ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Feb 5, 2009

ရေကြည်ရေသန့်ကို ရအောင်ခပ်ပါ ဂမ်ဘာရီ


(၁)

မစ္စတာ ဂမ်ဘာရီတော့ ပြန်ပြီ။
မစ္စတာ ဂမ်ဘာရီရဲ့ ဒီသတ္တမမြောက်ခရီးစဉ်ဟာ ဘယ်လောက်ခရီးရောက်နိုင်ပါသလဲ။
ပြီးခဲ့တဲ့ ဆဌမမြောက်ခရီးစဉ်နှင့် ဘယ်လောက် ကွာခြားပါသလဲ။
တဆင့်တော့ တိုးတက်လာတယ်လို့ ယူဆလို့ ရနိုင်မလား။
ဒါမှမဟုတ် ထူးမခြားနားပဲ ဆက်ဖြစ်သွားမလား။

မေးခွန်းတွေ၊ ဆန်းစစ်ချက်တွေ ….
မြန်မာ့အရေးစိတ်ဝင်စားကြတဲ့ ဘယ်သူမဆိုရဲ့ရင်ထဲမှာ စီပြီး ကျန်ခဲ့မယ်ထင်ပါတယ်။

(၂)

မစ္စတာ ဂမ်ဘာရီ ဘယ်သူတွေနှင့် တွေ့ခွင့်ရခဲ့ပါသလဲ။ ကျနော်တို့ ကြည့်ကြရအောင်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရတယ်၊ NLD CEC တွေနှင့်အတူ တွေ့ခွင့်ရတာဖြစ်တယ်။ အဲဒီလို ဂမ်ဘာရီနှင့် မတွေ့ ဆုံခင်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD CEC ကို (၁၅) မိနစ်လောက် စကားပြောခွင့်၊ ဆွေးနွေးခွင့် ပေးတယ်။ အဲဒီလို ဆွေးနွေး ပြီးတော့မှ မစ္စတာဂမ်ဘာရီနှင့် တွေ့ကြတာဖြစ်တယ်။ တွေ့ချိန်ဟာ မိနစ် (၉ဝ) လောက်ရှိမယ်လို့ ဆိုတယ်။

တွေ့ဆုံပွဲမှာ NLD ဘက်က တင်ပြတာက ….
လက်ရှိအခြေအနေတွေအပေါ် သုံးသပ်ကြပြီး ဒီအကြပ်အတည်းတွေက ဖောက်ထွက်နိုင်ဖို့ဆိုရင် ….
(၁) နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လိုမယ်၊
(၂) ပြည်သူ့လွှတ်တော် ခေါ်ပေးဖို့လိုမယ်၊
(၃) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီဖွဲ့ပြီး ပြန်လည်သုံးသပ်ကြဖို့လိုမယ်၊
(၄) အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ဖို့လိုမယ်၊
ဒီအချက် (၄)ချက်ကို အကြံပြုတင်ပြပါတယ်။

တနည်းအားဖြင့် ပြောရရင် ဒါကို NLD က ကနေ့အခြေအနေ၊ ကနေ့အကြပ်အတည်းကနေ ဖောက်ထွက်နိုင်တဲ့၊ ကျော်လွှား သွားနိုင်တဲ့ အစပြုချက်တွေ၊ နည်းလမ်းတွေအဖြစ် တင်ပြလိုက်တာဖြစ်တယ်။ ဒါတွေကို စစ်အစိုးရက ခဏမဆိုင်း ဆောင်ရွက်ပေးခြင်း ဖြင့် တိုင်းပြည်ကို ကြမ္မာဆိုးထဲကနေ လက်တွဲပြီးဆယ်တင်ကြရအောင်လို့ တင်ပြလိုက်တာလည်းဖြစ်တယ်။ ဖိတ်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။

မစ္စတာ ဂမ်ဘာရီကတော့ သူ့စတိုင်အတိုင်း ပြုံးပြုံး ပြုံးပြုံးနှင့်၊ ခေါင်းလေး ငြိမ့်ငြိမ့် ငြိမ့်ငြိမ့်နှင့် နားထောင်နေမှာ ကျနော် မြင်ယောင်ပါတယ်။

အနားထိတိုးပြီးများ နားထောင်ကြည့်ရင် မစ္စတာဂမ်ဘာရီရဲ့ သက်ပြင်း ခိုးခိုးချမယ့် အသံတွေကိုတောင် ကြားကောင်း ကြားရနိုင်လောက်တယ်လို့ ကျနော် အောက်မေ့မိတယ်။

“သူတို့ပြောတာ ဟုတ်တာပဲ၊
ဒါတွေ အမှန်လုပ်ပေးသင့်တာပဲ၊
ဒါပေမယ့် ငါ ဟိုပုဂ္ဂိုလ်တွေကို နားဝင်သွားအောင်၊ အဲဒီပုဂ္ဂိုလ်တွေ လက်ခံပြီး လိုက်လုပ်လာအောင်
ငါ ဘယ်လို နားချရပါ့၊
ခက်လိုက်တာ” လို့ စဉ်းစားနေလေမလား ကျနော် တွေးကြည့်မိတယ်။

ဟုတ်လည်း ဟုတ်ပါတယ်။

NLD ရဲ့ တင်ပြချက်က အဆန်းတစ်လုံးမှ မပါဘူး၊ အသစ်လည်း တစ်ခုမှ မပါဘူး၊
ခုမှ ထွင်ပြီး ကြုံတုန်း ကောက်ကာငင်ကာ လက်တန်းပြောချလိုက်တဲ့ စကားမျိုးလည်း လုံးဝ မဟုတ်ဘူး။ နှစ်ပေါင်းများစွာ တောက်လျောက် မနားတမ်းပြောဆိုနေတဲ့ စကားတွေချည်းပဲ။

ပြီးတော့ အားလုံးဟာ ဖြစ်သင့် ဖြစ်ထိုက်တဲ့၊ တရားနည်းလမ်းကျတဲ့ အချက်အလက်တွေ ချည်းပဲ၊
ပြီးတော့ ဒီအချက်(၄) ချက်ဟာ မြန်မာပြည်သူအားလုံးရဲ့ ဆန္ဒနှင့်လည်း ထပ်တူကျတဲ့ အချက်အလက်တွေဖြစ်တယ်။ ပြည်တွင်းပြည်ပအင်အားစုအသီးသီးနှင့် နိုင်ငံတကာက တင်ပြတောင်းဆိုနေတဲ့ အကြံပြု မေတ္တာရပ်နေတဲ့ အချက်အလက်တွေလည်း ဖြစ်တယ်။

ပြောရရင် အခု ခေါင်းတငြိမ့်ငြိမ့်နှင့် ဆွေးနွေးနေတဲ့ မစ္စတာ ဂမ်ဘာရီတို့၊ မစ္စတာ ဘန်ကီမွန်းတို့ရဲ့ စဉ်းစားချက်တွေ၊ UNSC ဥက္ကဌရဲ့ အကြံပြုချက်တွေ၊ UNGA ရဲ့ ဆုံးဖြတ်ချက်တွေနှင့်လည်း အလွန်အင်မတန် နီးစပ်ဆီလျော်တဲ့ တင်ပြချက်တွေ ဖြစ်တယ်။

မစ္စတာ ဘန်ကီမွန်းပြောပြောနေတဲ့ ‘သိသာမြင်သာတဲ့ တိုးတက်မှုတစုံတရာရှိမှ သူ မြန်မာနိုင်ငံကို လာမယ်’ ဆိုတဲ့ စကားနှင့် အဟပ်ညီတဲ့ တင်ပြချက်တွေလည်း အမှန်ဖြစ်ပါတယ်။

ဒါပေမယ့် ….
ဒီ (၄) ချက်အပေါ် စစ်အုပ်စု ဘယ်လိုတုန့်ပြန်မှာလဲ။
ခေါင်းငြိမ့်မယ့် အလားအလာ ရှိနိုင် မရှိနိုင်၊
ဘယ်လိုထင်လဲ၊ မစ္စတာ ဂမ်ဘာရီကတော့ ခေါင်းတွေ ကုပ်နေပြီ။

သူလည်း မျက်စိကြီး၊ နားကြီးပဲလေ၊ အပွေးမြင် အပင်သိ အသွေးမြင် အသွင်သိနိုင်တဲ့ ပုဂ္ဂိုလ်အမျိုးအစားပေပဲ၊ မစ္စတာ ဂမ်ဘာရီအဖို့ သက်ပြင်းတွေသာ အကြိမ်ကြိမ် ချရတော့မယ့် ဇာတ်လမ်းပဲ ဆက်ဖြစ်တော့မှာလေလား။

ဆက်ပြီး အကဲခတ်ကြည့်ကြရအောင်။

ဆွေးနွေးပွဲအဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပဲ တိကျပြတ်သားတဲ့ Massage ကို မစ္စတာဘန်ကီမွန်းအတွက် လက်ဆောင်စကားအဖြစ် ပြောပြလိုက်ပါတယ်။

“အနိမ့်ဆုံးအဆင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးတာမျိုးလောက်တော့ နအဖအစိုးရက လုပ်ပေး ရလိမ့်မယ်။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် သိသာမြင်သာတဲ့ တိုးတက်မှုဆိုတာ ဘာမှအဓိပ္ပါယ်မရှိတော့ဘူး။ အဲဒီလို အနေအထားမျိုးရဲ့ အောက်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းအနေနှင့် မြန်မာနိုင်ငံကို မလာသင့်ပါဘူး”

ဒီစကားကို ဘယ်လိုသဘောရပါသလဲ။

ဒီစကားအပေါ် မစ္စတာ ဘန်ကီမွန်းတယောက် ထောက်ခံနိုင်လိမ့်မယ်၊ သဘောတူနိုင်လိမ့်မယ်လို့ ကျနော်တော့ ယူဆမိပါ တယ်။ ဟုတ်မဟုတ်တော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

(၃)

နအဖစစ်အုပ်စုဆိုတာ ဈေးဆစ်တဲ့နေရာမှာတော့ ပထမတန်းပဲ။

NLD EC နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ပေးတာတောင် ဆရာဦးဝင်းတင်၊ ဦးခင်မောင်ဆွေနှင့် ဒုဥက္ကဌ ဦးတင်ဦးတို့ကို ချန်ဖြစ်အောင် ချန်ထားခဲ့သေးတယ်။

တံဆိပ်တုံးမပါလို့ လိုလို၊ သူကြီးထောက်ခံစာ မပါလို့ လိုလို လုပ်နေသေးတယ်။

NLD EC မှာ ဘယ်သူတွေ ပါဝင်သလဲဆိုတာ NLD EC ပါတီက ဆုံးဖြတ်ရမယ့်ကိစ္စ၊ သူက ကြားထဲကဝင်ပြီး ဘာမှ ဆုံးဖြတ် ပေးစရာအကြောင်းမရှိဘူး။ စည်းကတော့ အတော် ကျော်တဲ့လူ။

ဘာကြောင့် ဒီလိုလုပ်ရတာလဲ၊ အဆုံးမှာတော့ ကြောက်လို့ဖြစ်ပါတယ်။ နအဖစစ်အုပ်စု သွေးပျက်နေတဲ့ကိစ္စက ….
‘ဆရာဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆုံမိသွားကြမယ့်ကိစ္စ’လို့ ထင်တယ်။

ဒီခေါင်းဆောင် (၂) ဦးတွေ့မိကြရင် အတွေးသစ်၊ အမြင်သစ်တွေ၊ စိတ်ကူးစိတ်သန်းသစ်တွေနှင့် အကြံဥာဏ်သစ်တွေ အများ ကြီးတိုင်ပင်ဖြစ်၊ ရှာဖွေဖြစ်သွားမှာကို စိုးရိမ်ကြတာ ဖြစ်ပါတယ်။

ဒီလိုအတွေးခေါင်ပြီး ကြောက်တာဖြစ်ပါလိမ့်မယ်။
စစ်အုပ်စုကြောက်တတ်လိုက်ပုံများ တကယ်ကို အံ့လောက်တာပါ။

(၄)


ကဲ ထားတော့။
နောက်ထပ် ဘယ်သူတွေ တွေ့ခွင့်ရခဲ့သေးပါသလဲ။
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် တွေ့ခွင့်ရတယ်။
ဒါကတော့ ရရှိချက်အသစ် ဖြစ်ပါတယ်။ မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ် (၇) ခေါက်ထဲမှာ ဒါဟာ ပထမဆုံးတွေ့ဆုံခြင်း ဖြစ်ပါ တယ်။

NLD တာဝန်ရှိသူများနှင့် တွေ့ဆုံတဲ့အခါ ….

မစ္စတာ ဂမ်ဘာရီကို NLD ခေါင်းဆောင်များ တင်ပြကြတာက ….
NLD က တင်ပြချက်တွေနှင့် ထပ်တူပဲ။

အဲဒီတင်ပြချက်တွေကို နအဖစစ်အစိုးရဘက်က ဘာမှလိုက်လျောခြင်း မလုပ်ဘူးဆိုရင်၊ နအဖရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်တာမျိုး မလုပ်ဘူးဆိုရင် နအဖက လုပ်ပေးမယ်ဆိုတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကိုလည်း လုံးဝ လက်ခံ အသိအမှတ်ပြုနိုင်မှာ မဟုတ်ဘူးဆိုတဲ့ တိကျတဲ့ သဘောထားတရပ်ကိုပါ မစ္စတာ ဂမ်ဘာရီကို ဆွေးနွေးတင်ပြလိုက်ကြပါတယ်။

မစၥတာ ဂမ္ဘာရီ ခင္ဗ်ား ….
စစ်အုပ်စုရဲ့ အဖိနှိပ်ခံနေရတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေမှာ ညှိမထားဘဲနှင့်တောင် အသံတွေ တူတူနေတက်တာ တွေ့ရတဲ့အချိန်မျိုးမှာ အံ့အားသင့်သင့် သွားရပါသလား။ မအံ့သြလိုက်ပါနဲ့ မစ္စတာ ဂမ်ဘာရီ ….

တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် အဲဒီလူတွေဟာ နိုင်ငံရေးသမားဖြစ်ချင်ဖြစ်မယ်၊ အရပ်သူအရပ်သား ဖြစ်ချင်ဖြစ်မယ်၊ စစ်ဗိုလ်စစ်သား ဖြစ်ချင်ဖြစ်မယ် ….
သူတို့အားလုံးရဲ့ အသံတွေဟာ ထပ်တူကျနေတတ်ကြပါတယ်။

(၅)

မစ္စတာ ဂမ်ဘာရီ ဘာတွေ ပျက်ကွက်ခဲ့သလဲ။

“တွေ့ချင်တယ်၊ ပြောပြစရာတွေ ရှိတယ်” လို့ တဖွဖွတင်ပြခဲ့ကြတဲ့ ပုဂ္ဂိုလ်အချို့ အဖွဲ့အစည်းအချို့ကိုတွေ့ဖို့ မစ္စတာ ဂမ်ဘာရီ ပျက်ကွက်ခဲ့တယ်။

သူတို့က ၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ တိုင်းရင်းသားပါတီများ၊ အဖွဲ့အစည်းများနှင့် အထင်ကရ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ ဖြစ်ပါလျှက်နှင့်၊ UNA, UNLD, CRPP, စတဲ့ နိုင်ငံရေးအရ အလွန်အဓိပ္ပါယ်ကြီးတဲ့ အဖွဲ့အစည်းများက တာဝန် ကြီးသူများဖြစ်ပါလျှက်နှင့် မစ္စတာဂမ်ဘာရီ တွေ့မသွားခဲ့တာ ဘာကြောင့်လဲ။

တခေါက်လည်း မက၊ နှစ်ခေါက်လည်း မက ….
ခုဆို (၇) ခေါက်တိုင်တိုင် မတွေ့ပဲ ပြန်ပြန်သွားခဲ့တာ ဘာသဘောလဲ။

မစ္စတာ ဂမ်ဘာရီကိုယ်တိုင်က မတွေ့ချင်တာလား၊ အထင်မကြီးတာလား၊ တန်ဖိုးမပေးတာလား၊ အလေးမထားတာလား။

ကျနော် ဒီလိုမထင်ဘူး။

ဒါဟာ စစ်အုပ်စု လက်ချက်သေချာတယ်။

ပြောရရင် မစ္စတာ ဂမ်ဘာရီက သူ့စိတ်နှင့် သူ့ကိုယ်ဆို ဒီလစ်ဟာသွားမှုကို တခေါက်မသိ တခေါက် သိကိုသိနိုင်တယ်။ သိကို သိနိုင်တဲ့ သံတမန်မျိုးလည်း အမှန်ဖြစ်ပါတယ်။

မစၥတာ ဂမ္ဘာရီဟာ လူည့ံတေယာက္လံုးဝ မဟုတ္ပါ။ ဒီလောက် ဘယ်လိုမှ မညံ့နိုင်ပါ။

ပြီးတော့ ဝါရင့်နိုင်ငံရေးသမားကြီးတွေကို ဘယ်အခေါက်ကမှ တွေ့မသွားဘူး။

ဝါရင့်နိုင်ငံရေးသမားကြီးတွေဆိုတာ ….
အမျိုးသားလွတ်မြောက်ရေးစစ်ပွဲကအစ ဒီနေ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တိုက်ပွဲတွေအထိ စက္ကန့်မနား လူထုရှေ့က ရပ်ပြီး အရေးဆိုခဲ့ကြသူတွေ။

ဒီလိုပုဂ္ဂိုလ်မျိုးတွေဆီက
သူတို့က တွေ့ချင်တယ်လို့မဆိုရင်တောင် အကြံဉာဏ်ဝင်တောင်းသင့်တယ် မဟုတ်ဘူးလား

ခုတော့ အကြံဉာဏ်လည်းမတောင်း၊ သွားရောက်တွေ့ဆုံတာမျိုးလည်း မရှိ၊ ရှိတယ်လို့တောင် သဘောမထား။

ဘာကြောင့် ဒီလောက် စိမ်းရတာလဲ။

သေချာပါတယ်။

မစ္စတာ ဂမ်ဘာရီဟာ စိတ်သွားတိုင်း ကိုယ်ပါလို့ မရဘူးဆိုတာ။

“ဒီကိုသွားပါ၊ ဒီကိုကွေ့ပါ၊ ဟိုဘက်ကို မကြည့်နဲ့၊ ဟိုဘက်ကို သွားလို့မရဘူး” ဆိုတဲ့ အစိမ်းရင့်ရောင်လမ်းညွှန်ဆိုင်းဘုတ် တွေက ခွင့်ပြုသလောက်သာ ရေကို အနည်မထအောင် ကြည့်ခပ်နေရတဲ့ အချိုးထဲက ဖြစ်ပုံရပါတယ်။

အနည်မထအောင် ကြည့်ခပ်တာကတော့ ကောင်းတဲ့သတိပါပဲ။

ဒါပေမယ့် ရေလည်း တစက်မှ မပါဘူးဆိုရင်တော့ ဒီအချိုးက သိပ်နေရာကျမယ် မထင်ဘူး။

(၆)

နောက်ထပ် ဘယ်သူတွေကို ဆက်ပြီး ပေးတွေ့လိုက်သလဲ၊ ကြည့်ကြဦးစို့။

၈၈ မျိုးဆက်ကျောင်းသား (ပြည်ထောင်စုမြန်မာနိုင်ငံ) ဆိုတာနှင့် တွေ့ခွင့်ပေးတယ်။

ယုံကြည်ချက်ကို အခွင့်အရေးလေး မဖြစ်စလောက်နှင့် တဲ့ချင်းလဲပြီး ၈၈ အရေးတော်ပုံ တပ်သားတွေရဲ့ ဂုဏ်သရေကို ညှိုးအောင်မှိန်အောင် မိုက်ကမ်းစွာ ကြိုးစားဖျက်ဆီးနေတဲ့ သူရူးတချို့စုဖွဲ့ထားတဲ့ အဖွဲ့ကလေး။

ပြီးတော့ ဝံသာနု NLD နှင့် တွေ့တယ်။

မိခင်ပါတီကို သစ္စာမဲ့ပြီး စစ်ထောက်လှမ်းရေးအလိုကျ ထိမ်းမနိုင်သိမ်းမရဇာတ်ကို ကနေတဲ့၊ သင်းကွဲဖြစ်နေတဲ့လူ၊ ကိုယ့်ကို မဲထည့်ပြီး ရွေးချယ်ပေးလိုက်တဲ့ မန္တလေးမြို့သူမြို့သားတွေကိုမှ အားမနာ စစ်အုပ်စုကြိုးဆွဲရာ ကနေရတဲ့လူ၊ ၁၉၉ဝ ဂန္ဓီဟော အလွန်ကာလ လက်တွေ့ကျတဲ့ ဖြတ်သန်းမှုတွေကြောင့် စစ်ထောက်လှမ်းရေးရဲ့ မတရားဖမ်းဆီး ထောင်ချပစ်ခံခဲ့ရဖူးတဲ့ ကိုယ့်ရဲ့ ရွှေရောင်သမိုင်းတွေကိုတောင် နောင်တရပါပြီ နောက်မမှားတော့ပါဘူးဆိုတဲ့ လေသံတွေပစ်ပြီး မှောက်မှားချင်တိုင်း မှောက်မှားနေတဲ့လူ အဲဒီလိုပုဂ္ဂိုလ်မျိုး လူညံ့တချို့နှင့် စုဖွဲ့ထားတဲ့ အစုအဖွဲ့
ပြီးတော Scientific Economy Study Group နှင့် တွေ့တယ်။

ဒီလူတွေက အလံနီပျက်တွေ၊ အလံနီစစ်စစ်ဆိုရင်တောင် သူ့သမိုင်းနှင့် သူ့ကာလတခုမှာ သြဇာတခုနှင့် ဖြတ်သန်းခဲ့ဖူးတဲ့ ပါတီပါ။

