ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Mar 25, 2010

သူသေကိုယ်ရှင် တိုက်ပွဲဝင် ၂၀၁၀ အိန္ဒိယ သင်္ကြန် သံချပ်

မြို့ခံပြည်သူများကို အာဏာပိုင်များက ခြိမ်းခြောက်မှုများရှိလာ

ဖြိုးကြီး

ဒေသအာဏာပိုင်များက အတိုက်အခံပါတီဝင်များနှင့် ဆက်ဆံနေသူများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်နေကြောင်း မြို့ခံတဦးက ပြောသည်။

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့ပေါ်ရှိ အတိုက်အခံအဖွဲ့ဝင်များ၊ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူများ၏ မိတ်ဆွေ အပေါင်းအသင်းများအား ပြောဆိုခြင်းဖြစ်သည်။