ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Dec 17, 2010

ကျောင်းက ကောက်ခံသည့် ငွေမထည့်နိုင်သူများကို ဆရာမက ရိုက်နှက်

December 17th, 2010 | ရိုးမ ၃

အတန်းပိုင်ဆရာမက ကျောင်းသားများထံ ငွေကြေးကောက်ခံရာတွင် မထည့်နိုင်သည့် ကျောင်းသားများအား ရိုက်နှက်မှုကို ပြုလုပ်နေသည့်အတွက် ကျောင်းသားမိဘများ မကျေမနပ်ဖြစ်နေကြသည်။

Dec 7, 2010

ကုလအတွင်းရေးမှူးချုပ်က မြန်မာ့အရေးကိစ္စ လုံခြုံရေးကောင်စီတွင် တင်ပြခဲ့

December 7th, 2010 | ရိုးမ ၃

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr. Vijay Nambiar) က မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်၍ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများကို ဒီဇင်ဘာ ၆ ရက်နေ့က တင်ပြခဲ့သည်။

မစ္စတာ နမ်ဘီးယားသည် နက်ပိုင်းတွင် မြန်မာ့မိတ်ဆွေနိုင်ငံများနှင့် တွေ့ဆုံဆွေးနွေပြီး ညနေပိုင်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်၍ အစီရင်ခံစာ တင်သွင်းမည်ဖြစ်သည်။

အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ရောက်ရှိ

December 7th, 2010 | ဥာဏ်မောင်

အရှေအာရှနှင့် ပိစိဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုး ဆက်(ဖ) ၀ိုင်ယွန်း (Joseph Y Yun) သည် မြန်မာ့နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း၏ ဖိတ်ကြားချက်ဖြင့် ယနေ့တွင် နေပြည်တော်သို့ ရောက်ရှိသည်ဟု အစိုးရအရာရှိတဦးက ပြောသည်။

သူသည် မကြာသေးမီက နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာသည့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဟု သတင်းရရှိသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏ သားငယ် မြန်မာပြည်မှ ပြန်လည်ထွက်ခွာ

December 7th, 2010 | ဥာဏ်မောင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားအငယ်ဖြစ်သူ ကိုထိန်လင်း (Kim Aris) သည် ရန်ကုန်မြို့ မှ ယနေ့နံနက် ၈နာရီ ၄၅ မိနစ်အချိန်တွင် ထွက်ခွာသွားပြီဖြစ်သည်။

သူသည် သူ၏မိခင်နှင့် ၂၀၀၀ ခုနှစ်နောက်ပိုင်းကတည်းက ဆယ်စုနှစ်ခန့် မတွေ့ဆုံခဲ့ရဘဲ သူ၏မိခင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့သည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး အချိန်အတော်ကြာကြာ ပြည်ဝင်ခွင့်ဗီဇာ စောင့်ဆိုင်းပြီးမှ နှစ်ပတ်ခန့်တွေ့ဆုံခွင့်ရခဲ့ခြင်း ဖြစ်သည်။

Dec 2, 2010

ကြံ့ဖွံ့အာဏာပိုင်က ပြည်သူများထံမှ အဓမ္မငွေကြေးကောက်ခံ

December 2nd, 2010 | ရိုးမ ၃

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအာဏာပိုင်များ၏ အကြောင်းပြ ငွေကြေးကောက်ခံမှုများကြောင့် မြို့ခံများ မကျေမနပ်ဖြစ်နေကြသည်။

Dec 1, 2010

ကမ္ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့ လမ်းလျှောက်ချီတက်ပွဲ ပြုလုပ်

December 1st, 2010 | ရိုးမ ၃

ကမ္ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပညာပေး လမ်းလျှောက်ချီတက်ပွဲကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

Nov 30, 2010

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီး ငြိမ်းချမ်းရေးကောင်စီဝင်များ ဖမ်းဆီးခံရ

November 30th, 2010 | ရိုးမ ၃

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဖက်ခြမ်းတလျှောက်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေလျှက်ရှိပြီး ငြိမ်းချမ်းရေးကောင်စီမှ တပ်ဖွဲ့ဝင်အချို့ကို နအဖတပ်များက ဖမ်းဆီးခေါ်သွားခဲ့သည်။

Nov 28, 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကြိုဆိုပွဲ ဒုက္ခသည်စခန်းတွင် ကျင်းပ

November 28th, 2010 | ရိုးမ ၃

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက်လာမှုကို ကြိုဆိုသည့် အထိမ်းအမှတ်အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် အုန်းပြန့်ဒုက္ခသည်စခန်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားကို ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD-LA) နှင့် အုန်းပြန့်ဒုက္ခသည်စခန်းကော်မတို့က ဦးစီးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Nov 25, 2010

စစ်အစိုးရက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေ

November 25th, 2010 | ဖြိုးကြီး

မြန်မာပြည်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကို အစိုးရကိုယ်တိုင်ကျူးလွန်နေကြောင်းနှင့် ထုံးတမ်းစဉ်လာ ဓလေ့များကြောင့်လည်း ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB) အဖွဲ့တာဝန်ရှိသူများက ပြောသည်။

ယနေ့ကျရောက်သည့် နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB) သဘာပတိအဖွဲ့ဝင် နန့်ဒါးအဲ့ကလယ်က “အိမ်တွင်းအကြမ်းဖက်မှုဆိုတာ မြန်မာ့ထုံးတမ်းစဉ်လာတွေအရ ပြောင်းလဲလို့ မရသေးတာတွေ ရှိတယ်၊ အဲဒါကြောင့် ဆက်ရှိနေဦးမှာဘဲ၊ အစိုးရကိုယ်တိုင်အကြမ်းဖက်မှုတွေကလည်း ဆက်ရှိနေတယ်၊ ကျမတို့ အမျိုးသမီးတွေအပေါ် ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလမှာဘဲ စစ်တပ်က စိတ်ရောဂါ ခံစားနေရသူ အမျိုးသမီးတဦးကို မုဒိမ်းကျင့် ခဲ့တာတွေ ရှိနေတယ်” ဟု ပြောသည်။

Nov 23, 2010

ဒေါ်အောင်ဆန်းစုကြည် သားဖြစ်သူနှင့် ပြန်လည်တွေ့ဆုံ

November 23rd, 2010 | ဉာဏ်မောင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဆယ်စုနှစ်ကျော်ကြာ တွေ့ဆုံခွင့်မရသော သားအငယ်နှင့် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံခွင့်ရသည်။

ယနေ့နံနက်ပိုင်းက ရန်ကုန်လေဆိပ်တွင် ရောက်ရှိလာသော သားအငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်ကို သွားရောက်ကြိုဆို တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ကင်မ်အဲရစ်သည် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ (၁၃) ရက်နေ့ ပြန်မလွတ်ခင်ကတည်းက ထိုင်းနိုင်ငံသို့ရောက်ရှိနေပြီး မြန်မာပြည်သို့ဝင်ရန် ဗီဇာ စောင့်နေခဲ့သည်။

Nov 19, 2010

ဝေါလေတွင် နအဖတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိ

November 19th, 2010 | ရိုးမ ၃

ထိုင်း- မြန်မာနယ်စပ်ဒေသ ကရင်ပြည်နယ်၊ ဝေါလေဂွင်အတွင်း ဒီကေဘီအေတပ်များ ဝန်းရံထားသည့်အတွက် နအဖစစ်တပ်များ ရွာထဲမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိကာ ဒေသခံ ရွာသားများ ဆက်လက်တိမ်းရှောင်နေရသည်။

ယနေ့ မနက် (၃) နာရီခန့်တွင် စစ်အစိုးရတပ်များက ဝေါလေဂွင်၊ ထိပလယ်ရွာအခြေစိုက် စခန်းကနေ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒီကေဘီအေ တပ်မဟာ (၅) တပ်ရင်းမှူး ဗိုလ်မှူးချုပ် စောလားပွယ်က ပြောသည်။

Nov 17, 2010

ဂျပန်နိုင်ငံက မြန်မာပြည်နှင့် အပြုသဘောဆက်ဆံရေး ဆက်လက်ကျင့်သုံးမည်ဟု ပြော

November 17th, 2010 | ဉာဏ်မောင်

စစ်တပ်အုပ်ချုပ်ရေးရှိနေသေးသော မြန်မာပြည်တွင် ဒီမိုကရေစီတိုးတက်ရေးအတွက် နည်းလမ်းတခုအနေဖြင့် အပြုသဘော ဆက်ဆံရေးမူဝါဒကို ဆက်လက်ကျင့်သုံးဦးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး စဲအိဂျိ မအဲဟာရက ယမန်နေ့က ပြောကြားခဲ့သည်။

မြန်မာပြည်တွင် ဆိုက်ကလုံးမုန်တိုင်းကြောင့် ပျက်စီးမှုများအား ပြန်လည်ပြင်ဆင်ရန်အတွက် အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၅ သိန်း ကူညီပြီးကြောင်း တိုကျိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Nov 13, 2010

လူထုခေါင်းဆောင် ပြန်လည်လွတ်မြောက်ပြီ

November 13th, 2010 | ကောင်းမြတ်ကျော်

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်း ၂၁ နှစ်အတွင်း ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ်ဖြင့် နေခဲ့ရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မြန်မာစံတော်ချိန် ၅ နာရီ ၁၅ မိနစ်အချိန်တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ပြီဖြစ်သည်။

ယမန်နေ့မှစ၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မည်ဆိုသည့် သတင်းများကြောင့် ထောင်ဂဏန်းရှိသော အင်န်အယ်ဒီပါတီဝင်များအပါအဝင် ပြည်သူလူထုက သူမ၏ နေအိမ်ရှေ့နှင့် အင်န်အယ်ဒီရုံးချုပ်ရှေ့များတွင် ကြိုဆိုစောင့်ဆိုင်းနေခဲ့ကြသည်။

Nov 12, 2010

လူထုခေါင်းဆောင် ပြန်လွတ်တော့မည်

November 12th, 2010 | ရိုးမ ၃

နေအိမ်အကျယ်ချုပ်ကျခံနေရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးမည်ဟု စစ်အစိုးရ နေပြည်တော်ရပ်ကွက်က စာထုတ်လိုက်ပြီဆိုသည့် သတင်းများကြောင့် ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးတွင် ရာချီသော အဖွဲ့ချုပ်အဖွဲ့ဝင်များ ကြိုဆိုစောင့်ဆိုင်းနေကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ယနေ့ လွတ်မည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့ခံတဦးက “ဒီနေ့ ညနေ ၄ နာရီမှာ ဒေါ်စုကို လွှတ်မှာဖြစ်ပါတယ်၊ စစ်အစိုးရဆီက လိုအပ်တဲ့ စာရွက်စာတမ်းတွေအားလုံး ရနေပါပြီ၊ လက်ရှိမှာလည်း သူမအိမ်ထဲမှာ သံတမန်အချို့နဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေရောက် နေပါပြီ။ တပြိုင်နက်တည်းမှာပဲ ဒေါ်စုအိမ်တဝိုက်မှာလဲ လုံခြုံရေးအဖွဲ့တွေလည်း အတော်များများ ချထားတယ်” ဟု ပြောသည်။

Nov 9, 2010

မြဝတီမြို့ပေါ်မှ ဒီကေဘီအေတပ်များ ဆုတ်ခွါ၊ ဘုရားသုံးဆူတွင် တိုက်ပွဲဆက်ဖြစ်

November 9th, 2010 | ဉာဏ်မောင်

မြဝတီမြို့ပေါ်ရှိ ဒီကေဘီအေတပ်များက ၎င်းတို့ ခြေကုပ်ယူထားသည့် ချစ်ကြည်ရေးတံတားထိပ်နှင့် မြို့တွင်းနေရာများမှ ဆုတ်ခွါသွားပြီ ဖြစ်သော်လည်း ဘုရားသုံးဆူဒေသနှင့် ဒီကေဘီအေ တပ်မဟာ (၅) တည်ရှိရာ ဝေါလေဂွင်များတွင် ယနေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

Nov 8, 2010

ဒီကေဘီအေနှင့် နအဖတပ်များ မြဝတီတွင် တိုက်ပွဲဖြစ်ပွားနေ

November 8th, 2010 | ရိုးမ ၃

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တွင် ဒီကေဘီအေတပ်များနှင့် နအဖတပ်များအကြား ယနေ့နံနက်ပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ဘက်နှင့် အရပ်သားများ ထိခိုက်ဒဏ်ရာရမှုများရှိနေသည်။

Nov 7, 2010

ရွေးကောက်ပွဲ နောက်ဆုံးသတင်းများ

November 7th, 2010 | ရိုးမ ၃

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း

“(၅၃) ရပ်ကွက်ထဲက မဲရုံအမှတ် (၂) မှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ မဲရုံဝန်ထမ်းတချို့က မဲစလစ်ပြားတွေကို လွှင့်ပစ်လို့ မဲထည့်လို့မရတဲ့ အခြေအနေ ဖြစ်နေတယ်။ မဲရုံဝန်ထမ်းတွေက မဲပေးမယ့် မဲစလစ်ပြားတွေ ကြိုပေးတယ်။ အဲဒါရှိမှ မဲပေးဖို့ စာရွက်ထုတ်ပေးတာ။ အဲဒီ မဲစလစ်စာရွက်တွေကို မဲရုံဝန်ထမ်းတွေက လွှင့်ပစ်တာ။ မဲရုံကိုလဲ နှစ်ရုံ တရုံပေါင်းလိုက်ရတဲ့ အခြေအနေဖြစ်နေတယ်”

ဒီကေဘီအေတပ်ဖွဲ့ဝင်များ လက်နက်ကိုင် ဆန္ဒပြနေ

November 7th, 2010 | ရိုးမ ၃

မြန်မာနိုင်ငံတနိုင်ငံလုံးတွင် စစ်အစိုးက အထွေထွေရွေးကောက်ပွဲ ပြုလုပ်နေသည့် တချိန်တည်းမှာပင် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ရွေးကောက်ပွဲဖျက်သိမ်းပေးရန် (DKBA) တပ်ဖွဲ့ဝင်များက လက်နက်များကိုင်ဆောင်ကာ နေရာခွဲ၍ ဆန္ဒပြမှုများ ပြုလုပ်နေလျှက် ရှိသည်။

မဲမသမာမှုများကြောင့် သပိတ်မှောက်မည့် သတင်းများ ထွက်ပေါ်နေ

November 7th, 2010 | ဖြိုးကြီး

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်တွင် မဲပေးနေစဉ်အတွင်း မဲပေးခွင့်ရှိသူစာရင်းများ ကွာခြားမှုနှင့် လွတ်လပ်စွာ မဲပေးခွင့် မရှိခြင်းတို့ကြောင့် အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီက သပိတ်မှောက်မည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း လေ့လာစောင့်ကြည့်သူက ပြောသည်။

“အခု ဘိုကလေးမှာ မဲပေးခွင့်မရသူက ငါးပုံတပုံလောက်ရှိနေတယ်၊ နာဂစ်မဖြစ်ခင်တုန်းက လူဦးရေနဲ့ အခုမဲစာရင်း လူဦး ရေနဲ့ တွက်ကြည့်တဲ့အခါ သေဆုံးတဲ့သူ စာရင်းတွေပြန်ပါနေသလို ဖြစ်နေတယ်၊ အဲလိုဖြစ်တဲ့အခါ အားလုံး မဲပေးခွင့်ရသလို ဖြစ်နေပြန်တယ်” ဟု ပြောသည်။

Nov 6, 2010

ရွေးကောက်ပွဲတရက်အလိုတွင် မဲမပေးရေးလှုပ်ရှားမှုများ ရှိနေဆဲ

November 6th, 2010 | ရိုးမ ၃

နအဖစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲရက်မတိုင်ခင် ယနေ့အထိ ရွေးကောက်ပွဲတွင် မဲမပေးရေးလှုပ်ရှားမှုများ ရှိနေသေးကြောင်း သိရသည်။

Nov 5, 2010

ဝန်ထမ်းများ ယနေ့ ကြိုတင်မဲပေးနေရ

November 5th, 2010 | ရိုးမ ၃

ဟင်္သာတ မြို့ပေါ် ဌာနဆိုင်ရာဝန်ထမ်းအနေဖြင့် ယနေ့တွင် ကြိုတင်မဲပေးမှုများ ပြုလုပ်နေရသည့်အတွက် မကျေမနပ် ဖြစ်နေကြသည်။

လူမှုရေးဖောက်ပြန်သူများ အောက်လွှတ်တော်အတွက် ဝင်ပြိုင်မည်

November 5th, 2010 | ဖြိုးကြီး

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ကြံ့ဖွံ့ပါတီမှ အောက်လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းသည် လူမှုရေးဖောက်ပြန်မှုများ ကျူးလွန်သူတဦးဖြစ်ကြောင်း မြို့ခံက ပြောသည်။

ဒေါက်တာဖုန်းဝင်းကို ပြိုင်ဖက်ပါတီများ မကျေနပ်ဖြစ်နေ

November 5th, 2010 | ရိုးမ ၃

ရွေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်ခွင့် ရထားသည့် ဒေါက်တာဖုန်းဝင်းအား အခြားပြိုင်ဖက်ပါတီမှ မကျေမနပ်ဖြစ်နေကြောင်း မြို့ခံက ပြောသည်။

Oct 22, 2010

ရခိုင်ပြည်နယ်တွင် မုန်တိုင်းတိုက်ခတ် ပြည်သူများစိုးရိမ်နေ

October 22nd, 2010 | ရိုးမ ၃

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ပေါ်တွင် လေပြင်းများတိုက်ခတ်ပြီး မုန်တိုင်းကျရောက်နေသဖြင့် ဒေသခံများ အိမ်ပြင်မထွက်ဘဲ သတိထားနေရကြောင်း ဒေသခံက ပြောသည်။

