ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Oct 8, 2009

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၈)

စောကျော်ကျော်မင်း

ကိုဖိုးဖြူအား အမှုအခြေအနေနှင့် ခုခံရေးလမ်းကြောင်းအပိုင်းကို အသေးစိတ် ရှင်းပြလိုက်သည်။ ထိုနေ့ ရုံးချိန်းတွင် ကိုဖိုးဖြူ ပြန်လှန်စစ်မေးလေသည်။

တရားရုံးစလျှင်စချင်း ကိုဖိုးဖြူသည် ရဲလက်စွဲဥပဒေအပိုဒ် (၁၃၈၂) အပိုဒ်ခွဲ (၂)နှင့် အပိုဒ်ခွဲ (၅)တို့ကို ကိုးကားလျက် ရုံးရှေ့ စွပ်စွဲခံရသူများကို လက်ထိပ်ခတ်ထားသည့်အတွက် လက်ထိပ်ဖြုတ်ပေးရန် တရားရုံးတော်ကို တင်ပြလျှောက်ထားလေတော့သည်။

ရဲလက်စွဲဥပဒေ အပိုဒ် (၁၃၈၂)အပိုဒ်ခွဲ (၂)တွင် အာမခံပေးခွင့်မရသော ပြစ်မှုကို ကျူးလွန်၍ ဖမ်းဆီးခံရသောသူ၏ နောက်ကြောင်းရာဇဝင် ဂုဏ်သိက္ခာနှင့် အလုပ်အကိုင်တို့ကို ထောက်ထား၍ လွတ်မြောက်ထွက်ပြေးရန် သို့မဟုတ် ကြမ်းတမ်းစွာ ခုခံရန်အားထုတ်မည့် လက္ခဏာမရှိလျှင် လက်ထိပ်မခတ်ရဟု ဖေါ်ပြထားပြီး၊

အပိုဒ်ခွဲ (၅)တွင် တရားရုံးသို့ ထုတ်ယူသော အမှုစစ်ဆေးဆဲရှိနေသည့် တရားခံများသည် ကြမ်းတမ်းစွာ ပြုမူလိမ့်မည်။ သို့မဟုတ် ထွက်ပြေးရန် အားထုတ်လိမ့်မည်။ သို့မဟုတ် ၎င်းတို့အား လွတ်မြောက်ထွက်ပြေးရန် ပြုလုပ်လိမ့်မည်ဟု ယုံကြည်ရန် လုံလောက်သော အကြောင်းမရှိလျှင် ၎င်းတို့အား ရုံးသွားရုံးပြန် လက်ထိပ်မခတ်ရဟု ဖေါ်ပြထားပေသည်။

အထက်ဖေါ်ပြချက်အရ ကိုဖိုးဖြူသည် “ရုံးရှေ့ စွပ်စွဲခံရသူများ၏ နောက်ကြောင်းရာဇဝင်နှင့် ဂုဏ်သိက္ခာတို့ကို ကြည့်ပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် နိုင်ငံရေးသမားများဖြစ်ကြောင်း၊ နိုင်ငံရေးသမားများသည် မိမိတို့ ယုံကြည်ချက်အတွက် စွန့်လွှတ်အနစ်နာခံနေကြသူများ ဖြစ်ကြောင်း၊ ထိုသူတို့၏ ဂုဏ်သိက္ခာသည် သံသယဖြစ်ဖွယ် လုံးဝ မရှိပါကြောင်း၊ ထို့အပြင် တရားရုံးတော်ရှေ့တွင် အမှုရင်ဆိုင်နေကြသူများဖြစ်ကာ ရုံးထဲတွင်လည်း လုံခြုံရေးအစောင့်အရှောက်များ ရှိနေပါသောကြောင့် လွတ်မြောက်ထွက်ပြေးရန်သော်လည်းကောင်း၊ ကြမ်းတမ်းစွာ ခုခံရန်သော်လည်းကောင်း မဖြစ်နိုင်သည့် အခြေအနေများ ရှိနေပါသဖြင့် တရားစစ်ဆေးနေသည့်အချိန်တွင် လက်ထိပ်ဖြုတ်ပေးပါရန်” တင်ပြလျှောက်ထားသည်။

ကိုဖိုးဖြူသည် လက်ထိပ်ဖြုတ်ပေးရန်တစ်ခုတည်းကိုပင် တင်ပြလျှောက်ထားရာ လျှောက်ထားချိန် နာရီဝက်မျှ ကြာမြင့်လေသည်။

