ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jan 23, 2010

ဖွဲ့စည်းပုံအသစ်အတိုင်း ဆက်လုပ်မည်ဟု ဝန်ကြီးက ပြောခဲ့

ဖြိုးကြီး

စစ်အစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုခဲ့သည်အတိုင်း ဆက်လုပ်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးက ပြောကြားသွားခဲ့သည်။

ယခုလ ၂၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး မောင်ဦး မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့သို့ သွားရောက်၍ ဒေသအာဏာပိုင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

Jan 22, 2010

ကလေးငယ်အား စစ်သားအဖြစ် စုဆောင်းခံရမှုကို မိခင်ဖြစ်သူက လမ်းပြကြယ်အဖွဲ့သို့ အကူညီတောင်းထား

ရိုးမ ၃

ကျောင်းတက်နေသည့် ကလေးငယ်တဦးအား တပ်သားသစ်အဖြစ် စုဆောင်းလိုက်သည့်အတွက် မိခင်ဖြစ်သူက လမ်းပြကြယ်အဖွဲ့သို့ တိုင်တန်းအကြောင်းကြားထားပြီး သားဖြစ်သူအား အမြန်ဆုံး ပြန်လိုချင်သည်ဟု ပြောသည်။

ယခုလ (၁၄) ရက်နေ့က ပဲခူးမြို့၊ ဇိုင်းဂနိုင်တောင်၊ ပုလဲလမ်းနေ မောင်ဝေဦးချိုအား အထက (၃) တွင် ကျောင်းတက်နေစဉ် တပ်သားအဖြစ် စုဆောင်းလိုက်ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်နွယ်နွယ်က ပြောသည်။

၂၀၁၀ အချစ်


အပြောင်းအလဲတဲ့
ချစ်သူရေ
မင်းနဲ့ငါ
သက်ဆုံးတိုင်မပြောင်းလဲကြေးနော် ...........

ကမ္ဘာပူနွေး
ရေခဲပျော်ရ
သစ်ခြောက်ကျိုးကျ
ဗျိုင်းအုပ်လန့်ပျံ
စသည် .. စသည်ဖြင့် ...
ညီလာခံ။

မီးဖိုပေါ်
ဒယ်တင်ပြီးမှ
ဆီရှာမရတဲ့
တို့ ... လူတွေဘ၀နဲ့များ.. ကွာပါ့..။

ဆရာ-နေဇော်နိုင်ရဲ့
သံလမ်းမဲ့ရထားမဟုတ်

လက်မှတ်ကုန်သွား
လမ်းကြောင်းပြောင်းခဲ့
ရထားထွက်မဲ့
ခရီးမှာ
စီးနင်းသူများလို့တဲ့ ........

ကဆုန်မှာ အတာကူးမှာမို့
ပြောင်းလဲဖို့ရှိသတဲ့ ...
သိကြားမင်းက
ကျွဲစီးဆင်းမှာနော်
တို့ .. တိုင်းပြည်လုပ်
သင်္ကြန်စာရောင်းသူ့အော်သံ ..။


တရုတ်တွေ ဒီတခါညံ့တယ်
ကျားနှစ်မဟုတ်
မျက်မမြင်ပုဏ္ဏားတွေ
ဆင်စမ်းမဲ့ .. ဆင်နှစ်

ဟိုမှာကြည့်စမ်း
ဓမ္မနဲ့လုပ်အား
ပေါင်းစပ်ထား .. စိမ်းစိုနေပါရော့လား

ဟော ... ဟိုမှာတော့
၂၀၁၀ ....
အပြောင်းအလဲကို
အမြီးမှာချည်ထားတဲ့
မြွေတကောင်
ပတ်ကြားအက်ထဲဝင်သွားလို့
ရှာဖို့ကြိုးစားနေသူတွေနဲ့
စည်ကားလို့နော်

ပြီးတော့ .. သူတို့က ..
မဲပြာအိုးထဲ
ကျသွားတဲ့
မြေခွေးတွေအဖော်ပြုလို့

ချစ်သူရေ
မင်းနဲ့ငါတော့
မပြောင်းလဲကြေးနော် ...

၂၀၁၀ ပဲဖြစ်ဖြစ်
လွန်သွားတာပဲဖြစ်ဖြစ်ပေါ့ ... ။ ။


× × ×

ငြိမ်းလူ

Jan 20, 2010

ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်သည့် လူထုဦးလှ ရာပြည့်အခမ်းအနား ဓါတ်ပုံများ

 


လူထုဦးလှ ရာပြည့်အမှတ်တရ စာမျက်နှာ

လူထုဦးလှ
(၁၉ ဇန်နဝါရီ ၁၉၁၀ - ၇ သြဂုတ် ၁၉၈၂)
အမှတ်တရသစ်ပင်၊ ကျောက်တုံးထဲမှာ အရုပ်ကရှိပြီးသား၊ ကျုပ်က မလိုတာ ခွာချပြီး အရုပ်ကို လှပ်ရုံပဲ။ မိုက်ကယ် အိန်ဂျလို ဒီလိုပဲ ဦးလှက လူငယ်တွေ ထင်ပေါ်အောင် ပွဲထုတ်ပေးခဲ့တယ်။
သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း