Oct 21, 2010

နိုင်ငံတော်အလံမီးရှို့ခိုင်းသည့်အတွက် ဝန်ထမ်းများ မကျေနပ်

October 21st, 2010 | ရိုးမ ၃

အထက်အမိန့်အရ ဌာနဆိုင်ရာပေါင်းစုံမှ နိုင်ငံတော်အလံအား ချက်ချင်းဖြုတ်ချ မီးရှို့ခိုင်းသည့်အတွက် ဝန်ထမ်းများ မကျေမနပ်ဖြစ်နေကြသည်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးများတွင် လွှင့်တင်ထားသည့် နိုင်ငံတော်အလံအား ယနေ့ မွန်းလွဲ(၃) နာရီအတွင်း အပြီးမီးရှို့ခိုင်းခြင်းဖြစ်ကြောင်း ဝန်ထမ်းတဦးက ပြောသည်။

Oct 20, 2010

ကြံ့ဖွံ့ကို မဲမပေးလျှင် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေ

October 20th, 2010 | ရိုးမ ၃

၂၀၁၀ ရွေးကောက်ပွဲတွင် မဲမပေးလျှင် ဖမ်းဆီးအပြစ်ပေးမည်ဟု ကြံ့ဖွံ့ပါတီဝင် ကျေးရွာ ရာအိမ်မှူးက ပြောဆိုသည့်အတွက် ဒေသခံရွာသားများ အခက်ခဲကြုံနေရသည်။

Oct 19, 2010

အမျိုးသမီးနှင့်ကလေးငယ်များ ကျန်းမာရေးအခြေအနေ အစီရင်ခံစာထုတ်ပြန်

October 19th, 2010 | ရိုးမ ၃

မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းဒေသအတွင်း စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ကျန်းမာရေးအသုံး စရိတ်လျော့နည်းမှုတို့ကြောင့် အမျိုးသမီးများနှင့်ကလေးငယ်များ ကျန်းမာရေးအခြေအနေ ဆိုးရွားနေမှုများကို ထောက်ပြသည့် အစီရင်ခံစာ ယနေ့ ထုတ်ဝေဖြန့်ချိခဲ့သည်။

Oct 18, 2010

ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီလူငယ်များနေ့ အခမ်းအနားကျင်းပ

October 18th, 2010 | ရိုးမ ၃

သတ္တမအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီလူငယ်များနေ့ အထိမ်းအမှတ်ပွဲကို ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို တိုင်းရင်းသားလူငယ်များအင်အားစု (NY-Forum)၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ကရက် (SYCB)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) (ABFSU-FAC)၊ မျိုးဆက်သစ်လူငယ်များအစည်းရုံး (GW) တို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

Oct 15, 2010

ကြံ့ဖွံ့စည်းရုံးရေး ဒေသခံများစိတ်မဝင်စား

October 15th, 2010။ ရိုးမ ၃

မန္တလေးတိုင်း၊ မိထ္တီလာမြို့နယ်ဘက်တွင် ကြံ့ဖွံ့ပါတီအနေဖြင့် ယခုရက်ပိုင်းအတွင်း ဆိုင်းဘုတ်များထောင် စည်းရုံးမှုများပြုလုပ်နေသော်လည်း ဒေသခံများမှာ ရွေးကောက်ပွဲ မဲပေးရေးကိစ္စနှင့်ပတ်သက်၍ စိတ်ဝင်စားမှုမရှိကြောင်း ဒေသခံတဦးက ပြောသည်။

ကြံ့ဖွံ့ကို မဲမပေးရန် ဌာနဆိုင်ရာအရာရှိက ပြော

October 15th, 2010။ ဖြိုးကြီး

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲမပေးရန် ဌာနဆိုင်ရာ အရာရှိကိုယ်တိုင် ပြောသည့်အတွက် အောက်ခြေဝန်ထမ်းများ ဝမ်းသာရကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ဝန်ထမ်းတဦးက ပြောသည်။

Oct 14, 2010

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဖွဲ့စည်းတည်ထောင်ခြင်း (၂၂)နှစ်မြောက် အခမ်းအနားကျင်းပ

ရိုးမ ၃။ အောက်တိုဘာ ၁၄၊ ၂၀၁၀

အောက်တိုဘာလ (၁၄) ရက်နေ့မှာ ကျရောက်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဖွဲ့စည်း တည်ထောင်ခြင်း (၂၂) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် စစ်အုပ်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈)နှင့် ကျင်းပရန် ရက်ပိုင်းသာ လိုတော့သည့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ကြဆိုသည့် ကြွေးကြော်သံနှင့်အတူ ဆန့်ကျင်တိုက်ဖျက်ရန် နည်းလမ်းများကိုလည်း ပါတီတာဝန်ရှိသူများက အကြံပြုပြောကြားခဲ့သည်။

Oct 13, 2010

ဗုံးခွဲမှု မသင်္ကာဖြင့် အဖမ်းခံထားရသူများ ထောင်ဒဏ်ချမှတ်ခံရ

ဖြိုးကြီး။ အောက်တိုဘာ ၁၃၊ ၂၀၁၀

ဗုံးပေါက်ကွဲမှုနှင့် စွပ်စွဲအဖမ်းဆီးခံရသည့် ကိုညီညီထွန်း(ခ)မီးဒုတ်နှင့် ကိုစိုးမိုးထွန်းတို့ကို အင်းစိန်ထောင်တွင်း တရားရုံးက ယနေ့ ထောင်ဒဏ်အသီးသီး အမိန့်ချမှတ်လိုက်သည်။

ဗုံးတွေ့သည်ဟု အကြောင်းပြ၍ လုံခြုံရေးတိုးမြှင့်ထား

ရိုးမ ၃၊ အောက်တိုဘာ ၁၃၊ ၂၀၁၀

ရန်ကုန်မြို့၊ ကမာရွတ် လှည်းတန်းမီးပွိုင့်အနီး ကုန်တိုက်တွင် ဗုံးဟု ယူဆရသည့် ပေါက်ကွဲစေတက်သည့် ပစ္စည်းတွေ့ရှိမှုနှင့် ပတ်သက်၍ အာဏာပိုင်များက လုံခြုံရေးများ တိုးမြှင့်ချထားလျှက်ရှိသည်။

Oct 9, 2010

စပါးစိုက်လယ်များ ရေမြုပ်နေသည့်အတွက် တောင်သူများ စိုးရိမ်နေရ

ရိုးမ ၃၊ အောက်တိုဘာ ၉၊ ၂၀၁၀

ဧရာဝတီတိုင်းအတွင်း မြစ်ရေတိုးပြီး မိုးရွာသွန်းမှုများကြောင့် မိုးစပါးစိုက်ပျိုးထားသည့် လယ်များ (၄)ရက်ကြာ ရေမြုပ်နေသည့်အတွက် လယ်သမားများ ဒုက္ခရောက်နေရကြောင်း ဒေသခံတဦးက ပြောသည်။

Oct 8, 2010

သမဝါယမဝန်ကြီး ဇလွန်မြို့နယ်တွင် နည်းမျိုးစုံဖြင့် စည်းရုံးရေးလုပ်နေ

ဖြိုးကြီး။ အောက်တိုဘာ ၈၊ ၂၀၁၀

သမဝါယမဝန်ကြီး ဦးတင်ထွဋ်သည် ၂၀၁၀ ရွေးကောက်ပွဲ ကြံ့ဖွံ့ထောက်ခံမဲ ရရေးအတွက် ဇလွန်မြို့နယ်အတွင်း စည်းရုံးမှုမျိုးစုံ ပြုလုပ်နေလျှက်ရှိသည်။

ရန်ကုန်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ပြီး စစ်ဆေးမှုများ တင်းကြပ်လာ

ရိုးမ ၃၊ အောက်တိုဘာ ၈၊ ၂၀၁၀

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် ညမထွက်ရ အမိန့်များထုတ်ပြန်ထားပြီး ဒေသအာဏာပိုင်များက ဧည့်စာရင်း စစ်ဆေးမှုများ တင်းကြပ်စွာ ပြုလုပ်နေလျှက်ရှိသည်။

Oct 7, 2010

လူပေါင်း(၃၀)ကျော်သေသည့် စက်လှေနစ်မြုပ်မှု ရာသီဥတုကြောင့် မဟုတ်ဟုဆို

ရိုးမ ၃၊ အောက်တိုဘာ ၇၊ ၂၀၁၀

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်း ယမန်နေ့ နံနက်ပိုင်းက စက်လှေ တိမ်းမှောက်မှုကြောင့် လူပေါင်းသုံးဆယ်ကျော် သေဆုံးပြီး ရာသီဥတုကြောင့် တိမ်းမှောက်သွားခြင်း မဟုတ်ကြောင်း ဒေခံက ပြောသည်။

Oct 5, 2010

မိတ်ဆွေကြီး ကိုဘကွန်း

လူချင်းမတွေ့ရတာကြာပေမယ့် ဖုန်းအဆက်အသွယ်မပြတ်လို့တော်သေးရဲ့၊ မနေ့တနေ့က ဖုန်း (၂) ရက်ဆက်လို့ (၁) နာရီလောက် ပြောခဲ့ရပေမဲ့ အားမရခဲ့ဘူး။ ရှင်းလင်းအောင် မပြောခဲ့ရဘူး။ ကျွန်တော်ရဲ့ စကားပြောအားနည်းချက်ကြောင့်လည်း ပါမယ်။

ကျောက်ပန်းတောင်းတွင် ကူးစက်ရောဂါကြောင့် သေဆုံးမှုများရှိပြီး ကျောင်းများပိတ်ထားရ

ရိုးမ ၃၊ အောက်တိုဘာ ၅၊ ၂၀၁၀

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့တွင် သွေးလွန်တုပ်ကွေးနှင့် ဦးဏှောက်အမှေးပါးယောင် ရောဂါများကြောင့် လူ (၄)ဦး သေဆုံးမှုများရှိနေပြီး ယမန်နေ့မှ စတင်၍ စာသင်ကျောင်းများ ပိတ်ထားရသည်။

Oct 1, 2010

အာရုံကြောချွတ်ယွင်းမှု ဝေဒနာခံစားနေရသူအား ဆေးကုသခွင့်မရသေး

ရိုးမ ၃၊ ၁ အောက်တိုဘာ၊ ၂၀၁၀

နိုင်ငံရေးအကျဉ်းသား တဦးဖြစ်သူ မောင်နေဝင်းစိုးသည် ဆေးကုသမှု မရသည့်အတွက် အာရုံကြော ချွတ်ယွင်းမှု ဝေဒနာကို (၃) နှစ်နီးပါးကြာ ခံစားနေရကြောင်း ထောင်ဝင်စာတွေ့လာသည့် အဒေါ်ဖြစ်သူက ပြောသည်။

Sep 28, 2010

ပင်စင်စားများ လခတိုးပေးရန် နိုင်ငံတော်အကြီးကဲထံ လက်မှတ်ထိုးတင်ပြ

ရိုးမ ၃။ ၂၈ စက်တင်ဘာ၊ ၂၀၁၀

ဝန်းထမ်းလခ မတိုးခင်က ပင်စင်ယူသွားသည့် ၀န်ထမ်း (၂၈)ဦးက နေစဉ်စားဝတ်နေရေးကြပ်တည်းမှု အခြေအနေတို့ကြောင့် ပင်စင်လခ တိုးမြှင့်ပေးရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ လက်မှတ်ထိုး တင်ပြတောင်းဆိုခဲ့သည်။

Sep 27, 2010

NLD အဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်သွားမည်

ရိုးမ ၃။ ၂၇ စက်တင်ဘာ၊ ၂၀၁၀

စစ်အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ကြေညာထားသော်လည်း ဥပဒေကြောင်းအရ တရားဝင်ခြင်းမရှိသည့်အတွက် ရွေးကောက်ပွဲလွန်ကာလအထိ အဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အတွင်းရေးမှူး (၂) ဦးမိုးဇော်ဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီဖွဲ့စည်းတည်ထောင်ခြင်း (၂၂) နှစ်မြောက် အခမ်းအနားတွင် ပြောကြားခြင်းဖြစ်သည်။

Sep 23, 2010

သစ်တာဝန်ကြီးက ထောက်ခံမဲရရန် လယ်သမားများကို ငွေထုတ်ချေးနေ

ရိုးမ ၃၊ စက်တင်ဘာ ၂၃၊ ၂၀၁၀

သစ်တောဝန်ကြီး ဦးသိန်းအောင်က ရွေးကောက်ပွဲတွင် ၎င်းအားမဲထည့်ရန်အတွက် ဒေသခံလယ်သမားများအား စက်ရေတွင်းတူးရန် ချေးငွေများ ထုတ်ပေးနေလျှက်ရှိသည်။

ယခုလဆန်းပိုင်းမှ စတင်၍ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်း ကျေးရွာအုပ်စု (၆)အုပ်စုမှ လယ်သမားများအား ရေရရှိရေးအတွက် စက်ရေတွင်းများတူးရန် အတိုးနှုန်းဖြင့် ငွေချေးပေးနေခြင်းဖြစ်ကြောင်း ဒေသခံရွာသားတဦးက ပြောသည်။

Sep 21, 2010

ပဋိပက္ခများ ရပ်တန့်ပြီး ငြိမ်းချမ်းရေးတည်ဆောက်လိုကြောင်း PNLO ပြော

ရိုးမ ၃။ စက်တင်ဘာ ၂၁၊ ၂၀၁၀

နအဖ စစ်အုပ်၏ ခိုင်စေမှုကြောင့် ပအိုဝ်းအမျိုးသားအချင်းအချင်း ပဋိပက္ခဖြစ်ပွားမှုများ ရပ်တန့်ပြီး ငြိမ်းချမ်း ရေးတည်ဆောက်လိုကြောင်း ယနေ့ကျရောက်သည့် နိုင်ငံတကာငြိမ်းချမ်းရေးနေ့တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အထွေထွေ အတွင်းရေးမှူး ခွန်မြင့်ထွန်းက ပြောသည်။

ဦးအောင်ခမ်းထီ ခေါင်းဆောင်သည့် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO)သည် အမျိုးသားရေးကိုကျောခိုင်း၍ စစ်အာဏာရှင်အလိုကျ လုပ်ဆောင်နေမှုများရပ်တန့်ရန် ယခုကဲ့သို့ တိုက်တွန်းပြောဆိုခြင်း ဖြစ်သည်။

Sep 17, 2010

ဒို့ဗမာအစည်းအရုံးဝင် သခင်အုန်းမြင့် ကွယ်လွန်

ရိုးမ ၃၊ စက်တင်ဘာ ၁၇၊ ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူမှုအထောက်ကူပြုအဖွဲ့ ဒုဥက္ကဌ သခင်အုန်းမြင့်သည် ယနေ့နံနက် ၄ နာရီခွဲအချိန်တွင် ကွယ်လွန်သွားသည်။

သခင်အုန်းမြင့်သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား (၈)လေးလုံး အရေးတော်ပုံ နောက်ပိုင်း အနီးကပ်ကူညီ စောင့်ရှောက်ခဲ့သူတဦးဖြစ်ကာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင်လည်း ဒို့ဗမာအစည်းအရုံးအဖွဲ့ဝင်တဦးဖြစ် ပါဝင်ခဲ့သူတဦးဖြစ်သည်။

မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အနီးကပ် နေခဲ့သူတဦးဖြစ်သကဲ့သို့ လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် စာရေးဆရာ၊ သတင်းစာဆရာအဖြစ်နှင့် နိုင်ငံရေးအတွေးခေါ် စာပေများရေးသားရာတွင် တိုးတက်ရေး ဦးအုန်းမြင့်အမည်ဖြင့် အထူးထင်ရှားခဲ့သူဖြစ်သည်။

Sep 16, 2010

ကြံ့ဖွံ့စည်းရုံးရေးတွင် ထောက်ခံမဲတပါးတည်းယူနေ

ဖြိုးကြီး၊ ၁၆ စက်တင်ဘာ၊ ၂၀၁၀

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးက စည်းရုံးမှုများပြုလုပ်ရာတွင် ထောက်ခံမဲ တောင်းယူနေခြင်းကို တပါတည်း လုပ်ဆောင်နေလျှက်သည်။

ပုသိမ်မြို့ပေါ်ရှိ အမှတ် (၁)၊ (၆)၊ (၇)၊ (၈)၊ (၁၄)၊ ရပ်ကွက်များတွင်း ယင်းကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း မြို့ခံတဦးက ပြောသည်။

တနေ့တာ အပစ်ခတ်ရပ်စဲရန် ကြေညာသော်လည်း တိုက်ပွဲဖြစ်ပွားခဲ့

ရိုးမ ၃။ ၁၆ စက်တင်ဘာ၊ ၂၀၁၀

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် တနေ့တာ အပစ်ခတ်ရပ်စဲရန် စက်တင်ဘာလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) က ကြေညာချက်ထုတ်ခဲ့သော်လည်း နေ့လည်ပိုင်းတွင် စစ်အစိုးရတပ်များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ယမန်နေ့က အဆိုပါ ကြေညာချက်ထုတ်ပြန်ပြီးနောက် နေ့လည် ၁၁ နာရီခန့်တွင် စကခ (၁၉) လက်အောက်ခံ ခလရ (၂၈၄) တပ်များက (KNU) နယ်မြေ ဝေါ်လေဂွင်းအတွင်းမှ စခန်းကို လာတိုက်သည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Sep 15, 2010