ကိုဖိုးဖြူ ထိုသို့လက်ထိပ်ဖြုတ်ပေးရန် လျှောက်ထားနေသောအချိန်တွင် ကျွန်တော်သည် အလုပ်သင် ရှေ့နေဖြစ်ခါစ၊ ညောင်တုန်းမြို့နယ်မှ ကိုသန်းထွန်းနှင့် ကိုတင်ဌေးတို့အမှုမှ ဖြစ်ရပ်ကလေးတစ်ခုကို အမှတ်မထင် သတိရမိလိုက်သည်။ ၂၀၀၇ ခုနှစ်အတွင်းက ဖြစ်သည်။ ရဲအုပ် ကျော်မြသန်းနှင့် ကိုသန်းထွန်း၊ ကိုတင်ဌေးတို့ အမှုဖြစ်သည်။ ဆရာဦးခင်မောင်ရှိန်က ကိုတင်ဌေးအတွက် လိုက်ပါဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ ကိုသန်းထွန်းအတွက် ဦးမျိုးတင့်ဆိုသည့် ဗဟိုတရားရုံးချုပ်ရှေ့နေတစ်ဦးက လိုက်ပါဆောင်ရွက်ပေးခြင်း ဖြစ်လေသည်။

“စိန်စီသောည” အခွေ သိမ်းဆည်းရမိသောအမှု ဖြစ်သည်။ ကိုသန်းထွန်းကို ပြစ်မှုဥပဒေပုဒ်မ (၅၀၅)(ခ) နှင့် ဗီဒီယိုအက်ဥပဒေ ပုဒ်မ (၃၂)၊ ပုဒ်မ (၃၆)တို့ဖြင့် တရားစွဲဆိုခြင်းဖြစ်ကာ ကိုတင်ဌေးကို ပြစ်မှုဥပဒေပုဒ်မ (၅၀၅)(ခ) ဖြင့် တရားစွဲဆိုသော အမှုဖြစ်သည်။

အမှုစတင်စစ်ဆေးသောနေ့တွင် တာဝန်ကျရဲသားများက ကိုသန်းထွန်းနှင့် ကိုတင်ဌေးကို တရားရုံးသို့ လက်ထိပ်တန်းလန်းဖြင့် ခေါ်ဆောင်လာသည့် အချိန်တွင်ဖြစ်သည်။ မြို့နယ်တရားသူကြီး ဒေါ်စောနွဲ့နွဲ့ဝင်းမှ လက်ထိပ်ဖြုတ်ပေးစေရန် ချက်ချင်းညွှန်ကြား လိုက်သည်ကို ကျွန်တော် အမှတ်မထင် မှတ်မိနေခဲ့သည်။

သို့သော် ယခု ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့အား စစ်ဆေးလျက်ရှိသော တရားရုံးတွင်မူ ကိုဖိုးဖြူမှ လက်ထိပ်ဖြုတ်၍ အမှုသည်များ သက်တောင့်သက်သာဖြင့် တရားစစ်ဆေးစီရင်သည်ကို ခံယူနိုင်ရန် တင်ပြလျှောက်ထားပါသော်လည်း တရားရုံးတော်က လက်ထိပ်ဖြုတ်ခွင့်မပြုကြောင်း အမိန့်ချမှတ်လိုက်သည်။

လက်ထိပ်ဖြုတ်၍ တရားစစ်ဆေးစီရင်သည်ကို ခံယူရန် ဆိုသည်မှာ သာမန်အားဖြင့်ကြည့်လျှင် မည်သို့မျှ အရေးမကြီးသော ကိစ္စတစ်ရပ်ကဲ့သို့ ဖြစ်နေသည်။ သို့ရာတွင် လူ့ဂုဏ်သိက္ခာနှင့် လျှော်ညီစွာ ရပ်တည်နေထိုင်လျက်ရှိသော လူသားတစ်ဦးအနေဖြင့် ဆိုလျှင် ဥပဒေတစ်ရပ်ရပ်ကို ကျူးလွန်ပါသည်ဟု စွပ်စွဲလျက် တရားရုံးတင် စစ်ဆေးလျှက်ရှိသော အချိန်တွင် လက်ထိပ်တန်းလန်းဖြင့် အများပြည်သူ၏ မြင်ကွင်းထဲတွင် လက်ထိပ်ခတ်ခံရခြင်းသည် ကြီးစွာသော စိတ်အားညှိုးငယ်ခြင်းကို ဖြစ်ပေါ်စေမည်မှာ အမှန်ပင်ဖြစ်သည်။ လက်ထိပ်ခတ်ခြင်းခံထားရသည်ကို မြင်ရသူအပေါင်းအနေဖြင့်လည်း အထင်သေး အမြင်သေးသော မျက်လုံးများဖြင့် ကြည့်ရှုကြမည်မှာ အမှန်ပင်ဖြစ်သည်။ ကဲ့ရဲ့ကြမည်မှာ အမှန်ပင်ဖြစ်သည်။