လူထုဦးလှရဲ့ ဈာပနနေ့မှာ ကျွန်တော်တို့ မိသားစုက…. လူထုဘက်မှာ သစ္စာရှိရှိ ရပ်တည်ခဲ့လို့ သစ္စာပန်း။ လူထုဘက်က သတ္တိပြည့်ပြည့် ဆောင်ရွက်ခဲ့လို့ အနီရောင်။ သစ္စာပန်းအနီတွေ စုစည်းပြီး “လူထုချစ်သမျှ လူထုဦးလှ” စာတန်း။
တော်ဘုရားကလေး (အောင်ဇေ)


ကိုလှရေ
ကိုလှ ဒုက္ခရောက်အောင် ကျွန်တော်လုပ်ခဲ့တဲ့ အပြစ်ဟာ မသေးပါဘူး။ အင်မတန် ကြီးမားပါတယ်။ ကျွန်တော် ဝမ်းနည်းပါတယ်။ ကျွန်တော် တောင်းပန်ပါတယ်။
မောင်နု


ကိုလှက မြန်မာယဉ်ကျေးမှုတို့၊ သမိုင်းတို့ မြန်မာစာပေတို့မှာ ပြောင်မြောက်တယ်။ သူပြောင်မြောက်တဲ့ ဘဝမှာပဲ သူ့ကို ထားလိုက်ပါ။ သူ့ကို သွားပြီး မနှောင့်ယှက်ပါနဲ့။
သခင်သန်းထွန်း


စာရေးမှ ကြိုက်တယ်

ဦးလေးက သူသာ အလုပ်နဲ့လက် မပြတ်အောင် လုပ်နေတာမဟုတ်ဘူး။ အနားရှိ လူအားလုံးကိုလည်း အလုပ်လုပ်ကြဖို့ အမြဲ နှိုးဆော်နေတာပါ။ ဒေါ်ဒေါ့်ကိုလည်း အမြဲတမ်း စာရေးနေမှ ဦးလေးက ကြိုက်တာ။ ဒေါ်ဒေါ် “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်လို စာတွေ ရေးဖြစ်တာက ဦးလေးရဲ့ တိုက်တွန်းနှိုးဆော်မှုကြောင့်ပဲ ဖြစ်တယ်။ လူငယ်တွေဖြစ်တဲ့ တင်မိုးတို့၊ ကြည့်အောင်တို့ အင်းဝကိုလေးတို့ဆိုရင် ကဗျာတွေမရေးဖြစ်တာ ကြာသွားရင် ဦးလေးအခန်းထဲ မသွားကြဘူး။ ဒေါ်ဒေါ့် အခန်းထဲနဲ့ ကျွန်တော်တို့ အခန်းတွေထဲသာ လာအချိန်ဖြုန်းရဲကြတာ။ စာရေးဖို့ အမြဲလှုံ့ဆော်ပေမယ့် ဦးလေးက အကြောင်းအရာ မယ်မယ်ရရမရှိဘဲ စာဖြစ်ရင်ပြီးရော ရေးတာမျိုးကိုတော့ မကြိုက်ပါဘူး။
လူထုစိန်ဝင်း

လူထုဦးလှ ရာပြည့်အခမ်းအနား ကျင်းပ

ဖြိုးကြီး

မြန်မာ့သတင်းစာဆရာကြီး လူထုဦးလှ ရာပြည့်အခမ်းနားကို ထိုင်း-မြန်မာနယ်စပ်တွင် ယမန့်နေ့ ညဦးပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စာရေးဆရာ ဂါမဏီ၊ ကဗျာဆရာ စိုးနေလင်း အစရှိသည့် စာပေအနုပညာရှင်များက လူထုဦးလှ အမှတ်တရာ ကဗျာစာပေများ ရွတ်ဆိုဂုဏ်ပြုခဲ့ကြသည်။

ထို့နောက် သတင်းစာဆရာကြီး လူထုဦးလှ၏ ဘဝဖြစ်စဉ် နှင့် သတင်းစာဆရာဘဝ ဖြတ်သန်းခဲ့ပုံများကို ကဗျာဆရာ ကမာပုလဲက ဖတ်ကြားခဲ့သည်။

Jan 19, 2010

တပ်မတော်သားများ ပြည်သူဘက်ရပ်တည်ရန် (မဒတ) ပန်ကြား

ဗထူး

တိုင်းပြည်၏ ပြဿနာအရပ်ရပ်ကို အတူတကွ ငြိမ်းချမ်းစွာ ဖြေရှင်းရန်အတွက် တိုင်းချစ်ပြည်ချစ် တပ်မတော်သားများအနေဖြင့် ပြည်သူလူထုဘက်မှ ရဲရဲဝံ့ဝံ့ ရပ်တည်ရန် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) မှ ပန်ကြားလိုက်သည်။

၁၉၆၂ မှ ယနေ့အထိ စစ်အာဏာရှင်စနစ်အောက်တွင် ပြည်သူလူထုတရပ်လုံး ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု အစစအရာရာတွင် နိမ့်ပါးကျဆင်းပြီး စစ်အာဏာရှင်များ ဖန်တီးသော ဆိုးဝါးသည့် ဘေးဒုက္ခဒဏ်ကို တပ်မတော်သားအားလုံး ပြည်သူများနည်းတူ ခါးစည်းခံနေရသည်ဟု ယခုလ (၁၆) ရက်နေ့ထုတ် (မဒတ)ပန်ကြားချက်တွင် ဖော်ပြထားသည်။