ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Nov 25, 2010

စစ်အစိုးရက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေ

November 25th, 2010 | ဖြိုးကြီး

မြန်မာပြည်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကို အစိုးရကိုယ်တိုင်ကျူးလွန်နေကြောင်းနှင့် ထုံးတမ်းစဉ်လာ ဓလေ့များကြောင့်လည်း ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB) အဖွဲ့တာဝန်ရှိသူများက ပြောသည်။

ယနေ့ကျရောက်သည့် နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB) သဘာပတိအဖွဲ့ဝင် နန့်ဒါးအဲ့ကလယ်က “အိမ်တွင်းအကြမ်းဖက်မှုဆိုတာ မြန်မာ့ထုံးတမ်းစဉ်လာတွေအရ ပြောင်းလဲလို့ မရသေးတာတွေ ရှိတယ်၊ အဲဒါကြောင့် ဆက်ရှိနေဦးမှာဘဲ၊ အစိုးရကိုယ်တိုင်အကြမ်းဖက်မှုတွေကလည်း ဆက်ရှိနေတယ်၊ ကျမတို့ အမျိုးသမီးတွေအပေါ် ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလမှာဘဲ စစ်တပ်က စိတ်ရောဂါ ခံစားနေရသူ အမျိုးသမီးတဦးကို မုဒိမ်းကျင့် ခဲ့တာတွေ ရှိနေတယ်” ဟု ပြောသည်။

Nov 23, 2010

ဒေါ်အောင်ဆန်းစုကြည် သားဖြစ်သူနှင့် ပြန်လည်တွေ့ဆုံ

November 23rd, 2010 | ဉာဏ်မောင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဆယ်စုနှစ်ကျော်ကြာ တွေ့ဆုံခွင့်မရသော သားအငယ်နှင့် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံခွင့်ရသည်။

ယနေ့နံနက်ပိုင်းက ရန်ကုန်လေဆိပ်တွင် ရောက်ရှိလာသော သားအငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်ကို သွားရောက်ကြိုဆို တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ကင်မ်အဲရစ်သည် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ (၁၃) ရက်နေ့ ပြန်မလွတ်ခင်ကတည်းက ထိုင်းနိုင်ငံသို့ရောက်ရှိနေပြီး မြန်မာပြည်သို့ဝင်ရန် ဗီဇာ စောင့်နေခဲ့သည်။