ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Dec 7, 2010

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏ သားငယ် မြန်မာပြည်မှ ပြန်လည်ထွက်ခွာ

December 7th, 2010 | ဥာဏ်မောင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားအငယ်ဖြစ်သူ ကိုထိန်လင်း (Kim Aris) သည် ရန်ကုန်မြို့ မှ ယနေ့နံနက် ၈နာရီ ၄၅ မိနစ်အချိန်တွင် ထွက်ခွာသွားပြီဖြစ်သည်။

သူသည် သူ၏မိခင်နှင့် ၂၀၀၀ ခုနှစ်နောက်ပိုင်းကတည်းက ဆယ်စုနှစ်ခန့် မတွေ့ဆုံခဲ့ရဘဲ သူ၏မိခင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့သည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး အချိန်အတော်ကြာကြာ ပြည်ဝင်ခွင့်ဗီဇာ စောင့်ဆိုင်းပြီးမှ နှစ်ပတ်ခန့်တွေ့ဆုံခွင့်ရခဲ့ခြင်း ဖြစ်သည်။


သူ့အား မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မင်္ဂလာဒုံလေဆိပ်သို့ လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့သည်။

သူနှင့်အတူ Tomorrow Never Dies ဇာတ်ကား နှင့် အော်စကာဆုရ Crouching Tiger, Hidden Dragon ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့သည့် Michelle Yeoh (မစ်ရှယ် ယိုး) လည်း လေယာဉ်တစ်စီးတည်းအတူ ပြန်လည်ထွက်ခွာမည်ဟု သိရသည်။

ဟောင်ကောင်အခြေစိုက် မလေးရှားရုပ်ရှင်သရုပ်ဆောင် Michelle Yeoh (မစ်ချယ်ယိုး) သည် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာတွင် ပါဝင်သရုပ်ဆောင်မည်ဖြစ်၍ ပြီးခဲ့သည့် တနင်္လာနေ့တနေ့လုံး ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် လာရောက်လေ့လာကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက သတင်းထုတ်ဖေါ်ပြောဆိုခဲ့သည်။

မစ်ချယ်ယိုးသည် ၁၉၉၇ ခုနှစ်က ဂျိမ်း(စ)ဘွန်းဇာတ်ကား Tomorrow Never Dies တွင် မင်းသား ပီယာစ်ဘရောစ်နန်နှင့်အတူ သရုပ်ဆောင်ထားသည်။