အခုဟာက ….
အဲဒီပါတီထဲက မီးကြိုးမောင်းပျက်တချို့ စုဖွဲ့ထားတဲ့ လူ ၃ - ၄ - ၅ ယောက်ပါတဲ့ လူအုပ်တအုပ်။

မစၥတာ ဂမ္ဘာရီ ခင္ဗ်ား ….
ခင်ဗျား ဒီလူတွေ၊ ဒီအဖွဲ့အစည်းတွေကို ဘယ်လိုထင်လို့ သွားတွေ့လိုက်တာလဲ။ လူထုကို တစုံတရာတော့ ကိုယ်စားပြု တန်ကောင်းရဲ့လို့ ခင်ဗျား ထင်များထင်နေတာလား။

ကျနော် ရိပ်မိပါတယ်၊ ခင်ဗျား ဒီလောက် ဗဟုသုတ မနည်းပါဘူး။

ဦးအေးသာအောင်တို့၊ ဦးပူကျင့်ရှင်းထန်တို့၊ သခင်ချန်ထွန်းတို့ကိုတောင် ခင်ဗျား မတွေ့ခဲ့ဘဲနဲ့ ဒီလူတွေကိုမှ တခုတ်တရ သွားတွေ့တယ်ဆိုတာ ….
ခင်ဗျားစိတ်နှင့် ခင်ဗျားကိုယ် မဟုတ်လောက်ဘူးလို့ ကျနော် ထင်တာပဲ။

ကျနော် ထင်တာလွဲသွားပြီဆိုရင်တော့ မစ္စတာ ဂမ်ဘာရီ ခင်ဗျား သတိထားတော့။

ခင်ဗျား ကုန်းကျော်တံတားအောက်က သုံးပုံဖဲသမားရဲ့ အလံရှူးကို တကယ့် လူကြီးလူကောင်းထင်ပြီး အိမ်သော့အပ်မိတဲ့ ကိန်း ကျကျနန ဆိုက်တော့တာပဲ။

အဲဒီလိုတော့ မဖြစ်ပါစေနဲ့ဗျာ။

နိုင်ငံတကာပတ်ပြီး သံမှုသံခင်းလုပ်နေတာ ဗိုလ်သန်းရွှေနှင့်တွေ့မှ ပတ်တီးချခံရရင် ရှက်စရာကောင်းလွန်းလို့ပါ။

(၇)

ပြီးတော့ တစည ကို တွေ့တယ်။

ဒါတော့ သင့်လျော်ပါတယ်။ ကျနော်တို့ စိတ်နှင့်မတွေ့ပေမယ့် သူလည်း ၉ဝ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီ၊ အမတ်နေရာတချို့လည်း အနိုင်ရရှိခဲ့တဲ့ ပါတီပေပဲ။

လွတ်လပ်စွာ ကွဲလွဲခွင့်ကို ကျနော်တို့ ယုံကြည်ပါတယ်။

နောက်တော့ ကြံ့ဖွံ့နှင့် တွေ့တယ်။ ကြံ့ဖွံ့ကတော့ နအဖရဲ့ လက်ကိုင်တုတ်၊ ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်တို့ ယာဉ် တန်းကို ကားလမ်းပိတ်ပြီး ရိုက်နှက်သတ်ဖြတ်ခဲ့တဲ့အဖွဲ့အစည်း၊ ၂ဝဝ၇ စက်တင်ဘာမှာ တုတ်တကိုင်ကိုင်၊ လက်သီးတပြင်ပြင်နှင့် မစုစု နွေးတို့လို အမျိုးသမီးလေးတွေကိုတောင် အညှာအတာမရှိ စစ်အုပ်စုအလိုကျ လက်ရဲဇက်ရဲ ပွဲကြမ်းခဲ့ကြတဲ့သူတွေ၊
ခင်ဗျား သူတို့ကို တွေ့တာတော့ ကျနော့်အမြင် မသင့်လျော်လှဘူး။

ပြီးတော့ ….
စစ်အုပ်စုဝင်တွေ၊
ဗိုလ်ကျော်ဆန်းကနေ ဗိုလ်သိန်းစိန်အထိ တော်တော်များများတွေ့တာပါ။

ဗိုလ်မောင်အေးနှင့် ဗိုလ်သန်းရွှေကတော့ ပုဏ္ဏားကွယ်နောက်က ဇာတ်ညွှန်းစာရွက်ကိုင်ပြီး “ဘာပြီးရင် ဘာထွက်၊ ဟိုဇာတ် ရုပ်က ငိုပြ၊ ဒီဇာတ်ရုပ်က ရယ်ပြ ဒါပဲ တော်ပြီ ကားလိပ်ချလိုက်တော့” ဆိုတာတွေ ညွှန်ကြားရင်းနှင့် ချောင်းမြောင်းပြီးတွေ့ပေါ့လေ။

တွေ့ခဲ့ကြရတဲ့ ခင်ဗျားရဲ့ (၄) ရက်တာခရီးကတော့ ဒါပဲ။

ဗိုလ်သန်းရွှေကို ခင်ဗျား တွေ့ချင်တယ်လို့ ပြောမှာကတော့ သေချာပါတယ်။

မတွေ့တာကတော့ သူတို့အကြောင်းနှင့် သူတို့ပေါ့ဗျာ။ ထားလိုက်ပါတော့။

(၈)

အဲတော့ ဘယ်လိုနိဂုံးချုပ်မလဲ မစ္စတာ ဂမ်ဘာရီ
စစ်အုပ်စုနှင့် ခင်ဗျားနှင့် တွေ့တော့ သူတို့ဘက်က ပြန်ပြောလိုက်တာလေးတွေ သတ္တုချကြည့်ရင် …
- NLD ဟာ မဖြစ်နိုင်တာတွေ တောင်းဆိုနေတယ်
- ဖွင့်ထားတဲ့ တံခါးကဝင်ခဲ့ဖို့ ခင်ဗျားက တိုက်တွန်းပေးပါ
- စီးပွားရေးတည်ငြိမ်မှ နိုင်ငံရေးတည်ငြိမ်မှာမို့လို့ ပိတ်ဆို့ထားတာတွေ အရင်ပွင့်အောင် ဖွင့်ပေးပါ
- ရွေးကောက်ပွဲအတွက် နည်းပညာတွေ အကူအညီပေးမယ်ဆိုတာ အခုပေးပါ ကျနော်တို့ အဆင်သင့်ဖြစ်နေပြီဆိုတာပဲ ဖြစ်နေပါလားဗျ။

NLD တင်ပြတဲ့ တင်ပြချက်တွေ၊ NLD ရဲ့ တင်ပြချက်တွေ၊ ဝါရင့်တွေနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ အကြံပြုချက် တွေကိုတော့ ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့ကို မအောက်မေ့ပါလား။

ဒီလိုပုံနှင့်တော့ ရေပါ ပါ့မလား ကိုယ့်လူရေ။

အနည်လည်း မထ၊ ရေလည်း မပါ ဆိုရင်တော့ “သတ္တမသည် ဆဋ္ဌမနှင့် ထူးမခြားနားပါပဲ ခင်ဗျား” လို့ သူများတွေ ပြောကုန် ကြတော့မယ်။

“တကယ်မြင်ရင် မြင်တဲ့အတိုင်း
တကယ်ကြားရင် ကြားတဲ့အတိုင်း
ပစ္စုပ္ပန်တည့်တည့်ရှုပြီး နိဂုံးမှန်မှန်ချုပ်နိုင်ပါစေ” ဒါပဲ ကျနော် ဆုတောင်းပါတယ်ဗျာ။

မစ္စတာ ဘန်ကီမွန်းကြီး မယောင်မလည်နှင့် ရောက်လာ၊ နောက်တော့ လူကဲ့ရဲ့စရာဖြစ်ပြီး ပြန်သွားဆိုရင်တော့ ကုလသမဂ္ဂ သိက္ခာကျလှပါတယ်။

အဲဒီလို မဖြစ်လောက်ပေဘူးလို့ဘဲ ကျနော် အောက်မေ့လိုက်ပါ့မယ်။

အကျိုးများအောင် ဆောင်ကြဉ်းပေးနိုင်သူတိုင်းကို အကျိုးခံစားရသူအပေါင်းက ကောင်းချီးပေးကြမှာအမှန်ပါ မစ္စတာ ဂမ်ဘာရီ။ ။

*********

ဇွန်မှိုင်း
၎၊ ၂၊ ၂၀၀၉

Feb 4, 2009

ရှင်သန်နိုးကြားနေသည့် သာဓကတခု (သို့မဟုတ်) လက်တွေ့ကျကျ စဉ်းစားကြစေချင်တယ်

ဇန်နဝါရီလ (၂၁) ရက်နေ့စွဲဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ၏ ရှည်လျားလှသော “လူထုအုပ်ချုပ်ရေး ချမှတ်ကျင့်သုံးသည့် အခြေခံဖြင့် တရားဝင်မှုကို ရှာဖွေနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေး လွှတ်တော်ဖွဲ့စည်း၍ အမျိုးသားညီညွတ်ရေးအစိုးရတရပ် ပေါ်ပေါက်လာအောင် ဆောင်ရွက်သွားသင့်ကြောင်း လူထုတစ်ရပ်လုံးသို့ အဆိုပြုတင်ပြချက်” ဆိုသည်ကို အင်တာနက်အီးမေးလ် အုပ်စုများမှတဆင့် လက်ခံရရှိပါသည်။

ယင်း ရှည်လျားလှသော အဆိုပြုတင်ပြချက်သည် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီက ၎င်း၏အဖွဲ့ဝင် အဖွဲ့အစည်းများသို့ ပေးပို့ထားခဲ့ပြီးဖြစ်သော ယခင်အဆိုပြုတင်ပြချက်နှင့် အချို့နေရာ တော်တော်များများတွင် မတူညီမှုများရှိသည်ဟု ပြောဆိုသံကိုလည်း ကြားရပါသည်။ အချို့ လေ့လာစောင့်ကြည့်သူများကဆိုလျှင် (၂၁) ရက် နေ့စွဲဖြင့် ပေးပို့ရာတွင် (Cover Letter)၌ (NCUB Letter Head) ပါသော်လည်း ယခင်လို တွဲဘက်အတွင်းရေးမှူး(၁)၏ လက်မှတ်မပါရှိကြောင်းကိုပင် ထောက်ပြကြပါသည်။

မည်သို့ပင်ဖြစ်စေ ပြည်သူလူထုတစ်ရပ်လုံးသို့ အဆိုပြုတင်ပြလာသည်ဖြစ်သဖြင့် ပြည်သူလူထုဘက်က ရပ်တည်သူများကလည်း ပြည်သူများဘက်က ရပ်တည်ကိုယ်စားပြု၍ ပြန်လည်ဆွေးနွေး ဝေဖန်ဆန်းစစ်ရပေါတော့မည်။

အဆိုတင်ပြချက်၏ အစမှာပင် “ပိုအားကောင်းသောညီညွတ်မှု တည်ဆောက်ရန် နည်းလမ်းများ ရှာဖွေမှုများကို ပိုမိုရှင်းလင်းရန် တင်ပြခြင်းဖြစ်သည်” ဟု ဖော်ပြထားပါသည်။

ယင်းအချက်မှ အောက်ပါ ကောက်ချက် (၂) ရပ်ကို ရရှိပါသည်။

* ပိုမိုအားကောင်းသော ညီညွတ်မှု တည်ဆောက်ရန်လိုအပ်သည်။
* ညီညွတ်မှုတည်ဆောက်ရန် နည်းလမ်းများစွာရှိသည်။

ယင်းကောက်ချက်အတိုင်းဆိုလျှင် ယခုအဆိုပြုတင်ပြချက်ကိုလည်း ညီညွတ်မှုတည်ဆောက်ရန် နည်းလမ်းများစွာရှိသည့်အနက်မှ နည်းလမ်းတခုအဖြစ်သာလျှင် ဖြစ်သည်ဟုသာ သဘောထားရပေတော့မည်။ ယင်းသို့ သဘောထားရမည်ကို ခိုင်လုံစေသည့် အချက်အလက်များလည်း အဆိုပါ အဆိုပြုတင်ပြချက်၏ စာမျက်နှာ (၁) အချက်အမှတ် (က)၊ (ဂ)၊ (ဃ) တို့တွင် ဖော်ပြပါရှိသည်။

ယင်းသို့ တင်ပြထားသော်လည်း အဆိုပါ အဆိုပြုတင်ပြချက်၏ စာမျက်နှာ (၃)နှင့် (၄)တွင် ဖော်ပြချက်များသည် အထက်တွင် ဖော်ပြချက်များနှင့် ရှေ့နောက်မညီဘဲ ဆန့်ကျင်ကွဲလွဲနေပြန်သည်။

* တပ်ပေါင်းစုသဘောဆောင်သော အဖွဲ့အစည်းများ အများအပြားတည်ရှိခြင်း
* နိုင်ငံရေးအရ အဓိက အသံတသံတည်းမထွက်သည့် အနေအထားကို မလွဲမသွေ ကြုံတွေ့လာခြင်း
* တပ်ပေါင်းစုအနေအထားသို့ ရောက်နေသည့် အဖွဲ့အစည်းကြီးများအားလုံးကို ဖျက်သိမ်းကာ တဖွဲ့ချင်းပါဝင်နိုင်သည့် တခုတည်းသော နိုင်ငံရေးတပ်ပေါင်းစု ဖြစ်ပေါ်လာအောင် ရေရှည်လုပ်ဆောင်သွားနိုင်ရန်

အထက်ပါအချက်များသည် လက်ရှိတည်ရှိနေသော တပ်ပေါင်းစုနှင့် တပ်ပေါင်းစုသဘောဆောင်သော အဖွဲ့အစည်းများနှင့် ပတ်သက်၍ ၎င်းတို့၏သဘောထားကို ရှင်းလင်းစွာ ဖော်ပြနေပါသည်။

နိုင်ငံရေးအရ တသံတည်းမထွက်ခြင်းသည် ကိုယ်စားပြုရပ်တည်မှု၊ ရင်ဆိုင်ရသည့်အခြေအနေနှင့် ပြဿနာအမျိုးအစားပေါ် မူတည်သည်။ အဖွဲ့အစည်းတိုင်းတွင် လွတ်လပ်သည့် ကိုယ်ပိုင်ဆုံးဖြတ်မှုနှင့် ရွေးချယ်မှုကိုယ်စီ ရှိပါသည်။ မည်သူကမျှ ချုပ်ချယ် ကန့်သတ်ထား၍ မရနိုင်ပါ။

“ဒီမိုကရေစီလှုပ်ရှားမှုကြီးတွင် တသွေးတသံတမိန့်ပုံဆောင်သည့် အကြွင်းမဲ့ ညီညွတ်ရေးဟူသည် မရှိနိုင်ပါ။ မတူညီသော ရပ်တည်ချက်၊ အမြင်၊ နည်းနာများရှိသည်မှာ သဘာဝကျပါသည်။ ဤသည်မှာ အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေစဉ်အတွင်း ဒီမိုကရေစီ ကျင့်သုံးခြင်းသာဖြစ်သည်” မဟုတ်ပါလော။

စစ်အစိုးရကို တိုင်းရင်းသားအင်အားစုတိုင်းက၊ နိုင်ငံရေးအဖွဲ့အစည်းတိုင်းက ဆန့်ကျင်တွန်းလှန်နေသည်၊ ဘုံရန်သူကို တိုက်နိုင်ဖို့ ဘုံရန်သူဆန့်ကျင်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းကြရမည်။ “တပ်ပေါင်းစုဖြင့် အောင်ပွဲခံမည်” ဟု ရှေ့က ခေါင်းဆောင်များက သူ့တို့၏ ဖြတ်သန်းမှုအတွေ့အကြုံများအရ ညွှန်ပြထားခဲ့ကြပြီ။

“တပ်ပေါင်းစုအနေအထားသို့ ရောက်ရှိနေသည့် အဖွဲ့အစည်းကြီးများအားလုံးကို ဖျတ်သိမ်းရန်” မည်သူ့တွင် အခွင့်အာဏာရှိနေပါသနည်း။ နိုင်ငံရေးတပ်ပေါင်းစုမဖွဲ့ဘဲ လွှတ်တော်ဖွဲ့ရမည်ဟု ဆုံးဖြတ်ရမည့်အခွင့်အာဏာ မည်သူ့တွင် ရှိပါသနည်း။

မည်သည့်အဖွဲ့အစည်းများကို ဖျက်သိမ်းပစ်ရန် ရည်ရွယ်ပြောဆိုနေတာပါလဲ။ ယင်းသို့ပြောဆိုရန် သင့်ပါသလား။ ယင်းပြောဆိုချက်သည် တည်ရှိနေသော စုဖွဲ့မှုများကို စိန်ခေါ်လိုက်ခြင်းပင်ဖြစ်ပါသည်။ ခြိမ်းခြောက်ခြင်းပင်ဖြစ်ပါသည်။

သို့ပါ၍ အထက်ပါအချက်များသည် “သဘာဝကျပါသည်၊ အာဏာရှင်စနစ်ကို တိုက်ခိုက်နေစဉ်အတွင်း ဒီမိုကရေစီကျင့်သုံးခြင်းသာဖြစ်သည်” ဟူသော အဆိုပြုတင်ပြချက်ပေါ်တွင် ဖော်ပြထားသည့်အချက်များနှင့် ဆန့်ကျင်သွေဖီနေပါသည်။

ထို့အပြင် စာမျက်နှာ (၄)တွင် “လွှတ်တော်ဖွဲ့စည်းဆောင်ရွက်ရတွင်မူ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တင်မြှောက်ခံ ရပြီး ဖြစ်လျှင်၊ သတ်မှတ်တာဝန်ပေးခံရပြီးလျှင်ဖြစ်စေ အဓိကအခြေပြုမှုမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွင် မတည်ရှိတော့ပါ” ဟု ဖော်ပြထားပါသည်။

ယင်းသို့ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါဝင်အရွေးခံခံရသည့် လွှတ်တော်ကိုယ်စားလှယ်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုရန်၊ အခြေပြုရန် မလိုအပ်ဟု ပြောဆိုလိုခြင်းပင် ဖြစ်ပါသည်။ ထိုသို့ မည်သည့်နိုင်ငံ တွင် ပြဌာန်းသတ်မှတ်ထားတာရှိလျှင် လေ့လာသိရှိနိုင်ရန်အလို့ငှာ ဖော်ပြပေးသင့်ပါသည်။

သို့သော်လည်း ဆက်လက်ရေးသားရာတွင် “ထိုလွှတ်တော်များတွင် မိခင်နိုင်ငံရေးပါတီများက မိမိတို့၏ လွှတ်တော်ကိုယ်စားလှယ်များအပေါ် လွှမ်းမိုးမှုများ အတိုင်းအတာနှင့်အညီ ဆက်လက်တည်ရှိနေမြဲဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့တဦးချင်း အကြံပြုလိုသည့် ဥပေဒကြမ်းများ၊ အဆိုပြုချက်များအပြင် မိခင်ပါတီများက တင်သွင်းစေလိုသော ဥပဒေမူကြမ်းများ၊ အဆိုပြုချက်များကိုလည်း လွှတ်တော်တွင် တင်သွင်းကြသည်” ဟု ရှေ့နောက်မညီ ပြောဆိုထားပြန်သည်။

သက်ဆိုင်ရာပါတီက ရွေးချယ်ခံရသည့် လွှတ်တော်အမတ်သည် သက်ဆိုင်ရာ မိခင်ပါတီကိုသာ နာခံရမည်မဟုတ်ပါလော။ ယင်းမှာ နိုင်ငံရေး ကကြီး ခခွေး ကိစ္စပင် ဖြစ်သည်။

ယင်းသို့ တစ်ခုနှင့်တစ်ခု၊ အချက်အလက်တစ်ခုနှင့်တစ်ခု ရှေ့နောက်မညီ ဆန့်ကျင်သွေဖီနေသည့် ကိစ္စများကို ဤတွင်တခန်းရပ်၍ တရားဝင် အသိမှတ်ပြုမှု (Legitimacy) ဆိုသည့် ကိစ္စများကို လေ့လာကြည့်ကြပါစို့။

အာဏာသည် လူထုထံက ဆင်းသက်လာသည်၊ တရားဝင်အသိမှတ်ပြုမှုကို ပြည်သူလူထုထံမှ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများမှတဆင့် ရယူကြရမည်။ ဤသည်မှာ လူတိုင်းနားလည်သော အချက်ဖြစ်သည်။

“လူထုအုပ်ချုပ်ရေး ချမှတ်ကျင့်သုံးသည့် အခြေခံဖြင့် တရားဝင်မှုကို ရှာဖွေနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးလွှတ်တော် ဖွဲ့စည်း၍ အမျိုးသားညီညွတ်ရေးအစိုးရတရပ် ပေါ်ပေါက်လာအောင်” မည်ကဲ့သို့ ဖော်ဆောင်ကြမည်နည်း။

“လူထုအုပ်ချုပ်ရေးချမှတ်ကျင့်သုံးသည့် အခြေခံဖြင့်” ဆိုသော စကားလုံးသည် ဝေဝါးနေသော စကားလုံးပင်ဖြစ်သည်။ မည်သည့် နေရာဒေသတွင် လူထုအုပ်ချုပ်ရေး ချမှတ်ကျင့်သုံးမည်နည်း။ ယင်းသို့ချမှတ်ပြီးနောက် “တရားဝင်မှု”ကို မည်သို့ရှာဖွေမည်နည်း။ ရှုပ်ထွေးဝေဝါးလွန်းလှပါသည်။

