ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jan 29, 2010

အထွေထွေအကြပ်အတည်းများကြောင့် ရဲအရာရှိတဦး ပြည်ပသို့ တိမ်းရှောင်လာ

ရိုးမ ၃

စားဝတ်နေရေးကြပ်တည်းမှုနှင့် ဥပဒေအရ လုပ်ပိုင်ခွင့်များလျော့နည်းလာသည့်အခြေအနေများကြောင့် ရဲအရာရှိတဦး ထိုင်း-မြန်မာနယ်စပ်သို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိလာသည်။

တာဝန်ထမ်းဆောင်နေစဉ်အတွင်း အထက်အာဏာပိုင်များ၏ အမိန့်ညွှန်ကြားချက်အဆင့်ဆင့်ကို လိုက်လံအကောင်ထည်ဖော် ဆောင်ရွက်ပေးနေရခြင်းနှင့် မိသားစု စားဝတ်နေရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ခြင်း မရှိတော့သည့် အခြေအနေကြောင့် ယခုကဲ့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း အဆိုပါ ဒုရဲအုပ်က ပြောသည်။

Jan 28, 2010

စစ်အစိုးရ စွပ်စွဲချက်သည် သိက္ခာချလိုခြင်းသာဖြစ်သည်ဟု ပြော

ဖြိုးကြီး

စစ်အစိုးရက ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ(BLC) ကို ဖောက်ခွဲရေးလုပ်ငန်းများတွင် ပတ်သက်မှုရှိနေကြောင်း စွပ်စွဲချက်သည် အခြေအမြစ်မရှိကြောင်း အဖွဲ့ဥက္ကဌက တုန့်ပြန်ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၇) ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ဖောက်ခွဲရေးသမားများသည် (BLC) မှ စေလွှတ်ထားသူများဟု ဆိုခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှေ့နေများကောင်စီဥက္ကဌ ဦးသိန်းဦးက တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

Jan 27, 2010

မြို့ပေါ်ဖောက်ထွင်းမှုကို သက်ဆိုင်ရာက အရေးယူနိုင်ခြင်းမရှိသေး

လွန်းဒင်

ဘိုကလေးမြို့ပေါ်တွင် ဖောက်ထွင်းခိုးယူမှုများ ဖြစ်နေပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တရားခံပေါ်အောင် ရှာဖွေပေးနိုင်ခြင်း မရှိသေးကြောင်း မြို့ခံတဦးက ပြောသည်။

ဘိုကလေးမြို့၊ (၃) ရပ်ကွက်မှ နေအိမ်တအိမ်တွင် အဝတ်အထည်ပစ္စည်းများနှင့် အိမ်အသုံးဆောင်ပစ္စည်းများ ယမန်နေ့ည ၂ နာရီကျော်ခန့်က ဖောက်ထွင်းခိုးယူခြင်းခံရကာ ယခင်ကဖြစ်ခဲ့သည့် ခိုးယူမှုများမှာလဲ အမှုမှန် ပေါ်ပေါက်ခြင်း မရှိကြောင်း ၎င်းက ပြောသည်။

မူးယစ်ဆေးဝါနှင့်ပတ်သက်သည့် အစီရင်ခံစာ ပလောင်အမျိုးသမီးအဖွဲ့ ထုတ်ဝေ

ရိုးမ ၃

နအဖစစ်အစိုးရ အုပ်ချုပ်မှုအောက်တွင် ဘိန်းစိုက်ပျိုးမှုနှုန်း မြင့်မားလာခြင်းနှင့် ဘိန်းသုံးစွဲမှု ပိုမိုများပြားလာကြောင်း ထောက်ပြသည့် သုတေသနပြု အစီရင်ခံစာကို ပလောင်အမျိုးသမီးများအဖွဲ့(PWO )က ထုတ်ဝေ၍ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ 'အဆိပ်သင့် တောင်တန်းများ' အမည်ရှိ အစီရင်ခံစာတွင် ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံး (UNODC) ၏ နှစ်စဉ် ဘိန်းထုတ်လုပ်မှု စစ်တမ်းကောက်ယူမှု ခန့်မှန်းချက်ထက် များပြားကြောင်း ထောက်ပြထားသည်။

နိုင်ငံရေးလှုပ်ရှားမှုကို ခြေမှုန်းဖို့အတွက် ပြင်ဆင်ထားပြီ

ဗထူး

ရန်ကုန်တိုင်းစစ်ဌာနချုပ် ညွှန်ကြားချက်အရ ဆန္ဒပြမှုတွေဖြစ်လာခဲ့ပါက မည်သို့ခြေမှုန်းမည်ကို တပ်နယ်အသီးသီးကို ညွှန်ကြားထားသည်။


“ပြည်သူ့စစ်၊ အရံမီးသတ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ယနေ့မှစ၍ အသင့်အနေအထားနေရန် ကြက်ခြေနီ၊ အမျိုးသမီးရေးရာ၊ ပြည်ခိုင်ဖြိုး စသည့် အင်အားများ တပ်နယ်အသီးသီးသို့ ပေးပို့ရန် ပြောထားပြီးပြီ” ဟု ပြောသည်။

Jan 25, 2010

ကလေးစစ်သားစုဆောင်းမှုနှင့် ပတ်သက်၍ ILO တိုင်ကြား

လွန်းဒင်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်တွင် အသက်မပြည့်သေးသည့် ကလေးငယ်တဦးအား စစ်သားအဖြစ် စုဆောင်း ခံရခြင်းကို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) သို့ တိုင်ကြားရန် ပြင်ဆင်နေသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် စစ်သားအဖြစ် စုဆောင်းခံရသည့် အသက် (၁၅)နှစ်အရွယ် မောင်အောင်ကိုဇင်၏ မိဘများက ပြန်လည်တိုင်ကြားဖို့ ဒေသတွင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP) အား ဒီကနေ့ ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။

တပ်တွင်း ပြောင်းလဲလာတော့မည်ဟု ပြော

ဗထူး

စစ်အစိုးရအနေဖြင့် တပ်တွင်းပြောင်းလဲမှု အကြီးမားဆုံး လုပ်ရတော့မည်ဟု စစ်အရာရှိတဦးက ပြောသည်။

“၂၀၀၈ ပြီးပြီ၊ ကျနော်တို့အနေနဲ့ လေးလပတ်မှာ ဘာဖြစ်လာမလဲတော့ ကြည့်နေတာပါ။ အပြောင်းအလဲ ကြီးမယ်။ နားမှာလားဆိုတဲ့ ကိစ္စတွေပါ၊ ပုံမှန်အားဖြင့် လေးလပတ်မှာ အဖြေထွက်ရမယ်၊ အလယ်အလတ်တွေဆိုတော့ ပြောရတာ ခက်တယ်၊ အရပ်ဖက်ရောက်မလားတော့ မသိသေးဘူး” ဟု ပြောသည်။