ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Apr 23, 2010

ငြမ်းပြိုသည်ကို ပေါက်ကွဲမှုဖြစ်သည်ထင်၍ ထိတ်လန့်နေကြ

ရိုးမ ၃ 

ဆောက်လုပ်စဲ လေးထပ်တိုက်ပြိုကျသည်ကို ဗုံးပေါက်ကွဲသည်ထင်ပြီး ပြည်သူလူထု အထိတ်တလန့် ဖြစ်နေသည်။

ယနေ့နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့၊ လသာမြို့နယ် ၂၃ လမ်း အထက်ဘလောက် အိမ်အမှတ် ၁၁၆/၁၂၀ တွင် ဆောက်လုပ်ဆဲ လေးထပ်တိုက် ငြမ်းပြိုကျခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒပြတောင်းဆို

လွန်းဒင် 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လျှပ်စစ်မီးရရှိရေးအတွက် အမျိုးသမီးများ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ယခုလ ၂၁ ရက်နေ့ ည (၈) နာရီခွဲခန့်တွင် စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်မှ အမျိုးသမီးများက  ၅၀၀ ကျော်ခန့်သည်  လျှပ်စစ်မီးမရသည်မှာ ၄ လရှိပြီဖြစ်သောကြောင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု မြို့ခံတဦးက ပြောသည်။

Apr 22, 2010

ပြည်သူပိုင်တိုက်ခန်းများကို အထပ်ပိုဆောက်ရန် လုပ်ဆောင်နေ

လွန်းဒင် 

သုံးထပ်တိုက်ပြိုကျပြီးနောက်ပိုင်း ပြည်သူပိုင်တိုက်ခန်းများကို အာဏာပိုင်နှင့် ကန်ထရိုက်တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းတွင်း အန္တာရာယ်ရှိသည့်တိုက်ခန်းများကို ဖျက်ပြီး ပြန်လည်ဆောက်လုပ်ရန် စီစဉ်လျှက်ရှိသည်ဟု မြို့ခံတဦးက ပြောသည်။

ယင်းကဲ့သို့ ဆောက်လုပ်ရာတွင် ယခင်ရှိပြီးသား တိုက်ခန်းများထက် အထပ်ပိုဆောက်မှာဖြစ်ပြီး ဓါတ်လှေခါးပါ တပ်ဆင်ပေးမည်ဟု ၎င်းက ပြောသည်။

လက်တွေ့ကျသော ပြောင်းလဲရေးဖြစ်စဉ်ကို ရှာဖွေကြရာဝယ်

ဖိုးသာထူး 

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းလောက်မှ စတင်၍ ရေဒီယို၊ အင်တာနက်၊ အီးမေးလ် အစရှိသည့် လူထုဆက်သွယ်ရေး သတင်းမီဒီယာများမှတဆင့် နိုင်ငံရေးပညာရှင်များ၊ လူငယ်ခေါင်းဆောင်များ၊ အမျိုးသမီးခေါင်းဆောင်များနှင့် လူထုလူတန်းစားအသီးသီးမှ ပြည်သူလူထုအသံအချို့ကို လေ့လာမှတ်သားရင်းဖြင့် စာရေးသူ၏ ခေါင်းထဲသို့ နိုင်ငံရေးစကားစုနှစ်ရပ် အပြိုင်အဆိုင်ဝင်ရောက်လာခဲ့သည်။

Apr 20, 2010

စစ်အစိုးရစွပ်စွဲမှုကို ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်

ဖြိုးကြီး

ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ စစ်အစိုးရက ဒီမိုကရေစီအင်အားစုများအပေါ် စွပ်စွဲထားချက်များကို လုံးဝကန့်ကွက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)က ယနေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်ကြေညာလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အနေဖြင့် လူမျိုးစုံပြည်သူတရပ်လုံး၏ အခြေခံလူ့အခွင့်အရေးနှင့် စစ်မှန်သောဒီမိုကရေစီရရှိရေးအတွက် အကြမ်းမဖက်သည့်နည်းလမ်းများကို လေးနက်ယုံကြည်စွာ ကိုင်စွဲထားသည့်အဖွဲ့ဖြစ်ပြီး ပြည်သူလူထုကို ဒုက္ခရောက်စေရန် လုံးဝလုပ်ဆောင်ခြင်းမရှိကြောင်း အဆိုပါကြေညာချက်တွင် အလေးအနက်ဖော်ပြထားသည်။

ခွပ်ဒေါင်းကြီးကို ခွပ်လို့ကြိုက်တယ်

မမခင် 

စစ်အစိုးရရဲ့ မတရား၊ မမျှတတဲ့ ဥပဒေတွေကို ကျော်လွန်အာခံပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ပါတီကို မှတ်ပုံမတင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ (၂၉၊ ၃၊ ၁၀) နေ့က ဆုံးဖြတ်ချက်ကို ကြားသိရပြီးနောက် အားရကျေနပ်မှုတွေနဲ့ စားကောင်းအိပ်ပျော်ဖြစ်ခဲ့ရပါတယ်။

၁၉၈၈ ခု လူထုအုံကြွမှုတွေအပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရယ်လို့ ပေါ်လာပြီးနောက်မှာ ဆုံးဖြတ်ချက်တွေ များစွာ ရှိခဲ့ပေမဲ့ ဒီတခါ ဆုံးဖြတ်ချက်ဟာ အခြေအနေအချိန်အခါနဲ့ လိုက်လျောညီစွာ ဆုံးဖြတ်နိုင်ခဲ့တဲ့ အမှန်ကန်ဆုံးနဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်လို့တောင် ပြောရမယ်ထင်ပါတယ်။