ဗိုလ်သန်းရွှေ တရုတ်ပြည် ခရီးစဉ်သတင်းပေါ်က တွေ့ရတဲ့အချက်အလက်အချို့

တူမောင်ညို

ဘာရည်ရွယ်ချက်ရှိသလဲတော့ မပြောတတ်ပါဘူး။

တပ်တွင်းက နေရာချထားရေးသတင်းတွေကို (နအဖ) စစ်အစိုးရက တိတိကျကျရှင်းရှင်းလင်းလင်း ထုတ်ပြန်တာ မရှိပါဘူး။

အပြောင်းအလဲရှိတယ်ဆိုရင် ပထမဦးစွာ ကောလဟလလိုလိုနဲ့ သတင်းတွေထွက်လာတာကနေ စတာပဲ။ နောက်တော့မှ သတင်းစာထဲမှာ အဲဒီအပြောင်းအလဲတွေကို လက်တွေ့သိကြရတယ်။ (နအဖ) စစ်အုပ်စုရဲ့လုပ်နည်းလုပ်ဟန်တစ်ခုလို့ပဲ မှတ်သားထားရမှာပါ။

Sep 13, 2010

မဲမပေးရေးလှုပ်ရှားမှု စာရွက်များဖြန့်ဝေ

ရိုးမ ၃၊ စက်တင်ဘာ ၁၃၊ ၂၀၁၀

ပဲခူးမြို့ပေါ်တွင် ယနေ့ နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံနှင့် အတူ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲမပေးရန် စည်းရုံးလှုံ့ဆော်သည့် စာရွက်များ ဖြန့်ဝေမှု ဖြစ်ပွားခဲ့သည်။

ပဲခူးမြို့ ရပ်ကွက်ကြီး (၉)၊ မဟာစည်၊ မဟာမြိုင်တို့တွင် အဆိုပါစာရွက်ဖြန့်ဝေမှုများ ပြုလုပ်သွားကြောင်း ဒေသခံတဦးက ပြောသည်။

Sep 9, 2010

(၇၁) နှစ်မြောက် ဆရာတော် အသျှင်ဦးဥတ္တမ အထိမ်းမှတ် အခမ်းအနားကျင်းပ

ဖြိုးကြီး၊ စက်တင်ဘာ ၉၊ ၂၀၁၀

(၇၁) နှစ်မြောက် ဆရာတော် အသျှင်ဦးဥတ္တမ အထိမ်းမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားကို ထိုင်းနိုင်ငံရောက် ရခိုင်တိုင်းရင်းများက စုပေါင်းပြုလုပ်ခြင်းဖြစ်ပြီး ဧည့်ပရိတ်သတ် (၆၀) ကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ ပွဲဖြစ်မြောက်ရေးကော်မတီဝင် တဦးက “ဆရာတော်ဟာ မြန်မာ့လွတ်လပ်ရေးအတွက် မျိုးစေ့ချပေးခဲ့သူ ဖြစ်တယ်၊ ဒါပေမဲ့ မြန်မာပြည်မှာ စစ်အာဏာရှင် တက်လာပြီးကတည်းက အဲလိုအထိမ်းအမှတ်တွေကို ရိုက်ချိုးခံရတယ်၊ အဲဒါကြောင့် လူငယ်တွေက ဆရာတော် ဦးဥတ္တမ ဘာလုပ်ခဲ့တယ်ဆိုတာ မသိကြဘူး အဲဒါတွေကို သိဖို့လိုတယ်၊ သူ့ရဲ့ ကျေးဇူးတရား အကျိုးစွန့်ဆောင်ရွက်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ပြုလုပ်တာဖြစ်တယ်” ဟု ပြောသည်။

အာဏာသုံးစည်းရုံးနေသည့် ကြံ့ဖွံ့ပါတီကို လူထုက မကျေနပ်ဖြစ်နေ

ရိုးမ ၃၊ စက်တင်ဘာ ၉၊ ၂၀၁၀

အာဏာကိုအသုံးချ၍ စည်းရုံမှုပြုလုပ်သည့်အတွက် ကြံ့ဖွံ့ပါတီကို ကော့သောင်းမြို့ ဒေသခံများက မကျေမနပ်ဖြစ်နေကြသည်။

ယနေ့ နေ့လည် ၂ နာရီခန့်က မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဗိုလ်ချုပ်မောင်မောင်သိန်းက ကော့သောင်းမြို့ပေါ်မှ အစ္စလာမ်ဘာသာဝင်များကို အဓိက ပစ်မှတ်ထား စည်းရုံးခြင်းများနှင့် ပတ်သက်၍ ဒေသခံတဦးက ပြောခြင်းဖြစ်သည်။

ပဲခူးမြို့ပေါ် စစ်တပ်က ဥပဒေမဲ့ ပစ်သတ်ခြင်းကြောင့် သေဆုံးခဲ့သည့် လူငယ်နှစ်ဦး၏ ဈာပန ဓါတ်ပုံများ

Sep 8, 2010

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၁၆)

စောကျော်ကျော်မင်း

ကိုတင်ဝင်း၊ ကိုညီညီမင်းတို့အတွက် အာမခံလျှောက်ထားခြင်းကို ပလပ်လိုက်သည့်အတွက် တရားရုံးတွင် တာဝန်ခံမိတ္တူလျှောက်ထားခဲ့ရာ ထိုတာဝန်ခံမိတ္တူရရှိသည့်အခါတွင် တရားသူကြီးကိုယ်တိုင် အမိန့်ချမှတ်စဉ်အခါက ပြောဆိုခဲ့သည့် “လူအများစိတ်ပါဝင်စားသည့်အမှုဖြစ်သောကြောင့် အာမခံမပေးနိုင်” ဆိုသည့် စကားရပ်ကို အမှုတွဲမှတ်တမ်းတွင် ဖေါ်ပြထားခြင်းမရှိဘဲ “အာမခံပေးရန် မသင့်တော်သည့်အမှုဖြစ်သောကြောင့်” ဆိုသည့် အသုံးအနှုန်းကို အစားထိုးသုံးနှုန်းထားသည်။ ထိုအချိန်က မြန်မာ့တရားစီရင်ရေးလောကကို ကျွန်တော်အလွန် စိတ်ပျက်သွားမိသည်။

အာဏာစက်ကိုကြောက်ရွံ့ရသော စစ်အာဏာရှင်လက်အောက် တရားစီရင်ရေးရှိ တရားသူကြီးများသည် အမှုတွဲမှတ်တမ်းကို လိမ်ညာမှတ်တမ်းတင်လောက်အောင်အထိ မြန်မာ့တရားစီရင်ရေးလောက ချို့ယွင်းပျက်စီးချွတ်ချုံ ကျခဲ့ရပေသည်။

ပါ့(စ်)ပို့ မထုတ်ပေးသည့်အတွက် အလုပ်သမားများ ဆန္ဒပြ

ဖြိုးကြီး၊ စက်တင်ဘာ ၈၊ ၂၀၁၀

ထိုင်း- လာအိုနယ်စပ် ထိုင်းဘက်ကမ်း ခွန်ကယ်မြို့ရှိ DECHAPANIC (ဒီချာပဲန်နင်) ပိုက်စက်ရုံမှ မြန်မာအလုပ်သမားများ၏ ပါ့(စ်)ပို့များကို ပြန်မထုတ်ပေးသည့်အတွက် ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွားနေလျှက် ရှိသည်။

အလုပ်သမား (၃၀၀)ခန့်က ၎င်းတို့၏ ပါ့(စ်)ပို့များကို စက်ရုံသူဌေးက သိမ်းဆည်းထားပြီး တနှစ်ပြည့်လျှင် ထုတ်ပေးမည်ဟု ပြောသော်လည်း ပြန်ထုတ်ပေးရာတွင် ပါ့(စ်)ပို့ကပ်ခွာများဖြစ်နေသည့်အတွက် ဆန္ဒပြနေရခြင်းဖြစ်ကြောင်း အလုပ်သမားတဦးက ပြောသည်။

Sep 7, 2010

အသုဘပို့သွားသူများ တားမြစ်စစ်ဆေးခံရ

ရိုးမ ၃။ စက်တင်ဘာ ၇၊ ၂၀၁၀

ပဲခူးမြို့ပေါ် စက်တင်ဘာလ ၄ ရက်နေ့ သန်းခေါင်ယံအချိန်တွင် စစ်တပ်က ဥပဒေမဲ့ ပစ်သတ်ခြင်းကြောင့် သေဆုံးခဲ့သည့် လူငယ်နှစ်ဦး၏ ဈာပနကို ပို့ဆောင်ရန် ရန်ကုန်မှာ ပဲခူးသို့ သွားသူများကို ဒီကနေ့ မနက်ပိုင်းတွင် အာဏာပိုင်များက တားမြစ်ပိတ်ပင်ခဲ့သည်။

လူ့အခွင့်အရေးရှေ့နေ ဦးဖိုးဖြူ အပါဝင် ၁၁ ဦးတို့အား အင်းတကော်စစ်ဆေးရေးဂိတ်တွင် ခေါ်ယူစစ်ဆေးပြီး အသုဘချချိန်ကျော်မှ ပြန်လွှတ်ပေးလိုက်ကြောင်း ရှေ့နေ ဦးဖိုးဖြူက ပြောသည်။

Sep 6, 2010

အရပ်သားများကို ပစ်ခတ်သူများသည် ဆင်ခြင်တုံတရားမဲ့သူဟု ရဲအာဏာပိုင်ပြော

ရိုးမ ၃။ စက်တင်ဘာ ၆၊ ၂၀၁၀

အရပ်သားနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အရာရှိနှင့် စစ်သားများသည် ဆင်ခြင်တုံတရား ကင်းမဲ့သူ ဖြစ်ကြောင်း ရဲအာဏာပိုင်က ဝန်ခံပြောဆိုပြီး ထိရောက်စွာအရေးယူမည်ဟု ပြောသည်။

သေဆုံးသွားသူ မောင်အောင်သူဟိန်း အဖွားဖြစ်သူနှင့် မိခင်ဖြစ်သူတို့ အမှတ်(၁) ရဲစခန်းသို့ သွားရောက် တွေ့ဆုံရာတွင် တာဝန်ရှိသူက ပြောလိုက်ခြင်းဖြစ်ကြောင်း အဒေါ်ဖြစ်သူက ပြောသည်။

Sep 5, 2010

စစ်တပ်အရာရှိနှင့်တပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦးသေဆုံး

ရိုးမ ၃။ စက်တင်ဘာ ၅၊ ၂၀၁၀

ပဲခူးမြို့ပေါ် ညဈေးအနီး မြလမ်းထိပ်တွင် စစ်တပ်အရာရှိများက ဆိုင်ကယ်ချင်းချိတ်မိရာမှ အရပ်သားလူငယ်များကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် လူငယ်နှစ်ဦးသေဆုံးခဲ့သည်။

ယမန်နေ့ည ၁၂ နာရီခွဲခန့်က ကယ်လီဖိုးနီးယား အရက်ဆိုင်မှထွက်လာသည့် စစ်တပ်အရာရှိများစီးလာသော ဆိုင်ကယ်နှင့် လူငယ်များစီးလာသည့် တုတ်တုတ်သုံးဘီးဆိုင်ကယ် ချိတ်မိရာ စစ်တပ်အရာရှိက ၎င်း၏ တပည့်များကိုခေါ်ကာ ပစ်သတ်ခိုင်းခြင်းကြောင့် မောင်အောင်သူဟိန်းနှင့် မောင်စိုးပိုင်ဇော်တို့ ပွဲချင်းပြီးသေဆုံးသွားကြောင်း မောင်အောင်သူဟိန်းရဲ့ အဒေါ်ဖြစ်သူက ပြောသည်။

Sep 4, 2010

လူမှုအကူညီရေး အဖွဲ့ချုပ်ဝင်များက နိုင်ငံရေးအမြင် နှီးနှောဖလှယ်ပွဲပြုလုပ်

ရိုးမ ၃။ စက်တင်ဘာ ၄၊ ၂၀၁၀

မန္တလေးမြို့မှ လူမှုအကူညီရေး အဖွဲ့ချုပ်ဝင်များက ညောင်ဦး၊ ကျောက်ပန်းတောင်းနယ်များသို့ သွားရောက်၍ အကူညီပေးရေးနှင့် နိုင်ငံရေးအမြင် နှီးနှောဖလှယ်ပွဲကို ယနေ့ပြုလုပ်ခဲ့သည်။

လူမှုအကူညီပေးအဖွဲ့ဝင်များအနေဖြင့် ယနေ့ နေ့လည် ၂ နာရီမှ ညနေ ၄ နာရီအထိ ကျောက်ပန်းတောင်းမြို့မှ စည်းရုံးရေးမှူး အဖွဲ့ချုပ်ဝင်များနှင့် တွေ့ဆုံကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်တည်ချက်များကို ချပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဗဟိုလူမှုအကူညီရေးအဖွဲ့မှ ဦးကိုလေးက ပြောသည်။

Sep 2, 2010

သစ်တောဝန်ကြီး ဦးသိန်းအောင် အိမ်သစ်တက်ပွဲပြုလုပ်

ရိုးမ ၃။ စက်တင်ဘာ ၂၊ ၂၀၁၀

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့ပေါ်ရှိ သစ်တောဝန်ကြီး ဦးသိန်းအောင် ရွေးကောက်ပွဲကာလ နေထိုင်မည့် နေအိမ် အိမ်သစ်တက်ပွဲကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

ကျပ်သိန်းပေါင်း နှစ်ထောင်ကျော် အကုန်ကျခံဆောက်လုပ်ထားသည့် အိမ်ဖြစ်ပြီး အင်္ဂပူမြို့နယ်အတွင်း စည်းရုံးရေး လုပ်ငန်းများအတွက် ငွေကျပ် သိန်းပေါင်း သောင်းနှင့်ချီကာ စည်းရုံးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

လခ မထုတ်ပေးသည့်အတွက် ဝန်ထမ်းများဒုက္ခရောက်နေ

ဖြိုးကြီး။ စက်တင်ဘာ ၂၊ ၂၀၁၀

ရန်ကုန်တိုင်း၊ လှိုင်သာယာ နည်းပညာတက္ကသိုလ်မှ ဝန်ထမ်းများ၏ လခကို ပါမောက္ခနှင့် ကျောင်းတွင်းကိစ္စရပ်များ ကိုင်တွယ်နေသည့် စစ်တပ်အငြိမ်းစားတို့က ဖြတ်ယူ၍ အခမဲ့ ခိုင်းစေခြင်းများ ပြုလုပ်နေလျှက်ရှိသည်။

နည်းပညာတက္ကသိုလ်မှ ပါမောက္ခ ဒေါ်သိဂိံနှင့် အငြိမ်းစားဗိုလ်ကြီးများဖြစ်သော ဦးသိန်းစိုးနှင့် ဦးဌေးလွင်တို့က သန့်ရှင်းရေးဝန်ထမ်း(၁၀)ဦးနှင့် လုံခြုံရေးဝန်ထမ်း (၂) ဦးတို့၏ လစာကို ထုတ်ပေးခြင်းမရှိကြောင်း ပညာရေးဝန်ထမ်းတဦးက ပြောသည်။

နဝမအကြိမ်မြောက် NCUB ညီလာခံ ကျင်းပပြီးစီး

ရိုးမ ၃။ စက်တင်ဘာ ၂၊ ၂၀၁၀

နဝမအကြိမ်မြောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ညီလာခံကို ထိုင်း- မြန်မာနယ်စပ်တနေရာတွင် ၅ ရက်ကြာ ကျင်းပပြီးစီးခဲ့သည်။

သြဂုတ်လ (၂၇) ရက်မှ (၃၁) ရက်နေ့အထိ ပြုလုပ်ခဲ့သည့် အဆိုပါ ညီလာခံသို့ ကိုယ်စားလှယ် ၆၅ ဦး တက်ရောက်ခဲ့ကြပြီး ဦးဆောင်တာဝန်ယူမှုများကို ရွေးချယ်ခန့်အပ်ခဲ့သည်။

Sep 1, 2010

“ဗိုက်မှောက်နေရသည့် ဘဝများ” အမည်ရှိ အစီရင်ခံစာ ထုတ်ပြန်

ဖြိုးကြီး။ စက်တင်ဘာ ၁၊ ၂၀၁၀

မြန်မာစစ်အစိုးရ၏ မတရားအခွန် ကောက်ခံနေမှုများနှင့်ပတ်သက်၍ “ဗိုက်မှောက်နေရသည့် ဘဝများ” အမည်ရှိ အစီရင်ခံစာတစောင်ကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ဖြန့်ဝေခဲ့သည်။

အဆိုပါ အစီရင်ခံစာကို လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ)က ထုတ်ဝေဖြန့်ချိခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များ ကလပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အစီရင်ခံစာထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) (ND-Burma)၏ အကြံပေးပုဂ္ဂိုလ် ဦးတိတ်နိုင်က “စစ်အစိုးရအာဏာပိုင်တွေက ပြည်သူလူထုအပေါ် ဥပဒေမဲ့၊ မတရား အခွန်တွေ ကောက်တာတွေကို သိရှိစေဖို့ ကျနော်တို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ယက်က ခေါင်းစဉ်တခု အနေနဲ့ အဲဒီအချက်အလက်တွေကို ကောက်ယူပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခွန်ကောက်ခံမှုတွေဟာ တခြားနိုင်ငံနဲ့မတူတာတွေကို မီးမောင်းထိုးပြတဲ့သဘောပါ” ဟု ပြောသည်။

Aug 31, 2010

စစ်အာဏာပိုင်များက ရွေးကောက်ပွဲစည်းရုံးရေးအတွက် အစည်းဝေးပြုလုပ်

ရိုးမ ၃။ သြဂုတ် ၃၁၊ ၂၀၁၀

ရန်ကုန်တိုင်း၊ ကမာရွတ် မြို့နယ်တွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးများ ပြုလုပ်ရန်အတွက် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း မြို့ခံတဦးက ပြောသည်။