အစိုးရတစ်ရပ်ဖွဲ့စည်းဖို့ဆိုလျှင် အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်လောက်သည့် ရေမြေအနေအထား ပြည့်စုံဖို့လိုအပ်ပါသည်။ သို့မဟုတ်လျှင် လူရယ်စရာဖြစ်လိမ့်မည်။ ၁၉၈၈ မှ ယနေ့အထိ နှစ်ပေါင်း (၂၀)ကာလအတွင်း တော်လှန်ရေးဒေသများ သေးကြုံ့သွားသည့် ဖြစ်ရပ်မှန်ကို ရဲရဲ ကြည့်ဖို့လိုအပ်ပါသည်။ ကွင်းစကွင်းပိတ်ထဲက (လွတ်မြောက်နယ်မြေ)ဆိုတာ အဆိုပါ ကွင်းစကွင်းပိတ်(-----)ထဲမှာလောက်သာ ကျယ်ဝန်းသည်ကို မိတ်ဆွေလည်း သိသည်။ ကျနော်လည်းသိသည်။

ဒါကြောင့် တစုံတရာသော နယ်မြေအကျယ်အဝန်း၊ တစုံတရာသော လူဦးရေပမာဏ၊ တစုံတရာသော လူမှုစီးပွားရေး အဆောက်အဦ စသော ရေမြေအနေအထားများ မရှိဘဲ မည်သို့သော လူထုအုပ်ချုပ်ရေး ချမှတ်ကျင့်သုံးမှာလဲ။ တရားဝင် အသိမှတ်ပြုမှု (Legitimacy) ကို မည်ကဲ့သို့ ရှာဖွေမှာလဲ။ ဒီလိုပြောတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်တော့မည်။

တိုင်းရင်းသား လက်နက်ကိုင်အင်အားစုမျာရဲ့ လွတ်မြောက်နယ်မြေဆိုတာတွေကို မျှော်မှန်းပြီး ပြောနေတာလား။ ထိုဒေသများသည် ယခင်ကလို တစုံတရာ တည်ငြိမ်မှုမရှိတော့ဘဲ ရန်သူနဲ့ မိမိထဲမှာ ခွဲထွက်သူများက အချိန်မရွေး စစ်ရေးအရ ခြိမ်းခြောက်တာကို ခံနေရသည့် အနေအထားဖြစ်ပါသည်။ ယင်းကို ခုခံကာကွယ်နေရသည့် အခြေအနေဖြစ်ပါသည်။

မျက်စိမှိတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ကြပြီဆိုပြီး စဉ်းစားကြည့်ကြပါစို့။

အဲဒီအစိုးရရဲ့ အဓိကအခြေပြုရာနယ်မြေတွေ နိုင်ငံတကာကို ထုတ်ပြန်ကြေငြာလိုက်ပြီ ဆိုပါစို့။ အဲဒီနယ်မြေဒေသတွေကို ရန်သူက ထိုးစစ်ကြီးတွေ၊ စစ်ဆင်ရေးကြီးတွေ ဆင်လာပြီဆိုပါစို့။ ဘယ်လို ခုခံကာကွယ်စစ် ဆင်နွှဲမလဲ။

ဘယ်မှာလဲ စစ်လက်နက်ပစ္စည်းနဲ့ ရိက္ခာ။ ဒီကိစ္စတွေဟာ စိတ်ကူးယဉ်စရာကိစ္စမဟုတ်ဘူး။ အသက်၊ သွေး၊ ချွေးတွေနဲ့ ရင်းရမဲ့ ကိစ္စတွေပါ။ တိုက်ခိုက်ကြလို့ သေဆုံးဒဏ်ရာရသူတွေ၊ မှီခိုသူမိသားစုတွေ၊ သူတို့ကို ဘယ်လို ဆေးဝါးကုသပေးမလဲ။ ဘယ်လို ထောက်ပံ့ကူညီကြမလဲ။ တိုက်ပွဲကြီးတွေဖြစ်လာလို့ မှီတင်းနေထိုင်ရာဒေသတွေကို စွန့်ခွါထွက်ပြေးလာရမည့် လူထုတွေအတွက် ဘယ်မှာလဲ နေစရာ၊ စားစရာ။

ဒီအဆိုပြုတင်ပြချက်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်လို့ တလုံးတပါဒမျှ ရေးသားဖော်ပြထားတာ မတွေ့ရပါဘူး။ တမျိုးသားလုံးရဲ့ကိစ္စကို ထည့်သွင်းစဉ်းစားမည်ဆိုရင် ဒီလိုဖြစ်လာနိုင်ခြေရှိတဲ့ အဆိုးအကောင်းကိစ္စတွေကိုပါ ထည့်သွင်းစဉ်းစားတင်ပြရန် လိုအပ်ပါသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသဖို့ လိုအပ်သည်။

အမျိုးသားညီညွတ်ရေးလွှတ်တော်၊ အမျိုးသားညီညွတ်ရေးအစိုးရကို သစ္စာရှိရှိ ခုခံကာကွယ်ဖို့ “အမျိုးသားကာကွယ်ရေး တပ်မတော်ကြီး” တရပ်လည်း မလိုအပ်ဘူးလား၊ အခြေခံအားဖြင့် လွှတ်တော်၊ အစိုးရ၊ တပ်မတော်ဆိုတာ နိုင်ငံတစ်ခုရဲ့ အခြေခံအင်္ဂါရပ်တစ်ခုပဲမဟုတ်ပါလား။

နောက်ဆုံးတခုကတော့ လွှတ်တော်နဲ့ အစိုးရအတွက် ဘဏ္ဍာငွေဘယ်ကရမလဲဆိုတဲ့ ကိစ္စပါပဲ။ အခွန်တော်ငွေတွေ ဘယ်လိုစည်းကြပ်ကောက်ခံကြမလဲ။ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ လူမှုဖူလုံရေးကိစ္စတွေမှာ ဘယ်လို ကျခံသုံးစွဲကြမည်လဲ။

အခြေခံလူထုကလဲမရှိ၊ မြေကလည်းမရှိ၊ ငွေကလည်းမရှိ တပ်မတော်လည်းမရှိရင်တော့……

လက်ရှိတပ်ပေါင်းစုက အလုပ်မဖြစ်ဘူး၊ ရန်သူကို စုစည်းညီညွတ်စွာ မထိုးနှက်နိုင်ဘူးလို့ သုံးသပ်မိတယ်ဆိုရင် တပ်ပေါင်းစုကို ဘယ်လိုပြုပြင်ပြောင်းလဲမလဲဆိုတာကိုပဲ လက်တွေ့ကျကျ စဉ်းစားအဆိုပြုစေချင်ပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေက တောင်းဆိုနေသည်ကို လက်တွေ့ကျကျ တုန့်ပြန်နိုင်မည့် တပ်ပေါင်းစုတစ်ရပ်ဖြစ်ရန် လိုအပ်ပါသည်။

ခိုင်မာကျယ်ပြန့်သည့် တပ်ပေါင်းစုတစ်ရပ် ဖွဲ့စည်းရေးကို ရည်ရွယ်ရိုးမှန်ရင် လက်တွေ့ကျကျစဉ်းစားဖို့ လိုအပ်ပါသည်။

ယင်းသို့မဟုတ်ရင် “ဖွတ်မရ ဓါးမဆုံး” မည့်ကိန်း ဆိုက်ပါလိမ့်မည်။

*************

တူမောင်ညို
(၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်)

Feb 3, 2009

ဘိန်းမှုဖြင့် မင်္သကာသူနှစ်ဦး ထပ်မံဖမ်းဆီးခံရ

ဗထူး။ ဖေဖော်ဝါရီ ၃၊ ၂၀၀၉

ရန်ကုန်မြို့ ပင်လယ်ဝတွင်ဖမ်းဆီးရမိသည့် ဘိန်းမှုဖြင့် ဘိုကလေးမြို့တွင် လူနှစ်ဦးအား မူးယစ်ဆေးဝါးဗဟိုဌာနမှ ယခုလ (၂၆) ရက်နေ့က ဖမ်းဆီးသွားခဲ့သည်။

ရန်ကုန်ပင်လယ်ဝ၌ ယခုလ (၂၅) ရက်နေ့က သစ်တောဦးစီးဌာနပိုင် ကွန်တင်နာအား နိုင်ငံတကာ မူးယစ်ဆေးနှိမ်နင်းရေးဌာန (DEA) နှင့် တရုတ်ရဲတပ်ဖွဲ့၏ သတင်းပေးချက်အရ ဖမ်းဆီးရမိခဲ့သော ဘိန်းဖြူများသယ်ဆောင်မှုနှင့် ပတ်သက်သည်ဟုဆိုကာ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်နေ ငါးရှည့်ဒိုင်ပိုင်ရှင်နှစ်ဦးအား မူးယစ်ဗဟိုမှ ဖမ်းဆီးခဲ့သည်ဟု ဘိုကလေးမြို့ခံက ပြောသည်။

“ဖမ်းပြီးနောက်နေ့မှာပဲ ပြန်လွတ်လာတယ်၊ ပစ္စည်းနဲ့အတူမိတာဆိုပြီး ဓါတ်ပုံတွေရိုက်သွားတယ်၊ ကိုကျော်ကျော်မင်းက ငါးရှည့်ဒိုင်ကိုင်တာ၊ သူနဲ့အတူ ရှမ်းလေးဆိုတာ ပါတယ်၊ ရှမ်းတရုတ်လို့တော့ ပြောတယ်၊ (၂၆) ရက်နေ့၊ မနက် (၉) နာရီက ဖမ်းတာ” ဟု ပြောသည်။

ယင်းဖမ်းဆီးမှုအား မူးယစ်ဆေးဗဟိုရဲတပ်ဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူ ဦးစီးကာ ယခုလ (၂၆) ရက်နေ့နံနက်က ဖမ်းဆီးသွာခြင်းဖြစ်ပြီး ဒေသခံများအနေဖြင့် အဆိုပါဖမ်းဆီးခံရသူများ၏ လုပ်ငန်းကို စိတ်မဝင်စားခြင်းမှာ အားသာချက်တချက်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“သစ်တောရေးရာဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်ရဲ့သားက ဒီကိစ္စမှာပါဝင်တယ်လို့ သိတယ်၊ သစ်လုံးကိုထွင်းပြီးတော့ ထည့်တာ၊ ထိုင်ဝမ်ကိုပို့ဖို့လုပ်နေတုံးမှာ ဖမ်းမိတာပါ” ဟု စစ်တပ်နှင့်နီးစပ်သူတဦးက ပြောသည်။

ရန်ကုန်ရှိ ပြည်သူများကမူ ယခုမူးယစ်ဆေးဝါးအမှုသည် နိုင်ငံတော်အကြီးအကဲဆိုသူများနှင့် ပတ်သက်နေ၍သာဖြစ်သည်ဟု ပြောဆိုသည်။

နအဖ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့(၁)မှူး ဒုတိယဗိုလ်ချုပ် ရဲမြင့်၏သား အောင်ဇော်ရဲမြင့်အား မက်တာအက်ဖတမင်း ဆေးပြားများနှင့် ပြီးခဲ့သည့်နှစ် ဧပြီလအတွင်း ဖမ်းဆီးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်နှင့်သားများအား ထောင်ဒဏ်အပြစ်ပေးခဲ့သော်လည်း နအဖထိပ်ပိုင်းခေါင်းဆောင်အား အရေးယူခြင်းမရှိခဲ့ပေ။

၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီမှ ၂၀၀၈ ခုနှစ်၊ ဇွန်လအတွင်း ဘိန်းဖြူ ၁၀၃.၈ ကီလိုဂရမ်နှင့် ၁၆၉၀ ကီလိုဂရမ် ဖမ်းဆီးရမိကြောင်း စစ်အစိုးရက တရားဝင် ထုတ်ပြန်ထားသော်လည်း ကမ္ဘာ့မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အစီရင်ခံစာအရ အရှေ့တောင်အာရှ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ပြီးခဲ့သည့်နှစ်အတွင်း ၂၂ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး မြန်မာနိုင်ငံသည် ၂၉ ရာခိုင်နှုန်း အထွက်တိုးလာကြောင်း ထုတ်ပြန်ခဲ့သည်။

သတင်းဌာနများ


ရေဒီယိုအသံလွှင့်ဌာနများ



အဖွဲ့အစည်းများ



နအဖ သတင်းမီဒီယာများ


Feb 1, 2009

နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနား ကျင်းပ

ရိုးမ ၃။ ဇန်နဝါရီ ၃၁၊ ၂၀၀၉

ယနေ့ကျရောက်သည့် နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ထိန်းချုပ်ရာ တပ်မဟာ (၇) နယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ မဟာမိတ်အင်အားစုများ အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးတို့က တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ကရင်အမျိုးသား အစည်းအရုံး(KNU) ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကဘောက ၂၀၁၀ တွင် စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။


“ကျနော်တို့အနေနဲ့က ၂၀၁၀ ရွေးကောက်ပွဲကို မလုပ်ဖို့၊ နအဖက သူရဲ့အာဏာ ဆက်လက်တည်မြဲရေးအတွက် ပုံစံတမျိုးနဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်၊ ကျနော်တို့အနေနဲ့က လုံးဝ လက်မခံပါဘူး၊ အစကတည်းကလဲ သူတို့ လမ်းပြမြေပုံတခုလုံးကို လက်ခံခဲ့တာမဟုတ်ပါဘူး၊ အဓိကက ကျနော်တို့ ဒီ တွေ့ဆုံဆွေးနွေးရေးကို အတိုက်အခံ အင်အားစုတွေအားလုံးနဲ့ လုပ်ပြီး ဆွေးနွေးဖို့ဖြစ်ပါတယ်” ဟု ပဒိုဒေးဗစ်သာကဘောက ပြောသည်။

ကရင်တော်လှန်းရေး ဖြတ်သန်းခဲ့ရပုံနှင့်ပတ်သက်၍ အောင်မြင်မှုများကို ကြည့်မည်ဆိုပါက ယနေ့တိုင် အားကောင်းနေလျှက်ရှိနေသေးကြောင်း ၎င်းက ဆက်ပြောသည်။

“ဖဆပလ လက်ထပ်ကတည်းက နှစ်နှစ်အတွင်းချေမှုန်းမယ်တို့ ဘာတို့ သူတို့ပြောလာခဲ့တာ အခုချိန်ထိ ကရင့်တော်လှန်ရေးဟာ ရှိမြဲရှိနေတုန်း အားကောင်းလျှက်ပဲ ရှိနေပါတယ်၊ နိုင်ငံရေးဟာလည်း အားကောင်းလာပါတယ်၊ ဖဆပလလည်း ပြုတ်ကျသွားပြီ၊ ပထစအစိုးရလဲ ပြုတ်ကျသွားပြီ၊ နေဝင်း မဆလအစိုးရလဲ ပြုတ်ကျသွားပြီ၊ နောက် နအဖကလဲ သူတို့အတွင်းမှာတင် ပြဿနာတက်ပြီ” ဟု သူက ပြောသည်။

ကရင့်တော်လှန်ရေးသည် ကရင်လူထုတရပ်လုံးနှင့်အတူ မြန်မာပြည်သူများအားလုံး၏ တော်လှန်ရေးဖြစ်ပြီး ပြည်တွင်းပြည်ပရှိ ကရင်လူထုတရပ်လုံးနှင့် မြန်မာပြည်သူအားလုံး ပူးပေါင်းပြီး နအဖစစ်အာဏာရှင် ပြုတ်ကျရေး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်သွားရန်ကို တောင်းဆိုကြောင်း ဇိုယာဖန်းက ပြောသည်။

“ကျမတို့တော်လှန်ရေး မအောာင်မြင်သေးတာက ကျမတို့ ညံ့လို့မဟုတ်သလို ရန်သူကတော်နေလို့လည်း မဟုတ်ပါဘူး၊ တိုင်းရင်းသားတွေရော ဒီမိုကရေစီအင်အားစုတွေရော ဒီထက်ပိုပြီး ပူးပေါင်းလုပ်ဆောင်ဖို့ လိုမယ်ထင်ပါတယ်၊ လူထုတွေကိုလဲ ထိထိရောက်ရောက် စည်းရုံးဖို့လိုတယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေ အစိုးရတွေကိုလဲ ဖိအားပေးဖို့ စည်းရုံးလုပ်ဆောင်ရမယ်” ဟု ၎င်းက ပြောသည်။

ကရင့်အမျိုးသားတပ်မတော်မှ ခွဲထွက်သွားပြီး နအဖနှင့် ငြိမ်းချမ်းရေးလုပ်ထားသည့် ဒီကေဘီအေအဖွဲ့များ ဖြစ်ပေါ်လာခြင်းကိုကြည့်လျှင် ကရင်လူမျိုးများ စည်းလုံးညီညွတ်မှု အားနည်းနေခြင်းကြောင့်ဖြစ်သည်ဟု ဇိုယာဖန်းက ဆက်ပြောသည်။

ထို့အပြင် ကရင်အမျိုးသားတပ်မတော်မှ စစ်သည်တဦးက “ကရင့်တော်လှန်ရေး အောင်မြင်မယ်လို့ ယုံကြည်ပါတယ်၊ ဘာကြောင့် ကျနော်တို့ မျှော်လင့်ရတာလဲဆိုတော့ စစ်မှန်တဲ့တရားကို ကိုင်စွဲပြီးတော့မှ ဒီတော်လှန်ရေးကို ဆင်နွှဲတယ်၊ ကျနော် ကရင်စစ်သားတယောက်အနေနဲ့ အမှန်တရားကို ချစ်မြတ်နိုးတယ်၊ အမှန်တရားကို ကိုင်စွဲတိုက်ပွဲဝင်တာကြောင့် လက်နက်ကိုင်တော်လှန်ရေးကို အောင်မြင်မယ်လို့ ယုံကြည်တယ်” ဟု ပြောသည်။

ကရင့်အမျိုးသားတော်လှန်းရေးသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၉ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ကာ မဟာလူမျိုးကြီးဝါဒကို တိုက်ဖျက်ပြီး တိုင်းရင်းသားတန်းတူညီရေးအတွက် ကရင့်ခေါင်းဆောင်ကြီးများချမှတ်ခဲ့သည့် မူများအတိုင်း ဆက်လက်တိုက်ပွဲဝင်နေခြင်းဖြစ်သည်။

အကျိုးစီးပွားရှာဖွေကြသူများ … ဤသို့ကွဲပြား၏

ကိုမော်။ ဇန်နဝါရီ ၅၊ ၂၀၀၉

လောက၌ မည်သည့် သတ္တဝါမဆို ချမ်းသာလိုကြသည်ချည်းဖြစ်လေရာ လူသည်လည်း သတ္တဝါအစုတွင် ပါဝင်သဖြင့် ချမ်းသာလိုကြသည်ပင် ဖြစ်၏။ ထိုကြောင့် လူသည် မိမိဘဝ ချမ်းသာဖို့အတွက် မလွဲမသွေ ရှာဖွေအားထုတ်ရမည်ဖြစ်သည်။

ထိုသို့ ဘဝ၏ချမ်းသာခြင်းကို ရှာဖွေအားထုတ်ရာတွင် လောဘအပေါ် အခြေတည်၍ အားထုတ်သည်လည်း ရှိသလို အလောဘအပေါ် အခြေတည်၍ အားထုတ်သည်လည်း ရှိကြ၏။ မည်သို့သော နည်းလမ်းဖြင့် ရှာဖွေအားထုတ်သည် ဖြစ်စေကာမူ ရည်မှန်းချက်ပန်းတိုင်သည်ကား မိမိတို့ဘဝချမ်းသာမှု (ဝါ) ဖွံ့ဖြိုးတိုးတက်မှုကို ရရှိအောင် တည်ဆောက်လိုခြင်းပင် ဖြစ်သည်။ ဘဝဖွံ့ဖြိုးတိုးတက်ခြင်းဟူသည် အကျိုးစီးပွား များပြားမှု အပေါ်တွင် အခြေတည်၏။ ထို့ကြောင့် မိမိတို့ဘဝ ဖွံဖြိုးတိုးတက်ဖို့အတွက် အကျိုးစီးပွား တိုးများအောင် ကြိုးစားအားထုတ်ကြခြင်းဖြစ်၏။ သို့ဖြစ်၍ အကျိုးစီးပွားတည်းဟူသော ဘုံရည်မှန်းချက် ပန်းတိုင်ချင်း တူညီကြသည်ဟု ဆိုဖွယ်ရာရှိ၏။

ထိုသို့ ဘုံရည်မှန်းချက်တူ အကျိုးစီးပွားကို ရှာဖွေရာတွင် ငါ့အတွက်၊ ငါ့မိသားစုအတွက် စသဖြင့် ငါကောင်းစားဖို့တည်းဟူသော ရည်ရွယ်ချက်များဖြင့် ရှာဖွေခြင်း ဖြစ်ပါက ထိုရှာနည်းသည် မိမိ၏ (အတ္တ)လောဘကို အခြေခံသည်။ လောဘကို အခြေခံသည်ဖြစ်၍ အကုသိုလ် အရင်းပြု၏။ အကုသိုလ်အရင်းပြု၍့ရသော ကိုယ်ကျိုးစီးပွားသည်လည်း အကုသိုလ်ဝန်းရံနေပေလိမ့်မည်။ အကုသိုလ်ဝန်းရံနေသည် ဖြစ်သဖြင့် တရားမျှတစွာ ရှာဖွေ၍ရရှိသော အကျိုးစီးပွား ဖြစ်ဖို့ရန် အခွင့်အလမ်းနည်း၏။ သို့ဖြစ်၍ စစ်မှန်သော ချမ်းသာဟု ဆိုနိုင်မည်မဟုတ်။