အလင်းမဲ့ဘဝအမည်ရှိ ပညာရေးစစ်တမ်း အစီရင်ခံစာထုတ်ဝေ

ရိုးမ ၃ 

စစ်အစိုးရ အုပ်ချုပ်မှုအောက်တွင် နိမ့်ကျလာသော  တအောင်းဒေသရှိ ပညာရေးအခြေအနေအား စစ်တမ်းကောက်ယူဖော်ပြထားသည့် အလင်းမဲ့ဘဝ အမည်ရှိ အစီရင်ခံစာကို တအောင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံးက ယနေ့ထုတ်ဝေခဲ့သည်။

အဆိုပါ အစီရင်ခံစာတွင် ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆမ်၊ နမ့်ခမ်း၊ မန်တုံမြို့နယ်များမှ ကျေးရွာပေါင်း ၆၁ ရွာတွင် လူပေါင်း ၁၇၅ ဦးအား အသေးစိတ်မေးမြန်းထားမှုကို အခြေခံရေးသားထားခြင်းဖြစ်ကြောင်း တအောင်းကျောင်းသားနှင့်လူငယ်များ အစည်းအရုံး ပညာရေးဌာန တာဝန်ခံ မိုင်းမောဝ်ဒါင်းက ပြောသည်။

Apr 19, 2010

နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားကြခြင်း

တူမောင်ညို

၂၀၁၀ ပြည့်နှစ်၊ မတ်လ (၈) ရက်နေ့တွင် (နအဖ) စစ်အစိုးရက အောက်ပါဥပဒေ (၅) ရပ်ကိုထုတ်ပြန်ကြေညာခဲ့ပါသည်။
- ဥပဒေအမှတ် (၁/၂၀၁၀)  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ
- ဥပဒေအမှတ် (၂/၂၀၁၀)  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ
- ဥပဒေအမှတ် (၃/၂၀၁၀)  ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ
- ဥပဒေအမှတ် (၄/၂၀၁၀)  အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ
- ဥပဒေအမှတ် (၅/၂၀၁၀)တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ

လောင်းကစားလုပ်ငန်းကိုပြန်လုပ်ရန် ရဲအာဏာပိုင်များ တိုက်တွန်း

ဖြိုးကြီး

ဘိုကလေးမြို့ပေါ်တွင် လောင်းကစားဒိုင်များကို ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ပြီး ဆက်လက်လုပ်ကိုင်ရန် ရဲတပ်ဖွဲ့ အာဏာပိုင်များက တိုက်တွန်းမှုများပြုလုပ်နေကြောင်း မြို့ခံတဦးက ပြောသည်။

ပြီးခဲ့သည့်လ ၂၂ ရက်နေ့တွင် လောင်းကစားဒိုင်အချို့ကို ဖမ်းဆီးပြီး ၃ ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ပြီး ယခုအခါ နှစ်လုံးသုံးလုံးထီများကို လွတ်လပ်စွာရောင်းချရန် ဘိုကလေးမြို့အမှတ် (၃) ရပ်ကွက် နယ်ထိန်းအောင်ဇော်မင်း၏ သတင်းပေးတဦးက လိုက်လံပြောဆိုနေကြောင်း မြို့ခံက ပြောသည်။

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၁၃)

စောကျော်ကျော်မင်း

ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ကို ဖမ်းဆီးချုပ်နှောင်ထားသည့် ကာလမှာ နှစ်လကျော် သုံးလနီးပါးကြာ မြင့်ခဲ့သည့်အတွက် ရဲအရေးပိုင်သည့် အမှုဖြင့် ဖမ်းဆီးချုပ်နှောင်ထားခြင်းမျိုးလည်း မဟုတ်၊ ရဲအရေးမပိုင်သည့် အမှုဖြင့် ဖမ်းဆီးချုပ်နှောင်ထားခြင်းမျိုးလည်း မဟုတ်ကြောင်းကို ထင်ထင်ရှားရှား တွေ့ကြရမည်ဖြစ်သည်။ ထို့ပြင် ဖမ်းဆီးချုပ်နှောင်ပြီးသည့် နောက်ပိုင်း၊ ချုပ်နှောင်ထားသည့်ကာလမှာ (၂၄) နာရီထက် ကျော်လွန်ခဲ့သည့်တိုင်အောင် ဆက်လက် ဖမ်းဆီးချုပ်နှောင်ခွင့်ပေးနိုင်သည့် အာဏာပိုင် တရားသူကြီးထံသို့ ပို့ဆောင်ပြီး ရမန်တောင်းခံခဲ့ ခြင်းမရှိသည့်အတွက်၊ ယင်းဖမ်းဆီးချုပ်နှောင်ရာ ကာလနှင့် ဖမ်းဆီးချုပ်နှောင်သူ ရဲဝန်ထမ်းတို့၏ ပြုမူဆောင်ရွက်ချက်များကို “အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ချုပ်နှောင်ခြင်းနှင့် စုံစမ်းစစ်ဆေးရန်အတွက်ဆိုင်ရာ အာဏာပိုင်များထံသို့ တင်ပြရန် ပျက်ကွက်းခြင်း” ဟု အဓိပါယ်ဖွင့်ဆိုရမည်သာ ဖြစ်ပါသည်။ (ဆောင်းပါးအမှတ်စဉ် - ၂ တွင် ဖေါ်ပြထားသည့် စကားရပ်များကို အလျဉ်းသင့်၍ ရှင်းလင်းဖေါ်ပြအပ်ပါသည်)