ပြီးခဲ့သည့် (၂၉) ရက်နေ့ နံနက်ပိုင်းက ကမာရွတ်မြို့နယ် အထက(၅) ကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမများပါဝင်ကာ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် လုပ်ငန်းများ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Aug 28, 2010

ငွေကြေးကောက်ခံမှုများကြောင့် ကျောင်းထွက်ရသည့် ကျောင်းသားဦးရေ များလာ

ဖြိုးကြီး။ သြဂုတ် ၂၈၊ ၂၀၁၀

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်းရှိ သဲဖြူကျေးရွာ အလယ်တန်းကျောင်းတွင် ဒေသအာဏာပိုင်များက ငွေးကြေးကောက်ခံမှုများ ပြုလုပ်နေသည့်အတွက် ကျောင်းသားများ ကျောင်းထွက်နှုန်းများလာသည်။

သဲဖြူကျေးရွာအုပ်စု ဥက္ကဌနှင့် ရယက စာရေးဖြစ်သူတို့က အလယ်တန်းကျောင်းဆောက်လုပ်ရန်အတွက် တအိမ်လျှင် ကျပ်( ၅,၀၀၀) နှုန်းကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသခံ ကျောင်းသားမိဘတဦးက ပြောသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခြိမ်းခြောက် စည်းရုံး

ရိုးမ ၃။ သြဂုတ် ၂၈၊ ၂၀၁၀

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်း ကျေးရွာများတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအား မထောက်ခံပါက ထောင်ချမည်ဟု ဒေသခံအာဏာပိုင်များက ပြောဆိုခြိမ်းခြောက်မှုများ ပြုလုပ်နေသည်။

“ကြံ့ဖွံ့ပါတီကို မထောက်ခံရင် စစ်ဆေးမယ်၊ ဖမ်းမယ်လို့ အင်္ဂပူမြို့နယ်၊ ကျဉ်ကြီးအုပ်စုက ဥက္ကဌနဲ့ စာရေးက ပြောထားတာတွေရှိတယ်” ဟု ဒေသခံက ပြောသည်။

Aug 27, 2010

အဖြေနဲ့ လက်တွေ့အလုပ်

တူမောင်ညို။ သြဂုတ် ၂၇၊ ၂၀၁၀

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ရွေးကောက်ပွဲမ၀င်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ မီဒီယာတွေကို ပြောပါတယ်။

“အပြစ်ကြွေး (ပုဒ် ၁၂၂ ၊ ၁၂၄) ကိုဆပ်ပြီးပြီတဲ့၊ ထပ်ပြီးတော့ ကြိုးနဲ့ချီတယ်” တဲ့။

ဒါကြောင့် ရွေးကောက်ပွဲဝင်ဖို့ ဒုတိယမ္ပိ အသနားခံစာ မတင်တော့ဘဲ။ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ တရားဝင် ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လ (၅) ရက်နေ့က (ယူဒီပီ) ပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း ပါတီဥက္ကဋ္ဌ တာဝန်ကနေ နှုတ်ထွက်သွားတယ်။

“ဒီရွေးကောက်ပွဲက လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်လိမ့်မယ် မထင်ဘူး၊ ရွေးကောက်ပွဲနိုင်ငံရေးအခင်းကျင်းနဲ့ ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူနေမှုကနေ ရပ်တန့်လိုက်တာ” လို့ ပြောပြီး နှုတ်ထွက်သွားခဲ့တယ်။

Aug 26, 2010

ဗိုလ်မှူးချုပ်ထိန်မောင်အဖွဲ့ကို နယ်ခြားစောင့်တပ်ပြောင်းရန် ဖိအားပေး

ရိုးမ ၃။ သြဂုတ် ၂၆၊ ၂၀၁၀

ဗိုလ်မှူးချုပ် ထိန်မောင်ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးအတွက် စစ်အစိုးရအာဏာပိုင်များက ယခုလ (၂၄) ရက်နေ့တွင် ဖိအားပေးပြောကြားခဲ့သည်။

စစ်အစိုးရကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်က ငြိမ်းချမ်းရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ခေါ်ယူတွေ့ဆုံကာ ပြောကြားခဲ့ခြင်းဖြစ်သည်။

Aug 25, 2010

(မဒမခ) ဆဌမအကြိမ်မြောက် ညီလာခံ ကျင်းပပြီးစီး

ကောင်းမြတ်ကျော်။ သြဂုတ် ၂၅၊ ၂၀၁၀။

မြန်မာပြည် ဒီမိုကရတစ်မဟာမိတ်အဖွဲ့ချုပ် (မဒမခ) ၏ ဆဌမအကြိမ်မြောက် ညီလာခံကို သြဂုတ်လ (၂၁) ရက်နေ့မှ (၂၄) ရက်နေ့အထိ ၄ ရက်ကြာ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။

ညီလာခံသို့ အဖွဲ့ဝင်အဖွဲ့အစည်း ၂၁ ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း ၄၄ ဦး တက်ရောက်ကာ လက်ရှိဖြစ်ပေါ်နေသော မြန်မာပြည် နိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြ၍ မဟာဗျူဟာ လုပ်ငန်းစဉ် (၇) ရပ်အား ချမှတ်နိုင်ခဲ့ကြကြောင်း သိရသည်။

Aug 23, 2010

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပ

ရိုးမ ၃။ သြဂုတ် ၂၃၊ ၂၀၁၀

ကရင်သက္ကရာဇ် ၂၇၄၉ ခုနှစ်တွင် ကျရောက်သည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲ (လက်ချည်ပွဲ) ကို ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်ရှိ ဆာသူလေ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ “ကျနော်တို့ ဒီပွဲကို မျက်မှောက်ခေတ်မှာ ဆက်လုပ်တယ် ဆိုတာက ကျနော်တို့ ကရင်လူမျိုးရဲ့ ရိုးရာဓလေ့အစဉ်အလာတွေ မပျောက်ပျက်အောင်ရယ်၊ ကရင်လူထုကြားထဲမှာ ခိုင်မာတဲ့ စည်းလုံးညီညွတ်မှုကို ပိုပြီးတည်ဆောင်နိုင်အောင် ရည်ရွယ်ပြီး လုပ်တာပါ” ဟု အခမ်းအနားဖြစ်မြောက်ရေး ကော်မတီဝင် တဦးက ပြောသည်။

မြဝတီမြို့တွင် ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွား

ဖြိုးကြီး၊ သြဂုတ် ၂၃၊ ၂၀၁၀

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက် အထက(၁) အနီးတွင် ယမန်နေ့ ည (၈)နာရီဝန်းကျင်က ဂက်စ်အိုးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်အချို့ မီးလောင်ကျွမ်းခဲ့ကြောင်း မြို့ခံတဦးက ပြောသည်။

ယင်းပေါက်ကွဲမှုမှာ တရားမဝင် ဂက်စ်များကို ဖြန့်ဝေနေသည့် ဂိုတောင်တခု မီးလောင်ရာမှ မှန်လုံကားပေါ်တွင် တင်ဆောင်ထားသည့် ဂက်စ် အိုး(၆၂)လုံး ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

Aug 21, 2010

လေးစားမှုဖြင့် အမြဲသတိတရရှိနေမည်သာ

ကွယ်လွန်သူ ဘဘဦးရွှေအုံးသို့
(တူမောင်ညို)
(၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၀ ရက်)

ယခုစာ၏ ပထမစာပိုဒ်ကို ဝမ်းနည်းကြေကွဲစွာဖြင့် စတင်ရေးသားရပြီး။ နောက်ဆုံးစာပိုဒ်၏ အဆုံးသတ်ပုဒ်မကိုလည်း ဝမ်းနည်းကြေကွဲစွာဖြင့်ပင် ချရပါတော့မည်။ သို့သော်လည်း လေးစားမှုဖြင့် အမြဲသတိတရရှိနေမည်သာ။

USDP ပါတီမြို့နယ်ရုံးဖွင့်ပွဲတွင် ရွေးကောက်ပွဲသပိတ်မှောက်စာရွက် ဖြန့်ဝေ

ဘုန်းခိုင်၊ ၂၁ သြဂုတ်၊ ၂၀၁၀

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး USDP ပါတီက ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် မြို့နယ် ပါတီရုံးဖွင့်ပွဲ အခမ်းအနားတွင် ရွေးကောက်ပွဲဆန့်ကျင်ရေးစာရွက်များ ဖြန့်ဝေသွားခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲဆန့်ကျင်ရေးစာရွက်တွေကို မည်သူတွေက ဖြန့်ဝေခဲ့သည်ကို မသိရဘဲ ထိုစာရွက်တွင်ပါသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ဖတ်ခဲ့ရသည့် ဒေသခံတဦးက ပြောသည်။

Aug 20, 2010

ဆရာမက ကျူရှင်မတက်သည့် ကျောင်းသားတဦးအား အငြိုးထား ရိုက်နှက်

ရိုးမ ၃၊ သြဂုတ် ၂၀၊ ၂၀၁၀

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှ ကျောင်းဆရာမ တဦးက ၎င်းထံတွင် ကျူရှင်မတက်သည့် ကျောင်းသားတဦးအား အငြိုးထား ရိုက်နှက်မှုကြောင့် မိဘများအနေဖြင့် စိုးရိမ်မိကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

မရမ်းကုန်း အမက (၉)မှ ဆရာမက အဆုတ်ရောဂါအခံရှိသည့် သူငယ်တန်းကလေးငယ်ကို ရိုက်နှက်သဖြင့် မိဘများအနေဖြင့် ရောဂါပြန်ဖြစ်လာမှာ စိုးရိမ်နေခြင်းဖြစ်သည်။

Aug 18, 2010

ကြံ့ဖွံ့ပါတီက ချေးငွေ အပိုများကို တဖက်လှည့်အသုံးပြုနေ

ရိုးမ ၃။ သြဂုတ် ၁၈၊ ၂၀၁၀

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် လယ်သမားများကို ကြံ့ခိုင်ဖွံ့ဖြိုးရေးက ငွေချေးရာတွင် ပိုငွေများကို တဖက်လှည့်ဖြင့် အခြားနေရာတွင် အသုံးပြုနေကြောင်း ဒေသခံတဦးက ပြောသည်။

စွမ်းအင်ဝန်ကြီး ဗိုလ်ချုပ်လွန်းသီ ညွှန်ကြားချက်ဖြင့် တောင်သူများကို ငွေချေးရာတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးထဲ ဝင်ရောက်ရန် လက်မှတ်ထိုးခိုင်းခြင်းကြောင့် ချေးငွေမယူသည့် တောင်သူများ၏ ပိုငွေများကို အခြားနေရာတွင် အတိုးနှုန်းကြီးကြီးဖြင့် လှည့်သုံးနေခြင်းဖြစ်သည်။

Aug 15, 2010

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ငွေချေးမှု မမျှတကြောင်း ပြောဆိုသူအဖမ်းခံရ

ရိုးမ ၃။ သြဂုတ် ၁၅၊ ၂၀၁၀

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ချေးငွေထုတ်ပေးပြီး စည်းရုံးမှုများပြုလုပ်နေသည်ကို လှည်းကူးမြို့နယ်အတွင်းက ရွာသားတဦးက ငွေချေးတာ မျှတမှု မရှိကြောင်း ပြောဆိုခဲ့သည့်အတွက် သောကြာနေ့က ဝတ္တရားနှောက်ယှက်မှုဖြင့် ရဲစခန်းတွင် ထိန်းသိမ်းထားသည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဝါးရုံစွန်းကျေးရွာမှ ကိုဇော်မင်းစိုးအား ရယက ဥက္ကဌက ရဲစခန်းသို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံလယ်သမားတဦးက ပြောသည်။

စီဒီအမ်အေဖုန်း လျှောက်ထားသူများ ရန်ပုံငွေပေးနေရ

ဖြိုးကြီး။ သြဂုတ် ၁၅၊ ၂၀၁၀

ယခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်း၊ ဇလွန်၊ ဓနုဖြူမြို့များတွင် စီဒီအမ်အေဖုန်းများချပေးရာတွင် တယက ရန်ပုံငွေပါ ထပ်ပေးနေရကြောင်း ဒေသခံတဦးက ပြောသည်။

တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်းစီ (တယက) ရုံး ရန်ပုံငွေအတွက် ငွေကျပ် (၅) သောင်းပေးနေရသလို တချို့မြို့နယ်များတွင် မယကကိုလည်း ကျပ်ငွေတစ်သောင်း ခွဲပေးဆောင်နေရခြင်း ဖြစ်သည်။

Aug 6, 2010

လုပ်ခရရှိရေးဆောင်ရွက်ပေးနေသူ ရှေ့နေကိုဖိုးဖြူကို ကန်ထရိုက် တပည့်က ထိုးကြိတ်

ရိုးမ ၃။ သြဂုတ် ၆၊ ၂၀၁၀

ဆောက်လုပ်ရေးကန်ထရိုက်၏ တပည့်ဖြစ်သူက အလုပ်သမားလခရရှိရေးအတွက် ဆောင်ရွက်ပေးသူ ရှေ့နေ ဦးဖိုးဖြူအား ထိုးကြိတ်ခဲ့ပြီး အလုပ်သမားများအား ဖိနှိပ်မှုများ ပြုလုပ်နေလျှက်ရှိသည်။

ယခုလ (၄) ရက်နေ့က အလုပ်သမားများအား လုပ်ခမရှင်းပေးဘဲ ရှောင်နေသည့် ကန်ထရိုက် ဦးထွန်းဝေကို သွားရောက်မေးမြန်းပြီးအပြန်တွင် ထိုးကြိတ်ခံရခြင်းဖြစ်သည်။

Aug 4, 2010

အငြိမ်းစားဝန်ထမ်းများ လခတိုးမြှင့်ပေးရန် နိုင်ငံတော်အကြီးကဲထံ တင်ပြတောင်းဆို

ရိုးမ ၃။ သြဂုတ် ၄၊ ၂၀၁၀

ပင်စင်စား ပညာရေးဝန်ထမ်း အယောက် (၅၀) က စားဝတ်နေရေးလုံလောက်မှုမရှိသည့်အတွက် ပင်စင်လခများ တိုးမြှင့်ပေးရန် ဗိုလ်ချုပ်မှူးကြီးထံသို့ စုပေါင်းလက်မှတ်ထိုး တင်ပြတောင်းဆိုမှု ပြုလုပ်ခဲ့သည်။

မနေ့က ရန်ကုန်၊ ပဲခူး၊ ပြည်၊ ဇီးကုန်း၊ သနပ်ပင်၊ ထုံးကြီး၊ ကဝ မြို့နယ်များမှ အငြိမ်းစား ပညာရေးဝန်ထမ်းများက တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း အငြိမ်းစားဝန်ထမ်းတဦးက ပြောသည်။

အပစ်ရပ်အဖွဲ့များအား လက်နက်ကိုင်ဆောင် သွားလာခွင့်ကို ပိတ်ပင်

ဖြိုးကြီး။ သြဂုတ် ၄၊ ၂၀၁၀

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်နက်ကိုင် ယူနီဖောင်းဝတ်၍ သွားလာခွင့် မရှိတော့ စစ်အာဏာပိုင်များက တရားဝင်ခေါ်ယူ ပြောဆိုခဲ့ကြောင်း အပစ်ရပ်တပ်ဖွဲ့ဝင်တဦးက ပြောသည်။

ယခုလ ၂ ရက်နေ့က မြဝတီခရိုင် (စရဖ) ရုံးတွင် ဗိုလ်ကြီးနေလင်းအောင်က (DKBA)၊ ကရင်ငြိမ်းချမ်းရေးအဖွဲ့များနှင့် အခြားအဖွဲ့များအား ခေါ်ယူပြောကြားခဲ့ခြင်း ဖြစ်သည်။

Aug 2, 2010

အင်းစိန်ထောင်တွင်း အဖွဲ့ချုပ်လူငယ်တဦး အာရုံကြောချို့ယွင်းသည့် ဝေဒနာခံစားနေရ

ရိုးမ ၃။ သြဂုတ် ၂၊ ၂၀၁၀

စစ်ကြောရေးတွင် နှိပ်စက်သည့်ဒဏ်များကြောင့် သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် ကိုဌေးအောင်မှာ အာရုံကြောချို့ယွင်းသည့် ဝေဒနာကို ခံစားနေရသည်။

ပဲခူးကလပ် စစ်ကြောရေးတွင် ရိုက်နှက်ထားမှုကြောင့် ဘယ်ဘက်နား ပြည်ယို၍ အကြားအာရုံကြော ထိခိုက်သွားပြီး လုံလောက်သော ဆေးဝါးကုသမှုကို မရရှိခြင်းကြောင့်ဖြစ်ကြောင်း ယနေ့ ထောင်ဝင်စာသွားတွေ့ခဲ့သည့် အမဖြစ်သူ မပူစူးက ပြောသည်။

Jul 30, 2010

သူတို့ပြောတဲ့ (၂၀၀၈) အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ သရုပ်မှန်

တူမောင်ညို 

“၂၀၁၀ ရွေးကောက်ပွဲဟာအဓိကပန်းတိုင်မဟုတ်ဘူး” ၊ ရွေးကောက်ပွဲနည်းနဲ့ စနစ်တစ်ခုကို တိုက်ဖျက်နေတာသာဖြစ်ပါတယ်” လို့ ပြည်တွင်းမှာ သူတို့ နဖူးတွေ့ ဒူးတွေ့ကြုံနေရတာတွေကိုပဲ အသိအမှတ်ပြီး ပြောတာလား/ ဝန်ခံချက်ပေးတာလား /ရင်ဖွင့်တာလားတော့ မပြောတတ်ပါ။ မှတ်ပုံတင်ပါတီတစ်ခုက နိုင်ငံရေးသမားတဖြစ်လည်း ကဗျာဆရာ/ စာရေးဆရာလေးတစ်ဦးရဲ့ “ထွေရာလေးပါး” ဆိုတာထဲမှာ ဖတ်လိုက်ရပါတယ်။

