ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Apr 23, 2010

လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒပြတောင်းဆို

လွန်းဒင် 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လျှပ်စစ်မီးရရှိရေးအတွက် အမျိုးသမီးများ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ယခုလ ၂၁ ရက်နေ့ ည (၈) နာရီခွဲခန့်တွင် စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်မှ အမျိုးသမီးများက  ၅၀၀ ကျော်ခန့်သည်  လျှပ်စစ်မီးမရသည်မှာ ၄ လရှိပြီဖြစ်သောကြောင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု မြို့ခံတဦးက ပြောသည်။



“မီးမလာတာ တော်တော်ကြာတော့ အမျိုးသမီးတွေစုပြီး လမ်းလျှောက်ဆန္ဒပြကြတာ၊ ည (၁၀)နာရီလောက်ကြတော့ အေးအေးချမ်းချမ်းဘဲ ပြန်သွားကြတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ ဆန္ဒပြလမ်းလျှောက်ပွဲကို အာဏာပိုင်များဘက်မှ တစုံတရာ အရေးယူခြင်းမရှိသေးကြောင်း မြိုကခံက ဆက်ပြောသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍  “မနေ့က ၂၂ ရက်နေ့ကျတော့ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေအားလုံး အဲဒီရပ်ကွက်ကို လုံခြုံရေးအပြည့်ချထားတယ်” ဟု ၎င်းကပြောသည်။

ယင်းအမျိုးသမီးများသည် အချင်းချင်းတိုင်ပင်ပြီး လျှပ်စစ်မီးရရှိရေးအတွက် အစိုးရမှ တစုံတရာလုပ်ဆောင်မှုမရှိလျှင် ဆန္ဒပြပွဲကို ဆက်လုပ်သွားမယ်ဟု ၎င်းကဆက်ပြောသည်။

“တကယ်လို့ တပတ်အတွင်းမှာ လျှပ်စစ်မီးရရှိရေးအတွက် တစုံတရာ အရေးယူဆောင်ရွက်မှု မရှိဘူးဆိုရင် သံဃာတော်တွေအပါအဝင် အားလုံးစုဝေးပြီးတော့ ဒီထက်ကြီးကျယ်တဲ့ ဆန္ဒပြပွဲတွေကို ပြောင်ပြောင်တင်းတင်းဆက်လုပ်သွားမယ်လို့ ပြောတယ်” ဟု အဆိုပါ မြို့ခံက ပြောသည်။