အလောဘကို အခြေခံ၍ အကျိုးစီးပွားကို ရှာရာ၌ကား တမျိုးဖြစ်၏၊ အစကတည်းကပင် သူသည် နဖူးမှချွေး ခြေမထိကျအောင် အပင်ပန်းခံကာ ရှာဖွေပါသော်လည်း သူ၏ ကိုယ်ကျိုးစီးပွားအတွက် မရည်ရွယ်ဘဲ အများသူငှာ အကျိုးစီးပွားအတွက် ရည်ရွယ်ချက်အရင်းခံရှိ၏။ ထိုသို့ ရည်ရွယ်ချက်အရင်းခံသည်လည်း ကိုယ်ကျိုးမဲ့မဟုတ်၊ အများတည်းဟူသော အကျိုးစီးပွားအတွင်း၌ မိမိအကျိုးစီးပွားသည်လည်း ပါဝင်နေကြောင်း ကောင်းကောင်းနား လည်ထားကြပြီးဖြစ်သည်။ ထိုသို့ နားလည်ကြသည်ဖြစ်၍ ငါတည်းဟူသော အတ္တ(ဝါ) တဏှာလောဘကို တတ်နိုင်သလောက် ပယ်သတ်ပြီးဖြစ်၏။ တဏှာလောဘကို ပယ်သတ်နိုင် သည်နှင့်အမျှ သောကငြိမ်း၏၊ သောကငြိမ်းသည်နှင့်အမျှ စိတ်ပေါ့ပါးချမ်းသာ၏။ စိတ်ပေါ့ပါး ချမ်းသာသည်နှင့်အမျှ “စိတ်ပျိုတော့ ကိုယ်နု” ဆိုသည့် စကားရပ်အရ ဆိုလျှင် ရုပ်လည်း ချမ်းသာမည်ဖြစ်သည်၊ သို့ဖြစ်ရကား စစ်မှန်သော ဘဝချမ်းသာကို ရှာဖွေနေကြ သည်ဟု အမည်ပြုအပ်၏။

လောက၌ အသက်ရှင်နေသရွေ့ကာလပတ်လုံး လူသည် မိမိဘဝချမ်းသာရေးအတွက် မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာ၌ ကိုယ်အားဖြင့် လုပ်ရသည်လည်း ရှိ၏၊ စိတ်အားဖြင့် လုပ်ရသည်လည်း ရှိနိုင်၏၊ နှုတ်အားဖြင့်လုပ်ရသည်လည်း ရှိနိုင်၏၊ မည်သို့ပင်ရှိရှိ အလုပ်ကို တမျိုးမဟုတ် တမျိုးတော့ မလျော့သောဇွဲလုံ့လဖြင့် လုပ်ရမည်သာဖြစ်သည်၊ ထိုသို့လုပ်ရာတွင် တကယ်တမ်း စစ်မှန်သော ဘဝချမ်းသာကို ရချင်ရိုးမှန်ပါလျှင် ငါကောင်းစားရေးအတွက် လောကကို အသုံးမချဘဲ လောက ကောင်းစားရေးအတွက် ငါကိုအသုံးချဖို့လို၏။ လောကကောင်းစားရေးအတွက် ငါကိုအသုံးချခြင်းသည် မြတ်ဗုဒ္ဓ၏ ကျင့်စဉ်နှင့် ထပ်တူကျသည့် အဆုံးအမပင်တည်း။

လက်တွေ့အားဖြင့် အမိမြန်မာပြည်ကိုကြည့်လျှင်မူ အကျိုးစီးပွားကို ရှာဖွေနေကြသည့် လူသတ္တဝါချင်း တူပါသော်လည်း ရှာဖွေပုံရှာဖွေနည်းနာအရ ကွဲပြားမှုတွေ များစွာရှိနေကြ၏။ ၄င်းတို့အထဲမှ အထင်ကရအားဖြင့် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံလူတန်းစား နှစ်ရပ်အတွင်း၌ တွေ့မြင်နိုင်သည်။

အုပ်ချုပ်သူလူတန်းစားများဖြစ်နေသည့် စစ်ဗိုလ်တစုသည် မိမိတည်းဟူသော ကိုယ်ကျိုးစီးပွားအတွက် အများသူငှာ၏ အကျိုးစီးပွားများကို စတေးစေကာ အဓမ္မ ဗိုလ်ကျအနိုင်ကျင့်နေကြသည်။ ၄င်းတို့၏ အာဏာကို ထိပါးလာသူ မည်သူ့ကိုမဆို ညှဉ်းဆဲသတ်ဖြတ်ဖို့ရန် အသင့်ရှိနေကြ၏။ ၄င်းတို့ ကိုးကွယ်ဆည်းကပ်ရာသည် အာဏာပါဝါဖြစ်သည်ဟုသာ နားလည်ထားကြသည်။ ထို့ကြောင့် မိမိတို့ကိုယ်တိုင် ယုံကြည်ကိုးကွယ်ပါသည်ဟု ဆိုကာ လူသိရှင်ကြား အကျယ်တဝင့်ပြောဆိုနေသော ဗုဒ္ဓဘာသာ သာသနာကိုပင် မထေမဲ့မြင်ပြု အံတု၍ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့အား သတ်ဖြတ်ညှဉ်းဆဲကာ ထောင်သွင်းအကျဉ်းချနေကြသည်။ ထိုအပြင် ရေရှည် ဗိုလ်ကျအနိုင်ကျင့်ခြင်းဖြင့် ကိုယ်ကျိုးစီးပွားရှာဖွေနိုင်ရန်အတွက် လမ်းစဉ် (၇) ရပ် ချမှတ်ကာ ဖွဲစည်းပုံအခြေခံဥပဒေကိုလည်း အဓမ္မ အတည်ပြုပြဌာန်းခဲ့သေး၏။ အထင်အရှား ပေါ်လွင်ခဲ့သည်ကား နာဂစ်ဘေးဆိုးကြီးကျရောက်ကာ တိုင်းသူပြည်သားများ အတိဒုက္ခ ရောက်ကြရပါသော်လည်း ဂရုမစိုက်အားဘဲ မိမိတို့ ရေရှည် ဗိုလ်ကျအနိုင်ကျင့်နိုင်ရေးကိုသာ ကြိုးစားအားထုတ်ခဲ့ကြခြင်းဖြစ်သည်။

ဗိုလ်ကျအနိုင်ကျင့်ဝါဒဟူသည် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအပေါ်တွင် အခြေခံ၍ ဖြစ်ပေါ်လာသော ဝါဒပင်ဖြစ်၏။ ထိုကြောင့် မည်သည့်လူသားမဆို ကိုယ်ကျင့်သိက္ခာကင်းမဲ့သော ပတ်ဝန်းကျင်တွင် မနေလိုကြခြင်းဖြစ်သည်။ သို့သော် မျက်မှောက်ကာလ၌ကား အဖိနှိပ်ခံ ပြည်သူများအနေဖြင့် ဖိနှိပ်ဗိုလ်ကျခံရမှု သံသရာ၌ ပို၍နစ်မွန်းကာ ကျပ်တည်းခက်ခဲလာစေခဲ့၏။ ထိုအပြင် ကမ္ဘာကြီးတခုလုံး တုန်လှုပ်ခြောက်ခြားဖွယ်ရာ ထောင်ချပွဲကြီးကိုလည်း လတ်တလောကာလ၌ စစ်ဗိုလ်တစုက အကြီးအကျယ် ဆင်နွှဲနေလေသည်။

ကြီးမားသော ရာဇဝတ်မှုကို ကျုးလွန်သည့် ရာဇဝတ်သားလူမိုက်များအား အပြစ်ပေးရာတွင်ပင် မကြားခဲ့ မနာခဲ့ရသော တရားစီးရင်ရေး ဥပဒေပုဒ်မပေါင်းများစွာဖြင့် စွပ်စွဲပုတ်ခတ်ကာ ကာယကံရှင် အကျဉ်းစံ ခေါင်းဆောင်တို့ နေနိုင်ဖို့ရန် ကျန်ရှိသည့် သာမာန်လူ့သက်တမ်းထက်မကသော ထောင်ဒဏ်များကို ချမှတ်၍ နိုင်ငံ့အစွန်းအဖျား အကျဉ်းထောင်များသို့ အဓမ္မ ပို့ဆောင်နေကြသည်။ ထိုသို့ ပို့ဆောင်လိုက်ခြင်းအားဖြင့် ကာယကံရှင် အကျဉ်းစံများတွင် ထောင်တွင်း၌ အမျိုးမျိုးသော ညှဉ်းပန်းနှိက်စက်မှုများကြောင့် ပင်ပန်းဆင်းရဲမှုဒါဏ်၊ ရေခံမြေခံ မတူညီသောကြောင့် ကျန်းမာရေးဆိုးဝါးစွာ ခံစားရသည်ဒါဏ်များအပြင် ပုံမှန်ထောင်ဝင်စာတွေ့ကာ ဂရုတစိုက်ပြုစုနေကြသည့် မိသားစုအားလည်း စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ တပြိုင်နက်မှာပင် ညှဉ်းပန်းနှိက်စက်တာ ခံရပြီးသားဖြစ်စေခဲ့၏။

လူဟူသည်မှာ မိမိတစ်ယောက်တည်းနေ၍ ရသည်မဟုတ်၊ လူ့ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းမှာနေမှ သင့်တော်သည့် သတ္တဝါမျိုးဖြစ်၏။ အနီးဆုံး ပတ်ဝန်းကျင်ဖြစ်သည့် မိမိ၏အိမ်တွင်း၌ပင် မိမိအပြင် အခြား အိမ်သူအိမ်သားများ ရှိကြသေး၏။ ထို့ကြောင့် မိမိအနေဖြင့် အခြားသော အိမ်သူအိမ်သားများအပေါ် စိတ်မချမ်းမသာ မဖြစ်ရလေအောင် (ဝါ) အခြားသူများ၏ အကျိုးစီးပွားကို မထိခိုက်ရလေအောင် ဆက်ဆံဖို့လို၏။ အကယ်၍ မိမိ၏ အိမ်သူအိမ်သားများအပေါ် စိတ်မချမ်းမသာဖြစ်သွားအောင်၊ ထိုသူတို့၏ အကျိုးစီးပွားကို ထိခိုက်သွားအောင် ဆက်ဆံမိမည်ဆိုပါလျှင် ဗုဒ္ဓဒေသနာတော်အရ မိမိ၏ ကိုယ်ကျင့်သိက္ခာ ညစ်နွမ်းသွားနိုင်သည်။

အလားတူပင် မိမိအိမ်၏ ပြင်ပ၌လည်း အခြားသူများ ရှိကြသေး၏။ ထိုကြောင့် ထိုသူများနှင့် ဆက်ဆံရသောအခါ ထိုသူများ စိတ်မချမ်းမသာ ဖြစ်မသွားရလေအောင် ထိုသူများ၏ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွားကို ထိခိုက်မှုမရှိစေရန် သတိပြုဆက်ဆံဖို့လို၏။ အကယ်၍ ထိုသူများ စိတ်မချမ်းမသာဖြစ်သွားအောင် ဆက်ဆံမိပြီဆိုပါလျှင် ကိုယ်ကျင့်သိက္ခာရှုထောင့်အရ မိမိသည် လူညံ့သာဖြစ်၏၊ မယဉ်ကျေးသူသာ ဖြစ်ပေလိမ့်မည်။

လင်းတငှက်သည် အကောင်ပုပ်ကို နတ်သုဒ္ဓါဟု ထင်သကဲ့သို့ ဝက်တိရစ္ဆာန်သည် မစင်ပုပ်ကို နှစ်လိုဖွယ်ရာ အစားအစာဟု မှတ်ယူသကဲ့သို့ အာဏာရှင် စစ်ဗိုလ်တစုသည်လည်း ပြည်သူပြည်သား လူအများတို့အား ကိုယ်ရောစိတ်ပါ မချမ်းသာရလေအောင် ညှဉ်းဆဲသတ်ဖြတ်ပြီးမှ ရယူထားသော အာဏာအစရှိသော ကိုယ်ကျိုးစီးပွားတို့ကိုလည်း နှစ်လိုဖွယ်ရာ အဆင်တန်ဆာအဖြစ် ထင်မှတ်ကာ ကျေနပ်နေကြ၏။ ထိုသို့ ကျေနပ်နေကြသည်ဖြစ်၍ အကုသိုလ် တိုးပွားရာတိုးပွားကြောင်း မြေသြဇာကောင်းများဖြင့် မိမိတို့ ကိုယ်ကျိုးစီးပွားတည်းဟူသော အကုသိုလ်ပင်စည်ကြီး ရှင်သန်ကြီးထွားစေရန် ကြံဖန်နေကြကုန်၏။

လောက၌ သဘာဝအားဖြင့် အသာစံခြင်းနှင့် အနာခံခြင်းဟူ၍ နှစ်မျိုးရှိလေရာ အနာခံခြင်းဟူသည်မှာ လွယ်ကူသော အလုပ်မဟုတ်၊ တကယ်တမ်းမြင့်မြတ်သူတို့သာ လုပ်နိုင်သော အလုပ်မျိုးဖြစ်သည်။ (အတ္တ)လောဘအမှူးရှိသော ကိလေသာများကို တတ်နိုင်သလောက် ပါးအောင် ကျင့်နိုင်ပါမှဖြစ်၏၊ ကိလေသာပါးလာသည်နှင့်အမျှ အနာခံခြင်းသည်လည်း တိုးပွားလာမည်ဖြစ်သည်။

ဤကဲ့သို့ မြင့်မြတ်သူတို့သာ အစဉ်တစိုက် လုပ်နိုင်ပါသည်ဟုဆိုသော အနာခံခြင်း (ဝါ) ပေးဆပ် ခြင်းလုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ကိုင်နေကြသူများသည် ယနေ့မြန်မာပြည်၌ အများအပြားရှိကြကုန်၏။ ထိုသူများသည် အဖိနှိပ်ခံပြည်သူဘက်မှ ရဲဝံ့စွာ ရပ်တည်နေကြသူများဖြစ်သည်။ ထိုသို့ အဖိနှိပ်ခံပြည်သူဘက်မှ ရပ်တည်ရင်ဆိုင်နေခြင်းသည် အများစုထဲ၌ သူလိုကိုယ်လို သာမာန်ရပ်တည်နေကြခြင်းမဟုတ်၊ ရှေ့တန်းမှ ကိုယ်ကျိုးစွန့်အနစ်နာခံကာ ဦးဆောင်ရပ်တည်ခြင်းမျိုးဖြစ်၏။

ထိုသူတို့သည် မိမိတို့ တခဏတာရရှိလာသည့် လူ့ဘဝသက်တမ်းကာလ အတိုလေးအတွင်းမှာပင် အမျိုးဘာသာ သာသနာအကျိုး၊ တိုင်းကျိုးပြည်ကျိုးတို့အား အနှစ်သာရရှိရှိဖြင့် ရှင်သန်ကြီးထွားအောင် မိမိအတွက် မိမိမိသားစုအတွက်တည်းဟူသော ရည်မှန်းချက်တစုံတရာမရှိဘဲ ကြိုးစားအား ထုတ်နေကြသည်။ ထိုသို့ ကြိုးစား အားထုတ်ရာတွင်လည်း တရားဓမ္မ နည်းလမ်းများအရ အကြမ်းမဖက် သံမဏိစိတ်ဓါတ်ဖြင့် အများသူငှာ၏ အကျိုးစီးပွားတို့အား ထိခိုက်နစ်နာမှု မရှိရလေအောင် ကိုယ်ကျိုးစွန့်အနစ်နာခံကာ လုပ်ဆောင်နေ၏။ သို့ဖြစ်၍ ထိုခေါင်းဆောင်တို့၏ လုပ်ရပ်သည် မြတ်ဗုဒ္ဓအလိုတော်ကျ မေတ္တာဝါဒ၌ အကျုံးဝင်သည်။ မေတ္တာဝါဒ၌ အကျုံးဝင်သည်ဖြစ်ရကား အကျိုးမဲ့ ရှုံးနိမ့်ရခြင်းအလျဉ်းမရှိ။ အကျိုးအမြတ်ရှိရှိ ပိပိရိရိနဲ့ အောင်မြင်ခြင်းသာ ဖြစ်ကောင်းရာ၏။

အမှန်အားဖြင့် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ လူတန်းစားနှစ်ရပ်အကြား အချင်းချင်း ဆက်ဆံရာတွင် တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိတို့ ရှင်သန်ကြီးထွားရာ လူ့ဘောင် လူ့လောကကြီး ငြိမ်းချမ်းသာယာရေးအတွက် ရှေးရှုပြီး အချင်းချင်း ကြင်နာဖို့လို၏၊ အနစ်နာခံဖို့ လို၏၊ တဖက်သား၏ အကျိုးကို ရည်စူးဖို့လို၏။ ဤအင်္ဂါသုံးရပ်အပေါ် အခြေခံပြီး အချင်းချင်း ဆက်ဆံရာတွင် ကျင့်သုံးပါက ဗုဒ္ဓအဆုံးအမတော်အရ ကိုယ်ကျင့်သိက္ခာကို အနှစ်သာရအားဖြင့် ထိန်းသိမ်းပြီးသား ဖြစ်စေတော့မည်။ ထို့အပြင် မိမိ၏ အကျိုးစီးပွားကို ဆောင်သောသူများအပေါ် သက်ရောက်အားနှင့် တန်ပြန်သက်ရောက်မှုတို့၏ နိယာမအရ မည်သူမှ မငြိမ်းချမ်းအောင် ပြုလုပ်တော့မည်မဟုတ်၊ ထိုအခါ အချင်းချင်းဆက်ဆံရာ၌ လူမှု့ဆက်ဆံရေးသည် ချောမွေ့ပြီး တိုင်းပြည် (၀ါ) လောကကြီးသည် ငြိမ်းချမ်းသာယာပေ လိမ့်မည်။

×××××

ကိုမော် (14.12.2008)

စစ်အစိုးရရဲ့လမ်းပြမြေပုံအပေါ် တိုင်းပြည်က ကလော်

မမခင်။ ဇန်နဝါရီ ၈၊ ၂၀၀၉

ဒီကနေ့ မမခင်ရဲ့ မွေးနေ့လေ။ ဘယ်နှစ်နှစ်ပြည့်တာလဲ မေးမလို့လား။ မမေးပါနဲ့၊ မမေးပါနဲ့ ဒီမေးခွန်းကို မမေးကြပါနဲ့။ မမခင်ရဲ့ဘဝမှာ အချည်းအနှီးဖြစ်ခဲ့ရတဲ့ အချိန်ပေါင်းများစွာကို ပြန်ပြောရရင် ရင်နာလွန်းလို့ပါ။ ဘဝတလျှောက်လုံးရဲ့ နှစ်တွေအကုန်လုံးလောက်က စစ်အာဏာရှင်လက်အောက်မှာ နေခဲ့ရတာမို့ အဲဒီလို ကုန်ဆုံးခဲ့ရတဲ့ နှစ်တွေကို မမခင်အမေမွေးခဲ့တဲ့ အသက်တွေထဲက နှုတ်လိုက်မှဖြင့် အဓိပ္ပါယ်ရှိတဲ့ အသက်အမှန်ကို ရမှာပါ။ အာဏာရှင် ဦးနေဝင်းကြီးစိုးခဲ့တဲ့ မဆလပါတီလက်အောက်က ၂၆ နှစ်။ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး ပြည်သူကို အာဏာလွှဲပေးဖို့ အချိန်ဆွဲထားတာက အနှစ် ၂၀။ နှစ်ခုပေါင်းရင် ၄၆ နှစ်။


အဲဒီလေးဆယ့်ခြောက်နှစ်ကို အမေမွေးတဲ့ အသက်ထဲက နှုတ်ရင် မမခင်ဟာ အခုမှ ပူတူတူလေးလောက်ပဲ ရှိဦးမှာရှင့်။

ပူတူတူလေး မမခင်က အချိန်....အချိန် အချိန်ဆိုတာကို သိပ်တန်ဖိုးထားတာ။ အချိန်ရဲ့တန်ဖိုးတွေ ဘာတွေ ငယ်ငယ်တုန်းက စာစီစာကုံးရေးသလို အသေးစိတ် ပြန်မရေးချင်ပါဘူး။ အချိန်တွေက ကုန်လွယ်လွန်းလို့လေ။ နအဖစစ်ဗိုလ်ချုပ်တွေကတော့ ပြည်သူကို အာဏာလွှဲပေးဖို့ အချိန်ဆွဲတာကို အလုပ်တခုလို လှည့်ပတ်လုပ်နေကြတာ။ အခုဆိုရင် ဘာလိုလိုနဲ့ မမခင်တောင် အရွယ်ကလေး ထောက်လို့လာပြီ၊ ဒီမိုကရေစီ ရနိုးရနိုး မျှော်ကိုးရင်း အချိန်တွေကုန်လာလိုက်တာ။ အင်း.... ဒီတခါ သပိတ်မှောက်ရင် လမ်းတောင်လျှောက်နိုင့်ပါ့မလား မသိတော့ပါဘူး။ သံဃာတော်များ မေတ္တာပွားတဲ့အထိတော့ ရန်ကုန်မြို့ရဲ့ လမ်းတလျှောက် ကြိုးစားပြီး လျှောက်နိုင်ခဲ့သေးပါတယ်။ မမခင်တယောက် ၁၉၇၄ ဦးသန့် အရေးအခင်းလောက်က ပထမနှစ်ကျောင်းသူဘဝမှာ သန်ပါ့၊ မြန်ပါ့။ အရေးအခင်းအစမှာ ရှေ့က ကိုကိုကျောင်းသားကြီးတွေ ဦးသန့်အလောင်း မ,သွားတာနောက် တကောက်ကောက် လိုက်ခဲ့တုန်းက မောမှန်းမသိ ပန်းရမှန်းမသိ။ “စံပါယ်ဖူးသစ် တဆယ့် ခြောက်နှစ်” အရွယ်ကိုးရှင့်။

