ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Mar 3, 2010

သန်လျင်မြို့နယ် ရဲဝန်ထမ်းများ တာဝန်ပေါ့လျော့မှုကို အရေးယူခြင်းမရှိသေး

ရိုးမ ၃

တာဝန်ပေါ့လျော့သည့် ရဲဝန်ထမ်းများ ဖယ်ရှားပေးရန် အထက်အာဏာပိုင်များထံ တင်ပြတိုင်တန်းထားသော်လည်း ယနေ့ထိ တစုံတရာအရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ဒေသခံတဦးက ပြောသည်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မှုခင်းများကို ပေါ်ပေါက်အောင် အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် တရားလို တဦးဖြစ်သူဦးမြအေးက သက်ဆိုင်ရာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

Mar 1, 2010

မြန်မာ့သတင်းသမဂ္ဂညီလာခံ ကျင်းပ

ရိုးမ ၃

သတ္တမအကြိမ်မြောက် မြန်မာ့သတင်းသမဂ္ဂညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယနေ့ နံနက်ပိုင်းမှ စတင်ကျင်းပခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြန်မာအပါအဝင် နိုင်ငံပေါင်း (၁၁) နိုင်ငံမှ သတင်းသမားများ၊ စာပေးအနုပညာရှင် ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး မြန်မာ့သတင်းသမဂ္ဂ(BMA) မှ ဦးမောင်မောင်မြင့်က အမှာစကားပြောကြား၍ ဖွင့်လှစ်ခဲ့သည်။

(နအဖ)စစ်အုပ်စုရဲ့အခက်အခဲ

တူမောင်ညို

(နအဖ) စစ်အုပ်စုမှာ ဘာအခက်အခဲတွေ ရှိနေသလဲ။

(နအဖ) စစ်အုပ်စုရဲ့ အခက်အခဲဆိုတာ အာဏာရှိသူရဲ့ အခက်အခဲပါ။

(NLD) နဲ့ရင်ဆိုင်နေရတဲ့အခက်အခဲ

(CFGs) တွေကို (BGFs) ပြောင်းရတဲ့အခက်အခဲ၊ နိုင်ငံတကာနဲ့ရင်ဆိုင်နေရတဲ့အခက်အခဲ စသဖြင့် ပြောကြပါလိမ့်မယ်။ ကျနော့်အထင်တော့ဖြင့် ဒါတွေဟာ အခက်အခဲတွေ ဖြစ်နေလင့်ကစား (နအဖ)စစ်အုပ်စုက သိပ်အလေးဂရုပြုလိမ့်မယ်လို့ မထင်ပါ။