ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Mar 12, 2010

ဦးဝင်းတင်ရေးသားသည့် ထောင်တွင်းအတွေ့အကြုံစာအုပ် ဖြန့်ချိ

ဉာဏ်မောင်

နအဖစစ်အစိုးရ၏ ၁၉ နှစ်ကျော်အကြာ ထောင်သွင်းအကျဉ်းချခံခဲ့ရသည့် နိုင်ငံရေးသမား၊ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရေးသားသည့် ထောင်တွင်းအတွေ့အကြုံစာအုပ်ကို သူ၏ အသက် (၈၀) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဒီကနေ့ ထိုင်း-မြန်မာနယ်စပ်တွင် ဖြန့်ချိခဲ့သည်။

ဆရာကြီး၏ ရက်ပေါင်း (၇၀၀၀) ကျော် ထောင်တွင်းအတွေ့အကြုံများကို ရေးသားထားသည့် ‘ဘာလဲဟဲ့ လူ့ငရဲ’ အမည်ရှိ စာအုပ်ကို ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) က စီစဉ်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရုံးတွင် ယနေ့နံနက်ပိုင်းက ဖြန့်ချိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်း မြို့နယ်အချို့တွင် စစ်တပ်က ပေါ်တာဆွဲသလို ဖမ်းဆီးနေ

ရိုးမ ၃

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ယခုရက်ပိုင်းအတွင်း စစ်တပ်က ကားများဖြင့် လှည့်လည်ပြီး လမ်းသွားလမ်းလာ သာမန်ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးနေသည်။

ဖမ်းဆီးမှုဖြစ်ပွားနေသည့် မြိုနယ်များမှာ ဒဂုံ၊ ဒလ၊ ဒေါပုံနှင့် သာကေတမြို့နယ်များဖြစ်ပြီ အဆိုပါမြို့နယ်များ၌ ည (၁၀) နာရီဝန်းကျင်တွင် လျှပ်စစ်မီး ဖြတ်တောက်ပြီး ခရီးသွားလာနေကြသည့် ပြည်သူများကို စစ်တပ်က ကားဖြင့် တင်ဆောင်ဖမ်းဆီးနေခြင်း ဖြစ်သည်။

Mar 11, 2010

ဘယ်လိုဆုံးဖြတ်မလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

တူမောင်ညို

“ကျနော်တို့ ရွေးကောက်ပွဲ ဝင်ဖို့/မဝင်ဖို့ဆိုတာ ဒီဥပဒေနဲ့ တည်ပြီးတော့ မဆုံးဖြတ်နိုင်ဘူး။ ကျနော်တို့ ဆုံးဖြတ်မှာက နိုင်ငံရေးတောင်းဆိုချက်တွေမှာ ဘယ်လောက်တုံ့ပြန်မှုရှိသလဲ၊ နိုင်ငံရေးတောင်းဆိုချက်တွေကို ဘယ်လောက် လိုက်လျောမှုရှိသလဲ ဆိုတဲ့အပေါ်မှာ တည်ပြီး ရွေးကောက်ပွဲ ဝင်ရေး/ မဝင်ရေးကို ဆုံးဖြတ်မှာပါ။ ဒီဥပဒေဟာ ပါတီရပ်တည်ရေးအတွက် စဉ်းစားဆုံးဖြတ်ဖို့နဲ့ ရွေးကောက်ပွဲ ဝင်/မဝင်ဆိုတာကတော့ နိုင်ငံရေးလိုက်လျောမှုပေါ်မှာ တည်တယ်လို့ နှစ်ပိုင်းခွဲ ပြောချင်တယ်” ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။ (၁၀ မတ် ၂၀၁၀ - ခေတ်ပြိုင်နှင့် ဦးဝင်းတင် အင်တာဗျူးမှ ကောက်နှုတ်ချက်)

နယ်အဖွဲ့ချုပ်ရုံးများကို စစ်အစိုးရက ပြန်လည်ဖွင့်လှစ်ပေး

ကောင်းမြတ်ကျော်

ရန်ကုန်တိုင်းအပါအဝင် အခြားပြည်နယ်နှင့် တိုင်းများရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးများကို (နအဖ)စစ်အစိုးရက ယမန်နေ့၊ မတ်လ (၁၀) ရက်နေ့ ညနေပိုင်းမှစပြီး ပြန်ဖွင့်ပေးခဲ့သည်။

အဆိုပါရုံးများ ပြန်ဖွင့်ပေးတာဟုတ်မှန်ကြောင်း အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေဦးဉာဏ်ဝင်းက "ကျနော်သိရတာကတော့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတိုင်းမှာ အင်းတော်၊ မုံရွာ၊ ရွှေဘို၊ ရေဦး၊ ရှမ်းပြည်မြောက်ပိုင်းက (၁၁) မြို့နယ်၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ နောက် ပဲခူးတိုင်း၊ ပဲခူးမှာက ပြည်၊ ပေါင်းတည်၊ တောင်ငူ၊ မော်လမြိုင် အဲဒီနယ်တွေမှာ သူတို့ကို ဖွင့်ပေးမှ သူတို့က အကြောင်းကြားလို့ သိတာ" ဟု ပြောသည်။