လူသားဖြစ်စဉ်ထဲ၌ လူတိုင်းလူတိုင်းအား လူသားဖြစ်တည်မှု၏ ဂုဏ်သိက္ခာကို အသိအမှတ်ပြုလေးစား၊ တန်ဖိုးထားကြရမည်မှာ ၂၁ ရာစု ယဉ်ကျေးသော လူ့အဖွဲ့အစည်းဝင်တိုင်း ကိုယ်ပိုင်အသိတရားဖြင့် သိသင့်၊ သိထိုက်၊ သိအပ်လှသည့် ပြဌာန်းစရာမလိုသော ဝတ္တရားပင်ဖြစ်သည်။

ရဲလက်စွဲဥပဒေအား ပြုစုပြဌာန်းခဲ့ကြသော ဥပဒေပညာရှင်များသည် ယင်းအချက်ကို ကောင်းစွာသတိပြုလျှက် ရဲများအနေဖြင့် လက်ထိပ်များကို အမှန်တကယ်လိုအပ်မှသာ အသုံးပြုစေရန်အတွက် ရဲလက်စွဲဥပဒေထဲတွင် လက်ထိပ်ခတ်ခြင်းဆိုသည့် ခေါင်းစဉ်ဖြင့် သီးသန့်ထည့်သွင်းပြဌာန်းပေးထားခြင်းဖြစ်ပေသည်။

သို့သော် ရဲများ၏ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိသော ဆောင်ရွက်ချက်များသည်လည်းကောင်း၊ ဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီခြင်းမရှိသော လုပ်ဆောင်ချက်များသည်လည်းကောင်း၊ အမှုစွဲတင် စစ်ဆေးလိုက်သောအချိန်တွင် သက်ဆိုင်ရာ တရားရုံးတွင် ထင်ထင်ရှားရှား ပေါ်ပေါက်လျက်ရှိကြသော်လည်း၊ သက်ဆိုင်ရာ တရားရုံးများက အလေးအနက်ထား ဖြေရှင်းခြင်း မရှိကြတော့ပေ။ တချို့တရားရုံးများသည်ပင်လျှင် ရဲလုပ်ထုံးလုပ်နည်းများ မှားယွင်းစွာ လုပ်ဆောင်ထားကြသည်များကို ရဲများဘက်မှနေ၍ ကာကွယ်ဖြေရှင်းပေးတတ်ကြသည်။ ထို့ကြောင့် ရဲများအနေဖြင့်လည်း ၎င်းတို့ကိုယ်တိုင် လိုက်နာကြရမည့် ရဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို အလေးအနက်ထား လိုက်နာကြတော့ခြင်းမရှိဘဲ ၎င်းတို့စိတ်ထင်သည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်ကြသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာသည်လည်း တစ်စထက်တစ်စ ကျဆင်းလာခဲ့ရာ ယနေ့အချိန်အခါတွင်မူ ကုန်းကောက်စရာ မရှိအောင်ပင် ဖြစ်နေပေတော့သည်။



× × × × ×
ဆက်လက်ရေးသားပါအုံးမည်။


စာဖတ်သူများကိုအစဉ်လေးစားလျက် -
စောကျော်ကျော်မင်း
၁၄.၉.၂၀၀၉

Oct 6, 2009

စစ်ကြောရေးတွင် နှိပ်စက်ခံခဲ့ရသူတဦး ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာ

ရိုးမ ၃

အောင်သပြေစစ်ကြောရေးစခန်းတွင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် တနင်္သာရီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုတိုးအောင် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသည်။

စစ်ကြောရေးစခန်းမှ လွတ်မြောက်လာပြီးနောက် အာဏာပိုင်များစောင့်ကြည့်မှုများကြောင့် နိုင်ငံရေးအလုပ်များ ဆက်လက်လုပ်ဆောင်ရန် ခက်ခဲလာသည့်အတွက် ယခုလ (၄) ရက်နေ့က ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်ကြောရေးကာလအခြေအနေများနှင့် ပတ်သက်၍ “ညှဉ်းပန်းနှိပ်စက်တာတွေ၊ အစာငတ်ထားပြီး နှိပ်စက်တာတွေ ခံခဲ့ရပါတယ်။ အိပ်စက် နားနေချိန်မပေးဘဲ လက်သီးနဲ့ထိုး၊ တုတ်နဲ့ရိုက်တာတွေ လုပ်ပါတယ်။ ရေတောင်မတိုက်ဘူး။ သုံးရက်နေပြီးမှ စစ်ကြောရေးအချုပ်ကို ပို့လိုက်ပါတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ စစ်ကြောရေးကာလအတွင်း အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ ကိုညီညီအောင်အပါအဝင် အခြား ရဟန်းသံဃာများကိုလည်း တွေ့ဆုံခဲ့ရကြောင်း ကိုတိုးအောင်က ဆက်လက်ပြောသည်။