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးတုန်းကလဲ မမခင် အသက်မကြီးသေးပါဘူး။ ပြေးနိုင်တုန်း လွှားနိုင်တုန်း ချီတက်နိုင်တုန်းပါ။ ဆန္ဒပြပွဲဆိုတာ ဘယ်နှစ်ခေါက်ပါခဲ့သလဲ မမှတ်မိတော့ပါဘူး။ ဒီလို အရေးတော်ပုံမျိုးဆိုတာ တသက်မှာ တခါနှစ်ခါသာ ပါဝင်ဆင်နွှဲရတတ်တာမျိုးမို့ အို.... ပြောမနေနဲ့၊ ဘယ်နားက တရားပွဲဖြစ်ဖြစ် မမခင်ပါတယ်။ ချီတက်တယ်ဆိုတာ တနေ့ကို ဆယ်မိုင် ဆယ့်ငါးမိုင်၊ နေ့လုံးပေါက်၊ တခါတလေ ညလုံးပေါက်။ အာဏာရှင်စိတ်ပေါက်နေတဲ့ လူတွေကို “စိန်လွင် ခြောက်တန်း တစောက်ကန်း သောက်ရမ်း အုပ်ချုပ် တိုင်းပြည်ပြုတ်”၊ “ မဆလပါတီ အလိုမရှိ”၊ “စစ်အာဏာရှင် အလိုမရှိ”၊ “ဒီမိုကရေစီ ချက်ချင်ပေး”၊ “ရရင်ရ မရရင်ချ” တွေ လက်သီးလက်မောင်းတန်းပြီး အော်ခဲ့တာ မနေ့တနေ့ကလိုပါပဲ။

အဲဒီတုန်းက ပြည်သူလူထုရဲ့ ဒီမိုကရေစီ တောင်းဆိုသံဟာ မိုးထိအောင် ညံခဲ့ပါတယ်။ ဒါကြောင့်လဲ ၁၉၈၈ စက်တင်ဘာ (၁၈) ရက်မှာ အာဏာသိမ်းတဲ့ ဗိုလ်စောမောင်က “ ပါတီတွေ ဖွဲ့ကြပါ။ ရွေးကောက်ပွဲ လုပ်ပေးမယ်” လို့ ဟုတ်သယောင်ပြောပြီး ၁၉၉၀ မေ (၂၇) ရက် ပြည်လုံးကျွတ် ရွေးကောက်ပွဲကြီးလုပ်တော့ မမခင်တို့ပြည်သူတွေ ထောက်ခံတဲ့ NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့တာပေါ့။

နိုင်တာမှ နိုင်တာမှ အပြတ်အသတ်။ ကတ်ကတ်သတ်သတ် ပွတ်ကာသီကာ နှာတဖျားအသာနဲ့ နိုင်တာမျိုးမဟုတ်ဘူး။ မဲပေးနိုင်သူဦးရေရဲ့ ၉၀% ကျော်နဲ့ နိုင်ခဲ့တာ။ ပြည်သူတွေဆိုတာ ပျော်ကြလွန်းလို့ ခုန်ပေါက်နေတာပဲ။ မမခင်မှတ်မိနေပါသေးတယ်၊ ပြည်သူထောက်ခံတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဆုံး အနိုင်ရမြို့နယ်က ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ်။ လွတ်တော်အမတ်က ဒေါ်စန်းစန်း။ မမခင်တို့ဆိုရင် VOA နဲ့ BBC က ကြေငြာပေးတဲ့ အနိုင်ရအမတ်စာရင်း နားထောင်ပြီး တခါနိုင်တိုင်း ရေဒီယိုကြီးကို ဖက်ဖက်ထားတာ။ အခါ ငါးရာလောက်ရှိမယ်။ ဟိုလေ အမတ်ဦးရေက ၃၈၅လား။ အင်း… သေသေချာချာမမှတ်မိပေမဲ့ မမခင် ရေဒီယိုကြီးကို ဖက်ထားမိတာက အခါငါးရာမကတော့ဘူး။ ဒီလိုဖြစ်တာ မမခင်တယောက်တည်း ဟုတ်မယ်မထင်ဘူး။ ပြည်သူအားလုံး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဝမ်းမြောက်ခဲ့ကြမှာဘဲ။

မမခင်တို့ပြည်သူတွေ ၁၉၉၀ ရွေးကောက်ပွဲအတွက် ဘယ်လိုပင် ဝမ်းမြောက်ဝမ်းမြောက် စစ်အာဏာရှင်ဆိုတဲ့ ဗိုလ်ချုပ်ကြီးတွေ ဗွေဖောက်တော့ ပြည်သူတွေ လမ်းတွေပျောက်ခဲ့ရတာပါပဲ။ ဗိုလ်စောမောင်ရဲ့ “ရွေးကောက်ပွဲပြီးရင် ဘားတိုက်ပြန်မှာပါ” ဆိုတဲ့ ကတိစကားဟာ ရွေးကောက်ပွဲ ပြီးတာနဲ့ ဘယ်ရောက်သွားတယ်မသိရတော့ဘူး။

ဗိုလ်စောမောင်တယောက် လူထုအပေါ် ကတိမတည်။ စစ်သားစကားပါဆိုတဲ့ အပြောအဟော၊ တီဗွီမှာ တခါပြောရင် (၇) နာရီကြာတယ်။ ဒီအပြောအဟောတွေဟာ နောက်ကွယ်က ကြိုးကိုင်ထားတဲ့ အာဏာရူး နေဝင်းရဲ့အောက်မှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ခဲ့တာ အားလုံးအသိပါပဲ။ သူ့စကား သူမတည်နိုင်တော့တဲ့ ဗိုလ်စောမောင် အရူးဖောက်တော့ ဆေးထိုးသတ်လိုက်တယ်ဆိုလား၊ ကောလဟာလစကားက အတည်ပြောတဲ့ ‘မြန်မာ့အသံ’စကားထက် မှန်တတ်ပါတယ်။ အဲဒီလို ဗိုလ်စောမောင် လူ့လောက,က ပျောက်သွားတော့ ဦးနေဝင်းက အာဏာရှင် နောက်တယောက်ကို အစားထိုးပြန်တယ်။ ဗိုလ်သန်းရွှေပေါ့။

ဗိုလ်သန်းရွှေလက်ထက်မှာကျတော့ ဦးနေဝင်းလဲ သူမွေးတဲ့မျောက် သူ့ပြန်ခြောက်။ အကျယ်ချုပ်ဘဝနဲ့ နိဂုံးချုပ်မှာတော့ သူ့အလောင်းမသာဟာ မြန်မာပြည်ထဲမှာ ထားစရာမြေမရှိရှာလို့ ပြာအတိလုပ်ပြီး သူ့သမီး စန္ဒာဝင်းက ရေမျှောချလိုက်ရတယ်လေ။ အာဏာရှင်ဆိုးဆိုတာ ဇာတ်သိမ်းမကောင်းတတ်ပါဘူး။ အဲဒီအထဲမှာ အာဏာရှင် ဦးနေဝင်းကို နောက်ကွယ်ကနေ အာဏာအသက်ဆက်ပေးနေတဲ့ ဒေါက်တာမောင်မောင်လည်း အပါအဝင်ပေါ့။ သူမှာက သွေးတိုး၊ နှလုံး၊ ဆီးချို စတဲ့ရောဂါတွေ ရှိတယ်တဲ့။ ဦးနေဝင်းက မဆလဖွဲ့စည်းပုံတုန်းကလည်း သူ့ကိုပဲ ရေးခိုင်းခဲ့တာလေ။ ၁၉၈၈ အလွန်ကာလမှာလည်း ဖွဲ့စည်းပုံတခု လိုပြန်ပြီဆိုတော့ ဒေါက်တာမောင်မောင်ကို ရေးခိုင်းပြန်တယ်။ အဲဒီတခါတော့ မောင်မောင်က ငြင်းဖို့ကြိုးစားခဲ့တယ်။ ဒါကို ဦးနေဝင်းကို မကျေမနပ်ဖြစ်ပြီး သူ့ကို ဖိအားတွေပေးလို့ စိတ်တွေညစ်ပြီး သူ့ရောဂါနဲ့ လုံးဝမတည့်တာတွေကို စား၊ အစားအသောက်လည်းမရှောင်၊ ဆေးသောက်တာလည်း ရပ်ပစ်လိုက်တော့တာတဲ့။ မတည့်တာတွေစားတယ်ဆိုတာ အဆိပ်သောက်တာနဲ့ တူတူပဲပေါ့။ ဒီလိုနဲ့ ရောဂါအခြေအနေ ရုတ်တရက်ဆိုးရွားလာပြီး သေသွားတာတဲ့။

ပြည်သူကို မငဲ့ညှာရင် ဘယ်လို နိဂုံးချုပ်ရတယ်ဆိုတာ မသိရှာသေးတဲ့ ဗိုလ်သန်းရွှေ ဗိုလ်မောင်အေး အုပ်စုဟာ ပြည်သူကို ဆက်လက်ညာဖို့ ကြိုးစားနေကြပြန်ပြီလေ။ အလိုလေး … စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကိုပြောင်းဖို့ လမ်းပြမြေပုံ (၇) ချက်တဲ့။ စည်းကမ်းဆိုတာ လူ့ယဉ်ကျေးမှုအစကတည်းက သူ့ဟာနဲ့သူ ရှိပြီးသားပါ။ လူဆိုတာ ဦးနှောက်နဲ့သတ္တဝါတွေပါ။ အကောင်းအဆိုး ခွဲတတ်ပါတယ်။ စည်းကမ်းဆိုတာ အကောင်းအဆိုးခွဲခြားတတ်တဲ့ ဦးနှောက်က လာတာပါ။ ဒါကို စစ်အာဏာရှင်တွေက ဒီမိုကရေစီဆိုတဲ့ စကားရှေ့မှာ စည်းကမ်းဆိုတဲ့ စကားလုံးပါထည့်ထားတယ်။ ဆိုလိုတာက ကျုပ်တို့ အာဏာအောက်သာ နေကြလို့ ပြောတာပါပဲ။ အဲလိုစကားအချပ်နဲ့ ဗိုလ်သန်းရွှေ အုပ်ချုပ်ပုံက ပိုလို့ အယုတ်တမာဆန်တာ အားလုံသိတော်မူကြတဲ့ အတိုင်းပါဘဲ။ တော်တော်လေးကို ရှင်းပါတယ်။ အများမှတ်သားစရာက ၂၀၀၃ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းခန်းလှည့်လည်ပွဲကို ပြည်သူတွေ တခဲတနက် ကြိုဆိုခဲ့ကြတာကို မနာလိုကဲပြီး လုပ်ကြံပွဲ ဒီပဲယင်းအရေးအခင်းပွဲကြီးပါပဲ။ ဘယ်လိုလုပ်ကြံတယ်ဆိုတာ အများသိပြီးသားမို့ မမခင်က အသေးစိတ် ပြန်မပြောတော့ပါဘူး။

အဲဒီတုန်းက အဖြစ်အပျက်ကြောင့် စစ်အစိုးရအပေါ် တကမ္ဘာလုံးက တော်တော်ကြီး စိတ်ပျက်သွားကြတာပါ။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွှန့် သုံးယောက်အတွဲမှာ အဓိက ကြံစည်တာ ဗိုလ်သန်းရွှေနဲ့ သူ့ရဲ့ပါတနာ စက်မှု (၁) ဝန်ကြီး အောင်သောင်းပါတဲ့။ မကြံအပ် မစီအပ် သူတို့ရဲ့အကြံအစည် အစုတ်အပြတ်ကြောင့် တကမ္ဘာက တော်တော်ကြီး ကဲ့ရဲ့မဲ့ကိန်းရောက်တော့ အာဏာလေးရှိနေသေးတဲ့ မောင်ခင်ညွန့်ကလေးဟာ အာစီယံနိုင်ငံတွေဆီ အပြေးသွားပြီး အရှက်ပြေစကားလေးနဲ့ လေပြေထိုးဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အောင်သွယ်ခိုင်းခဲ့တယ်။ အဲဒီမှာ ခင်ညွှန့်ရဲ့မိတ်ဆွေကြီး သက်ဆင်က စပြီးပြောခဲ့တာ။ မြန်မာပြည်ဒီမိုကရေစီရေး ရှေ့ဆက်ဘာလုပ်မယ်ဆိုတာ “Rode Map” တခု ရှိရမယ်လို့။ အခု သူ့နိုင်ငံက ခွေးပြေးဝက်ပြေး ပြေးနေရတဲ့ သက်ဆင်ရဲ့ စကားဟာ နအဖအတွက် အသက်ရူပေါက်ရစရာ စကားပါပဲ။ သူတို့ဟာ သူတို့တော့ မြန်မာဗိုလ်ချုပ်တွေဟာ Road Map ဆိုတာလောက်ကို မပြောတတ်ပါဘူး။ ထိုထိုသော Road Map ဆို့တဲ့ သက်ဆင်ရဲ့စကားကို မြန်မာမှုပြုပြီး လမ်းပြမြေပုံ (၇) ချက်တွေ ဘာတွေ နအဖပါးစပ်က ထွက်လာတာပါ။ အခြေခံဥပဒေတခုကို ဗိုလ်ချုပ်အောင်ဆန်း အကြမ်းရေးတာ ၂ ရက်ခွဲသာ ကြာခဲ့တာကို နအဖစစ်အုပ်စုက ၁၄ နှစ်ကြာခဲ့တာ သိကြတယ်မို့လား။ အခု သူတို့ရဲ့ လမ်းပြမြေပုံ (၇) ချက်ကို ပြည့်ဖို့ ဘယ်နှသက်လောက် လုပ်မလဲမသိဘူး။ ရွှေဝါရောင်တော်လှန်ရေးသာ ပေါ်မလာခဲ့ရင် ဆယ်သက်လောက်ကြာနိုင်တယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဖြစ်ခဲ့လို့ အရှက်နောက်တခါကွဲမှ ဒီမိုကရေစီအတွက် လုပ်နေပါတယ်ဖြစ်အောင် အခြေခံဥပဒေ ဆန္ဒခံယူပွဲလုပ်ခဲ့ပါသေးတယ်။

အခြေခံဥပဒေ ဆန္ဒခံယူပွဲဆိုတာကလဲ မမခင်တို့ဖြင့် အံ့သြမကုန်နိုင်ဖွယ်ဖြစ်ခဲ့ရတယ်။ နာဂစ်မုန်တိုင်းဖြစ်လို့ ပြည်သူတွေ ငိုပွဲဆင်နေရချိန်မှာတောင် မအောင့်နိုင်၊ မအီးနိုင်၊ မစောင့်နိုင် ဇွတ်လုပ်သွားတယ်။ ပြည်သူမျက်ရည် ခြောက်ပါစေတော့လို့ သဘောမထားနိုင်ဘဲ မဲလိမ်၊ မဲခိုး၊ မဲမသမာတွေနဲ့ ကျေးလက်တောရွာတွေက လူတွေကို ဘောလ်ပင်နဲ့ ဖောင်တိန်မပေးဘဲ သူတို့လူနဲ့ သူတို့ အမှန်ခြစ်သွားတဲ့ ပွဲလေ။ တချို့ရပ်ကွက် မြို့နယ်တွေက မဲစာရင်းမှာ မဲပေးနိုင်သူဦီးရေက တသောင်း၊ ထောက်ခံမဲက တသောင်းခွဲ။ အဲလို ကွဲလွဲချက်တသီကြီးနဲ့ တကမ္ဘာလုံးအပေါ် ဖြီးသွားတဲ့ လိမ်ပွဲကြီးဆိုတာ သိကြပါတယ်။

သူတို့အဖို့ တော့ အရှက်ဆိုတာလည်း မရှိတော့ပါဘူး။ ကဗျာဆရာ ဦးတင်မိုးစကားကို ကိုးကားပြောရရင် အရှက်ကို အရေခွံခွာ တနေရာမှာ ချိတ်ဆွဲလိုက်ပြီ။ ဒီလိုပဲ ပြောရမလား။ အရှက်ကို အရေခွံခွာ ကြပ်ပြေးနေပြည်တော်မှာ ချိတ်ဆွဲထားပြီလို့ ပြောလိုက်တာ အမှန်ဆုံးထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် သူတို့ ဆက်အုပ်ချုပ်ဖို့ လမ်းပြမြေပုံ (၇) ချက်နဲ့ အသက်ဆက်ဖို့ လုပ်နေတာ ရယ်စရာပါပဲ။ ကမ္ဘာနိုင်ငံတကာမှာ စိန်ရွှေဝတ်တာ ဂုဏ်မဟုတ်တော့။ ပညာနဲ့အသက်မွေးမှ ဂုဏ်ရှိတဲ့ ခေတ်ကြီးမှာ မမြင်ဘူးလို့ မူးမြစ်ထင် ကိုယ့်သားသမီးကိုယ် စိန်ရွှေဆင်။ တိုးတက်နေတဲ့ နိုင်ငံတွေမှာ ကားသင်္ချိုင်းက ကားမသာတွေကို မြန်မာပြည်က ဗိုလ်ချုပ်တွေက မဟာ့မဟာအခွင့်အရေး ကားပါမစ်ဈေး။ နိုင်ငံတကာမှာ အိမ်ဖော်အလုပ်ပြုတ်တောင် ထည်လဲသုံးနိုင်တဲ့ လက်ကိုင်ဖုန်းပါမစ်ဈေး။ အဲလောက်အသိလေးနဲ့ စခန်းသွားနေတဲ့ နအဖစစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံအုပ်ချုပ်စီမံခန့်ခွဲပုံကို ပြည်သူတကာက ရွှံရှာစက်ဆုတ်ကုန်ပြီ။

မမခင်က သူတို့ စစ်အုပ်ချုပ်ရေးခိုင်မြဲဖို့ ရည်ရွှယ်တဲ့ လမ်းပြမြေပုံ (၇)ချက်ထဲက အဓိကပစ်မှတ် ၂၀၁၀ ရွေးကောက်ပွဲအပေါ် ပြည်သူတွေ ဘယ်လိုမြင်ကြသလဲလို့ ဟိုဟိုဒီဒီ လူမျိုးစုံ မေးကြည့်မိပါတယ်။ ကြားရတာ ပြောရမလား။ တကယ့်ကို ဟားရပါတယ်။ တက္ကစီဒရိုင်ဘာတယောက်က ပြောတယ်၊ “အမကြီးရာ … သူတို့လိမ်တာညာတာ ကျနော်တို့ အားလုံးသိတယ်၊ ကျနော့်ကားပေါ်မှာ ခရီးသည်ဆိုတာ ပြောချင်တာ ပြောကြတာဗျ။ ထင်ရာမြင်ရာပေါ့။ ၂၀၁၀ ရွေးကောက်ပွဲအကြောင်းများပြောရင် ၁၉၉၀ ရွေးကောက်ပွဲ ရှုံးရဲ့သားနဲ့ အာဏာလွှဲမပေးတာကို စပြီးဆဲတော့တာပဲဗျို့” တဲ့ရှင်။
ရန်ကုန်မြို့က မိတ်ဆွေ ကုန်သည်အကြီးစားတယောက်က “ ဟေ့ မမခင် .. ဒီကောင်တွေ ဆက်အုပ်ချုပ်လို့ မဖြစ်ဘူး၊ နင်တို့သိတာထက် ငါက ပိုသိတယ်။ ညောင်နှစ်ပင်ညီလာခံကတဲက ငါက ဆဲချင်နေတာ။ အဲဒီမှာ ညီလာခံ ကိုယ်စားလှယ်တော်တော်များအကြောင်း ငါသိတယ်၊ သိသမျှ နင့်ကို မိန်းကလေးမို့လို့ အားနာတယ်၊ ဒါပေမဲ့ ပြောရမယ်၊ ဟိုတယ်ကောင်းကောင်းက ပြည့်တန်ဆာခေါင်းတွေဟ” တဲ့ရှင်။

ဟော … နောက်တယောက်ပြောပြန်ပါပြီ။ သူက စစ်တပ်ကပါ မြစ်ဝကျွန်းပေါ်က အရာခံဗိုလ်ကြီးပါ။ လုပ်သက် နှစ် (၃၀) ကျော်။ စစ်တပ်အကြောင်း နောကျေသူပါ။ သူက “ မမခင် ကျနော်မပြောချင်ဘူးဗျာ၊ ဒါပေမဲ့ဗျာ ရင်ထဲမှာ စိတ်ချမ်းမသာလို့ ပြောရမှာပါ၊ ကျနော်လဲ စစ်တပ်က၊ ဒါပေမဲ့ နာဂစ်မုန်တိုင်းဖြစ်တုန်းက ဗိုလ်ချုပ်တွေလုပ်ပုံ ငတ်ပြတ်နေတဲ့ ပြည်သူကို ထမင်းတလုပ်ကျွေးဖို့ စစ်တပ်ထဲမှာ အစည်းအဝေးလုပ်တာ တလလောက်ကြာတယ်၊ သဒ္ဒါတရားတော်တော်နည်းတဲ့ လူတွေ၊ စစ်တပ်မှာလဲ အောက်ခြေက မွဲနေတာပါ၊ ကျနော်တို့ကတော့ စစ်တပ်ဟာ စစ်တပ်ထဲမှာပဲနေပြီး တိုင်းပြည်ပိုကောင်းအောင် လုပ်နိုင်သူလက်ထဲ လွှဲပေးတာ အကောင်းဆုံးလို့ မြင်ပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ အာဏာရှင်ဗိုလ်ချုပ်တွေပဲ ဆက်လုပ်ဦးမှာမို့ ကျနော်တို့ကတော့ မထောက်ခံဘူးတဲ့”။ ကဲ … ဘယ်နှယ့်ရှိစ။