Jul 29, 2010

ဝေမှူးသွင်ရဲ့ အိပ်ချင်မူးတူး အတွေးများ

ကိုဇင်။ ၂၉ ဇူလိုင်၊ ၂၀၁၀

ဝေမှူးသွင်ရေ... “ထွေရာလေးပါးခံယူချက်များ” ဆိုတဲ့ ဆောင်းပါးကလေးကို ဖတ်လိုက်ရတယ်ဗျာ။ ဒီမှာပြောစရာရှိလာတာက သဘောတူတာတွေရော သဘောမတူတာတွေရော ဝေဖန်စရာတွေရောပေါ့။ ဒီစာကို ဒီလိုရေးချင်တယ်ဗျာ။ ခင်ဗျားကိုပဲ တိုက်ရိုက် ပြန်ပြောနေတဲ့ပုံစံမျိုးနဲ့ပေါ့ဗျာ။ အဲ ... ကျနော်တပ်လိုက်တဲ့ခေါင်းစဉ်နဲ့ ပတ်သက်လို့လည်း နည်းနည်းနားလည်ပေးဗျာ။ အထူးသဖြင့် အိပ်ချင်မူးတူး အတွေးများ လို့ ခပ်စွာစွာလေး တပ်လိုက်မိတာ။ နို့ ... ဒီခေါင်းစဉ်လေးက ခင်ဗျားရင်းနှီးပြီးသားလည်း ဖြစ်လိမ့်မယ်ထင်လို့ပါ။

Jul 28, 2010

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၁၅)

စောကျော်ကျော်မင်း 

နောက်တစ်ပတ်ရုံးချိန်းသို့ရောက်သောအခါတွင် တရားသူကြီးသည် အာမခံလျှောက်ထားခြင်းနှင့် ပတ်သတ်၍ အောက်ပါအတိုင်း အမိန့်ချမှတ်လိုက်သည်။

“ပြစ်မှုဥပဒေပုဒ်မ - ၅၀၁ သည် အာမခံပေးရမည့် ပုဒ်မ ဖြစ်သည်မှန်သော်လည်း၊ ယနေ့ရုံးတော်ရှေ့သို့ ကျရောက်လျှက်ရှိသောအမှုသည် လူအများစိတ်ပါဝင်စားသည့် အမှုဖြစ်သောကြောင့် အာမခံပေးရန် လျှောက်ထားခြင်းကို ခွင့်မပြု ပယ်ချကြောင်း” အမိန့်ချမှတ်ခဲ့သည်။

Jul 23, 2010

ပဉ္စလက် တောင်တန်း



(၁)
အိပ်ယာထစေါတဲ့
ဥသြငှက်ဟာ
နေရောင်တံစက်မြိတ်မှာ
ပိတ်ထားတဲ့ လောကတံခါးကို
သီချင်းနဲ့ တွန်းဖွင့်လိုက်တယ်။

ငါ ပုန်းအောင်းအိပ်စက်ခဲ့ရာ
ကျောက်တောင်ရဲ့ထိပ်
နေရောင်လွလွ ဖွဖွဆဆ
ရွရွဆိတ်ဆိတ် သွေးစဖိတ်ကျ
လောကဆည်းဆာ ကဗျာအဖြစ်
ငါ ချစ်လိုက်မိ။

Jul 22, 2010

ကြံ့ဖွံ့ကို ထောက်ခံရန် မှတ်ပုံတင် အခမဲ့လုပ်ပေး

ရိုးမ ၃။ ၂၂ ဇူလိုင်၊ ၂၀၁၀

၂၀၁၀ ရွေးကောက်ပွဲတွင် ထောက်ခံမဲပေးရေးနှင့် ပါတီအင်အား တိုးချဲ့ရန်အတွက် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်တွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ဦးဆောင်၍ မှတ်ပုံတင်အခမဲ့ လုပ်ပေးနေလျှက်ရှိကြောင်း ဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့် သုံးရက်ခန့်မှ စတင်ကာ ဘိုကလေးမြို့ပေါ်တွင် မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန (လဝက) တို့ ပူးပေါင်းကာ လုပ်ဆောင်နေခြင်းဖြစ်သည်။

Jul 21, 2010

နိုင်ငံရေးအကျဉ်းသားများကျန်းမာရေး မိသားစုစိုးရိမ်နေရ

ရိုးမ ၃။ ၂၁ ဇူလိုင်၊ ၂၀၁၀

နယ်ဝေးအကျဉ်းထောင်များတွင် နှစ်ရှည်အကျဉ်းကျခံနေရသည့် လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးနှင့် ကိုဘိုဘိုဝင်းလှိုင်တို့နှစ်ဦးစလုံး ကျန်းမာရေးမကောင်းဖြစ်နေပြီး ထောင်တွင်း ဆေးဝါးကုသမှုလည်း မပြည့်စုံသဖြင့် ၎င်းတို့ကျန်းမာရေးအတွက် စိုးရိမ်နေရကြာင်း မိသားစုဝင်များက ပြောသည်။

နိုင်ငံရေးအကျဉ်းသူ မစုစုနွေးသည် ခန္တီးထောင်တွင် ငှက်ဖျားရောဂါကို ခံစားနေရပြီး မိသားစုများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် ငွေကြေးအခက်အခဲများကြောင့် ထောင်ဝင်စာသွားမတွေ့နိုင်ကြောင်း မစုစုနွေး၏ အမဖြစ်သူက ပြောသည်။

Jul 20, 2010

ပျော့ဖက်စက်ရုံ ဓါတုစွန့်ပစ်ပစ္စည်းများ၏ဆိုးကျိုး ဒေသခံများ ခံစားနေရ

ရိုးမ ၃။ ၂၀ ဇူလိုင်၊ ၂၀၁၀

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းရှိ ပျော့ဖက်စက်ရုံ စွန့်ပစ်ပစ္စည်းများကြောင့် အနီးနားကျေးရွာများမှ ဒေသခံများ ကျန်းမာရေးထိခိုက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှု ဒဏ်များကို ခံနေရကြောင်း ရွာသားတဦးက ပြောသည်။

စက်ရုံမှ စွန့်ပစ်သည့် ရေများက ဒေသခံများ သောက်သုံး အသုံးပြုနေသည့် ချောင်းများသို့ စီးဝင်ကာ ရေထုညစ်ညမ်းမှုနှင့် အခြားအက်စစ်ဓါတ်ပါဝင်သည့် စွန့်ပစ်ပစ္စည်းများမှ အနံ့များကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပွားနေကြောင်း ၎င်းက ပြောသည်။

ခင်ဗျားတို့အခြေအနေနဲ့ ခင်ဗျားတို့အဖြေ

တူမောင်ညို။ ဇူလိုင် ၂၀၊ ၂၀၁၀

စည်းဝိုင်းထဲက နိုင်ငံရေးကတော့ တဖြည်းဖြည်းနဲ့ အသံတွေ ဆူညံလာပါပြီ။

ထူးခြားတာတစ်ခုက အသံတိတ်နေတဲ့ (တစည) အသံထွက်လာတာပါ။ အရင်လိုငြိမ်ခံနေလို့ မဖြစ်တော့ဘူး၊ ထွက်ပြောမှဖြစ်တော့ မယ်လို့ (တစည)တွေ ယူဆပုံ ပေါ်ပါတယ်။ ဒါကြောင့် ဦးချစ်လှိုင်နဲ့ ပွဲစပြီးထွက်လိုက်ပုံ ပေါ်ပါတယ်။

Jul 19, 2010

သမဂ္ဂဖော်ဆောင်ရေးအဖွဲ့ အပါအ၀င် အဖွဲ့ (၅) ဖွဲ့ အာဇာနည်ဗိမာန်သို့ တက်ရောက် အလေးပြု

ဘုန်းခိုင်။ ၁၉ ဇူလိုင်၊ ၂၀၁၀

ရန်ကုန်မြို့က အာဇာနည်ဗိမာန်မှာ စစ်အစိုးရက ပြုလုပ်သည့် (၆၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အာဏာပိုင်တွေ တားမြစ်စစ်ဆေးမှုတွေကြားက ရန်ကုန်မြို့ရှိ အဖွဲ့ (၅) ဖွဲ့မှ လူ (၆၀)လောက် တက်ရောက်အလေးပြု လွမ်းသူ့ပန်းခွေချခြင်း ပြုလုပ်ခဲ့သည်။

ဒီကနေ့ ကျရောက်သည့် (၆၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားပြုလုပ်ရာ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်သို့ အဖွဲ့ (၅) ဖွဲ့မှာ အဖွဲ့ဝင် (၆၀) လောက် အလေးပြု လွမ်းသူ့ပန်းခွေချဖို့ သွားရောက်ခဲ့သည့်အတွေ့အကြုံကို ကိုယ်တိုင်ပါဝင်ခဲ့သူ လူငယ်တဦးက “ကျနော်တို့ အရှေ့ဘက်မုဒ် အာဇာနည်ကုန်းထိပ်ကို ရောက်သွားပါပြီ၊ ကျနော်တို့ လမ်းမှာတော့ အတားအဆီးတွေရှိတယ်၊ ကျနော်တို့ တော်တော်လေးအတိုက်အခံကိုပြောပြီးတော့ သွားရတယ်၊ အရှေ့ဘက်မုဒ် အာဇာနည်ကုန်းထိပ်ရောက်တော့ ငါးယောက်တတန်း ငါးယောက်တတန်းဆိုပြီးတော့ ၀င်ပြီး အလေးပြုခွင့်ရတယ်၊ ”ဟု ပြောသည်၊

အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ

ဖြိုးကြီး။ ဇူလိုင် ၁၉၊ ၂၀၁၀

(၆၃) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားနှင့် လူငယ်စကားဝိုင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)က ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ “စစ်အစိုးရအနေနဲ့က ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု အခန်းကဏ္ဍကို ပျောက်ပျက်မှေးမှိန်အောင် လုပ်ဆောင်နေတယ်၊ အာဇာနည်နေ့ဟာ မြန်မာ့သမိုင်းမှာ ဖျောက်ဖျက်လို့မရတဲ့ မှတ်တမ်းဖြစ်တယ်ဆိုတာကို အဓိက မီးမောင်းထိုးပြချင်တယ်၊ ပြီးတော့ ဒီနေ့ခေတ် လူငယ်တွေကို သမိုင်းလက်ဆင့်ကမ်းချင်တဲ့အတွက် ဒီအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဒုဥက္ကဌ ဒေါက်တာအေးကျော်က ပြောသည်။

Jul 14, 2010

ဝန်ကြီး စည်းရုံးရေးခရီးစဉ်တွင် ဂျာနယ်ဖတ်ရန် တိုက်တွန်းခဲ့

ရိုးမ ၃။ ဇူလိုင် ၁၄၊ ၂၀၁၀

ပညာရေး ဒုဝန်ကြီး၏ ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်တွင် The Voice ဂျာနယ်ဖတ်ရန် တိုက်တွန်းသွားပြီး အခြားစည်းရုံးမည့်ပါတီများကို မယုံကြရန် ပြောဆိုခဲ့ကြောင်း ကျောင်းသားတဦးက ပြောသည်။

ယခုလ (၈) ရက်နေ့က မိတ္ထီလာ စီပွားရေးတက္ကသိုလ်သို့ ပညာရေး ဒုဝန်ကြီး အောင်မျိုးမင်းရောက်ရှိကာ ရွေးကောက်ပွဲတွင် မည်သည့်ပါတီကို မဲပေးသင့်သည်ကို ပြောဆိုသွားခြင်း ဖြစ်သည်။

Jul 12, 2010

ကလေးငယ် ရာနှင့်ချီ၍ သွေးလွန်တုတ်ကွေးဖြစ်နေ

ဖြိုးကြီး။ ဇူလိုင် ၁၂၊ ၂၀၁၀

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ကလေးငယ် ရာနှင့်ချီ၍ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားနေလျှက်ရှိပြီး သေဆုံးမှုများလည်း ရှိနေကြောင်း ဆေးရုံအသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

ယခုလဆန်းပိုင်းမှ စတင်ကာ ဖြစ်ပွားခြင်းဖြစ်ပြီး ယခုလ(၉) ရက်နေ့ စာရင်းအရ သွေးလွန်တုတ်ကွေးဖြစ်ပွားသူ ကလေးငယ် (၁၁၉) ယောက်ရှိကြောင်း ၎င်းက ပြောသည်။

Jul 10, 2010

ကလေးစစ်သားပြန်ခေါ်ရန် မိဘများက လမ်းပြကြယ်ထံ အကူညီတောင်းထား

ရိုးမ ၃။ ဇူလိုင် ၁၀၊ ၂၀၁၀

ဦးလေးဖြစ်သူထံတွင် အလုပ်လုပ်နေသည့် အသက် (၁၅) နှစ်အရွယ် ကလေးငယ်တဦး ပျောက်ဆုံးနေခဲ့ရာ (၅) လကျော်မှ စစ်သင်တန်းကျောင်းရောက်နေသည်ကို သိရသဖြင့် မိဘများက ပြန်လည်ခေါ်ဆောင်နိုင်ရန် ပဲခူးမြို့ရှိ လမ်းပြကြယ်အဖွဲ့သို့ အကူညီတောင်းထားသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ဦးလေးထံတွင် အလုပ်လုပ်နေစဉ် မောင်မင်းကိုသက် (ခ) ပိုင်ငြိမ်းချမ်းဆိုသူမှာ ပျောက်ဆုံးသွားခဲ့ပြီး ယမန်နေ့က ဖုန်းဆက်လာမှ စစ်တပ်ထဲရောက်နေသဖြင့် ပြန်လည်ခေါ်ယူနိုင်ရန် လိုက်လံလုပ်ဆောင်နေခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ခင်မာက ပြောသည်။

Jul 9, 2010

ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝတ်စုံများ အခမဲ့ပေးဝေနေ

ဘုန်းခိုင်။ ဇူလိုင် ၉၊ ၂၀၁၀

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်တွင် အဖြူနှင့် အစိမ်းရောင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းသားများ ဝတ်ဆင်သည့် ဝတ်စုံများကို မြို့နယ်ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးက ဒီကနေ့ မနက်ပိုင်းကစပြီး အခမဲ့ ဝေငှပေးနေကြောင်း ကျောက်ပန်းတောင်း ဒေသခံများက ပြောသည်။

ကလေးစစ်သားလွတ်ပေးဖို့ မိဘများက တောင်းပန်သော်လည်း အခုထိ ပြန်မလွတ်သေး

ရိုးမ ၃။ ဇူလိုင် ၉၊ ၂၀၁၀

ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ အမှတ် (၁၀) စစ်အခြေခံ လေ့ကျင့်ရေးကျောင်းတွင် စစ်သင်တန်းတက်နေရသည့် အသက် (၁၅) နှစ်အရွယ် မောင်ဝေယံမိုး လွတ်မြောက်ဖို့ မိဘဖြစ်သူများက သက်ဆိုင်ရာ အထက်အာဏာပိုင်များထံ မေလအတွင်းက တင်ပြထားသော်လည်း ယခုအချိန်ထိ လွတ်မြောက်လာခြင်းမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၄) ရက်နေ့က စစ်သားအဖြစ်စုဆောင်းခံလိုက်ရသည့် မောင်ဝေယံမိုးက စစ်တပ်ထဲတွင် မနေလိုသည့်အတွက် မိဘများက သင်တန်းကျောင်းတပ်မှူးထံသို့ ကလေး၏ ကိုယ်ရေးရာဇဝင် အပြည့်အစုံနှင့် ထောက်ခံစားများ တင်ပြခဲ့သော်လည်း တစုံတရာ မသိရသေးခြင်းဖြစ်သည်။

Jul 7, 2010

ရွေးကောက်ပွဲကို ဖျက်သိမ်းရေးအတွက် အမျိုးသားရေးတာဝန်အဖြစ်လုပ်ဆောင်ရန်လိုအပ်ဟု ပြော

ဖြိုးကြီး။ ဇူလိုင် ၇၊ ၂၀၁၀

၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်သိမ်းပစ်ရန် ကျောင်းသားလူငယ်များနှင့် ပြည်သူလူထုတရပ်လုံးက အမျိုးသားရေးတာဝန်အဖြစ် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) တာဝန်ခံ ဦးမင်းနိုင်က ပြောသည်။

ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်သည့် (၄၈) နှစ်မြောက် ၇ ရက်ဇူလိုင် အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားတွင် ပြောခြင်းဖြစ်သည်။

“နအဖ စစ်အာဏာရှင်တွေဟာ ပြည်သူတွေအပေါ်မှာ မြန်မာပြည်ရဲ့ စီးပွားရေးအားလုံးကို လက်ဝါးကြီးအုပ်ပြီး သူတို့အာဏာတည်မြဲ သက်ဆိုးရှည်ရေးကို ဒီကနေ့မှာ ကြိုးစားနေတာ အားလုံးအသိပဲ ဖြစ်တယ်၊ ဒီဖွဲ့စည်းပုံကို အသက်ဝင်ခံလို့မဖြစ်ဘူး၊ ကျနော်တို့ ကျောင်းသားပြည်သူတရပ်လုံးရဲ့တာဝန်ဟာ အဲဒါကို ဖျက်သိမ်းရမယ်” ဟု ဦးမင်းနိုင်က ပြောသည်။