“သံဃာတော် ၇ ပါးလောက်ပါတယ်၊ ဦးဝိသုတ (ချောက်)၊ ဦးကောဝိဒ (ရန်ကုန်ငါးထပ်ကြီးဘုရား လိပ်ပြာကန်ကျောင်းတိုက်)၊ ဦးရေဝတ ( ပခုက္ကူ) ရယ်၊ သူနဲ့အတူ အခြားရခိုင်လူငယ် အယောက် ၂၀ လောက် တွေ့ခဲ့ရပါတယ်။ ဦးရေဝတ၊ ဦးဝါယမ၊ ဦးဝိသုတနဲ့ ဘွဲ့အမည်မသိတဲ့ ဦးဇင်းတပါးလည်း ရှိတယ်” ဟု ပြောသည်။

ထို့အပြင် အသက် (၂၃) နှစ်အရွယ်ခန့် လူငယ်တဦးကိုလည်း ရိုက်နှက်နေသည်ကို မျက်မြင်ကြုံတွေ့ခဲ့ရပြီး ရခိုင်ကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ ခိုင်ကျော်မိုး၊ ကိုသန်းအေး၊ ကိုရဲထက်စိုး၊ ကိုစံသိန်း (ခ) ကိုမောင်မောင်၊ ကျော်ဝင်း၊ ကိုရွှေသန်း၊ ကိုထွန်းလင်းကျော်၊ ဇော်ထွန်းနိုင် တို့ကိုလဲ စစ်ကြောရေးစခန်းမှ (၂၂) ရက်နေ့တွင် အင်းစိန်ထောင်သို့ ပြောင်းရွေ့လိုက်သည်ကို သိရှိခဲ့ရသည်ဟု ပြောသည်။

ကိုတိုးအောင်ကို နယ်မြေခံအာဏာပိုင်များက ပြီးခဲ့သည့်စက်တင်ဘာလ (၁၁) ရက်နေ့ညတွင် ကမာရွက်မြို့နယ်ရှိ ၎င်းနေထိုင်ရာ အဆောင်မှ ခေါ်ဆောင်သွားပြီး အနောက်ပိုင်းခရိုင် ရဲစခန်းသို့ ပို့ဆောင်ခဲ့ကာ (၁၃) ရက်နေ့တွင် အောင်သပြေစစ်ကြောရေးစခန်းသို့ ပို့ဆောင်လိုက်ရခြင်းဖြစ်သည်။

ယင်းကဲ့သို့ အာဏာပိုင်များ ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ “ရွှေဝါရောင်တော်လှန်ရေး နှစ်နှစ်ပြည့် စာရွက်စာတမ်း ဝေတဲ့ကိစ္စနဲ့ ဖမ်းတာ။ သံဃာ့တပ်ပေါင်းစုက ဘယ်သံဃာတွေနဲ့ အဆက်သွယ်ရှိသလဲဆိုတာတွေကို မေးမြန်းပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး ဘာတွေလုပ်ခဲ့သလဲ။ ကိုယ်တိုင် ဖြန့်ဝေတာတွေ လုပ်ခဲ့သလားဆိုတာတွေကို မေးမြန်းပါတယ်။ စာရွက်စာတမ်းတွေ ဘယ်လိုရသလဲ ဆိုတာကို အသေးစိတ် မေးမြန်းပါတယ်” ဟု ပြောသည်။

အာဏာပိုင်များဘက်မှ ကိုတိုးအောင်ကို သက်သေအထောက်အထားများ တစုံတရာ လက်ဝယ်တွေ့ရှိခြင်း မရှိသည့်အတွက် စက်တင်ဘာကိစ္စနဲ့ ပတ်သက်ပြီး ခေါ်ယူသတိပေးသည်ကို သိရှိကြောင်း၊ ပြည်ပမီဒီယာများနှင့် ပြောဆိုခြင်းမလုပ်ရန်တို့ကို ခံဝန်လက်မှတ်ထိုးခိုင်းပြီး (၂၆) ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