Mar 9, 2010

နယ်စပ်အခြေစိုက် လူမှုအဖွဲ့အစည်းအများနှင့် (AIPMC) အကြီးအကဲ လာရောက်တွေ့ဆုံ

ရိုးမ ၃

မြန်မာ့အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (AIPMC) အကြီးအကဲ ကရိုင်ဆတ် ချူနာဝန်နဲ့ အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်ဒေသတွင်းရှိ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများနှင့် မတ်လ (၈) ရက်နေ့တွင် လိုက်လံတွေ့ဆုံခဲ့ရာ အဆိုပါနေ့ နံနံက် (၁ဝ) နာရီခန့်တွင် မယ်တော်ဆေးခန်းမှ တာဝန်ခံ ဒေါက်တာစင်သီယာမောင် အပါအဝင် တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။

လှိုင်သာယာစက်မှုဇုံအမှတ် (၂) မှ Lucky ရှူးဖိနပ်စက်ရုံ ဆန္ဒပြတောင်းဆိုမှုကို တာဝန်ရှိသူများလိုက်လျော

ဉာဏ်မောင်

ယမန်နေ့ မတ်လ (၈) နေ့ မနက် (၈) နာရီတွင် လှိုင်သာယာစက်မှုဇုံအမှတ် (၂) မှ Lucky ရှူးဖိနပ်စက်ရုံမှ အလုပ်သမား ၅၀၀ ခန့် လုပ်အားခတိုးမြှင့်ပေးရေးအပါအ၀င် အချိန်ပိုကြေးများ ရရှိဖို့အတွက် ဆန္ဒပြခဲ့ရာ တောင်းဆိုချက်အချို့ကို စက်ရုံတာဝန်ရှိသူများက လိုက်လျောခဲ့သည်။

လုပ်အားခမပေးသည့်အပြင် ကားဂိတ်တွင် ပစ်ထားခဲ့သည့်အတွက် အလုပ်သမားများ အခက်တွေ့နေရ

ဉာဏ်မောင်

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်မှ ပဲခူးအလုပ်သမား (၁၄) ဦးကို အလုပ်သမားခေါင်းက လုပ်အားခရှင်းမပေးဘဲ မတ်လ (၆) ရက်နေ့တွင် သုံးခွမြို့ကားဂိတ်တခုတွင် ထားခဲ့သည့်အတွက် အခက်တွေ့နေရသည်။

အဆိုပါပဲခူးအလုပ်သမား (၁၄) ဦးသည် မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်မှဖြစ်ကာ အမျိုးသမီး (၁၃) ဦးနဲ့ အမျိုးသားတဦးပါဝင်ပြီး အမျိုးသမီးအများစုသည် အသက် ၁၃ နှစ်ကနေ ၁၆ နှစ်အရွယ်များဖြစ်ကြပြီး ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ဒေါင့်ကြီးတပိုးတန်းကျေးရွာမှ ရယကဥက္ကဌ ဦးစိန်သန်းဝင်း၏လယ်တွင် ပဲခူးပဲသိမ်းအလုပ်ကို တလကျော် လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။

ဂေါပက အတွင်းရေးမှူးလုပ်ရပ်ကြောင့် ဥက္ကဌ ဒေါသထွက်

လွန်းဒင်

ဖိနပ်မစီးရန်တားမြစ်ထားသော ဘုရားရင်ပြင်တွင် ဂေါပက အတွင်းရေးမှုး၏ သမီးက ဖိနပ်စီးပြီး၊ လာရောက်တားမြစ်သူများကို ရိုင်းပြစွာ ဆက်ဆံခဲ့သည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ဥက္ကဌဗိုလ်မှူးမြတ်စိုး (အငြိမ်းစား)သည် ဒေါသထွက်ပြီး ဂေါပကအဖွဲ့ ရုံးထဲမှာကြိမ်းမောင်းနေသည်ဟု ဂေါပကအဖွဲ့နဲ့ နီးစပ်သူအသိုင်းအ၀ိုင်းက ပြောသည်။

“သူက ဒီသတင်း ဟိုးလေးတကြော်ကြော်ဖြစ်သွားမှုဟာ ဂေါပကအဖွဲ့ရဲ့ ဂုဏ်သိက္ခာထိခိုက်စေကြောင်း လူကြီးတွေက ကြီးတဲ့အမှု ငယ်အောင် ဖုံးဖုံးဖိဖိဆောင်ရွက်နေချိန်မှာ ဒီလိုမလုပ်သင့်ကြောင်း သူသံသယရှိတဲ့ ကျိုက်ခေါက်အင်္ဂါအသင်းက အသင်းသားတွေပဲဖြစ်ရမယ်ဆိုပြီး ကြိမ်းမောင်းနေတာပါ” ဟု ပြောသည်။