဝန်ခံ ဆရာ စောနေဆဲလ်က “မယ်လဒုက္ခသည်စခန်းမှာ ကာလဝမ်းရောဂါ ဖြစ်တဲ့လူနာ (၁၁) ယောက်ရှိပြီ။ ဒါက စဖြစ်တဲ့ ပြီးခဲ့တဲ့လ (၂၇) ရက်နေ့ကနေ ဒီနေ့ထိပေါ့လေ။ အခု လက်ရှိဆေးရုံမှာ ကာလ၀မ်းရောဂါ လူနာ (၃)ဦး ရှိတယ်။ တချို့သက်သာတဲ့သူတွေ ဆေးရုံက ပြန်ဆင်းခိုင်းလိုက်ပြီ၊ ၀မ်းရောဂါနဲ့ လူနာက မနေ့ကနဲ့ ဒီနေ့ထိ အယောက် (၂၀) ဆေးရုံမှာ ထပ်ရောက်လာတယ်။ ကျနော်တို့စခန်းထဲက ဆေးရုံမှာ ကုသရေးနဲ့ ဆေးဝါးအလုံအလောက်ရှိတယ်”ဟု ပြောသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး အခမ်းအနား ကျင်းပ

ရိုးမ ၃။ ၄၊ ၆၊ ၂၀၁၀

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲဆောင်မြို့ရှိ (SAW) စာသင်ကျောင်းတွင် ကျောင်း (၈) ကျောင်း ပူးပေါင်းကာ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကျောင်းသား (၁၀၀) ကျော်ပါဝင်၍ ပတ်ဝန်းကျင်မှ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ အသုံးပြုနိုင်ရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု (SAW) စာသင်ကျောင်းမှ ကျောင်းဆရာ ကိုသီဟမောင်မောင်က ပြောသည်။

Jun 3, 2010

မုံရွာမြို့က ချင်းတွင်းရတနာဈေး မီးလောင်

ဘုန်းခိုင်။ ၃၊ ၆၊ ၂၀၁၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ချင်းတွင်းရတနာအဆင့်မြင့်ဈေးကြီး ယနေ့မနက် (၃) နာရီခန့်က မီးစတင် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း (၅၀၀)နီးပါး မီးလောင်ဆုံးရှုံးခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် ဈေးကြီးရဲ့အပေါ်ထပ် အလယ်ခန်းက မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်းလို့ ခန့်မှန်းပြောဆိုနေကြသော်လည်း အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဒေသခံမျက်မြင်များက ပြောသည်။

May 31, 2010

ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ

လွန်းဒင်။ ၃၁၊ ၅၊ ၂၀၁၀

ရခိုင်ပြည်နယ် မြို့နယ်တချို့တွင် ဒီပဲယင်း အကြမ်းဖက်မှုတွင် ကျဆုံးသွားခဲ့သည့် ရဟန်းရှင်လူကျောင်းသားလူငယ်များအတွက် ဆွမ်းကပ် ဆုတောင်းပွဲများကို မနေ့က ပြုလုပ်ခဲ့သည်။

တောင်ကုတ်မြို့နယ်ရှိ NLD အဖွဲ့ဝင်များက ဘုန်းကြီးကျောင်း (၂) ကျောင်းကို ဆွမ်းကပ်လှူခဲ့ပြီး မအီမြို့နယ်၊ ဆားပြင်ရွာဘုရားတွင်လည်း အဖွဲ့ချုပ်ဝင် (၁၈) ယောက်က မီးပူဇော်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်သားများ လွတ်မြောက်ရေးအတွက် ဆုတောင်းပေးခဲ့ပြီး ဒီပဲယင်းတွင် အကြမ်းဖက်ခံရ၍ ကျဆုံးခဲ့သူများအတွက် အမျှပေးဝေခဲ့သည်ဟု မြို့ခံက ပြောသည်။