အဲလို ပြောကြဆိုကြတဲ့အထဲမှာ မမခင်သဘောအကျဆုံးက ရပ်ကွက်ထဲက အကြော်သည် ဒေါ်မယ်မရဲ့ စကားပါပဲ။ အတန်းပညာမတတ်ပေမဲ့ ရုပ်ရှင်တို့ ဇါတ်ပွဲတို့ အမြဲကြည့်ပြီး မှတ်သားထားတာတွေလည်း များ၊ ပြည်ပသတင်းဌာနတွေလဲ အမြဲနားထောင်သူမို့ အာပလာ ဗာလချာတော့ မဟုတ်ဘူး။ သူသိတာတော့ ကောင်းကောင်းပြောတတ်သူပါ။ သူ့ကို မမခင်က “ အဒေါ် ၂၀၁၀ ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ အဖွဲ့ကို မဲထည့်ဖို့ မျှော်နေသလား” လို့ မေးကြည့်လိုက်တာပါ။ ဒီတော့ သူက “အမယ်လေးတော် တူမကြီးမို့ မေးရက်ပေတယ်၊ တူမကြီး ကြားဖူးတယ်မဟုတ်လား၊ ‘မြန်မာ့သဘင် စင်မြင့်ပေါ် တင့်တင့်တယ်တယ် ထည်ဝါလှသနော်၊ ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇော် တိုင်းပြည်က မျှော် တိုင်းပြည်က မျှော်’ ဆိုတဲ့ သီချင်းလေ၊ ရုပ်ကလဲချော၊ အဆိုကောင်း၊ အကကောင်း၊ အပြောကောင်းမို့ တိုင်းပြည်က မျှော်တာပေါ့၊ တိုင်းပြည်ကို မွဲသထက်မွဲအောင် စစ်ဗိုလ်ချုပ်တွေ အုပ်ချုပ်မဲ့ အလုပ်ကို တိုင်းပြည်က မမျှော်၊ မမျှော်၊ ငါတတ်သမျှ အဆဲမျိုးစုံနဲ့ ဟောဒီလို အော် အော်ပြီး ကလော်ဆဲချင်ပါသေးသတဲ့တော်” တဲ့။

အများဆိုင်နာမ်

ကျနော့်အကြောင်း ကျနော်ရေးဖို့ ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ … ရေးလည်းမရေးချင် … ရေးဖို့လည်း လိုမယ်မထင်ခဲ့ …
ကိုယ့်အကြောင်း ကိုယ်ရေးရလောက်အောင်လည်း ကိုယ့်သမိုင်းက မခမ်းနား … ကိုယ့်ငါးချဉ်ကိုယ်ချဉ်ဖို့ မတည်ခဲ့ဖူး …
အခုတော့ … ကိုယ်ပိုင်သံစဉ် သီချင်းတစ်ပုဒ်လောက် ဆိုချင်နေမိတယ် …
အဖေပေါ့ … ဒီကောင် တော်တော်ဟုတ်သွားပြီတဲ့ …
မထင်မရှား လူကြုံစကားနဲ့ အဝေးကြီးက အဖေ့အသံကို သဲ့သဲ့ကြားရတော့ ဘဝတလျှောက်လုံး အဖေကောင်းချီးပေးခဲ့သမျှထဲက …
ဒါက … ကျနော့်ရင်ထဲ ပိုပြီးလှပစေခဲ့တယ် …
အမေ … ကျုပ်သားမို့လို့ပါတဲ့ …
ကျနော်မျက်ရည်ဝဲရပြန်တယ် …


ပြောမယ့်သာပြောရတယ် … ကျနော့် အဖေရော အမေပါ လူတော်လူတတ်အစားထဲကမဟုတ် …
သို့သော် … လူညံ့တွေလည်းမဟုတ် … လူတော်မဖြစ်ချင်နေ လူညံ့တော့မဖြစ်စေနဲ့ … ဒါ သူတို့လက်သုံးစကား …
အမေ့ရဲ့ သီးခြားအသုံးအနှုန်းက … ရိုးရိုးကျင့် မြင့်မြင့်ကြံ …
အဖေက … ခပ်ရှင်းရှင်း ခပ်ပြတ်ပြတ်လုပ် … မလုပ်ချင်ရင် မလုပ်နဲ့တဲ့ …
ဒါ … အိမ်မှာရှိနေခဲ့တဲ့ တလျောက်လုံး ကျနော်ကြားနေကျစကား … ဘယ်တုန်းကမှ ဒီစကားလုံးတွေရဲ့အဓိပ္ပါယ်ကို မလေးနက်ခဲ့ဖူး …
လက်တွေ့အသုံးချရမယ်လို့လည်း မစဉ်းစားမိခဲ့ …

နှုတ်မဆက်ခဲ့ဘူး …
အဖေပြောသလို … ကျနော်ယုံကြည်ရာလမ်းကို ရွက်ဆက်လွှင့်ခဲ့တယ် …
မုန်တိုင်းထန်ထန် … လှိုင်းကြမ်းကြမ်း … ရွက်ကျိုးကျိုး … အရိုးကြေကြေ … သေချင် သေပါစေစမ်း …
ရိုးရိုးသားသား ဝန်ခံရရင် … သံတိုင်နောက်မှာ ကျနော့်မျက်နှာမရှိစေချင်တာ သက်သက်ပဲ …
အထင်မလွဲနဲ့ … မတရားတာကို ခေါင်းငုံ့မခံချင်တဲ့ စိတ်ကြောင့် … မတရားမှုကို ပူးပေါင်းဖို့ ငြင်းဆန်ရုံကလေးကြောင့် …
ပြေးပြေး မင်းလွတ်အောင်ပြေး … အဲဒီညက ထူးအိမ်သင်ရဲ့ အဲဒီစာသားသက်သက်ကိုပဲ နာနာကျင်ကျင် အော်ငြီးခဲ့သေးတာ မှတ်မိနေဆဲ …

ကျနော်ကပဲ သွားလေရာ ကံကောင်းတတ်သလား …
လမ်းမတွေပေါ်မှာ ဆိုးကြ မိုက်ကြ ရိုက်ကြတုန်းကလည်း ဘယ်တုန်းကမှ မခံခဲ့ရဖူး …
စိတ်ထင်တိုင်း ထောင်တံတိုင်းနောက်ထည့်ပစ်တဲ့အချိန်မှာ … မည်းမည်းမြင်ရာ သေနတ်ဒင်နဲ့မိတ်ဆက်နေတဲ့အချိန်မှာ …
တက္ကသိုလ်နံရံမှာ မကျေနပ်ချက်တွေကို ပေါ်တင်ကပ်တယ် … မတရားတာမှန်သမျှကို ငြင်းဆန်တယ် …
တော်လှန်တဲ့ အတွေးအခေါ်မှန်သမျှကို ကိုးကွယ်တယ် …
ကျနော်ကပဲ ကံကောင်းလွန်းသလား … သင်းတို့ကပဲ မမှုလောက်ဘူးထင်လို့ ပစ်ထားသလား … ထားတော့ …
ဘဝက ထင်ထားသလောက် မကြမ်းတမ်း …
ကျနော်ကပဲ ရောက်လေရာ ကံကောင်းတတ်သလား …
အနိုင်ကျင့်ချုပ်ချယ်မှု ဆန့်ကျင်ရေးစိတ် သဲ့သဲ့ကလေးသာပါတဲ့ ကျနော် … ရေကန်အသင့် ကြာအသင့် … ရွှေပင်မှာနားခွင့်ရခဲ့တယ် …
ရွှေပင်မှာနားရရုံနဲ့ အရှင်မွေးနေ့ချင်းကြီး ရွှေကျေးဖြစ်ရိုးမရှိ … ဖြစ်ကောင်းဖြစ်မယ် … ရွှေရည်စိမ် …

အမေ … ကျနော်ကန်တော့လိုက်ပါတယ် … ကျေးဇူးတင်ပါတယ် …
အမေ့စကားလုံးနည်းနည်းကလေးက ကမ္ဘာကြီးထက်ကျယ်တယ် … ဝန်ပိပေမယ့် ပီတိတွေက အမြိုင်အဆိုင် …
အဖေ … ကျနော်ကန်တော့လိုက်ပါတယ် … ကျေးဇူးတင်ပါတယ် …
အဖေ ကျနော့်ကိုလွမ်းကောင်းလွမ်းမယ် … ကျနော် ဘယ်သူ့ကိုမှ မလွမ်းတော့ဘူး …
ကျနော်က ရွှေကျေးဖြစ်ချင်တဲ့ကောင်လေ …

ဒီကောင်တော်တော်ဟုတ်သွားပြီတဲ့ … ကျုပ်သားမို့လို့ပါတဲ့ …
တကယ်တမ်းကျတော့ ကျနော်က ဒီအချိန်အထိ ဘာကျေးဇူးမှ မဆပ်နိုင်သေး …
ကျနော့်လုပ်ရပ် … ကျနော့်ရပ်တည်ချက်ကသာ အဖေနဲ့ အမေ့အတွက် ပီတိသောမနဿ ဖြစ်စရာ …
အခုမှပဲ ကျနော်သိတယ် … မတရားမှုကို မုန်းတီးတဲ့စိတ်က အဖေနဲ့ အမေ့ဆီမှာ နဂိုကတည်းက ကိန်းအောင်းနေပြီးသားဆိုတာ …

အသေချာဆုံးတစ်ခုကတော့ ကျနော်လည်း ကမ္မဝါစာဖတ်ရုံနဲ့ မကြောက်တတ်တဲ့ တော်လှန်ရေးထဲက တစ္ဆေတစ်ကောင်ဖြစ်တယ် …….။

အာဏာအတွက် အာဃာတမုန်တိုင်း

ကေတီဦး။ နိုဝင်ဘာ ၂၉၊ ၂၀၀၈

မြန်မာပြည်ရဲ့ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ၂၀၀၈ ခုနှစ်၊ မေလ (၂) ရက်နေ့က ဆိုးဆိုးရွားရွား၊ ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြီးကိုတော့ တကမ္ဘာလုံးက သိခဲ့ကြပါတယ်။ လူပေါင်းတသိန်းခွဲလောက် သေကျေပျက်စီးခဲ့ပြီး လူသန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်၊ ဒဏ်ရာအနာတရဖြစ်၊ စီးပွားဥစ္စာပစ္စည်းတွေ ဆုံးရှုံးမှုဖြစ်ခဲ့ကြရတာမို့ မြန်မာပြည်သူပြည်သားတွေအားလုံး အထိတ်တလန့်ဖြစ်ပြီး စိတ်နှလုံး ညှိုးနွမ်းခဲ့ကြရပါတယ်၊။ ဒါကို ကမ္ဘာကသိကြလို့လဲ ဝိုင်းဝန်းကူညီခဲ့ကြတယ်။ ဖေးမခဲ့ကြတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ကိုယ်ချင်းစာစိတ်တွေနဲ့ ပါဝင်ခဲ့ကြတယ်။


အဲဒီ နာဂစ်မုန်တိုင်းလိုပဲ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးကို အထိတ်တလန့် ဖြစ်စေပြီး ကြေကွဲဝမ်းနည်းစေခဲ့တဲ့ နောက်ထပ် မုန်တိုင်းတခု မြန်မာပြည်ထဲမှာ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလထဲမှာ တိုက်ခတ်ခဲ့သေးတယ်ဆိုတာကိုတော့ ကမ္ဘာကြီးက ဘယ်လောက်သိနိုင်ခဲ့သလဲဆိုတာ မပြောနိုင်ပါဘူး။ အဲဒီမုန်တိုင်းကတော့ မြန်မာပြည်အလယ်ပိုင်း ကြပ်ပြေးနေပြည်တော်မှ စစ်ဗိုလ်ချုပ်ကြီးတွေဆီက ဒီမိုကရေစီလိုလားသူ၊ နိုင်ငံရေး တက်ကြွနိုးကြားသူတွေအပေါ် အငြှိုးတကြီး တိုက်ခတ်ခဲ့တဲ့ အာဃာတမုန်တိုင်းကြီးပါပဲ။

နိုဝင်ဘာလ တလလုံးလိုလိုပါပဲ။ အစောပိုင်းမှာ တနှစ်ကျော်ကြာ အကြောင်းမဲ့ ဖမ်းဆီးထားခဲ့တဲ့ ဒီမိုကရေစီလိုလားသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ရွှေဝါရောင် တော်လှန်ရေးမှာ ခေါင်းဆောင်မှုပေးခဲ့ကြတဲ့ ရဟန်းသံဃာတော်တွေရဲ့ အမှုတွေကို လိုက်ပါ ဆောင်ရွက်ခဲ့ကြတဲ့ အကျိုးဆောင်ရှေ့နေတွေကို အပြစ်မရှိ အပြစ်ရှာ ထောင်ချခဲ့ကြတယ်။ ယခင့်ယခင်တုန်းက တရားခံဖြစ်သွားသော ရှေ့နေဆိုတာ ကြားသာကြားဖူးခဲ့ပြီး မကြုံဖူးခဲ့ဘူး။ မြန်မာစစ်အစိုးရလက်ထက်မှာတော့ ဒါဟာ အမှန်တကယ်ဖြစ်နေတဲ့ အဖြစ်အပျက်တွေပါ။ ရှေ့နေတွေကို ဖမ်းဆီးထောင်ချတာဟာ စစ်အစိုးရက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအပေါ် စီမံကိန်းချ ဖိနှိပ်မှုရဲ့ အစပါ။

ရှေ့နေတွေကို အရင်ဆုံး ဖြုတ်ထုတ် ထောင်ချပြီးမှ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ကို တရားရုံးကို မထီမဲ့မြင်ပြုတယ်လို့ မတရားစွပ်စွဲပြီး ထောင် ၆ လ ချကာ မအူပင်ထောင်ကို ရုတ်တရက်ကြီး ပြောင်းရွှေပစ်ခဲ့တယ်။ ပြီးတော့ အများပြည်သူရဲ့ မျက်ကွယ်၊ မိသားစုတွေရဲ့ မျက်ကွယ်၊ တ၇ားရုံးမှာမဟုတ်ဘဲ ကြီးလေးတဲ့ ပြစ်ဒဏ်တွေကို ချမျတ်ခဲ့တယ်။ ချမျတ်လိုက်တဲ့ ပြစ်ဒဏ်ကလဲ တရားလက်လွတ်၊ လူသားချင်းမစာမနာ၊ အကြင်နာတရား ဆိတ်သုဉ်း၊ အမုန်းတရားကို ရှေ့တန်းတင်၊ သေချင်သလိုသာ သေကြစေဆိုတဲ့ သဘောထားမျိုးနဲ့ တယောက်တယောက်ကို ချလိုက်တဲ့ ထောင်ဒဏ်က ၆၅ နှစ်စီတဲ့။ တကယ်ပဲ အပြစ်ရှိကြတယ် ဆိုကြပါဦးတော့၊ ဖြစ်သင့်တာက အများဆုံးပြစ်ဒဏ်ထဲမှာ အနည်းငယ်သော ပြစ်ဒဏ်တွေ အကျိုးဝင်ပြီး တပေါင်းတစီးထဲသာ ကျခံစေရမှာပါ။ အခုတော့ ပြစ်ဒဏ်တိုင်း အတွက် တသီးတခြားစီ ကျခံစေခဲ့တယ်။ အမှုတွေကလဲ ကြံဖန်လုပ်ကြံလီဆယ်ထားတဲ့ အမှု တွေ။ ဒါတင်မကပါ။ ၈၈ အုပ်စုတခုလုံးကို ရန်ကုန်၊ အင်းစိန်ထောင်မှာမထားတော့ဘဲ မိဘ ဆွေမျိုးများနဲ့ ဝေးကွာလှတဲ့ မြန်မာပြည် အစွန်အဖျားက အကျဉ်းထောင်တွေဆီ လူစုခွဲ ပို့ပစ်ခဲ့ပြန်တယ်။

ထို့နည်းအတူပါပဲ၊ ရွှေဝါရောင်တော်လှန်ရေးကြီးကို ဦးဆောင်ခဲ့တဲ့ ဆရာတော် အရှင် ဂမ္ဘီရနဲ့ သူ့ရဲ့ နောက်လိုက်သံဃာတော်တွေကိုလဲ ကိုယ်စီ ကိုယ်စီ နှစ်ရှည်ထောင်ဒဏ်တွေ ချ မှတ်ခဲ့ပြန်တယ်။ အရှင်ဂမ္ဘီရကိုချမှတ်တဲ့ ထောင်ဒဏ်က ၆၈ နှစ်တဲ့။ ဒါဟာ အများပြည်သူအကျိုး အတွက် မေတ္တာပို့ခဲ့တဲ့ သံဃာတော်တပါးအပေါ် ရက်စက်စွာ ချမှတ်ခဲ့တဲ့ လုပ်ရပ်ပါပဲ။ အခြား သော ထိပ်တန်း နိုင်ငံရေးတက်ကြွနိုးကြားသူ ရာဂဏန်းလောက်ကိုလဲ နှစ်ရှည်ထောင်ဒဏ် အသီးသီးနဲ့အတူ တိုင်းပြည်ရဲ့ အစွန်အဖျားဒေသတွေဆီကိုပို့တဲ့ ပြစ်ဒဏ်ကိုပါ နောက်ဆက်တွဲ ချမှတ်တဲ့ လုပ်ရပ်တွေကို ဆက်တိုက် ကျူးလွန်ပြန်ပါတယ်။ အဲဒီလိုပို့တဲ့အခါမှာလဲ မိသားစု ဆွေမျိုးသားချင်းတွေကို လုံးဝ အကြောင်းကြားသိရှိစေခြင်းမရှိ။ သူတို့ပို့ချင်သလို ပို့မယ်၊ စီမံ ချင်သလို စီမံမယ်၊ တို့လုပ်ချင်သလို လုပ်မယ်ဆိုတဲ့ ဥပဒေလက်လွတ်၊ တိုင်းသူပြည်သားများကို မထီမဲ့မြင်ပြု၊ ထင်ရာစိုင်းပြီး ရိုင်းချင်တိုင်းရိုင်းနေတဲ့ နအဖစစ်အစိုးရရဲ့ လုပ်ရပ်ဟာဖြင့် သမရိုးကျသဘောမျိုးကို မဆောင်တော့ဘဲ အငြှိုးအတေး အာဃာတကို အခြေခံနေတဲ့ သဘောမျိုး သာဖြစ်လို့ ဒီလုပ်ရပ်ကို အာဃာတမုန်တိုင်းလို့ပဲ ခေါ်ဆိုပါရစေ။

အမှန်တကယ်တော့ မြန်မာပြည်က ဒီမိုကရေစီလိုလားသူတွေဟာ ဘာအပြစ်မှ လုပ်ခဲ့ကြတာ မဟုတ်ပါဘူး။ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ အုပ်စုက လောင်စာဆီဈေးတက်လို့ အများ ပြည်သူတွေရဲ့ သွားလာ သယ်ယူ ပို့ဆောင်စရိတ်စကတွေ တက်သွားတဲ့အခါ ဘတ်စ်ကားခ ကြီးမြင့်မှုကြောင့် လမ်းလျှောက်နေရတဲ့ ပြည်သူကို ကိုယ်စားပြုပြီး လမ်းမပေါ်ထွက် လမ်းလျှောက်ရုံမျှသာ ဖြစ်ပါတယ်။

အရှင်ဂမ္ဘီရနဲ့ သံဃာတော်တွေကလဲ စားဝတ်နေရေးပြေလည်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ နိုင်ငံရေးအကျဉ်းသမားများ လွှတ်ပေးရေးအတွက် မေတ္တာပို့ ဆုတောင်းခဲ့ကြရုံမျှ သာ ဖြစ်ပါတယ်။ ဒါကို ဘယ်လိုလုပ်ပြီး ဤမျှကြီးလေးလှတဲ့ နှစ်ပေါင်းများလှစွာသော ထောင် ဒဏ်တွေကို ပေးအပ်ခဲ့တယ်ဆိုတာ စဉ်းစား၍မရနိုင်အောင်ပင် ဖြစ်ရပါတယ်။ ပြည်သူလူထု အားလုံးက မြန်မာစစ်အစိုးရရဲ့ ဒီလုပ်ရပ်အပေါ် ထိတ်လန့်တုန်လှုပ် ကြေကွဲဝမ်းနည်းခဲ့ကြရပါတယ်။

ဒီဖြစ်ရပ်တွေရဲ့ အကြောင်းရင်းကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ လူတွေရဲ့ အခြေခံ အခွင့်အရေးအတွက် ပါးစပ်နဲ့ တောင်းဆိုခဲ့ကြရုံမျှပါပဲ။ ဒါပေမဲ့ ပါးစပ်ပဲပါတဲ့ လူကို သေနတ်ကြီးတွေနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက ငါတို့ရဲ့ အာဏာကို မထိပါးနဲ့၊ ထိပါးလာရင် ဒီလို ခံရမယ်လို့ တမင်သက်သက် အာဏာပြ ထင်တိုင်းကျဲပြီး ခြိမ်းခြောက်နေတာပါပဲ။ ဒီလို အငြှိုး အတေးတွေနဲ့ နိုင်ငံရေးတက်ကြွသူတွေအပေါ် အာဃာတမုန်တိုင်းဆင်နေတဲ့ နအဖစစ်အစိုးရက ၂၀၁၀ ခု ရွေးကောက်ပွဲကို တရားမျှတစွာ လုပ်မယ်ဆိုတာကို ဘယ်လိုလုပ်ပြီး ယုံကြည်ကြရမှာ လဲ။ သူတို့ရဲ့ လမ်းပြမြေပုံ (၇) ချက်ဆိုတာလဲ မြန်မာနဲ့ ကမ္ဘာကို လိမ်လည်ဖို့ ကြိုးစားမှု အစီအစဉ်ကြီးတရပ်သာ ဖြစ်တယ်ဆိုတာ ထင်ရှားသည်ထက် ထင်ရှားနေပြီ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအပေါ် အင်အားပြင်းပြင်း၊ ကြမ်းကြမ်းတမ်းတမ်း တိုက်ခတ်ခဲ့တဲ့ ဖိနှိပ်မှုမုန်တိုင်းအရှိန်ကြောင့် နိုင်ငံရေးသမား မိသားစုတွေ ဘယ်လောက် ဒုက္ခရောက်နေကြရတယ်ဆိုတာ ရန်ကုန်မြို့က နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ အင်းစိန်တောရ ထောင်ဘူးဝကို လာကြည့်ရင် သိမြင်နိုင်မှာဖြစ်ပါတယ်။ အာဃာတမုန်တိုင်းရဲ့ ဗဟိုချက်မဖြစ်တဲ့ အင်းစိန်အကျဉ်းထောင်ရှေ့မှာ ထောင်ချခံရပြီးနောက် ဘယ်အရပ် ဘယ် ဒေသသို့ အပို့ခံရမှန်းမသိလို့ သားပျောက်ရှာနေတဲ့ အသက် ၈၀ ဝန်းကျင် အမေတွေ၊ သမီး ပျောက်ရှာနေတဲ့ အဖေတွေ၊ အဖေပျောက်ရှာနေတဲ့ သားသမီးတွေ၊ အစ်ကိုပျောက်ရှာနေတဲ့ နှမလေးတွေ၊ ခင်ပွန်းပျောက်ရှာနေတဲ့ ဇနီးသည်တွေကို တွေ့မြင်နိုင်ပါတယ်။

တချို့ဇနီးသည်တွေဆိုရင် ကိုယ်ဝန်အရင့်အမာနဲ့။ တချို့လဲ ရင်ခွင်ပိုက်ကလေးငယ်ကို လက်ဆွဲလို့။ သူတို့အားလုံးဟာ မုန်တိုင်းနဲ့အတူ လွင့်ပါပြီး ဘယ်ကိုပို့လို့ ဘယ်ကိုရောက်သွားမှန်း မသိရတဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို နံနက်မိုးလင်းက မိုးချုပ်တဲ့အထိ သတင်းကြားရနိုးနိုးနဲ့ စောင့်စားရင်း အချိန်ကုန်နေကြရတယ်။ ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်အစ်ကို၊ ကိုယ့်မောင်၊ ကိုယ့်ခင်ပွန်းကို မြင်တွေ့ရနိုးနိုး စောင့်စားရင်းနဲ့ ထောင်ဘူးဝရှေ့မှာ ထမင်းထုပ်ကလေး ဆွဲသူ လဲ ဆွဲလို့။ သောက်ရေသန့်ဗူးလေးကိုင်ရင်း ဟိုအရိပ် ခိုရတော့မလို၊ ဒီအရိပ်မှာ နားရတော့မလို။ ပြီးတော့ ဟိုသတင်းက အမှန်လား။ ဒီသတင်းက အတည်လား။ ဘာမှ ရေရေရာရာမရှိလှတဲ့ အခြေအနေကြားမှာ သိပ်ကို ပင်ပန်းနွမ်းနယ်နေကြပါပြီ။

ဒီအခြေအနေအမှန်ကို ကမ္ဘာတဝှမ်းက ဘယ်အတိုင်းအတာအထိ သိနိုင်ကြားနိုင်သလဲတော့ မသိနိုင်ပါ။ မြန်မာပြည် ရန်ကုန်မြို့က အင်းစိန်တောရမှာတော့ နအဖစစ်အစိုးရရဲ့ အာဃာတမုန်တိုင်းကြီးဟာ ကြမ်းကြမ်းတမ်းတမ်း၊ ရိုင်းရိုင်းစိုင်းစိုင်း ဆက်လက်တိုက်ခတ်နေဆဲပါ။

ငါတို့ဟာ အရိုင်းအစိုင်းလား ...

