ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 2, 2010

သစ်တောဝန်ကြီး ဦးသိန်းအောင် အိမ်သစ်တက်ပွဲပြုလုပ်

ရိုးမ ၃။ စက်တင်ဘာ ၂၊ ၂၀၁၀

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့ပေါ်ရှိ သစ်တောဝန်ကြီး ဦးသိန်းအောင် ရွေးကောက်ပွဲကာလ နေထိုင်မည့် နေအိမ် အိမ်သစ်တက်ပွဲကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

ကျပ်သိန်းပေါင်း နှစ်ထောင်ကျော် အကုန်ကျခံဆောက်လုပ်ထားသည့် အိမ်ဖြစ်ပြီး အင်္ဂပူမြို့နယ်အတွင်း စည်းရုံးရေး လုပ်ငန်းများအတွက် ငွေကျပ် သိန်းပေါင်း သောင်းနှင့်ချီကာ စည်းရုံးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“မနေ့က သူ့အိမ်သစ်တက်ပွဲ လုပ်တယ်၊ ကဗျာကယာ လုပ်သွားတာ၊ လူလည်း သိပ်မစည်ကားဘဲ ပြီးသွားတယ်၊ ထူးကြီးနဲ့ မယ်ဇလီကုန်းမှာလဲ ရွေးကောက်ပွဲစည်းရုံးရေးလုပ်တဲ့အချိန် သူနေ့ဖို့ အိမ်ဆောက်ထားတယ်၊ သူက ရွေးကောက်ပွဲကို ဒီနယ်က ပြိုင်မှာဆိုတော့ ငွေတော်တော်အကုန်ကျခံပြီး စည်းရုံးတာတွေလုပ်နေတာ” ဟု ပြောသည်။

ထို့အပြင် အင်္ဂပူမြို့ပေါ်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံး၊ မြို့နယ်စာကြည့်တိုက်များကိုလဲ အင်တာနက်လိုင်းများပါ ချိတ်ဆက်ထားပြီး ဆောက်လုပ်ပြီးကတည်းက ယနေ့အထိ ဖွင့်လှစ်ခြင်းမရှိသေးကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

သစ်တောဝန်ကြီး ဦးသိန်းအောင်အနေဖြင့် ၎င်းအရွေးခံမည့် နယ်မြေဒေသအတွင်း ကြံ့ခိုင်ရေးပါတီကို ထောက်ခံကြရန်နှင့် ပါတီဝင်များရရှိရေးအတွက် ငွေကြေး၊ အာဏာကို အသုံးပြုကာ စည်းရုံးနေခြင်း ဖြစ်သည်ဟု ပြောသည်။
“ကြံ့ဖွံ့စည်းရုံးရေးမှူးတွေကို လုပ်ငန်းလိုင်စင်တွေ၊ သစ်ပါမစ်တွေ ထုတ်ပေးထားတယ်၊ ဒါပေမဲ့ ဦးသိန်းအောင်အနေနဲ့ စိုးရိမ်မှုတွေလည်း ရှိနေတယ်၊ သူ့ကြံ့ဖွံ့က ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ လူမှုရေးဖောက်ပြန်မှု၊ အကျင့်ပျက်မှုတွေကို ပြည်သူတွေက အကုန်သိနေတာ” ဟု ပြောသည်။

အလားတူ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးဌေးဦးကလည်း ဟင်္သာတမြို့နယ်မှ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည့်အတွက် ဒေသတွင်း စည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်နေလျှက်ရှိသည်။

“ဦးဌေးဦးကလည်း ပြီးခဲ့တဲ့ အာဇာနည်နေ့က သူဝင်အရွေးခံမဲ့ ဟင်္သာတမြို့ပေါ်က ဘုန်းကြီးကျောင်း (၁၀) ကျောင်းကို နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေလာလှူသွားတယ်” ဟု ဟင်္သာတ ဒေသခံတဦးက ပြောသည်။

ထို့အပြင် ဇလွန်မြို့နယ်မှ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဦးလှခိုင်၊ ဦးစန်းမောင် (ယခင်အမျိုးသားညီလာခံ တက်ရောက်ခဲ့သူ)နှင့် တစညပါတီမှ ကေသီပန် ဦးလှမြင့်တို့ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံမည်ဟု သတင်းများထွက်ပေါ်နေလျှက်ရှိသည်။

3 comments:

  1. အဲ့ဒီအိမ် မီးလောင်ပါစေ....

    ReplyDelete
  2. ကောင်းလေစွ.......
    ကောင်းလေစွ..........
    အဲလိုကုန်မဲ့ ငွေတွေကိုသာ မရှိဆင်းရဲသား(ဒုက္ခသည်)တွေကိုသာ အလှုအတန်းလုပ်ပေးမယ်ဆိုရင်တော့........
    အင်းးးးးးးးးးးးးးးးးးး
    တွေးတာကြည့်မိတာပါလေ........
    အဲလိုစိတ်ကူးမျိုးရှိခြင်မှတောင် ရှိမှာပါ.........

    ReplyDelete
  3. ဒီစစ်ခွေး တွေ လားဒါမျိုးတွေးကြမှာ ...

    ReplyDelete