ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 4, 2010

လူမှုအကူညီရေး အဖွဲ့ချုပ်ဝင်များက နိုင်ငံရေးအမြင် နှီးနှောဖလှယ်ပွဲပြုလုပ်

ရိုးမ ၃။ စက်တင်ဘာ ၄၊ ၂၀၁၀

မန္တလေးမြို့မှ လူမှုအကူညီရေး အဖွဲ့ချုပ်ဝင်များက ညောင်ဦး၊ ကျောက်ပန်းတောင်းနယ်များသို့ သွားရောက်၍ အကူညီပေးရေးနှင့် နိုင်ငံရေးအမြင် နှီးနှောဖလှယ်ပွဲကို ယနေ့ပြုလုပ်ခဲ့သည်။

လူမှုအကူညီပေးအဖွဲ့ဝင်များအနေဖြင့် ယနေ့ နေ့လည် ၂ နာရီမှ ညနေ ၄ နာရီအထိ ကျောက်ပန်းတောင်းမြို့မှ စည်းရုံးရေးမှူး အဖွဲ့ချုပ်ဝင်များနှင့် တွေ့ဆုံကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်တည်ချက်များကို ချပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဗဟိုလူမှုအကူညီရေးအဖွဲ့မှ ဦးကိုလေးက ပြောသည်။

Sep 2, 2010

သစ်တောဝန်ကြီး ဦးသိန်းအောင် အိမ်သစ်တက်ပွဲပြုလုပ်

ရိုးမ ၃။ စက်တင်ဘာ ၂၊ ၂၀၁၀

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့ပေါ်ရှိ သစ်တောဝန်ကြီး ဦးသိန်းအောင် ရွေးကောက်ပွဲကာလ နေထိုင်မည့် နေအိမ် အိမ်သစ်တက်ပွဲကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

ကျပ်သိန်းပေါင်း နှစ်ထောင်ကျော် အကုန်ကျခံဆောက်လုပ်ထားသည့် အိမ်ဖြစ်ပြီး အင်္ဂပူမြို့နယ်အတွင်း စည်းရုံးရေး လုပ်ငန်းများအတွက် ငွေကျပ် သိန်းပေါင်း သောင်းနှင့်ချီကာ စည်းရုံးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

လခ မထုတ်ပေးသည့်အတွက် ဝန်ထမ်းများဒုက္ခရောက်နေ

ဖြိုးကြီး။ စက်တင်ဘာ ၂၊ ၂၀၁၀

ရန်ကုန်တိုင်း၊ လှိုင်သာယာ နည်းပညာတက္ကသိုလ်မှ ဝန်ထမ်းများ၏ လခကို ပါမောက္ခနှင့် ကျောင်းတွင်းကိစ္စရပ်များ ကိုင်တွယ်နေသည့် စစ်တပ်အငြိမ်းစားတို့က ဖြတ်ယူ၍ အခမဲ့ ခိုင်းစေခြင်းများ ပြုလုပ်နေလျှက်ရှိသည်။

နည်းပညာတက္ကသိုလ်မှ ပါမောက္ခ ဒေါ်သိဂိံနှင့် အငြိမ်းစားဗိုလ်ကြီးများဖြစ်သော ဦးသိန်းစိုးနှင့် ဦးဌေးလွင်တို့က သန့်ရှင်းရေးဝန်ထမ်း(၁၀)ဦးနှင့် လုံခြုံရေးဝန်ထမ်း (၂) ဦးတို့၏ လစာကို ထုတ်ပေးခြင်းမရှိကြောင်း ပညာရေးဝန်ထမ်းတဦးက ပြောသည်။

နဝမအကြိမ်မြောက် NCUB ညီလာခံ ကျင်းပပြီးစီး

ရိုးမ ၃။ စက်တင်ဘာ ၂၊ ၂၀၁၀

နဝမအကြိမ်မြောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ညီလာခံကို ထိုင်း- မြန်မာနယ်စပ်တနေရာတွင် ၅ ရက်ကြာ ကျင်းပပြီးစီးခဲ့သည်။

သြဂုတ်လ (၂၇) ရက်မှ (၃၁) ရက်နေ့အထိ ပြုလုပ်ခဲ့သည့် အဆိုပါ ညီလာခံသို့ ကိုယ်စားလှယ် ၆၅ ဦး တက်ရောက်ခဲ့ကြပြီး ဦးဆောင်တာဝန်ယူမှုများကို ရွေးချယ်ခန့်အပ်ခဲ့သည်။

Sep 1, 2010

“ဗိုက်မှောက်နေရသည့် ဘဝများ” အမည်ရှိ အစီရင်ခံစာ ထုတ်ပြန်

ဖြိုးကြီး။ စက်တင်ဘာ ၁၊ ၂၀၁၀

မြန်မာစစ်အစိုးရ၏ မတရားအခွန် ကောက်ခံနေမှုများနှင့်ပတ်သက်၍ “ဗိုက်မှောက်နေရသည့် ဘဝများ” အမည်ရှိ အစီရင်ခံစာတစောင်ကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ဖြန့်ဝေခဲ့သည်။

အဆိုပါ အစီရင်ခံစာကို လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ)က ထုတ်ဝေဖြန့်ချိခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များ ကလပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အစီရင်ခံစာထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) (ND-Burma)၏ အကြံပေးပုဂ္ဂိုလ် ဦးတိတ်နိုင်က “စစ်အစိုးရအာဏာပိုင်တွေက ပြည်သူလူထုအပေါ် ဥပဒေမဲ့၊ မတရား အခွန်တွေ ကောက်တာတွေကို သိရှိစေဖို့ ကျနော်တို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ယက်က ခေါင်းစဉ်တခု အနေနဲ့ အဲဒီအချက်အလက်တွေကို ကောက်ယူပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခွန်ကောက်ခံမှုတွေဟာ တခြားနိုင်ငံနဲ့မတူတာတွေကို မီးမောင်းထိုးပြတဲ့သဘောပါ” ဟု ပြောသည်။

Aug 31, 2010

စစ်အာဏာပိုင်များက ရွေးကောက်ပွဲစည်းရုံးရေးအတွက် အစည်းဝေးပြုလုပ်

ရိုးမ ၃။ သြဂုတ် ၃၁၊ ၂၀၁၀

ရန်ကုန်တိုင်း၊ ကမာရွတ် မြို့နယ်တွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးများ ပြုလုပ်ရန်အတွက် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း မြို့ခံတဦးက ပြောသည်။

ပြီးခဲ့သည့် (၂၉) ရက်နေ့ နံနက်ပိုင်းက ကမာရွတ်မြို့နယ် အထက(၅) ကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမများပါဝင်ကာ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် လုပ်ငန်းများ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။