အလိမ်အကောက်ပေါင်းများစွာ ...
နေရောင် လရောင်အောက် တလက်လက်
အယောင်ဆောင် ညင်သာ

နေ့များ ညများ ...
မီးလျှံအမုန်းတွေအောက် တနေရာ ...
ကြင်နာခြင်း ယုယခြင်းအောက် တနေရာ ...
ဘဝ ဘဝချင်းထပ် မလောင်းဖို့
ဆဲရေး ငြီးတွား ကောင်းချီးပေးသံများ
ခေါက်ရိုးကျိုး ဆူညံ ...
သမိုင်းတလျောက် ဖုံးကွယ်မှုအောက်က
ခက်ထန်မာကြော မျက်နှာပြင်ပေါ်
ငါတို့ရဲ့ သူရဲကောင်းများ စီးဆင်းခဲ့ရပေါ့ ...
မျက်စိတဆုံးရဲ့ မျက်ကွယ်ရာ နေရာ ...
မိုးကုတ်စက်ဝိုင်း သက်သေမပြုတော့တဲ့ နေရာ ...
ငါ့ရင်ကိုခွဲ အလေးပြုပါ၏ ...

မေမေ ရေ .............
ကျနော် ဆက်လက်စီးဆင်းပါရစေ ........


× × × × ×

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP) မှ ကိုစောဗန်ကူးနှင့် ဆက်သွယ်မေးမြန်းချက်

ရိုးမ ၃။ ဒီဇင်ဘာ ၁၂၊ ၂၀၀၈

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးတွင် ပြဌာန်းထားသည့် လူ့အခွင့်အရေးပါ အချက်များကို ကမ္ဘာ့နိုင်ငံအများစုက ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လက်မှတ်ရေးထိုးအတည်ပြုခဲ့သည်။

မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ကြေညာစာတမ်းကြီး အတည်ပြုသည့် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်သည့် နိုင်ငံအဖြစ် ရောက်ရှိခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတခု ဖြစ်လာ၍ အဆိုပါနှစ်မှာပင် လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံဖြစ်သည်။

လူ့အခွင့်အရေး ကြေညာစာတမ်းကြီးသည် ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် အနှစ် (၆၀) ပြည့်မြောက်ခဲ့သကဲ့သို့ မြန်မာနိုင်ငံက အဆိုပါ စာတမ်းကြီးတွင် ပြဌာန်းထားသည် အချက် (၃၀) ပါ လူ့အခွင့်အရေးများကို လိုက်နာရန် လက်မှတ်ရေးထိုးခဲ့သည်မှာလည်း အနှစ် (၆၀) တိုင်ခဲ့ပြီဖြစ်သည်။

ထိုအနှစ် (၆၀) အတွင်း မြန်မာနိုင်ငံမှ အုပ်စိုးသူ အစိုးရအဆက်ဆက်နှင့် မြန်မာပြည်သူများ လူ့အခွင့်အရေးကို နားလည်ပြီး ဤအခွင့်အရေးတွေကို တကယ်ပဲ ပြည့်ပြည့်ဝဝ ခံစားနေကြရပါပြီလား၊ လက်ရှိ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ပြည်သူလူထု မည်သို့သော အခြေအနေများနှင့် ရင်ဆိုင်နေကြရပါသလဲ စသည်များကို သိရှိနိုင်ရန် မြန်မာပြည်အတွင်း လူ့အခွင့်အရေးလုပ်ငန်းများကို (၄) နှစ်ကျော်ကြာ လှုပ်ရှားဆောင်ရွက်နေသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်မှ ကိုစောဗန်ကူးကို ရိုးမ ၃ က ဆက်သွယ်မေးမြန်းပြီး တင်ပြလိုက်ပါသည်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP) စတင်ဆောင်ရွက်ခဲ့ပုံနဲ့ ယခု ၂၀၀၈ ခုနှစ်အထိ ကိုစောဗန်ကူး ပါဝင်လုပ်ဆောင်ချက်လေးတွေကို အကျဉ်းချုပ် ပြောပြပေးပါ။

၂၀၀၄ ခုနှစ်၊ မေလ (၃၀) ရက်နေ့မှာ ရန်ကုန်မှာ လူငယ် (၃၅) ဦးနဲ့အတူ ကျနော်တို့ လူ့အခွင့်အရေး ကြေညာစာတမ်းတွေကို ဝေငှခဲ့တယ်၊ အဲဒီနောက်ပိုင်းမှာ ကျနော်ကိုယ်တိုင်လဲ ဘိုကလေးမြို့ပေါ်ကို သယ်ဆောင်လာပြီးတော့ လူ့အခွင့်အရေးကို စိုက်လိုက်မတ်တပ် ဆောင်ရွက်ခဲ့တယ်၊ (၈.၈.၀၄) နဲ့ (၈.၁၅.၀၄)၊ (၃၀.၈.၀၄) နေ့တွေမှာ ဒီလူ့အခွင့်အရေးတွေကို လူတိုင်းသိရှိနိုင်ဖို့ စာရွက်စာတမ်းတွေကို ဘိုကလေးမြို့နယ်အတွင်းနဲ့ အမာမြို့နယ်ခွဲ၊ ဖျာပုံမြို့နယ်၊ ကျုံကျိုက်ကျေးရွာတွေမှာ ကျနော်တို့ ပေးဝေခဲ့တယ်။

၂၀၀၅ ဒီဇင်ဘာ (၁၀) ရက်မှာ ကျနော်တို့ အကျဉ်းရုံးပြီး ဘိုကလေးမြို့ မဟာဝိသုဒ္ဒါရာမမှာ လူ့အခွင့်အရေးနေ့ကို “လူ့အခွင့်အရေးဆိုတာ လူသားအားလုံးအတွက် ဖြစ်တယ်၊ မင်းနဲ့ငါ လူဖြစ်တဲ့အတွက် လူ့အခွင့်အရေးကို လေးစားဆိုပြီး ရေးထားတဲ့ ကဗျာလေးတွေပါတဲ့ စာအုပ်တွေကို ကျောင်းက ကိုယ်တော်လေးတွေကို ဝေလိုက်တယ်၊ နောက် ၂၀၀၆ မှာ လူ့အခွင့်အရေးလုပ်ငန်းတွေကို ကျနော်တို့ ကိုမြင့်အေး၊ ကိုမောင်မောင်လေး၊ အခု ထောင်ထဲရောက်နေတဲ့သူတွေက ကိုယ့်ဒေသတွေမှာကိုယ် ဆောင်ရွက်ကြတယ်၊ ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာ (၁၀) ရက်နေ့မှာ ဘိုကလေးမြို့မှာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို မြန်မာပြည်တပြည်လုံးအတိုင်းအတာနဲ့ ဖိတ်ကြားပြီး ဆောင်ရွက်နိုင်ခဲ့တယ်၊ (၂၀၀၇) ဒီဇင်ဘာ (၁၀) ရက်နေ့မှာ ရန်ကုန်မြို့မှာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ကျနော်တို့ ကျင်းပနိုင်ခဲ့တယ်၊ ၂၀၀၈ ခုနှစ်မှာတော့ အခြေအနေအမျိုးမျိုးအောက်မှာ ဒီဇင်ဘာ (၉) ရက်နေ့ကပဲ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အကြိုပေါ့လေ ကျနော်အပါအဝင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတွေ စုပြီး မြန်မာပြည်တွင်း လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲလေး လုပ်ဖြစ်ပါတယ်။

လူ့အခွင့်အရေးဆိုတာကို မြန်မာပြည်သူတွေကြားမှာ နားလည်သဘောပေါက်လာအောင် (HRDP)အဖွဲ့အနေနဲ့ ဘယ်လိုတွေ လုပ်ဆောင်ခဲ့ပါသလဲ၊ အဲဒီအခြေအနေလည်း သိပါရစေခင်ဗျာ။


လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့ ၂၀၀၇ ဖေဖော်ဝါရီလ (၉) ရက်နေ့မှာ ရခိုင်ပြည်နယ်ခရီးစဉ်ကို ထွက်တယ်၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်၊ စစ်တွေ၊ သံတွဲမြို့တွေမှာ လူ့အခွင့်အရေး ပညာပေးဆွေးနွေးမှုတွေကို လုပ်ခဲ့တယ်၊ တောင်ကုတ်ဒေသမှာတော့ ဆားပြင်၊ ထူးရွှေမော်၊ ကျော်ကိုင်း၊ ရန်မျိုး အဲဒီဘက်တွေမှာပါ ဆောင်ရွက်ခဲ့တယ်။

၂၀၀၇ မတ်လ (၁ရ) ရက်နေ့မှာ ပဲခူးတိုင်းအနောက်ခြမ်း ပြည်၊ ဇီးကုန်း၊ နတ္တလင်း၊ မင်းလှဘက်တွေမှာ ကျနော်တို့ သုံးရက်ခရီးနဲ့ ဆောင်ရွက်ခဲ့တယ်၊ အဲနောက် April မှာ ကိုမြင့်အေးတို့သွားတာ ဟင်္သာတမှာ ကိုမောင်မောင်လေးနဲ့ ကိုမြင့်လှိုင်တို့ အရိုက်ခံခဲ့ရတယ်၊ အဲဒီနောက်ပိုင်းမှာ ကျနော်တို့လုပ်ငန်းတွေ နည်းနည်းလေး ရပ်ဆိုင်းလိုက်ရတယ်၊ ရပ်ဆိုင်းလိုက်တာက ဒဏ်ရာရတဲ့သူတွေလောက်ပါပဲ၊ ကျန်တဲ့သူတွေက မေလထဲမှာ ကိုအောင်ကျော်စိုး၊ ကိုမောင်မောင်လေးတို့ ပြည်မှာ (HR)ကိစ္စတွေ သွားရောက်လုပ်ကိုင်တဲ့အခါကျတော့ သူတို့ ပြန်လာပြီးနောက်မှာ ပြည်မြို့က လူ့အခွင့်အရေးအင်အားစုအချို့အဖမ်းခံကြရတယ်၊ ၂၀၀၇ ဒီဇင်ဘာ (၁၀) နေ့မှာ ရန်ကုန်မှာ လူ့အခွင့်အရေးနေ့အခမ်းအနားကို ကျင်းပနိုင်ခဲ့တယ်၊ ကြားကာလတွေမှာက ဒေသန္တရအတွင်းမှာ ရှိနေတဲ့သူတွေက လူ့အခွင့်အရေး ပညာပေးလုပ်ငန်းတွေကို စဉ်ဆက်မပြတ် လုပ်နေနိုင်တယ်ဆိုတာတော့ သေချာပါတယ်၊ ၂၀၀၇ စက်တင်ဘာနောက်ပိုင်းမှာတော့ လူတွေက နည်းနည်းတော့ အားလျော့သွားတယ်၊ ၂၀၀၈ မေလလောက်မှာ လူအင်အားတွေ တော်တော် ဆုတ်ယုတ်သွားတော့ ကျနော်တို့ ကိုမြင့်အေးတို့က တော်တော်လေးကို တွန်းအားပေးလုပ်ရတယ်။

(HRDP)ရဲ့ လေးနှစ်တာကာလအတွင်း လူအခွင့်အရေးနဲ့ပတ်သက်လို့ အဓိက ဘာတွေ လုပ်ဆောင်နိုင်ခဲ့ပါသလဲ။


လေးနှစ်တာကာလတွင်းမှာ လူ့အခွင့်အရေးဆိုတာ ယခင်က ၂၀၀၃ ခုနှစ်လောက်အထိ လူ့အခွင့်အရေးဆိုတာ လူတွေက မသိကြဘူး၊ နောက်တခုက မြန်မာပြည်ထဲမှာရှိတဲ့ လူတွေ တော်တော်များများက လူ့အခွင့်အရေးဆိုတာ ရှိပါလားဆိုတာကို ပထမဆုံး သိအောင် ကျနော်တို့ လုပ်ဆောင်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံ ဒေသအတော်များများမှာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက် (၃၀) ကို ပြည်သူတွေသိအောင် ဆွေးနွေး လုပ်ဆောင်ပေးနိုင်ခဲ့တယ်၊ အဲလို လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတာတွေကို မီဒီယာကသော်၎င်း၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကနေသော်၎င်း တဆင့် ကမ္ဘာ့ပြည်သူတွေအထိ သိအောင် လုပ်ပေးနိုင်ခဲ့တယ်၊ အဲလို လုပ်ငန်းစဉ်တွေ အမြောက်အများ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ (၂) ရက်နဲ့ (၃) ရက်နေ့တွေမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တယ်၊ အဲဒီမုန်တိုင်းသင့် ဒုက္ခသည်တွေကို (HRDP)အနေနဲ့ ဘယ်လိုကူညီမှုတွေ လုပ်ပေးနိုင်ခဲ့ပါသလဲ။


နာဂစ်မုန်တိုင်းခံရတော့ (HRDP)အနေနဲ့ တော်တော်လေးကို ဆောင်ရွက်နိုင်ခဲ့တယ်။ ကိုမြင့်အေးက သူ့ပတ်ဝန်းကျင်က လူတွေကို ကူညီတောင်းပြီး အကူအညီပေးရေးလုပ်ငန်းတွေကို တော်တော်လေးကို လုပ်ပေးတယ်၊ အဲဒီနောက်ပိုင်းမှာတော့ ဧရာဘက်မှာ ဝမ်းပျက်ဝမ်းလျောတွေဖြစ်လို့ လိုအပ်တဲ့ ဆေးဝါးတွေနဲ့ အိမ်သာ (၅) လုံး ဆောက်လုပ်ပေးခဲ့တယ်၊ ဘိုကလေးမြို့ပေါ်မှာတော့ အဝတ်အထည်တွေ ဝေတယ်၊ ဒေးဒရဲမြို့နယ်မှာဆိုရင် အဝီစိတွင်းတွေ တူးတယ်၊ စာသင်ကျောင်းတွေမှာ ဗလာစာအုပ် ဒါဇင် (၈၀၀) ကျော် ပေးဝေခဲ့တယ်၊ မော်လမြိုင်ကျွန်းမြို့နယ်ထဲမှ ကျေးရွာတရွာမှာ လိုအပ်ချက်အရ လယ်ထွန်စက်လေး (၁) လုံး ကူညီပေးထားတယ်၊ ယာယီ ကူညီပေးထားတယ်၊ ငပုတောမြို့နယ်ထဲက သင်္ဃန်းကုန်းနဲ့ ကညင်ငူကျေးရွာတွေမှာ (HRDP)အနေနဲ့ လယ်ထွန်စက်တွေ ပေးလှူထားတာ ရှိတယ်၊ ဒါတွေအားလုံဟာ ကိုမြင့်အေးဆီမှာ စာရင်းဇယားနဲ့တကွ အားလုံးရှိပါတယ်၊ အဲလို ကူညီတာတွေလုပ်နေရင်းနဲ့ ကိုမြင့်အေးဟာ (၈) လပိုင်းမှာ အဖမ်းခံရတာ၊ အဲတော့ ကျနော်တို့လုပ်ငန်းတွေ ထိခိုက်လာတဲ့အတွက် အလုပ်တွေ တော်တော်အေးလာတယ်၊ ကိုယ့်ဒေသမှာတော့ လုပ်သင့်တာတွေကို မနားဘဲ ဆက်လုပ်နေပါတယ်။

အဲဒီလို လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်တာတွေကို အာဏာပိုင်တွေဘက်က ဘယ်လိုသဘောထားခဲ့သလဲ၊ ဘယ်လိုနားလည်ခဲ့သလဲဆိုတာ သိပါရစေ။

၂၀၀၄ ခုနှစ်မှာ လူ့အခွင့်အရေး ကြေညာစာတမ်းတွေ ဝေခဲ့ပြီးတော့ ကျနော်တို့ ယာယီအားဖြင့် ထိန်းသိမ်းခံခဲ့ရတယ်၊ ခြေချုပ်အနေနဲ့ ထိန်းသိမ်းတာက သုံးရက်၊ အဲဒီတုန်းက မြို့နယ်မှူး ဦးကိုကိုနိုင်လက်ထက်မှာ ဒီဇင်ဘာလ (၅) ရက်နေ့ည၊ သန်းခေါင်ကျော် (၂) နာရီမှာ ကျနော်တို့ကို လာပြီး ဖမ်းဆီးခေါ်ဆောင်တယ်၊ ဟိုရောက်တော့ ကျနော်တို့ (၃၉၀) နဲ့ စွဲတယ်၊ အဲဒီကာလမှာ ကျနော်က အဲဒါနဲ့ ပါဝင်ပတ်သက်မှုမရှိဘူး၊ နောက် ဒီဇင်ဘာလ (၁၀) ရက်နေ့ လူ့အခွင့်အရေးနေ့မှာပဲ ထပ်အဖမ်းခံရတယ်။ အမာက ရဲတပ်ဖွဲ့တာဝန်ရှိသူ ကိုတင်ထွန်း၊ ကဒုံကနိရဲစခန်းက စိုးလှအောင်တို့က ပုံနှိပ်အက် (၁၇) နဲ့ ဖျာပုံအကျဉ်းထောင်မှာ လာပြီး တရားစွဲတယ်၊ (၂၀၀၅) ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှာ ကျနော် ပြန်လွတ်တယ်၊ အဲဒီမှာပဲ ရှေ့နေတွေရဲ့ မေးမြန်းမှုတွေအရပေါ့လေ ရဲဝန်ထမ်းတွေဟာ လူ့အခွင့်အရေးကို မသိဘူးဆိုတာ ထင်ရှားလာတယ်ပြောရမယ်။

ကိုစောဗန်ကူးပြောသွားတဲ့အထဲမှာ (HRDP)အဖွဲ့ဝင်တွေ ဖမ်းဆီးခံထားရတယ်ဆိုတာပါတော့ ဘာအကြောင်းနဲ့ ဖမ်းတာလဲ၊ ဘယ်နှယောက် အဖမ်းခံရသလဲ၊ သူတို့ကို အခု ဘယ်လိုစီရင်ချက်မျိုးတွေ ချမှတ်ခံထားရတယ်ဆိုတာလဲ ပြောပြပါဦး။


လက်ရှိအခြေအနေမှာ အဖမ်းခံထားရတာ (၂၇) ဦးကနေ (၃၅) ဦး အထိ ရှိနေပါတယ်၊ ထောင်ဒဏ်ချမှတ်ခံရသူတွေကတော့ အမြင့်ဆုံးပြစ်ဒဏ်က တကျွန်းနဲ့ (၈) နှစ်နဲ့ အနည်းဆုံးက (၈) နှစ်အထိ ရှိပါတယ်၊ သူတို့ ဖမ်းဆီးခံရတဲ့အခါကျတော့ (၁၇-၁)၊ (၁၃-၁) ဖောက်ခွဲရေးပုဒ်မတွေနဲ့ အဖမ်းခံရတယ်၊ ဒါဟာ အင်မတန်မှ ဝမ်းနည်းစရာကောင်းတယ်။ သူတို့ပြောနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို သွားနေတယ်ဆိုရင် လူ့အခွင့်အရေးဆိုတာ ပန်းနဲ့ခေါင်းလိုပဲ ခွဲလို့မရတဲ့ ကိစ္စဖြစ်တယ်၊ လူ့အခွင့်အရေးကို လူတွေသိအောင်လုပ်တာ ဖောက်ခွဲရေးမှမဟုတ်တာ၊ သူတို့က ဖောက်ခွဲရေးအမြင်တွေနဲ့ ဒီလို စွပ်စွဲတယ်လို့ပဲ ပြောရမှာပဲ။

