ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jan 14, 2010

ခလရ ၈၀ တပ်တွင်း ပြဿနာဖြစ်ခဲ့

ဗထူး

သဲကုန်းစလင်းရှိ ခလရ(၈၀)တွင် တပ်တွင်းဝင်စစ်ဆေးမှုဖြင့် ပြဿနာဖြစ်ပွားခဲ့သည်။

စရဖက ခမရ(၅) မှာ တည်းတယ်၊ တပ်ကိုဝင်စစ်တယ်၊ တပ်ကအစစ်မခံဘူး၊ ပစ်ခတ်မှုဖြစ်တယ်၊ ရန်ကုန်က ဆင်းလာတာ ခုတော့တိုင်းကိုတင်ထားတယ်၊ ဘယ်လိုလာမလဲတော့မသိသေးဘူး။

Jan 13, 2010

တိုင်းမှူးအမိန့်ဖြင့် နွေစပါးစိုက်ပျိုးနေရပြီး မစိုက်သူများငွေပေးနေရ

ရိုးမ ၃

တိုင်းမှူးအမိန့်ကြောင့် နွေစပါး မဖြစ်မနေစိုက်ပျိုးနေရပြီး မစိုက်နိုင်သည့် လယ်သမားများ ငွေကြေးထည့်ပေးနေရကြောင်း ဒေသခံလယ်သမားတဦးက ပြောသည်။

ဧရာဝတီတိုင်း၊ ဟင်္သာတအပိုင် အင်္ဂပူမြို့နယ်အတွင်း လယ်သမားများအား နွေစပါးဧက တသောင်းစိုက်ခိုင်းနေပြီး မစိုက်ပျိုးနိုင်သည့် လယ်သမား ၆၄ ဦးထံမှ ငွေကျပ် သုံးထောင်ကျော်ကောက်ခံနေလျှက်ရှိသည်။

Jan 11, 2010

စစ်အာဏာရှင်ကြီးတွေရဲ့ အနာဂတ်

မမခင်

မြန်မာပြည်မှာ စစ်တပ် အာဏာကို ချုပ်ကိုင်ခဲ့တာ နှစ်ပေါင်း ၅၀ ဆိုကြပါစို့။ နောက်ဆုံး ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး စစ်အာဏာရှာရယ်လို့ ပြောင်ကျကျ အုပ်ချုပ်ခဲ့တာက နှစ် ၂၀ ကျော်ခဲ့ပါပြီ။ ဒီနှစ်ပေါင်း နှစ်ဆယ်ကျော်ကာလမှာ စစ်အာဏာရှင်တွေဟာ ပြုတ်ကျမသွားသည့်တိုင် သေချာတာကတော့ လူထုရဲ့ ထောက်ခံမှု အစစ်အမှန်ကို မရခဲ့ကြတာပါပဲ။ ၁၉၈၈ ခု လူထုအုံကြွမှုတွေ ဖြစ်ပွားနေတဲ့ကာလ (၉ - ၈ - ၈၈) နေ့ စစ်တပ်က ရန်ကုန်ဆေးရုံကြီးကို အကြမ်းဖက် ပစ်ခတ်ခဲ့ပြီးနောက် မြန်မာပြည်မှာ တပ်မတော် ဂုဏ်ရှိတယ်ဆိုတဲ့ နေ့တွေကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့ပါဘူး။ ၂၀၀၇ ခု ရွှေဝါရောင်တော်လှန်ရေးမှာ မေတ္တာပို့ လမ်းလျှောက်ကြတဲ့ သံဃာတော်မထေရ်မြတ်တွေကို ပစ်ခတ်ခဲ့တာ၊ ရဟန်းသံဃာတော်တွေ သီတင်းသုံးနေထိုင်တဲ့ ကျောင်းတိုက်ပေါင်း လေးဆယ်ကျော်ကို စစ်စခန်းဝင်စီးသလို စီးနင်းဝင်ရောက်ပြီးချိန်မှာတော့ မြန်မာပြည်သူတွေရဲ့ စစ်တပ်ပေါ် ထားရှိတဲ့ သဘောထားဟာ အတော်လေးကို စက်ဆုတ်တဲ့ အနေအထားကို ရောက်ရှိသွားခဲ့တာ လူတိုင်းအသိပါ။ ဒီနေ့ ဒီအချိန်မှာ စစ်တပ်ရဲ့ ဒီလိုကြမ်းတမ်းတဲ့ အပြုအမူတွေရဲ့ အကျိုးဆက်ကတော့ လူထုထဲမှာ စစ်တပ်ရဲ့ ရေပမ်းစားမှု၊ လူထုထောက်ခံမှုဟာ သုညအောက်ရေခဲမှတ်ကို ကျရောက်သွားပြီ ဆိုတာပါပဲ။