ကိုတိုးအောင်သည် ဒေါ်အောင်ဆန်းစုကြည့် တရားပွဲလုံခြုံရေးတာဝန် ယူပေးခဲ့သည့်အတွက် ပထမအကြိမ် အင်းစိန်တွင် အဖမ်းခံခဲ့ရပြီး ၁၉၉၈ ခုနှစ်တွင် ဒုတိအကြိမ်အဖမ်းခံရကာ ထောင်ဒဏ် (၁၃) နှစ် ချမှတ်၍ အင်းစိန်ထောင်၊ မန္တလေးထောင်တို့တွင် နေခဲ့ရသည်။

သူသည် ၂၀၀၅ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာပြီး ထပ်မံဖမ်းဆီးခြင်းများ ခံခဲ့ရကာ ကျိုက္ကဆံစစ်ကြောရေး၊ ပန်ဝါ စစ်ကြောရေးစခန်းတို့တွင် ခေါ်ယူစစ်ဆေးခြင်းများလည်း ခံခဲ့ရသည်။

Oct 5, 2009

မဲဆောက် ဆွမ်းတော်ကြီးလောင်းလှူပွဲ မြန်မာပြည်မှ သံဃာများ ရာနှင့်ချီ၍ လာရောက်

ဖြိုးကြီး

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့တွင် နှစ်စဉ်ပြုလုပ်နေကြ မြို့လုံးကျွတ် ဆွမ်းတော်ကြီး လောင်းလှူပွဲသို့ မြန်မာနိုင်ငံအတွင်းပိုင်းဒေသများမှ သံဃာတော်များ ရာနှင့်ချီကာ အလှူခံလာရောက်ကြသည်။

မြန်မာပြည်တွင် ပြည်သူများ စားဝတ်နေရေးကြပ်တည်းမှုကြောင့် သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲကြုံတွေ့နေရသဖြင့် ယခုကဲ့သို့ လာရောက်ရခြင်းဖြစ်ကြောင်း ပြည်တွင်းမှ ကြွလာသည့် သံဃာတပါးက မိန့်သည်။

“ပဝါသနာ ရက်ကလည်း နီးတာနဲ့ မြဝတီမှာ ဝတ်ပြုရင်း ဒီမှာလည်း ဆွမ်းခံစိမ်းလောင်းတယ်ဆိုတော့ ကြွလာလိုက်တာ၊ ဦးဇင်းတို့ တတွေကြတော့ ဆေးဖိုးဝါးခတောင်မရှိဘူးလေ၊ နောက်ဆုံးကျောင်းမှာ နေဖို့တောင် အခက်အခဲရှိတယ်။ ပစ္စည်းလေးပါးကလည်း ဒီလိုဘဲကြွရင်း ဒကာ ဒကာမတွေဆီက အလှူခံရတာဘဲ၊ သံဃာ့နာယက အဖွဲ့တွေက ဝိနည်းတွေ ဘာတွေ တားမြစ်ပေမဲ့လည်း ဒီလိုမှ အလှူမခံရင် ဦးဇင်းတို့က လူထွက်ပြီး အလုပ်လုပ်စားဖို့ဘဲ ရှိတော့တယ်” ဟု မိန့်သည်။

ပြည်သူလူထု၏ အထွေထွေအကြပ်အတည်းများကြောင့် လွန်ခဲ့သည့်သုံးနှစ်ခန့်မှစတင်ကာ သံဃာများအနေဖြင့် ဝါဆိုရန်အတွက်ပင် အခက်အခဲဖြစ်နေရကြောင်း အဆိုပါ သံဃာတော်က ဆက်လက်မိန့်သည်။

ယနေ့ ပြုလုပ်သည့် ဆွမ်းတော်ကြီးလောင်းလှူပွဲသို့ မြန်မာပြည်အလယ်ပိုင်း မန္တလေး၊ မိထ္ထီလာ၊ မော်လမြိုင်၊ ပဲခူး၊ ဧရာဝတီတိုင်းတို့မှ သံဃာတော်များနှင့် သီလရှင် အပါး (၅၀၀) ခန့် လာရောက်အလှူခံကြသည်။

မြန်မာပြည်သူလူထုအနေဖြင့် အခက်အခဲမျိုးစုံကြုံတွေ့နေရပြီး အလုပ်ကိုင်မဲ့သည့် အခြေအနေများကြောင့် သံဃာတော်များအတွက် ပစ္စည်းလေးပါး ထောက်ပံ့နိုင်ရန် အခက်အခဲများစွာရှိကြောင်း ပဲခူးမြို့မှ ကြွလာသည့် သံဃာတပါးက ဆက်လက်မိန့်သည်။

