ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jan 14, 2011

နိုင်ငံရေးအကျဉ်းသားများအခြေအနေ နှစ်ချုပ်အစီရင်ခံစာ ထုတ်ပြန်

January 14th, 2011 | ရိုးမ ၃

မြန်မာစစ်အစိုးရ အကျဉ်းထောင်များတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ အခြေအနေများနှင့်ပတ်သက်၍ နှစ်ပတ်လည် အစီရင်ခံစာ တစောင်ကို ယခုလ (၃) ရက်နေ့က ထုတ်ဝေခဲ့သည်။

အဆိုပါ အစီရင်ခံစာကို ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

Jan 9, 2011

ဈေးသည်များအခက်ခဲကို အာဏာပိုင်များ မဖြေရှင်းပေးသည့်အတွက် အဖွဲ့ချုပ်ထံ အကူညီတောင်းထား

January 9th, 2011 | ရိုးမ ၃

စည်ပင်သာယာအဖွဲ့၏ မတရားလုပ်ရပ်ကြောင့် သင်္ဃန်းကျွန်းဈေးမှ ဈေးသည်များ အခက်ခဲကြုံနေရပြီး အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သို့ တိုင်တန်းအကူညီ တောင်းခဲ့သည်။

ဈေးကောက်ပေးရောင်းနေသည့် ဈေးသည်များကို နေရာဖမ်းခိုင်းပြီး ဈေးရောင်းခွင့်မပေးတော့သဖြင့် သက်ဆိုင်ရာ စစ်အာဏာပိုင်များထံ အကြောင်းကြားခဲ့သော်လည်း တစုံတရာ ဖြေရှင်းပေးခြင်းမရှိသည့်အတွက် ယခုလ (၇) ရက် နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ သွားရောက်အကူညီ တောင်းခံခဲ့ခြင်းဖြစ်ကြောင်း ဈေးသည်တဦးက ပြောသည်။

Jan 6, 2011

“လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနဲ့ မြန်မာ့ရွေးကောက်ပွဲ (၂၀၁၀)” အမည်ရှိ အစီရင်ခံစာကို ပြည်တွင်းမှ ထုတ်ဝေ

January 6th, 2011 | ကောင်းမြတ်ကျော်

မြန်မာပြည်အတွင်း လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ လှုပ်ရှားဆောင်ရွက်နေသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP) အဖွဲ့က “လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနဲ့ မြန်မာ့ရွေးကောက်ပွဲ (၂၀၁၀)” အမည်ရှိ လေ့လာသုံးသပ်ချက် အစီရင်ခံစာတစောင်ကို ယနေ့ ထုတ်ဝေလိုက်သည်။

Jan 5, 2011

လွတ်လပ်ရေးနေ့အခမ်းအနား ကျောက်ပန်းတောင်းတွင် ကျင်းပ

January 5th, 2011 | ရိုးမ ၃

(၆၃) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အခမ်းအနားကို မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များက ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားကို နံနက် (၉) နာရီမှ (၁၀) နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ပြီး အင်အား (၅၀) ကျော်ခန့် တက်ရောက် ခဲ့ကြသည်။