ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Feb 10, 2010

နှစ်လကျော်ပျောက်ဆုံးနေသည့်ကလေး စစ်တပ်ထဲရောက်နေ

ဖြိုးကြီး

အသက်မပြည့်သေးသည့် ကလေးတဦး စစ်တပ်ထဲရောက်နေကြောင်း ဦးလေးဖြစ်သူထံ ဖုန်းဆက်မှ သိရသဖြင့် ပြန်ခေါ်ရန်အတွက် မိဘများက လမ်းပြကြယ်အဖွဲ့သို့ အကူညီတောင်းခံထားလျှက်ရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့က အလုပ်လုပ်နေစဉ် ပျောက်သွားသည့် မောင်သူဇင်ဦးက ယခုဆန်းပိုင်းတွင် ဦးလေးဖြစ်သူ ကိုအောင်လတ်ထံသို့ ဖုန်းဆက်၍ စစ်သင်တန်းကျောင်း ရောက်နေသည်ဟု ပြောမှ သိရခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူက ပြောသည်။

Feb 9, 2010

စက်ရုံအလုပ်သမားများဆန္ဒပြပွဲကို လုံခြုံရေးထူထပ်စွာချထားလျှက်ရှိ

ရိုးမ ၃

လှိုင်သာယာစက်မှုဇုန်အတွင်းမှ စက်ရုံများတွင် အလုပ်သမားများ ဆန္ဒပြမှု ဖြစ်ပွားနေလျှက်ရှိပြီး လမ်းဘေးတလျှောက် လုံခြုံရေးများတင်းကြပ်စွာ ချထားကြောင်း အလုပ်သမားတဦးက ပြောသည်။

အိုပယ်ဝမ်း၊ အိုပယ်တူး၊ ရပ်စ်(Yes)၊ သုံးထပ်စက်ရုံများမှ အလုပ်သမား (၂၀၀၀)ခန့်သည် ယမန်နေ့ ညနေပိုင်းကတည်းက တောင်းဆိုချက် (၃) ချက် ရရှိရေးအတွက် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ညှိနှိုင်းမှုများပြုလုပ်နေသည်ဟု ပြောသည်။