“ဦးဇင်းတို့ဆီမှာ ဆွမ်းတော့ရတယ် ဆွမ်းဟင်းတော့မရဘူးပေါ့၊ အဲလိုအခြေအနေတွေကြောင့် ဦးဇင်းတို့လည်း ဒီဘက်ကို ထွက်ပြီးအခုလိုလာရတာပေါ့၊ မြန်မာပြည်ရဲ့ စီးပွားရေးစနစ်ကြောင့် ပြည်သူတွေလည်း ရှားပါးလာတယ်၊ ဒကာ ဒကာမတွေကိုမှီငြိမ်းနေတဲ့ ဦးဇင်းတို့အတွက်လည်း အဆင်မပြေတာတွေဖြစ်လာတာပေါ့ ” ဟု မိန့်ကြားသည်။

ဗုဒ္ဓဘာသာထွန်းကားသည့် မြန်မာနိုင်ငံတွင် သံဃာတော်များအနေဖြင့် ပစ္စည်းလေးပါး ထောက်ပံ့မှုများ တဖြည်းဖြည်း ရှားပါးလာသည့်အခြေအနေနှင့် ကြုံတွေ့နေရလျှက်ရှိပြီး စစ်အစိုးရအာဏာပိုင်များကလည်း သံဃာတော်များကို ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်း နည်းမျိုးစုံဖြင့် ကန့်သတ်မှုများ ပြုလုပ်နေလျှက်ရှိသည်။

Oct 4, 2009

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၈)

စောကျော်ကျော်မင်း

ကိုဖိုးဖြူအား အမှုအခြေအနေနှင့် ခုခံရေးလမ်းကြောင်းအပိုင်းကို အသေးစိတ် ရှင်းပြလိုက်သည်။ ထိုနေ့ ရုံးချိန်းတွင် ကိုဖိုးဖြူ ပြန်လှန်စစ်မေးလေသည်။

တရားရုံးစလျှင်စချင်း ကိုဖိုးဖြူသည် ရဲလက်စွဲဥပဒေအပိုဒ် (၁၃၈၂)အပိုဒ်ခွဲ (၂)နှင့် အပိုဒ်ခွဲ (၅)တို့ကို ကိုးကားလျက် ရုံးရှေ့ စွပ်စွဲခံရသူများကို လက်ထိပ်ခတ်ထားသည့်အတွက် လက်ထိပ်ဖြုတ်ပေးရန် တရားရုံးတော်ကို တင်ပြလျှောက်ထားလေတော့သည်။

ရဲလက်စွဲဥပဒေ အပိုဒ် (၁၃၈၂)အပိုဒ်ခွဲ (၂)တွင် အာမခံပေးခွင့်မရသော ပြစ်မှုကို ကျူးလွန်၍ ဖမ်းဆီးခံရသောသူ၏ နောက်ကြောင်းရာဇ၀င် ဂုဏ်သိက္ခာနှင့် အလုပ်အကိုင်တို့ကို ထောက်ထား၍ လွတ်မြောက်ထွက်ပြေးရန် သို့မဟုတ် ကြမ်းတမ်းစွာ ခုခံရန်အားထုတ်မည့် လက္ခဏာမရှိလျှင် လက်ထိပ်မခတ်ရဟု ဖေါ်ပြထားပြီး၊

အပိုဒ်ခွဲ(၅)တွင် တရားရုံးသို့ ထုတ်ယူသော အမှုစစ်ဆေးဆဲရှိနေသည့် တရားခံများသည် ကြမ်းတမ်းစွာ ပြုမူလိမ့်မည်။ သို့မဟုတ် ထွက်ပြေးရန် အားထုတ်လိမ့်မည်။ သို့မဟုတ် ၎င်းတို့အား လွတ်မြောက်ထွက်ပြေးရန် ပြုလုပ်လိမ့်မည်ဟု ယုံကြည်ရန် လုံလောက်သော အကြောင်းမရှိလျှင် ၎င်းတို့အား ရုံးသွားရုံးပြန် လက်ထိပ်မခတ်ရဟု ဖေါ်ပြထားပေသည်။