Jul 6, 2010

စစ်တွေမြို့ ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြမှု ဖြစ်ပွား

ရိုးမ ၃။ ၆ ဇူလိုင်၊ ၂၀၁၀

ရခိုင်ပြည်နယ်၊ စစ်တွေ နည်းပညာတက္ကသိုလ်မှ ကျောင်းသား (၄၀၀) နီးပါးခန့် ယမန်နေ့ နေလည် (၁) နာရီက လမ်းလျှောက်ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။

ကျောင်းကြိုပို့ ကားမလုံလောက်မှုနှင့် ကားခဈေးနှုန်းများ နှစ်ဆခန့်တက်သွားသည့်အတွက် ကျောင်းသားများ မြို့နှင့် ၁၆ မိုင်ဝေးသည့် ကျောင်းမှ မြို့ထဲသို့ ခြေလျင်လျှောက်ကာ ပြန်လာကြပြီး ဆန္ဒပြ တောင်းဆိုကြခြင်း ဖြစ်သည်။

Jul 2, 2010

အထက်တန်းကျောင်းသားများ ကျောင်းဆင်းကျောင်းတက်ချိန်တွင် အုပ်စုဖွဲ့ ရိုက်နှက်ခံနေရ

လွန်းဒင်။ ဇူလိုင် ၂၊ ၂၀၁၀

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ အ.ထ.က (၂) ကျောင်းရှိ ကျောင်းသားများ ကျောင်းဆင်းကျောင်းတက်ချိန်များတွင် အရပ်သားများက အုပ်စုဖွဲ့ ၀ိုင်းဝန်းရိုက်နှက်ခံရမှုများ အခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အပေါင်းအသင်းများနှင့် အစ်ကိုတွေကို ပြန်ပြောရာမှ ကျောင်းသားတွေကို အရပ်သားများက အုပ်စုဖွဲ့ ရိုက်နှက်မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

မိုးစပါး စိုက်ပျိုးဖို့ လယ်သမားများအခက်ကြုံပြီး စပါးထွက်နှုန်းလျော့ကျနိုင်

ရိုးမ ၃။ ဇူလိုင် ၂၊ ၂၀၁၀

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်အတွင်းရှိ လယ်သမားများ မိုးနည်းသည့်အတွက် ပျိုးသက် ရက်ကျော်သည့်အချိန်ထိ စပါးစိုက်ပျိုးရန် အခက်ခဲများကြုံနေရပြီး ယခုနှစ် မိုးစပါးအထွက်နှုန်း လျော့ကြနိုင်ကြောင်း ဒေသခံ လယ်သမားတဦးက ပြောသည်။

ပျိုးချထားသည့် စပါးများမှ ပျိုးသက်ကျော်သွားသော်လည်း စိုက်ပျိုးရန် မိုးလုံလောက်စွာမရသည့်အပြင် ဆည်များတွင် ရေခမ်းခြောက်နေခြင်းတို့ကြောင့် စပါးစိုက်ရန် အတော်နောက်ကျနေခြင်းဖြစ်သည်ဟု ပြောသည်။

Jun 29, 2010

စည်းဝိုင်းထဲက နိုင်ငံရေး

တူမောင်ညို။ ဇွန်လ ၂၉၊ ၂၀၁၀

(နအဖ) စစ်အုပ်စု စပွန်ဆာလုပ်တဲ့ “နိုင်ငံရေးအခင်းအကျင်း” ကတော့ တစ်စတစ်စ အသက်ဝင်လို့ လာနေပါပြီ။

မှတ်ပုံတင်ပြီးတဲ့ ပါတီစုစုပေါင်းကလည်း (၃၃) ပါတီ ရှိလာနေပါပြီ။ ဒီလိုမှတ်ပုံတင်ကြတဲ့ပါတီတွေထဲမှာ မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်က ကချင်ပါတီတွေကတော့ “တည်ထောင်ခွင့်” လည်းမကျ၊ “မှတ်ပုံတင်ခွင့်” လည်း မရသေးပါဘူး။ ဒီပုံအတိုင်းသာဆိုရင်တော့ (နအဖ) စစ်အုပ်စုရဲ့ “ပါတီစုံ” ဆိုတာ ကချင်ပါတီတွေ မပါဝင်ရတဲ့ ပါတီစုံလို့ ပြောရတော့မယ် ထင်တယ်။ ကယားပါတီ တည်ထောင်တယ်/ မှတ်ပုံတင်တယ်လို့လည်း မတွေ့မိ မကြားမိပါဘူး။

Jun 28, 2010

ရယက ဥက္ကဌသားက ရိုက်နှက်ခဲ့လို့ အရပ်သား တဦးသေဆုံး

ရိုးမ ၃။ ဇွန်လ ၂၈၊ ၂၀၁၀

ဧရာဝတီတိုင်း ၊ပုသိမ်မြို့ အမှတ် (၁၄) အပိုင်နေ ဦးရခီး(ခ) ဦးစိုးကြည်ကို ရပ်ကွက်အပိုင် ဥက္ကဌ ဦးကြည်ဝင်း၏ မွေးစားသားက သူခိုးဟု စွပ်စွဲ ရိုက်နှက်မှုကြောင့် ယမန်နေ့ ညနေပိုင်းတွင် သေဆုံးခဲ့သည့် အမှုဖြစ်ပွားခဲ့သည်။

ရယက (၁၄)ပိုင် (၁၅) လမ်းထိပ် အရက်ဆိုင်မှ ဘောလုံးလောင်ကြေးငွေများ ပျောက်ဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ ထိုနေ့ မနက်ပိုင်းတွင် အရက်သွားသောက်ခဲ့သည့် ဦးစိုးကြည်ကို ရယက ဥက္ကဌသားက သူခိုးစွပ်စွဲကာ စတင်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

မှားနေတဲ့အမှားတွေ

ကင်ဇို။ ဇွန်လ ၂၈၊ ၂၀၁၀
ကျ နဲ့ ကြ
    ဒီစာလုံးနှစ်ခုကို တော်တော်လေးမှားတတ်ကြတယ်။ ဆိုကြပါစို့ …
    သူ့ကျတော့၊ ငါ့ကျတော့၊ ကျနော့်အမြင်ကျတော့၊ သူ့အမြင်ကျတော့၊ ဆိုတဲ့အခါကျတော့၊ အဲဒီအခါကျတော့၊ (လုပ်နေကျ ကိုင်နေကျ = လုပ်လေ့လုပ်ထ) ဆိုတာမျိုးကို ကြ နဲ့ မှားရေးကြတယ်။ ဒါ သတိပြုသင့်တယ်။ ဒီလိုပဲ သွားကြတယ်၊ လာကြတယ်၊ နေကြတယ်၊ ရှိကြတယ် ဆိုတာမျိုးကို ကျ နဲ့ မှားရေးကြပြန်ရော။ ဆိုတော့ ဒီလိုမှတ်ပါ။ ညွှန်းတဲ့သဘောသုံးရင် ကျ နဲ့ ရေးပါ။ ဥပမာ သူ့ကျတော့ ဆိုတဲ့စာစုမှာ ကျ က သူ့ ဆိုတဲ့ ရှေ့က ပိုင်ဆိုင်မှုနာမ်စားကို ညွှန်းတာဖြစ်တယ်။ “အဲဒီအခါကျတော့” ဆိုတဲ့စာစုမှာလည်း ဒီအတိုင်းပဲ။ ဒီမှာ ချွင်းချက် ပြောချင်တယ်။ “လိမ့်ကျပြီ” ဆိုတာနဲ့ “လိမ့်ကြပြီ” ဆိုတာကိုလည်း မှတ်သင့်တယ်။ တစ်နေရာရာက လိမ့်ကျတာကို ပြောတာလား။ ဗန်းစကားနဲ့ သွားကြပြီလို့ ပြောတာလားဆိုတာကို သဲကွဲအောင် သဘောပေါက်ဖို့လည်းလိုတယ်။ လိမ့်ကျတယ်၊ ပြုတ်ကျတယ်၊ ဒလိမ့်ခေါက်ကွေးကျတယ် ဆိုတာမျိုးတွေကို ကြ နဲ့ ရေးရင် မှားပြီမှတ်။ “သူတို့ လုပ်နေကျ ကိုင်နေကျပါ” ဆိုတဲ့စာစုကိုကြည့်ပါ။ “သူတို့ လုပ်နေကျ ကိုင်နေကျပါ” ဆိုတဲ့ ဆိုလိုရင်း အဓိပ္ပါယ်က အမြဲတမ်းလုပ်တဲ့ သဘောကို ပြောတာဖြစ်တယ်။ ဒါကို “သူတို့ လုပ်နေကြ ကိုင်နေကြပါ” လို့ ရေးရင် အဓိပ္ပါယ်ကို မရှိတော့ဘူး။ မှားပြီး။ ရှေ့မှာ ပြောခဲ့ပြီးဖြစ်တယ် အညွှန်းသဘောပါရင် ကျ ကို သုံးပါ။ စားကြတယ်၊ သွားကြတယ်၊ စုပေါင်းလုပ်ကိုင်ကြတယ်၊ စုပေါင်းသွား ကြတယ် စသည်ဖြင့် အများသဘောပါရင် ကြ ကိုသုံးပါ။
    ဆိုတော့ကာ အလွယ်မှတ်ချင်ရင် ကိုယ့်ဘာသာကိုယ် ဒီလို လင်္ကာဖောက်ထား “ညွှန်းတဲ့ အခါ ယပင့် ကျ၊ များရင် ယရစ် ကြ” ။
    ကျ နဲ့ ကြ မှာ တခြား အဓိပ္ပါယ်တွေလည်း ရှိသေးတယ်။ ဒါလည်း သဲကွဲအောင် လေ့လာပြီး မှတ်ထားရလိမ့်မယ်။

Jun 27, 2010

သိုက်စေါင့်


ကျီးပြိုတယ်
မြို့မှာ
ကျောက်ခေတ်ဆန်ဆန် စည်ကားတယ်
စိတ်ကူးယဉ်ဝါဒကို
တီရှပ်ပွပွမှာ တံဆိတ်ရိုက်နှိပ် ဝတ်ဆင်တယ်။
သောကများ
အရောင်အသွေးစုံ ဆန်းပြားလှချည်ရဲ့
ကွယ်
ရေမြောင်းမှာ အမှိုက်တွေ ဆို့နေပါပေါ့လား
နောက်ဖေး အခန်းထဲမှာ
ကြွက်တွေ ခေါင်းမီးတောက် နေပါပေါ့လား
ထိုသို့သော အရပ်မှာ
ဖိနပ်ပါးပါးကလေး ပြတ်ခဲ့
ထိုသို့သော အရပ်မှာ
ဆံပင်များ အလျားရှည်ခဲ့။
မြက်လို
လဲလျောင်းပျပ်ဝပ် ရိုကျိုးခဲ့တာပါ
မြို့ကို
ကောက်ရိုးပုံစေါင့်ခွေးလို ထိုးထိုးဟောင်မိတာပါ
ကဗျာဆရာဖြစ်လာမှတော့
တစ္ဆေမကြောက်တော့ဘူးပေါ့ မေမေရယ်။ ။

ကြည်ဇော်အေး
(ရိုးရိုးသားသား သစ်သီး ကဗျာစာအုပ်မှ)

Jun 24, 2010

ကလေးစစ်သားတဦး မိဘထံ ပြန်လည်ရောက်ရှိ

ဖြိုးကြီး။ ဇွန်လ ၂၄၊ ၂၀၁၀

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်နှင့် ပဲခူးမြို့မှ လမ်းပြကြယ်အဖွဲ့တို့ အကူညီကြောင့် ကလေးစစ်သားတဦး မိဘများထံ ပြန်လည်ရောက်ရှိလာသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ (၁၅) ရက်နေ့က ပျောက်ဆုံးသွားသည့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ နဘဲပင်ကျေးရွာမှ မောင်သူဇင်ဦးအား တာဝန်ထမ်းဆောင်နေစဉ် စစ်တပ်မှ ထွက်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ကာယကံရှင်က ပြောသည်။

Jun 23, 2010

ရှေ့နေ ဦးဖိုးဖြူနှင့်အဖွဲ့ကို အလုပ်သမားသမဂ္ဂကိစ္စနှင့်ပတ်သက်၍ အာဏာပိုင်များ ခေါ်ယူတွေ့ဆုံ

ရိုးမ ၃။ ဇွန်လ ၂၃၊ ၂၀၁၀

မြန်မာအမျိုးသား အလုပ်သမားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့် လျှောက်ထားခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်း အာဏာပိုင်များက သမဂ္ဂဖွဲ့စည်းရေး ဦးဆောင်သူများဖြစ်သည့် ရှေ့နေ ဦးဖိုးဖြူအပါအဝင် သမဂ္ဂဖွဲ့စည်းရာတွင် ပါဝင်သူ (၆) ဦးကို ယနေ့ နံနက်ပိုင်းက ခေါ်ယူဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

မြန်မာအမျိုးသား အလုပ်သမားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့် လျှောက်ထားခဲ့ခြင်းနှင့် ပတ်သက်ပြီး ရှေ့နေဦးဖိုးဖြူနှင့် အဖွဲ့ဝင်များကို ရန်ကုန်တိုင်း ရဲမှူးနှင့်အဖွဲ့က ရန်ကုန်ကမ်းနားလမ်းက အလုပ်သမားရုံးတွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး ဥပဒေအရ သမဂ္ဂဖွဲ့စည်းလို့ မရသေးကြောင်းနှင့် ဥပဒေအရ အရေးယူနိုင်ကြောင်း ဆင့်ခေါ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Jun 18, 2010

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို မြန်မာ့အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပ

ဖြိုးကြီး။ ဇွန်လ ၁၈၊ ၂၀၁၀

ဇွန်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၆၅) နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အခမ်းအနားနှင့် မြန်မာ့အမျိုးသမီးများနေ့ အခမ်းအနားကို မြန်မာ့အမျိုးသမီးထု လှုပ်ရှားမှု ကော်မတီက ဦးဆောင်ပြီး ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးဆပ်မှုစွန့်လွှတ်မှု၊ အနစ်နာခံမှုတွေဟာ မြန်မာအမျိုးသမီးထု တရပ်လုံးအတွက် အတူယူဖွယ်ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဟာ မြန်မာအမျိုးသမီးများနေ့ ဖြစ်သင့်တယ်ဆိုတာကို လက်ခံပြီး ကျင်းပတာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ အမျိုးသမီးထုလှုပ်ရှားမှု ကော်မတီ အဖွဲ့ဝင်တဦးဖြစ်သူ မအိရွှေစင်ညွန့်က ပြောသည်။

Jun 15, 2010

ကြံ့ဖွံ့ကို မထောက်ခံလျှင် ဖမ်းဆီးမည်ဟု ဒေသအာဏာပိုင်များပြော

ရိုးမ ၃။ ၁၅၊ ၆၊ ၂၀၁၀

စစ်အစိုးရ ပြုလုပ်မည့်ရွေးကောက်ပွဲတွင် ကြံ့ဖွံွှ့ပါတီကို မထောက်ခံပါက ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကျေးရွာအာဏာပိုင်များက ခြိမ်းခြောက်ပြောဆိုနေလျှက်ရှိကြောင်း ရွာသားတဦးက ပြောသည်။

ယခုလ (၈) ရက်နေ့က ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကျီကြီးအုပ်စု ဥက္ကဌ ဦးအောင်သန်းဌေးနှင့် ရယက စာရေး ဦးကျော်မြင့်တို့က ပြောဆိုခြင်းဖြစ်ကြောင်း စုမှတ်တိုင်ကျေးရွာ ဆယ်အိမ်မှူး ကိုမင်းထိုက်က အစည်းဝေးတွင် ပြောသည်။

Jun 13, 2010

မဖြူဖြူသင်း ဦးဆောင်သည့်အဖွဲ့က NLD လူကြီးများအား ဂါဝရပြု

လွန်းဒင်။ ။ ၁၃၊ ၆၊ ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် HIV/AIDS ရောဂါသည်တွေကို အကူအညီပေးရေး အစီအစဉ်တာဝန်ခံ မဖြူဖြူသင်းဦးဆောင်ပြီး ဝေဒနာသည်များက အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်တို့အား ဂါဝရပြု ကန်တော့သည့်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ (၁၈) ရပ်ကွက်ရှိ HIV/AIDS ဝေဒနာရှင်များကိုထားရှိသည့်နေရာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မဖြူဖြူသင်းက ပြောသည်။

ကလေးစစ်သားတဦး မိဘများထံ ပြန်လည်ရောက်ရှိ

ဖြိုးကြီး။ ။ ၁၃၊ ၆၊ ၂၀၁၀

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ကန်းကျွန်းကြီးကျေးရွာမှ အဖ ဦးသောင်းအေး အမိ ဒေါ်ခင်စန်းရွှေတို့၏သား အသက် (၁၇)နှစ်အရွယ် မောင်ဝေယံ ကလေးစစ်သားအဖြစ် တာဝန်ထမ်းဆောင်နေရာမှ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) အကူညီဖြင့် မိဘထံ ပြန်လည်ရောက်ရှိလာသည်။

ယခုလ (၁၀) ရက်နေ့က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး ခလရ (၃၂) တွင် တာဝန်ကျနေသည့် မောင်ဝေယံကျော် (ခ) သန့်ဇင်နောင်ကို မိဘများကိုယ်တိုင် သွားရောက်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ခင်စန်းရွှေက ပြောသည်။

Jun 11, 2010

ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးသူကို အရေးမယူသဖြင့် မြို့ခံများ မကျေနပ်

