ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Dec 7, 2010

ကုလအတွင်းရေးမှူးချုပ်က မြန်မာ့အရေးကိစ္စ လုံခြုံရေးကောင်စီတွင် တင်ပြခဲ့

December 7th, 2010 | ရိုးမ ၃

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr. Vijay Nambiar) က မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်၍ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများကို ဒီဇင်ဘာ ၆ ရက်နေ့က တင်ပြခဲ့သည်။

မစ္စတာ နမ်ဘီးယားသည် နက်ပိုင်းတွင် မြန်မာ့မိတ်ဆွေနိုင်ငံများနှင့် တွေ့ဆုံဆွေးနွေပြီး ညနေပိုင်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်၍ အစီရင်ခံစာ တင်သွင်းမည်ဖြစ်သည်။

အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ရောက်ရှိ

December 7th, 2010 | ဥာဏ်မောင်

အရှေအာရှနှင့် ပိစိဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုး ဆက်(ဖ) ၀ိုင်ယွန်း (Joseph Y Yun) သည် မြန်မာ့နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း၏ ဖိတ်ကြားချက်ဖြင့် ယနေ့တွင် နေပြည်တော်သို့ ရောက်ရှိသည်ဟု အစိုးရအရာရှိတဦးက ပြောသည်။

သူသည် မကြာသေးမီက နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာသည့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဟု သတင်းရရှိသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏ သားငယ် မြန်မာပြည်မှ ပြန်လည်ထွက်ခွာ

December 7th, 2010 | ဥာဏ်မောင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားအငယ်ဖြစ်သူ ကိုထိန်လင်း (Kim Aris) သည် ရန်ကုန်မြို့ မှ ယနေ့နံနက် ၈နာရီ ၄၅ မိနစ်အချိန်တွင် ထွက်ခွာသွားပြီဖြစ်သည်။

သူသည် သူ၏မိခင်နှင့် ၂၀၀၀ ခုနှစ်နောက်ပိုင်းကတည်းက ဆယ်စုနှစ်ခန့် မတွေ့ဆုံခဲ့ရဘဲ သူ၏မိခင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့သည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး အချိန်အတော်ကြာကြာ ပြည်ဝင်ခွင့်ဗီဇာ စောင့်ဆိုင်းပြီးမှ နှစ်ပတ်ခန့်တွေ့ဆုံခွင့်ရခဲ့ခြင်း ဖြစ်သည်။