အထက်ဖေါ်ပြချက်အရ ကိုဖိုးဖြူသည် “ရုံးရှေ့စွပ်စွဲခံရသူများ၏ နောက်ကြောင်းရာဇ၀င်နှင့် ဂုဏ်သိက္ခာတို့ကို ကြည့်ပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် နိုင်ငံရေးသမားများဖြစ်ကြောင်း၊ နိုင်ငံရေးသမားများသည် မိမိတို့ယုံကြည်ချက်အတွက် စွန့်လွှတ်အနစ်နာခံနေကြသူများ ဖြစ်ကြောင်း၊ ထိုသူတို့၏ ဂုဏ်သိက္ခာသည် သံသယဖြစ်ဖွယ် လုံးဝ မရှိပါကြောင်း၊ ထို့အပြင် တရားရုံးတော်ရှေ့တွင် အမှုရင်ဆိုင်နေကြသူများဖြစ်ကာ ရုံးထဲတွင်လည်း လုံခြုံရေးအစောင့်အရှောက်များ ရှိနေပါသောကြောင့် လွတ်မြောက်ထွက်ပြေးရန်သော်လည်းကောင်း၊ ကြမ်းတမ်းစွာ ခုခံရန်သော်လည်းကောင်း မဖြစ်နိုင်သည့် အခြေအနေများ ရှိနေပါသဖြင့် တရားစစ်ဆေးနေသည့်အချိန်တွင် လက်ထိပ်ဖြုတ်ပေးပါရန်” တင်ပြလျှောက်ထားသည်။

ကိုဖိုးဖြူသည် လက်ထိပ်ဖြုတ်ပေးရန်တစ်ခုတည်းကိုပင် တင်ပြလျှောက်ထားရာ လျှောက်ထားချိန် နာရီဝက်မျှ ကြာမြင့်လေသည်။

ကိုဖိုးဖြူ ထိုသို့ လက်ထိပ်ဖြုတ်ပေးရန် လျှောက်ထားနေသောအချိန်တွင် ကျွန်တော်သည် အလုပ်သင် ရှေ့နေဖြစ်ခါစ၊ ညောင်တုန်းမြို့နယ်မှ ကိုသန်းထွန်းနှင့် ကိုတင်ဌေးတို့အမှုမှ ဖြစ်ရပ်ကလေးတစ်ခုကို အမှတ်မထင် သတိရမိလိုက်သည်။ ၂၀၀၇ ခုနှစ်အတွင်းက ဖြစ်သည်။ ရဲအုပ် ကျော်မြသန်းနှင့် ကိုသန်းထွန်း၊ ကိုတင်ဌေးတို့ အမှုဖြစ်သည်။ ဆရာဦးခင်မောင်ရှိန်က ကိုတင်ဌေးအတွက် လိုက်ပါဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ ကိုသန်းထွန်းအတွက် ဦးမျိုးတင့်ဆိုသည့် ဗဟိုတရားရုံးချုပ်ရှေ့နေတစ်ဦးက လိုက်ပါဆောင်ရွက်ပေးခြင်း ဖြစ်လေသည်။

“စိန်စီသောည” အခွေ သိမ်းဆည်းရမိသောအမှု ဖြစ်သည်။ ကိုသန်းထွန်းကို ပြစ်မှုဥပဒေပုဒ်မ (၅၀၅)(ခ)နှင့် ဗီဒီယိုအက်ဥပဒေ ပုဒ်မ (၃၂)၊ ပုဒ်မ (၃၆)တို့ဖြင့် တရားစွဲဆိုခြင်းဖြစ်ကာ ကိုတင်ဌေးကို ပြစ်မှုဥပဒေပုဒ်မ (၅၀၅)(ခ)ဖြင့် တရားစွဲဆိုသော အမှုဖြစ်သည်။

အမှုစတင်စစ်ဆေးသောနေ့တွင် တာဝန်ကျရဲသားများက ကိုသန်းထွန်းနှင့် ကိုတင်ဌေးကို တရားရုံးသို့ လက်ထိပ်တန်းလန်းဖြင့် ခေါ်ဆောင်လာသည့် အချိန်တွင်ဖြစ်သည်။ မြို့နယ်တရားသူကြီး ဒေါ်စောနွဲ့နွဲ့ဝင်းမှ လက်ထိပ်ဖြုတ်ပေးစေရန် ချက်ချင်းညွှန်ကြားလိုက်သည်ကို ကျွန်တော်အမှတ်မထင် မှတ်မိနေခဲ့သည်။

သို့သော် ယခု ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့အား စစ်ဆေးလျက်ရှိသော တရားရုံးတွင်မူ ကိုဖိုးဖြူမှ လက်ထိပ်ဖြုတ်၍ အမှုသည်များ သက်တောင့်သက်သာဖြင့် တရားစစ်ဆေးစီရင်သည်ကို ခံယူနိုင်ရန် တင်ပြလျှောက်ထားပါသော်လည်း တရားရုံးတော်က လက်ထိပ်ဖြုတ်ခွင့်မပြုကြောင်း အမိန့်ချမှတ်လိုက်သည်။