ရိုးမ ၃။ ၁၁၊ ၆၊ ၂၀၁၀

သစ်တောဝန်ကြီး အရှိန်အဝါဖြင့် ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးခဲ့သူကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များက ယနေ့အထိ အရေးယူခြင်း မရှိသည့်အတွက် မြို့ခံများက မကျေမနပ် ဖြစ်နေကြသည်။

ပြီးခဲ့လ (၂၅) ရက်နေ့က ဧရာဝတီတိုင်း၊ အင်္ဂပူမြို့ပေါ်တွင် သစ်တောဝန်ကြီး ဦးသိန်းအောင်၏ နေအိမ်ကို ဆောက်လုပ်ပေးနေသူ ဖိုးလပြည့်သည် သံဃာတပါးနှင့် အဆင်မပြေဖြစ်ရာမှ လမ်းဘေးပလက်ဖောင်းများ၊ လမ်းမီးတိုင်များ၊ ဖုန်းကြိုးများနှင့် စည်ပင်သာယာဆိုင်းဘုတ်များကို မြေတူးစက်ဖြင့် ထိုးကာ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

Jun 5, 2010

ဆုတောင်း


လွတ်လပ်စွာ တွေးခေါ်နိုင်သော နေရာ
ဦးခေါင်းကို မတ်မတ် ထောင်ထားနိုင်သော နေရာ
အသိပညာ လွတ်လပ်သော နေရာ။

ကမ္ဘာကြီးအား ကျဉ်းမြောင်းသော
ကိုယ်ပိုင် အုတ်တံတိုင်းများဖြင့် ကာရံလျက်
အစိတ်စိတ် အမွှာမွှာ ခွဲခြားထားခြင်း မရှိသော နေရာ။
စကားလုံးများသည် နက်ရှိုင်းလှစွာသော သစ္စာတရားမှ
ထွက်ပေါ်လာသော နေရာ။

မတွန့်မဆုတ် ကြိုးပမ်းအားထုတ်မှုသည်
ယင်း၏လက်များကို ပြီးပြည့်စုံခြင်းဆီသို့
ဆန့်တန်းလျက် ရှိသောနေရာ။

ဆင်ခြင်တုံတရား တည်းဟူသော
ကြည်လင်သည့် စမ်းရေအလျင်သည်
သေခြင်းတရား၏ စိုးမိုးရာ
ခြောက်သွေ့သော ကန္တာသဲပြင်အတွင်း
လမ်းပျောက်သွားခြင်း မရှိသောနေရာ။

အရှင့် ရှေ့ဆောင်မှုဖြင့် စိတ်အလျင်သည်
အမြဲတစေ ချဲ့ထွင်လျက်ရှိသော
အတွေးအခေါ်နှင့် လုပ်ဆောင်မှုနယ်ပယ်ဆီသို့
ဦးတည် သွားနေသော နေရာ။

ထိုလွတ်လပ်သော နိဗ္ဗာန်ဘုံထဲ၌
တပည့်တော်၏တိုင်းပြည် နိုးကြားနေရပါလို၏
အရှင်ဘုရား…..။ ။

                                   ရာဘင်ဒြာ နသ် တဂိုး

ဘာသာပြန်ဆိုသူ မောင်သန့်စင်
(ရာဘင်ဒြာ နသ် တဂိုးနှင့် သူ၏ ကဗျာများ စာအုပ်မှ)

Jun 4, 2010

မယ်လဒုက္ခသည်စခန်းတွင်း ကာလဝမ်းရောဂါ ဆက်လက်ဖြစ်ပွား

ဘုန်းခိုင်။ ၄၊ ၆၊ ၂၀၁၀

မယ်လ ဒုက္ခသည်စခန်းတွင်း ဒုက္ခသည် (၁၁)ဦး ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ ၀မ်းရောဂါဖြစ်သည့် လူနာ (၂၀)ဦး စခန်းတွင်းရှိ အေအမ်အိုင်ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရသည်။

မယ်လဒုက္ခသည်စခန်းတွင်း ၀မ်းရောဂါဖြင့် တက်ရောက်ခဲ့သည်လူနာ (၅၀)ဦးတွင် ကာလ၀မ်းရောဂါပိုးတွေ့ရှိသည့် လူနာ (၁၁) ဦးရှိခဲ့ပြီး အခုလက်ရှိ ကာလ၀မ်းရောဂါသည်တွေနှင့် ဝမ်းရောဂါသည်တွေ တက်ရောက်ကုသနေမှု အခြေအနေကို မယ်လဒုက္ခသည်စခန်း ဆေးရုံတာဝန်ခံ ဆရာ စောနေဆဲလ်က “မယ်လဒုက္ခသည်စခန်းမှာ ကာလဝမ်းရောဂါ ဖြစ်တဲ့လူနာ (၁၁) ယောက်ရှိပြီ။ ဒါက စဖြစ်တဲ့ ပြီးခဲ့တဲ့လ (၂၇) ရက်နေ့ကနေ ဒီနေ့ထိပေါ့လေ။ အခု လက်ရှိဆေးရုံမှာ ကာလ၀မ်းရောဂါ လူနာ (၃)ဦး ရှိတယ်။ တချို့သက်သာတဲ့သူတွေ ဆေးရုံက ပြန်ဆင်းခိုင်းလိုက်ပြီ၊ ၀မ်းရောဂါနဲ့ လူနာက မနေ့ကနဲ့ ဒီနေ့ထိ အယောက် (၂၀) ဆေးရုံမှာ ထပ်ရောက်လာတယ်။ ကျနော်တို့စခန်းထဲက ဆေးရုံမှာ ကုသရေးနဲ့ ဆေးဝါးအလုံအလောက်ရှိတယ်”ဟု ပြောသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး အခမ်းအနား ကျင်းပ

ရိုးမ ၃။ ၄၊ ၆၊ ၂၀၁၀

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲဆောင်မြို့ရှိ (SAW) စာသင်ကျောင်းတွင် ကျောင်း (၈) ကျောင်း ပူးပေါင်းကာ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကျောင်းသား (၁၀၀) ကျော်ပါဝင်၍ ပတ်ဝန်းကျင်မှ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ အသုံးပြုနိုင်ရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု (SAW) စာသင်ကျောင်းမှ ကျောင်းဆရာ ကိုသီဟမောင်မောင်က ပြောသည်။

Jun 3, 2010

မုံရွာမြို့က ချင်းတွင်းရတနာဈေး မီးလောင်

ဘုန်းခိုင်။ ၃၊ ၆၊ ၂၀၁၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ချင်းတွင်းရတနာအဆင့်မြင့်ဈေးကြီး ယနေ့မနက် (၃) နာရီခန့်က မီးစတင် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း (၅၀၀)နီးပါး မီးလောင်ဆုံးရှုံးခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် ဈေးကြီးရဲ့အပေါ်ထပ် အလယ်ခန်းက မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်းလို့ ခန့်မှန်းပြောဆိုနေကြသော်လည်း အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဒေသခံမျက်မြင်များက ပြောသည်။

May 31, 2010

ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ

လွန်းဒင်။ ၃၁၊ ၅၊ ၂၀၁၀

ရခိုင်ပြည်နယ် မြို့နယ်တချို့တွင် ဒီပဲယင်း အကြမ်းဖက်မှုတွင် ကျဆုံးသွားခဲ့သည့် ရဟန်းရှင်လူကျောင်းသားလူငယ်များအတွက် ဆွမ်းကပ် ဆုတောင်းပွဲများကို မနေ့က ပြုလုပ်ခဲ့သည်။

တောင်ကုတ်မြို့နယ်ရှိ NLD အဖွဲ့ဝင်များက ဘုန်းကြီးကျောင်း (၂) ကျောင်းကို ဆွမ်းကပ်လှူခဲ့ပြီး မအီမြို့နယ်၊ ဆားပြင်ရွာဘုရားတွင်လည်း အဖွဲ့ချုပ်ဝင် (၁၈) ယောက်က မီးပူဇော်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်သားများ လွတ်မြောက်ရေးအတွက် ဆုတောင်းပေးခဲ့ပြီး ဒီပဲယင်းတွင် အကြမ်းဖက်ခံရ၍ ကျဆုံးခဲ့သူများအတွက် အမျှပေးဝေခဲ့သည်ဟု မြို့ခံက ပြောသည်။

ကန္တာရ ဆူးခြုံ


အရေးတကြီး တယ်လီဖုံး လာနေတယ်
ဘယ်ကလဲ? ဘယ်ကလဲ?
အော်…မိုးခေါင်ရေရှားကန္တာရထဲက
ဆူးခြုံပင်ပု ဆီက ဖုံးပါ။

သူ မသက်မသာ အော်ပြောတယ်
“ဟဲလို ဟဲလို ဟဲလို
ကျနော် မနက်ကတည်းက
ထမင်း မစားရသေးဘူး
ဆာလှပြီ…↔
သူ့ အော်သံကြောင့်
အိမ်မှာမွေးထားတဲ့ ကြောင်က
ဆာလှပြီ…ဆာလှပြီ..လိုက်အော်တယ်။

တိုင်ကပ်နာရီအိုဟာ
တဒင်ဒင် ညည်းငြူပြီး
အဝေးပြေးကားတွေက
တဝေါဝေါ မိုင်ကုန် ထွက်ခွါသွားပေါ့။

မိုးခေါင်ရေရှားဒေသ
ကန္တာရထဲက အသံ
“အစာ မစားရတာ ကြာပြီ
ဆာလှပြီ…↔
ဖုံးထဲက အော်သံပေါ့။ ။

ထွန်းဝေမြင့်
(သစ္စာနီရဲ့ အနှစ်စိမ်း ဆောင်းပါးပေါင်းချုပ် စာအုပ်မှ)

May 30, 2010

ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မြေမြုပ်လိုက်ခြင်းဖြစ်သည်ဟုဆို

ရိုးမ ၃။ ၃၀၊ ၅၊ ၂၀၁၀

ဒီပဲယင်းလုပ်ကြံမှုသည် စစ်အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အပြီးအပိုင် မြေမြုပ်လိုက်ပြီး နိုင်ငံတော် ရာဇဝတ်မှုများကို ကျူးလွန်ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းက ပြောသည်။

ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့သည့် ဒီပဲယင်း လုပ်ကြံမှု (၇) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

စစ်သားစုဆောင်းရာမှ ကလေးငယ်တဦး သေဆုံး

လွန်းဒင်။ ၃၀၊ ၅၊ ၂၀၁၀

မီးရထားလမ်း လုံခြုံရေးတပ်က ကလေးစစ်သားအဖြစ် စုဆောင်းခြင်းကို လက်မခံပဲ ထွက်ပြေးသူကို သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ်တဦး သေဆုံးခဲ့သည်ဟု ဆွေမျိုးတော်စပ်သူတဦးက ပြောသည်။

ယခုလ (၁၆) ရက်နေ့က ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ဝါးရုံကုန်း ကျေးရွာအုပ်စု၊ စံဖဲကျေးရွာမှ မောင်တင်မင်းနိုင်ကို ပြွန်တံဆာ မီးရထား လုံခြုံရေးအစောင့် တာဝန်ကျသည့် ခမရ (၅၈၆)မှ တပ်သားများက စစ်အသားအဖြစ် စုဆောင်းခြင်းကို လက်မခံဘဲ ထွက်ပြေးသည့်အတွက် သေနတ်ဖြင့် လှမ်းပစ်ရာမှ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

May 28, 2010

ရွေးကောက်ပွဲ မဲပေးမည့် လူဦးရေစာရင်းများ ကောက်ခံ

ရိုးမ ၃။ ၂၈၊ ၅၊ ၂၀၁၀

၂၀၁၀ ရွေးကောက်ပွဲ မဲပေးရန်အတွက် လူဦးရေ စာရင်းများ အတိကျ လိုက်လံကောက်ခံနေလျှက်ရှိကြောင်း မြို့ခံများက ပြောသည်။

ယခုလ (၂၅) ရက်နေ့မှ စတင်ကာ ယနေ့အထိ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ရပ်ကွက်အားလုံးတွင် အသက် (၁၈) နှစ်ပြည့်ပြီး သူတိုင်း ပုံစံ(၁၀) ဖြင့် တိုက်ကြည့်ကာ စာရင်းကောက်ခံနေခြင်း ဖြစ်သည်။

May 27, 2010

နအဖ ရွေးကောက်ပွဲဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအခမ်းအနား ပြုလုပ်

ရိုးမ ၃။ ၂၇၊ ၅၊ ၂၀၁၀

၉၀ ရွေးကောက်ပွဲ နှစ် (၂၀)ပြည့်နှင့် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုနေ့ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ “ဒီနေ့လုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုဆိုတာက ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပင်မလှုပ်ရှားမှုရဲ့ လုပ်ငန်းစဉ် ဖြစ်တယ်၊ ကျနော်တို့က ရွေးကောက်ပွဲကို မလိုလားတာ မဟုတ်ဘူး၊ စစ်အုပ်စုပြုလုပ်မဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်မှာ ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း မရှိဘူး၊ အဲဒါကြောင့် ကျနော်တို့ ဆန္ဒပြကန့်ကွက်တာ ဖြစ်တယ်၊ လူထုက လိုအပ်တဲ့ ရွေးကောက်ပွဲမျိုးသာလုပ်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဒီပွဲကို ပြုလုပ်တာ ဖြစ်တယ်” ဟု တပ်ပေါင်းစု (၁၀)ခု နိုင်ငံခြားရေးရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (FACT) တာဝန်ခံ ကိုသွင်လင်းအောင်က ပြောသည်။

May 24, 2010

မင်္ဂလာဈေးကြီး မီးလောင်ကျွမ်းခဲ့

ရိုးမ ၃။ ၂၄၊ ၅၊ ၂၀၁၀။
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေး ကော်မတီပိုင် မင်္ဂလာဈေးကြီး ယနေ့မနက် (၈) နာရီဝန်းကျင်ခန့်က မီးစတင်လောင်ကျွမ်းခဲ့သည်။

ဆေးဝါး၊ ပရိဘောဂပစ္စည်းများနှင့် အဝတ်အထည် လက်လီလက္ကားရောင်းသည့် မင်္ဂလာဈေးကြီးအပေါ်ဆုံးထပ် (၄ လွှာ) မှ စတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း မြို့ခံမျက်မြင်သက်သေတဦးက ပြောသည်။

May 23, 2010

လူသတ်ပွဲ


ဒါဟာဖြင့်
မေလရဲ့တနေ့မှာ ဖြစ်ခဲ့တာပါ။
ဒါဟာဖြင့်
၁၉၈၀ မေလရဲ့တနေ့မှာ ဖြစ်ခဲ့တာပါ။
ဒါဟာဖြင့်
၁၉၈၀ မေလရဲ့တနေ့ ညနေခင်းအချိန် “ကွမ်ဂျူးမြို့” မှာ ဖြစ်ခဲ့တာပါ။

May 22, 2010

မကြာမီ တွေ့ကြရမည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံ

ပုံကြီးချဲ့ကြည့်လိုလျှင် ပုံပေါ်တွင် နှိပ်ပါ

သောကြာကြယ်ကြီးလဲ လနဲ့ နီးပြီးသွားပါပြီ။ နောက် နေကလဲ နေထီးဆောင်းပါတယ်။ အဲဒီအဖြစ်တွေကြောင့် မကြာခင် အချိန်မှာ ဖြစ်တော့မဲ့ သန်းရွှေပုံပါ။

ဒေါက်တာ ဝင်းသန်း(မန်း)
(ပုံဖန်တီးသူ)

May 21, 2010

၂၀၀၇ (ဗကသ) ခေါင်းဆောင် ကိုကျော်ကိုကို ကို ထပ်တိုး ထောင်ဒဏ် (၅)နှစ် ချမှတ်

ဘုန်းခိုင်။ ၂၁၊ ၅၊ ၂၀၁၀

တောင်ကြီးထောင်မှာ ထောင် (၃)နှစ် ကျခံနေရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ၂၀၀၇ (ဗကသ)ခေါင်းဆောင် ကိုကျော်ကိုကို ကို နောက်တိုးပုဒ်မ (၂)ခုဖြင့် ထောင် (၅)နှစ် ထပ်မံအပြစ်ပေးခဲ့သည်။

ကိုကျော်ကိုကို ကို ရန်ကုန် ကျောက်တံတားတရားရုံးမှာ တရားသူကြီး ဦးစောဝင်းနှင့် ဦးသက်ဆွေဦးတို့ ခုံရုံးနှစ်ခုက ဒီကနေ့မွန်းလွဲပိုင်းတွင် အသင်းဖွဲ့ပုဒ်မ (၆)ဖြင့် ထောင် (၃)နှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားစေမှု ပုဒ်မ (၅၀၅-ခ)ဖြင့် ထောင် (၂) နှစ် စုစုပေါင်း ထောင် (၅)နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

မိသားစု



အဆင်မပြေမှုက ဝင်ရိုးစွန်းချင်းတူကြတယ်
လက်တွေ့ ဘဝမှာ ဟာသမရှိဘူး
ထမင်းကိုစားရတာ
ဟာမိုနီမဖြစ်တဲ့ သီချင်းလို လည်ပင်းမှာ တစ်̗ လို့ 
နေ့လည်စာ ပြီးပေမယ့်
ညစာဆိုတာ မမျှော်လင့်ရဲတဲ့ အိပ်မက်ပေါ့
လူမှုဆက်ဆံရေးတွေမှာ
အိပ်ကပ်လေး ကျန်းမာရေးချို့တဲ့နေခဲ့တာ ကြာပြီ
ကျွန်တော်တို့မှာ အပမ်းဖြေဖို့ ရုပ်ရှင်ရုံမရှိဘူး
အပျင်းပြေလျှောက်လည်ဖို့ ခေတ်မီပန်းခြံ မရှိဘူး
နေထိုင်မကောင်းဖြစ်ဖို့ အားလပ်ချိန်မရှိဘူး
မိသားစုဆိုတာ
အကုန်တက် အကုန်ဆင်း
ကစားနေရတဲ့ ဘောလုံး အသင်းတစ်သင်း။ ။