ဒီလူတွေဟာ ကျနော်တို့နဲ့အတူ သွားလာနေတာမှာ ကျနော်တို့အမြင်၊ အသိ၊ အတွေ့ သူတို့အားလုံးဟာ အလွန်သုခုမဆန်တယ်၊ အကြမ်းဖက်ကိစ္စကို ဘယ်တော့မှ ထည့်တောင်မစဉ်းစားမိကြဘူး။ ကျနော်တို့ လူ့အခွင့်အရေးသမားတွေဟာ အာဏာရရှိရေးမဟုတ်ဘူး၊ အာဏာဖြုတ်ချရေးမဟုတ်ဘူး၊ ကျနော်တို့က လူ့အခွင့်အရေးသိအောင်၊ လူ့အခွင့်အရေးသိလာရင် လူတိုင်းလူတိုင်း အပြန်အလှန်လေးစားမှု ရှိလာအောင် ကျနော်တို့က ဆောင်ရွက်တာ၊ နဂိုက ပြောခဲ့ပြီးသား၊ ခင်ဗျားတို့အာဏာကို ထိပါးချင်လို့ လူ့အခွင့်အရေးလုပ်တာမဟုတ်ဘူး၊ ကျနော်တို့ဟာ ပါတီအင်အားစုလဲမဟုတ်ဘူး၊ ဘာကိုစိုးရိမ်တာလဲ၊ ကျနော်တို့က လူ့အခွင့်အရေးဆိုတာကို မနှစ်သက်လို့လားလို့ မေးရမလိုဖြစ်နေပြီ။

လူ့အခွင့်အရေးဆိုတာကို အများပြည်သူက ဘယ်လောက်ထိ နားလည်ထားသလဲ၊(HRDP)အနေနဲ့ရော ရှေ့ဆက် ဘာလုပ်ဖို့ ပြင်ဆင်ထားပါသလဲ။

အခု ကျနော်တို့ လူ့အခွင့်အရေးဆွေးနွေးပွဲလေး လုပ်တယ်၊ ဒီလိုလုပ်တဲ့အခါမှာ မိမိဒေသအတွင်းမှသည် တနိုင်ငံလုံးအနေအထားအထိ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်လုပ်ဆောင်သွားမယ်ဆိုတာရယ်၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို လူတိုင်းနားလည်ဖို့ဆိုတာ နည်းနည်းလိုသေးတယ်၊ မြန်မာတပြည်လုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် အများကြီး လိုအပ်နေတာ ရှိတယ်၊ အရင်ဆုံး ကျနော်တို့က ကိုယ့်ကိုယ်ကို ပြန်လည်ဝေဖန်စောကြောဖို့ လိုမယ်၊ ယခင်ကထက်ပိုပြီးသိအောင် ယဉ်ကျေးသိမ်မွေ့လာအောင် ကြိုးစားလုပ်ရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ တဖက်က လုပ်ရပ်တွေက ပြင်းထန်လွန်းတယ်၊ ကြမ်းတမ်းရက်စက်လွန်းတယ်၊ ကျနော်တို့ကတော့ လူ့အခွင့်အရေးကို ကိုင်စွဲထားတဲ့အတိုင်း ယဉ်ယဉ်ကျေးကျေးနဲ့ လူတိုင်းက လူ့အခွင့်အရေးကို သိလာပြီး အဲဒီအမြင်တွေနဲ့ လူ့ခွင့်အရေးကို တိုက်ယူဖို့ကို ကြိုးစားသွားမယ်ဆိုတဲ့ အကြောင်းတွေကို အဓိကထား ဆွေးနွေးဖြစ်ခဲ့ပါတယ်။

ပြင်ပြင်ဆင်ဆင် စည်းစည်းလုံးလုံး လုပ်ကြရအောင်

တူမောင်ညို။ ဇွန် ၅၊ ၂၀၀၈

သူတို့ (Mandate) စကားပြောလာကြပြီ။

မေလ (၂၉) ရက်မတိုင်ခင်က (နဝတ-နအဖ)စစ်အစိုးရအဖို့ (Mandate) ဆိုတဲ့ အသံ ကြားရင် တထိတ်ထိတ်နဲ့ သွေးလေခြောက်ခြားနေခဲ့ရတာပါ။ အဲဒီ (Mandate)၊ ၁၉၉၀ ပြည့်၊ မေလ (၂၇) ရက် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်ဆိုတဲ့ ဆူးက (နဝတ-နအဖ) စစ်အစိုးရရဲ့ အသည်းနှလုံးကို စူးနေခဲ့တာဖြစ်ပါတယ်။
ဒီတော့ (Mandate) ဆိုရင် သူတို့အဖို့ ထိတ်လန့်နေခဲ့ရတာပါ။ ဒါကြောင့်လည်း (နဝတ-နအဖ) စစ်အစိုးရဟာ ဒီရလဒ်ကို ဖျက်ဆီးပစ်နိုင်ဖို့ အနုနည်း၊ အကြမ်းနည်း၊ နည်းလမ်း ပေါင်းစုံ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

(၁/၉၀) ကြေညာရတာ၊ အမျိုးသားညီလာခံ ကျင်းပတာ၊ အရွေးချယ်ခံကိုယ်စားလှယ် တွေကို နည်းလမ်းပေါင်းစုံသုံးပြီး နှုတ်ထွက်စေတာ၊ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ချခဲ့တာ၊ (CRPP) ဖျက်သိမ်းခိုင်းတာ၊ ဒီပဲယင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုကြီး ကျူးလွန်ခဲ့တာ၊ လမ်းပြမြေပုံ ကြေညာခဲ့တာ၊ ယခုနောက်ဆုံး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပေးတာအထိ အားလုံးဟာ ၁၉၉၀ ပြည့်၊ မေလ (၂၇) ရက် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်ဆိုတဲ့ (Mandate) ဖျက်သိမ်းပစ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ (န၀တ-နအဖ) စစ်အစိုးရဟာ တစ်ဖက်က ၁၉၉၀ ပြည့် ရလဒ် (Mandate) ကို ဖျက်သိမ်းနေပြီး တပြိုင်နက်ထဲမှာ တစ်ဖက်က စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်လာအောင် တည်ဆောက်နေတာဖြစ်ပါတယ်။

ဒီကနေ့အထိ ကြိုးပမ်းနေကြဆဲလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖျက်ဆီးနေပါစေ၊ အဲဒီ (Mandate) ဟာ အတိတ်အရိပ်ပမာ ဆိုသလိုပဲ (နဝတ-နအဖ)စစ်အစိုးရကို ဒီကနေ့အထိ ခြောက်လှန့်နေဆဲဖြစ်ပါတယ်။ ဒါကို ဒီကနေ့ထုတ်ဝေနေတဲ့ နေ့စဉ်သတင်းစာတွေထဲက ဆောင်းပါးတွေကို ဖတ်ကြည့်ရင် အထင်အရှား သိမြင်နိုင်ပါတယ်။

အခုသူတို့က ‘၁၉၉၀ ပြည့်ရလဒ်ကို မြေမြှုပ်သင်္ဂြိုလ်လိုက်ပြီ’၊ ‘အခြေခံဥပဒေသာ (Mandate) အစစ်’၊ ‘အခြေခံဥပဒေ အတည်ပြုတယ်ဆိုတာ နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာ ပိုင်ခွင့်တစ်ခုဖြစ်တဲ့ ကိုယ်ပိုင်စီရင်ပိုင်ခွင့် (Jurisdiction) တစ်ခုသာ ဖြစ်တယ်’ ဆိုပြီး ရေးသား ပြောလာနေကြပြီ။

ဒီလို သူတို့ရေးသားဖေါ်ပြနေရတာကိုက ၁၉၉၀ ပြည့်ရလဒ် (Mandate) ရဲ့ အသက် ပြင်းမှုနဲ့ အင်အားကို အသိအမှတ်မပြုချင်ဘဲ အသိအမှတ်ပြုနေရတာနဲ့ သူတို့ ဒီ ၁၉၉၀ ပြည့် ရလဒ် (Mandate)ကို အငြှိုးတကြီးနဲ့ ဖျက်ဆီးပစ်ဖို့ အဆက်မပြတ် ကြံစည်ကြိုးစားခဲ့တယ် ဆိုတာကို ထုတ်ဖေါ်ဝန်ခံနေတာလည်းဖြစ်ပါတယ်။ ဒီလို ဖျက်ဆီးဖို့ကြံစည်မှုတွေအထဲမှာ မေလ (၁၀) ရက်နဲ့ မေလ (၂၄) ရက်နေ့များက ကျင်းပခဲ့တဲ့ ဆန္ဒခဲ့ယူပွဲရလဒ်ကလည်း တခုအပါအဝင် ဖြစ်ပါတယ်။ ‘မီဒီယာကို မီဒီယာနဲ့ရင်ဆိုင်’ သလို၊ ဒါဟာလည်း ‘ရလဒ်ကို ရလဒ်နဲ့ ထိပ်တိုက် ရင်ဆိုင်’ တိုက်ဖျက်ဖို့ပဲ ဖြစ်မှာပေါ့။

ဒါပေမယ့် မေလ (၂၉) ရက်နေ့က (နအဖ)စစ်အစိုးရက အတည်ပြုကြောင်း ထုတ်ပြန် ခဲ့တဲ့ (၉၂ ဒသမ ၈၄) ရာခိုင်နှုန်းဆိုတာဟာ မဲဆန္ဒရှင်ပြည်သူတွေကို အဘက်ဘက်က ဖိနှိပ် ခြိမ်းခြောက်မှု နည်းလမ်းပေါင်းစုံသုံးပြီး အရယူခဲ့တဲ့ ‘ထောက်ခံမှု’သာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ သမိုင်းမှာ မကြုံဖူးခဲ့တဲ့၊ ပြင်းထန်လှတဲ့ နာဂစ်လေမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေကို စာနာ ထောက်ထားခြင်းမရှိဘဲ ‘ဘယ်သူသေသေ ငတေမာရင်ပြီးရော’ ဆိုတဲ့ စိတ်ယုတ်မာနဲ့ အရယူ ခဲ့တဲ့ ‘ထောက်ခံမှု’ လည်း ဖြစ်ပါတယ်။

နောက်တစ်ခုက သူတို့ အခုလို အတင်းအဓမ္မလုယူခဲတဲ့ ‘ငတေမာဖို့ ထောက်ခံမှု’ ကို ကုလသမဂ္ဂနဲ့ ပြည်ပနိုင်ငံများက အသိအမှတ်မပြုမှာကို စိုးရိမ်လို့လည်းဖြစ်ပါတယ်။ တစ်ဖက် ကလည်း ဘယ်သူ အသိအမှတ်ပြုပြု မပြုပြု ငါတို့သဘောနဲ့ ငါတို့ရလဒ် ငါတို့စိတ်ကြိုက်လုပ် မယ်လို့ ပြောချင်တာလည်းဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ အတုအယောင်တွေ များလွန်းလှတယ်။ ‘ရွှေရည်စိမ် လွတ်လပ်ရေး’၊ ‘ပြည်တော်သာ စီမံကိန်း’၊ ‘မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်’၊ ‘ကျိုက္ကဆံညောင်နှစ်ပင် အမျိုးသားညီလာခံ’ စသဖြင့် ဖြစ်ပါတယ်။

အခုလည်း အတုအယောင် ‘ကျိုက္ကဆံညောင်နှစ်ပင် အမျိုးသားညီလာခံ’ ကနေဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုကို (နအဖ)စစ်အစိုးရစိတ်ကြိုက် ဖန်တီးလိုက်ကြပြီ၊ အဓမ္မထောက်ခံ အတည်ပြုခဲ့ကြပြန်ပါပြီ။

ဒါကြောင့် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ဆိုတာ ဒီမိုကရေစီအရေခြုံထားတဲ့ စစ်အာဏာရှင်စနစ်သာ ဖြစ်တယ်။

စစ်အာဏာရှင်စနစ်တည်ရှိနေသရွေ့ စစ်မှန်တဲ့ ဒီမိုကရေစီနိဒါန်းသစ် လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဒီမိုကရေစီရှိပါတယ်လို့ ပြောဆိုလာရင်လည်း လိမ်ညာပြောဆိုတာပဲဖြစ်ပြီး ဒီမိုကရေစီပါပဲလို့ ပြောလာရင်လည်း အဲဒီလိုပြောတဲ့ ဒီမိုကရေစီဟာ ဒီမိုကရေစီအတုသာ ဖြစ်ပါ လိမ့်မယ်။

အတုကို တိုက်ဖျက်ပြီး အစစ်နဲ့ အစားထိုးကြရမည်သာ။

ယင်းအတုကို တိုက်ဖျက်ပြီး အစစ်နဲ့ အစားထိုးကြရမည့် တိုက်ပွဲသည် ရှည်ကြာလိမ့် မည်၊ ခက်ခဲလိမ့်မည်၊ ပြင်းထန်လိမ့်မည်။

တစ်ကိုယ်တော်၊ တစ်ပွဲထိုး၊ တစ်ဇွတ်ထိုး၊ ကမူးရှူးထိုးလုပ်၍ မရနိုင်ပါ။

ပြင်ဆင်မှုကောင်းကောင်းရှိဖို့ လိုပါတယ်။ အခါအခွင့်ကောင်းတွင် (နအဖ)စစ်အစိုးရ၏ ချက်ကောင်းကို ထိထိမိမိ ထိုးနှက်နိုင်ဖို့ လိုပါတယ်။ အခြေခံအကျဆုံး လိုအပ်ချက်မှာ လူထု လူတန်းစား အလွှာအသီးသီးအကြားတွင် ကောင်းစွာ ပြင်ဆင်စည်းရုံးထားရှိဖို့ပင် ဖြစ်ပါတယ်။ ယင်းသို့ ပြင်ဆင်မှုကောင်းကောင်းမရှိဘဲ လက်သီးလက်မောင်းတန်းနေကြလျှင် ပိုးသာကုန်မည်၊ လူမှုတော်လှန်ရေးစောင်းကြိုးကို ပိုင်နိုင်ကျွမ်းကျင်စွာ တီးခတ်နိုင်လိမ့်မည်မဟုတ်ပါ။

စစ်အာဏာရှင်စနစ် အကုန်အစင် တိုက်ဖျက်ပစ်နိုင်ဖို့ ကျွန်တော်တို့ ပြည်တွင်းပြည်ပ အင်အားစုအားလုံး ပြင်ပြင်ဆင်ဆင် စည်းစည်းလုံးလုံး လုပ်ကြရအောင်။ ။

ရိုးမ ၃ အကြောင်း

Yoma3 Team
  • Moe Kyaw (Chief Editor) 
  • Nyein Wai (Poetry Editor) 
  • Lu Maw (Webmaster) 
  • Kyaw Min Htaik (Assistance Webmaster) 
  • Lwin Myint (Translator) 
  • Myo Gyi (Staff Writer) 
  • Tun Tun Win (Graphic Designer) 
  • Soe Kyaw (Photo Journalist) 
  • Hein Thu (Data Collector)

    History of Yoma3

    In 1998 pro-democracy activists living in the Thai-Burma border area founded Yoma (3) News Service. It was envisioned as an organization that would fill in the critical information gaps created by the total media blackout that exists inside of Burma.

    In September of 1998, in the Thai border town of Sagkhlaburi, we published the first quarterly issue of Yoma (3) News Journal with a circulation. Open Society Institute, Norwaygian Burma Council, Burma Project funded the publication until issue number 8 in February 2001, when financial support halted.

    The information in our journals was shared with various human-rights organizations, Burmese and international media groups, as well as distributed amongst the general public in Burma, and has been used as source material by numerous human rights publications, radio news wires, and border journals.

    Our efforts have come at high cost as three journalists have been shot by the Thai and Burmese military while in the field. On Feb29, 2000, Thai soldiers in Southern Thailand shot and killed Win Myint, while he was investigating the forced relocation of ethnic Karen people in Karmar Palaw, Southern Thailand. On June 9, 2000, two of our other reporters, Sai Win Htut and Nyan Soe were arrested in Kyauk Tine village, Ye Township, Mon State, Burma and were summarily executed soon after.

    On the Thai side our editorial staff is also in a position of incertitude. As our journal does not have a legal status in Thailand, it the government orders a crackdown we must relocate. This happened in Sangklaburi in 2002 and we have since moved into the northern Thailand area.

    Yoma3 Objectives


    1. In our fight for democracy, we will stand on the people’s side and put forward the correct facts regarding political, economical and social news in the territory of Burma.
    2. To spread up-to-date news regarding oppression and human rights violations inside Burma, to people with internet access locally, regionally and internationally.
    3. To give information about the literature, culture and philosophical ideas from Burma to our people through the web-site.

    Current Activities

    Yoma (3) News Service, now based in Thai-Burma border, was re-launched in 2003 by young activists and currently releases news via e-mail.

    Our team have collected and distributed the following lists from inside Burma.

    * Corruption in Government
    * The Children as Use Soldiers
    * Forced Labor
    * Forced Relocation
    * Suppression of Political Activists
    * HIV / AIDS Crisis
    * Economical, Social and Religious Affairs

    The connection between the lack of journalism in Burma and the lack of human rights is obvious. In any country, honest reporting helps citizens to organize around issues that are important to them. If the government is allowed to have a monopoly on information sharing, its power becomes unchecked and it can act with utter impunity because the majority of the society will just never know.

    In order to maintain its tyrannical regime, the Burmese government commits atrocities on a level that is almost unheard of in the modern world. One reason that both the people of Burma and the international community are helpless to end this repression is a lack of timely and truthful news. News reporting is entirely banned in Burma under penalty of long prison sentences or even death. There are only two major newspapers in Burma – both are government-run propaganda sheets. Both of them are suppose to rally the public behind the wild eyed fantasy that the nation is in the process of increasing economic growth, moving quickly to democracy, and ethnic reconciliation. As propaganda, the papers fail in the sense of convincing anyone – only the generals living in grand mansions would think that people could disregard all of the reality around them in favor of the grandiose delusions printed on these pages.

    In a more subtle way, the government propaganda is quite successful. When people see that the only flow of information allowed and available are lies from the military they feel weak. They feel that repression, like the newspapers, is a daily aspect of their lives and that organizing for a better society is not possible.

    We believe that to improve the human rights situation in Burma, people must first be able to see an example of free speech, an example of speaking out. When people can see a printed page that reflects the reality of their lives, dissent becomes possible. The Burmese government will move to reform only when it feels that it is under the watchful eye of an informed citizenry.

    The international NGOs and United Nation agencies can also give more effective aid in human rights emergencies when they are able to receive quick updates of what is happening inside. It is much more productive for a UN agency to put pressure on the government about an ongoing circumstance, then if they have to wait for months to get this information.

    Previous Activities

    In our journal here were some highlights:
    Former Publication Highlights

    Bulletin No (1) 1998

    * Forced labor is used in Total and Yadana Gas pipelines construction project
    * Forced relocation is used in Total and Yadana Gas pipelines construction project

    Bulletin No (2) January 1999

    * Political prisoners including monks are tortured in Maulmein prison
    * Forced labor is used in Yadana Gas pipeline construction project
    * Forced relocation is used in Yadana Gas pipeline construction project

    Bulletin No (3) June 1999

    * Forced relocation of 30 villages in Tenasserim Division
    * Forced donation in Moulmein City

    Bulletin No (5) April 2000


    * Corruption in the projects of Rangoon City Development Committee
    * Worker abuses in Bandula bridge building project, Rangoon City
    * Abuses of Burmese workers in fishing industry of Ranong area, Southern Thailand

    Bulletin No (6) September 2000


    · Forced relocation in Total gas pipeline project, Tenasserim division

    · Forced donation Kyeikmayaw township for school-building

    · Forced labor in Kyainseikkyi Township, Karen, over one hundred flee to Ranong, Southern Thailand

    · Land confiscation for Total Company’s Yadana Gas pipeline construction project

    · Land confiscation for Win Fa Noan Dam building project in Mu Don Township, Mon State

    · Murder of fishing industry workers in the area of Ranong, Thailand and Kaw Thaung, Burma by employers to silence complaints of poor conditions

    Bulletin No (7) December 2000

    * Land confiscation for a new military camp building project in Ye Township, Mon State
    * Well-ka-lead Village, Thanbyuzayat Township authority seized a 91.8 million kyat worth rubber plant field
    * Forced donation for the highway road building project in Ye Township
    * Forced donation in 42 villages in Mu Don Township
    * Conditions of Mergue prison, Tenasserim Divisin
    o fishing industry workers are killed in Kaw Thaung, Burma

    Bulletin No (8) Febuary 2001


    * Forced relocation for Yadana Gas pipeline construction project in villages of Mon State
    * Forced donation for the road building project in Thanbyuzayat Township, Mon state
    * Forced relocation in Win Fa Noan Dam building project, Mu Don Township, Mon State
    * Authority provoked a religious riot between Muslims and Buddhists in Arakan State
    * Construction in the Unocal and Total Gas pipeline project
    * Forced labor project around Burma in Mon Stat and Tennaseriam Division

    Using our distribution network inside of Burma, half of our circulation was distributed inside of Burma. The other half was distributed amongst migrants, border activists and human rights groups.

    This information collected in these issues, including the photos, has been cited in the Human Rights Year Books of Human Rights Documentation Unit (HRDU), and National Coalition Government of Union of Burma (NCGUB).

    After Yoma (3) lost funding we continued to report and distribute news via email to a large pool of sources and in the past year our information has been cited on BBC Radio Burmese Language, New Era, Burma Independence News Agency’s Mojo and other media groups.