လက်ထိပ်ဖြုတ်၍ တရားစစ်ဆေးစီရင်သည်ကို ခံယူရန်ဆိုသည်မှာ သာမန်အားဖြင့်ကြည့်လျှင် မည်သို့မျှ အရေးမကြီးသော ကိစ္စတစ်ရပ်ကဲ့သို့ ဖြစ်နေသည်။ သို့ရာတွင် လူ့ဂုဏ်သိက္ခာနှင့် လျှော်ညီစွာ ရပ်တည်နေထိုင်လျက်ရှိသော လူသားတစ်ဦးအနေဖြင့်ဆိုလျှင် ဥပဒေတစ်ရပ်ရပ်ကို ကျူးလွန်ပါသည်ဟု စွပ်စွဲလျက် တရားရုံးတင် စစ်ဆေးလျှက်ရှိသော အချိန်တွင် လက်ထိပ်တန်းလန်းဖြင့် အများပြည်သူ၏ မြင်ကွင်းထဲတွင် လက်ထိပ်ခတ်ခံရခြင်းသည် ကြီးစွာသော စိတ်အားညှိုးငယ်ခြင်းကို ဖြစ်ပေါ်စေမည်မှာ အမှန်ပင်ဖြစ်သည်။ လက်ထိပ်ခတ်ခြင်းခံထားရသည်ကို မြင်ရသူအပေါင်းအနေဖြင့်လည်း အထင်သေး အမြင်သေးသော မျက်လုံးများဖြင့် ကြည့်ရှုကြမည်မှာ အမှန်ပင်ဖြစ်သည်။ ကဲ့ရဲ့ကြမည်မှာ အမှန်ပင်ဖြစ်သည်။

လူသားဖြစ်စဉ်ထဲ၌ လူတိုင်းလူတိုင်းအား လူသားဖြစ်တည်မှု၏ ဂုဏ်သိက္ခာကို အသိအမှတ်ပြုလေးစား၊ တန်ဖိုးထားကြရမည်မှာ ၂၁ ရာစု ယဉ်ကျေးသော လူ့အဖွဲ့အစည်းဝင်တိုင်း ကိုယ်ပိုင်အသိတရားဖြင့် သိသင့်၊ သိထိုက်၊ သိအပ်လှသည့် ပြဌာန်းစရာမလိုသော ဝတ္တရားပင်ဖြစ်သည်။

ရဲလက်စွဲဥပဒေအား ပြုစုပြဌာန်းခဲ့ကြသော ဥပဒေပညာရှင်များသည် ယင်းအချက်ကို ကောင်းစွာသတိပြုလျှက် ရဲများအနေဖြင့် လက်ထိပ်များကို အမှန်တကယ်လိုအပ်မှသာ အသုံးပြုစေရန်အတွက် ရဲလက်စွဲဥပဒေထဲတွင် လက်ထိပ်ခတ်ခြင်းဆိုသည့် ခေါင်းစဉ်ဖြင့် သီးသန့် ထည့်သွင်းပြဌာန်းပေးထားခြင်းဖြစ်ပေသည်။

သို့သော် ရဲများ၏ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိသော ဆောင်ရွက်ချက်များသည်လည်းကောင်း၊ ဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီခြင်းမရှိသော လုပ်ဆောင်ချက်များသည်လည်းကောင်း၊ အမှုစွဲတင် စစ်ဆေးလိုက်သောအချိန်တွင် သက်ဆိုင်ရာ တရားရုံးတွင် ထင်ထင်ရှားရှား ပေါ်ပေါက်လျက်ရှိကြသော်လည်း၊ သက်ဆိုင်ရာ တရားရုံးများက အလေးအနက်ထား ဖြေရှင်းခြင်း မရှိကြတော့ပေ။ တချို့တရားရုံးများသည်ပင်လျှင် ရဲလုပ်ထုံးလုပ်နည်းများ မှားယွင်းစွာ လုပ်ဆောင်ထားကြသည်များကို ရဲများဘက်မှနေ၍ ကာကွယ်ဖြေရှင်းပေးတတ်ကြသည်။ ထို့ကြောင့် ရဲများအနေဖြင့်လည်း ၎င်းတို့ကိုယ်တိုင် လိုက်နာကြရမည့် ရဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို အလေးအနက်ထား လိုက်နာကြတော့ခြင်းမရှိဘဲ ၎င်းတို့စိတ်ထင်သည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်ကြသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာသည်လည်း တစ်စထက်တစ်စ ကျဆင်းလာခဲ့ရာ ယနေ့အချိန်အခါတွင်မူ ကုန်းကောက်စရာ မရှိအောင်ပင် ဖြစ်နေပေတော့သည်။


× × × × ×
ဆက်လက်ရေးသားပါအုံးမည်။


စာဖတ်သူများကိုအစဉ်လေးစားလျက်
စောကျော်ကျော်မင်း
၁၄.၉.၂၀၀၉