ညီခ(လမ်းမတော်)
ရနံ့သစ်မဂ္ဂဇင်း၊ ၂၀၀၆၊ ဧပြီ

May 20, 2010

လူ့အခွင့်အရေးသမားတဦး ကွယ်လွန်ခြင်းကြောင့် တိုင်းပြည်အတွက် နစ်နာ

ကောင်းမြတ်ကျော်။ ၂၀၊ ၅၊ ၂၀၁၀

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူတဦး ကွယ်လွန်သွားခြင်းသည် တိုင်းပြည်အတွက် အလွန်နစ်နာကြောင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ယက် (HRDP) ခေါင်းဆောင်တဦးဖြစ်သူ ကိုမောင်မောင်လေးက ပြောကြားသည်။

ယမန်နေ့က မြင်းခြံထောင်တွင် ကွယ်လွန်သွားခဲ့သည့် (HRDP) အဖွဲ့ဝင် ကိုကျော်စိုး သေဆုံးခြင်းနှင့် ပတ်သက်၍ ကိုမောင်မောင်လေးက ယခုကဲ့သို့ ပြေကြားခြင်းဖြစ်သည်။

May 19, 2010

မြင်းခြံထောင်တွင်း နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး

ဘုန်းခိုင်။ ၁၉၊ ၅၊ ၂၀၁၀

မြင်းခြံထောင်အတွင်းမှာ ထောင်ဒဏ် (၁၀)နှစ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ ကိုကျော်စိုး အသက် (၃၆)နှစ်သည် ဒီကနေ့ မနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သည်၊

ကိုကျော်စိုး မည်သည့်ရောဂါဖြင့် ကွယ်လွန်သည်ကို မသိရကြောင်းနှင့် ပြီးခဲ့သည့် ဧပြီလအတွင်းက ကျန်းမာရေး မကောင်းဖြစ်သည်ကို သိခဲ့ရပြီးနောက် အခုသေဆုံးသွားခြင်းဖြစ်ကြောင်း ကိုကျော်စိုး မိခင်ဖြစ်သူက ပြောသည်။

ရေလှူဒါန်းသူများကို အာဏာပိုင်များ နှောင့်ယှက်

ရိုးမ ၃။ ၁၉၊ ၅၊ ၂၀၁၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်တွေနှင့် ဒေသခံလူငယ်များ စုပေါင်းပြီး တောင်ကုတ်နှင့် မအီမြို့နယ်အတွင်း ရေရှားနေသည့် ကျေးရွာများကို ယမန်နေ့က သွားရောက်ရေလှူဒါန်းရာတွင် ဒေသအာဏာပိုင်းများက နှောင့်ယှက်ခဲ့သည်။

တောင်ကုတ်မြို့နယ် အဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်များအပါအ၀င် ဒေသခံလူငယ် (၃၈)ဦးက စက်လှေ (၄)စီးနှင့် သောက်သုံးရေတင်ဆောင်ကာ မအီမြို့နယ်၊ ပေါက်အင်းကျေးရွာကို သွားရောက်လှူဒါန်းဖို့ ပြင်ဆင်နေစဉ် ဆားပြင်ရဲစခန်းက လာရောက်နှောင့်ယှက်ခဲ့ခြင်း ဖြစ်သည်။

May 18, 2010

မြင်းခြံထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတဦး ကျန်းမာရေးအခြေအနေ ဆိုးဝါး

ဘုန်းခိုင်

မြင်းခြံထောင်အတွင်း ထောင်ဒဏ် (၁၀)နှစ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ ကိုကျော်စိုး အသက်ရှူကြပ်တဲ့ ရောဂါ၊ အစာအိမ်ရောဂါ စတဲ့ရောဂါ ဝေဒနာများ ခံစားနေရပြီး အခုရက်ပိုင်းအတွင်း အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့ အခြေအနေရှိနေကြောင်း သတင်းရရှိသည်။

မြင်းခြံထောင်အတွင်း ကိုကျော်စိုး ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ ထောင်အာဏာပိုင်များနှင့် နီးစပ်သူဒေသခံက တောင်ကြီးမြို့ရှိ ကိုကျော်စိုးမိသားစုကို ယမန်နေ့က ဖုန်းဆက်အကြောင်းကြား သည့်အတွက် ကိုကျော်စိုးဇနီးနှင့် အစ်ကိုဖြစ်သူတို့ မြင်းခြံထောင်ကို ဒီကနေ့ လိုက်သွားဖို့ စီစဉ်နေသည်ဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက် ကိုမောင်မောင်လေးက ပြောသည်။

ရဲများ ရိုက်နှက်မှုကြောင့် ပြည်သူတဦးသေဆုံး

ရိုးမ ၃

ဖမ်းဆီးချုပ်နှောင်ထားစဉ် ရဲအာဏာပိုင်များ ရိုက်နှက်မှုဒဏ်ကြောင့် အရပ်သားပြည်သူတဦး သေဆုံးခဲ့သည်။

ယခုလ (၁၁) ရက်နေ့တွင် ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ရဲစခန်းအချုပ်တွင် ရဲဝန်ထမ်းများ ရိုက်နှက်မှုကြောင့် ကိုကြည်လင်းဆိုသူမှာ အသက်ရှုကြပ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တဦးက ပြောသည်။

May 17, 2010

ကျောင်းသားနဲ့ ထောက်လှမ်းရေး

တူမောင်ညို

“ခွပ်ဒေါင်းအလံနဲ့ (ဘီအိုင်အေ)အလံ”ကိစ္စ “ကန့်ကွက်ခြင်းခံရ၍ သက်ဆိုင်ရာပါတီကို ခေါ်ယူ၍ ပြင်ဆင်စေခဲ့သည်” ဆိုသည့် ကြေညာချက်ကို မေလ (၁၅) ရက်နှင့် (၁၆) ရက်နေ့ထုတ်၊ နေ့စဉ်သတင်းစာများတွင် ဖတ်လိုက်ရပါတယ်။

အေးလွင်တို့၊ ရဲထွန်းတို့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးထဲ ပါခဲ့ဖူးတာ ဟုတ်ချင်လည်းဟုတ်မှာပေါ့။ အရေးတော်ပုံကြီး အင်အားကြီးလာတော့ သောကောရောကောတွေကလည်း ပါဝင်လာခဲ့ကြမှာပေါ့၊ မဟုတ်ဘူးလား။

စွယ်စုံရ အနုပညာရှင် သုမောင် ကွယ်လွန်

ရိုးမ ၃

ရုပ်ရှင်သရုပ်ဆောင်၊ တေးသံရှင်၊ စာရေးဆရာ သုမောင် (ခ) ဦးဗလ အသက် (၆၀) နှစ်သည် အသဲရောဂါဖြင့် ကွယ်လွန်သွားသည်။

ယမန့်နေ့ ည (၉) နာရီခန့်က ရန်ကုန်မြို့၊ သုခကမ္ဘာအထူးကုဆေးခန်းတွင် ဆေးကုသမှုခံယူနေရင်း ဆီးချို၊ သွေးချို၊ အသဲရောဂါတို့ဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။

May 16, 2010

X2O မဏ္ဍပ် ဗုံးဖောက်ခွဲမှုနှင့် ဖမ်းခံထားရသူအတွက် ရှေ့နေပါဝါ ထုတ်မပေး

ကောင်းမြတ်ကျော်

ပြီးခဲ့သည့် သင်္ကြန်အကြတ်နေ့တွင် ရန်ကုန်မြို့ရှိ X2O မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်အစိုးရအာဏာပိုင်များ ဖမ်းဆီးပြီး အင်းစိန်ထောင်တွင် အကျဉ်းချခံထားရသည့် ကိုဖြိုးဝေအောင်၏ အမှုအတွက် ရှေ့နေပါဝါထုတ်မပေးကြောင်း ရှေ့နေဦးကျော်ဟိုးက ပြောသည်။

“(၁၁) ရက်နေ့က ကျနော့်ကို သူ့အမှု လာအပ်တယ်။ လာအပ်တော့ (၁၂) ရက်နေ့မှာ ထောင်ကို စာအိတ်နဲ့ လက်မှတ်ထုတ်ဖို့ တွဲပေးလိုက်တယ်။ တွဲပေးပြီး နောက်တနေ့ သွားယူတဲ့အခါကျတော့ ထောင်တာဝန်ရှိတဲ့သူက ပြောတယ်။ ကျနော်တို့ လက်မှတ်တွေ ထုတ်ပေးနေပြီ၊ ပေးဖို့အဆင်သင့်ပဲတဲ့၊ ဒါပေမယ့် SB ကနေပြီးတော့ တားထားလို့တဲ့။ သူတို့ ခွင့်ပြုတဲ့အခါကျရင် အကြောင်းကြားပါ့မယ်တဲ့။ အဲဒါနဲ့ မရခဲ့ဘူးပေါ့” ဟု သူက ပြောသည်။

May 15, 2010

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ အပိုင်း (၁၄)

စောကျော်ကျော်မင်း 

အမှုတစ်ခုနှင့်စပ်လျဉ်း၍ အာမခံပေးသည်ဆိုရာတွင် တရားရုံးများအနေဖြင့် “အာမခံပေးခြင်းကို မူသဘောသဖွယ် လက်ခံကျင့်သုံးရမည်ဖြစ်ပြီး၊ အာမခံမပေးခြင်းကိုမူ ချွင်းချက်အနေဖြင့်သာ ကျင့်သုံးရမည်” ဖြစ် သည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယားတွင် အာမခံပေးရမည်ဟူ၍ အတိအလင်း ပြဌာန်းထားသည့် ပြစ်မှုဥပဒေပုဒ်မဖြင့် စွပ်စွဲခြင်းခံထားရသူများကို တရားရုံးတော်အနေဖြင့် မဖြစ်မနေ အာမခံပေးရမည်ဖြစ်သည်။

May 14, 2010

လွတ်မြောက်လာသည့် ကလေးစစ်သားများ ပညာသင်ကြားရေး အိုင်အယ်လ်အို စီစဉ်

ဘုန်းခိုင်

စစ်အစိုးရ စစ်တပ်ကနေ ပြန်လည်လွတ်မြောက်လာသည့် ကလေးစစ်သားများအတွက် အတန်းပညာနဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်များ ဆက်လက်သင်ကြားနိုင်ရေးအတွက် စီစဉ်နေကြောင်း ဒီကနေ့ မေလ (၁၄) ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ (အိုင်အယ်လ်အို) အရာရှိက ပြောကြားသည်။

စစ်တပ်ကပြန်လွတ်လာသည့် ကလေးများ ပညာသင်ကြားရေးအစီအစဉ်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)နှင့် ကုလသမဂ္ဂ ကလေးသူငယ်များ ရံပုံငွေအဖွဲ့ (ယူနီဆက်) တို့ ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း (အိုင်အယ်လ်အို)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းဆက်ဆံရေးအရာရှိ စတီဖင်မာရှယ် (Stephen Marshell)က ပဲခူးမြို့ လမ်းပြကြည်အဖွဲ့က ဦးအေးမြင့်နှင့် ဒီကနေ့ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ့အရေးကို ဥရောပလူထု ပိုမိုသိအောင် လုပ်ဆောင်မည်ဟုဆို

ဖြိုးကြီး

ပြင်သစ် မော်ဒယ်လ်နှင့် သရုပ်ဆောင်မင်းသမီး Jane Birkin က ၎င်းကြုံတွေ့ခဲ့ရသော ဆိုးရွားလှသည့် မြန်မာပြည်သူလူထု၏ အခြေအနေအဖြစ်မှန်များကို နိုင်ငံတကာမိသားစု အသိုင်းအဝိုင်းနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်တွေ ပိုမိုသိရှိသွားအောင် တိုက်တွန်းပြောကြားသွားမည်ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်သို့ လေးရက်ကြာ လာရောက်ခဲ့သည့် သူမ၏ ခရီးစဉ်အပြီး ဒေသတွင်းသတင်းထောက်များအား တွေ့ဆုံ၍ ယနေ့ နေလည် (၁) နာရီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

May 13, 2010

မဲဆောက်ရှိ မြန်မာအလုပ်သမားများ ပုန်းရှောင်နေရ

ကောင်းမြတ်ကျော်

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ဒေသတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ထိုင်းရဲများ၏ လိုက်လံဖမ်းဆီးနေမှုကြောင့် ယခုရက်ပိုင်းအတွင်း ပုန်းရှောင်နေကြရကြောင်း သိရသည်။

“ပြီးခဲ့တဲ့ (၈) ရက်နေ့၊ စနေနေ့ကတည်းက လက်မှတ်မရှိတဲ့သူတွေ ပုန်းနေကြဖို့ သူဌေးက လာပြောတာ။ အခု ကျနော်တို့ရုံတော့ အလုပ်ပြန်ဆင်းနေကြပါပြီ။ တခြားစက်ရုံတွေက ကျနော့်သူငယ်ချင်းတွေ ပြောပြချက်အရတော့ ဆက်ပုန်းနေတဲ့ လူတွေလည်း ရှိပါသေးတယ်” ဟု စက်ချုပ်ရုံတရုံမှ အလုပ်သမားခေါင်းဆောင်တဦးက ပြောသည်။

ရေအခက်အခဲဖြေရှင်းပေးဖို့ ရန်ကုန်မြို့တော်ဝန်ဆီ စာရေးသားတောင်းဆို

ရိုးမ ၃

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းတွင်ရှိသည့် ၁၈၊ ၁၉၊ ၂၄ နှင့် ၂၅ ရပ်ကွက်များတွင် အပူချိန်မြင့်တက်ပြီး သောက်သုံးရေ အခက်အခဲဖြစ်နေသည့်အတွက် ရပ်ကွက်နေ ပြည်သူ (၁၀၀) နီးပါးက ရန်ကုန်မြို့တော်ဝန်ဆီ ရေရရှိရေးအတွက် စာရေးသားတောင်းဆိုမှုကို မနေ့က ပြုလုပ်ခဲ့သည်။

ရေရရှိရေးအတွက် စာရေးသားတောင်းဆိုရာမှာ ပါဝင်သူတဦးက “လက်မှတ်ပေါင်း တစ်ရာနီးပါးလောက်ရှိတယ် အဲလိုလက်မှတ်ထိုးပြီးတော့ မြို့တော်ဝန်ဆီကို ရေအခက်အခဲဖြစ်နေတဲ့ ကိစ္စတွေ အားလုံးကို ကူညီဖြေရှင်းပေးဖို့ ကျနော်တို့ စာတင်တယ်၊ အဲဒီစာကို မိတ္တူအနေနဲ့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် ရေသန့်ဌာန၊ မြို့နယ် စည်ပင်သာယာကော်မတီ၊ မြို့နယ်အေး ချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကိုလည်း တင်တယ်ခင်ဗျ။"

ဓါတ်ရောင်ခြည်ကုသစက်ဝယ်ရန် ရန်ကုန်တိုင်းမှူး လက်မှတ်ထိုးငွေကောက်ခံ

ဘုန်းခိုင်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဓါတ်ရောင်ခြည်ကုသစက် အရေးတကြီး လိုအပ်သည့်အတွက် ဝယ်ယူရန် ရန်ကုန်မြို့ပေါ်က ပုဂ္ဂလိကဆေးခန်းပိုင်ရှင်များနှင့် ဆေးကုမ္ပဏီများကို ယမန်နေ့က ရန်ကုန်တိုင်းမှူး လက်မှတ်ရေးထိုးပြီး ကျပ်ငွေ (၁၀)သိန်းမှ သိန်း (၁၀၀) ထိ ကောက်ခံခဲ့သည်။

ရန်ကုန်တိုင်းအတွင်းရှိ ပုဂ္ဂလိကဆေးခန်း၊ ဆေးကုမ္ပဏီနှင့် ရောဂါရှာဖွေရေး ဆေးခန်းပိုင်ရှင်များကို ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းမှူးအမိန့်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ သူနာပြုဆောင် အစည်းအဝေးခန်းမသို့ ဖိတ်ကြားပြီး သက်မှတ်ငွေ မထည့်မနေရ အလှူငွေကောက်ခံခဲ့ခြင်းဖြစ်သည်။

May 11, 2010

ဝေါမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်ချက် ကြီးမားနေဆဲ

ရိုးမ ၃

ပဲခူးတိုင်းအတွင်း ရေပြတ်လပ်မှုကြောင့် နောက်ဆက်တွဲ ရောဂါများဖြစ်ပွားနေလျှက်ရှိပြီး သောက်သုံးရေ လိုအပ်ချက်ကြီးမားနေဆဲဖြစ်ကြောင်း အကူညီပေးနေသူ တဦးကပြောသည်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်း ကျေးရွာများတွင် ဝမ်းပျက်ဝမ်းလျောရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါများ စတင်ဖြစ်ပွားနေလျှက်ရှိပြီး ရေပေးဝေရာတွင်လည်း လုံလောက်ခြင်းမရှိကြောင်း ၎င်းက ပြောသည်။

May 10, 2010

အလုပ်သမား ၃၀၀ နီးပါး ထောင်ဒဏ်ချမှတ်ခံရ

တရားမဝင်မြန်မာအလုပ်သမား  ၃၀၀ နီးပါးကို မဲဆောက်တရားရုံးက ယနေ့နံနက်ပိုင်းတွင် ထောင်ဒဏ်များချမှတ်လိုက်သည်။

အဆိုပါ ထောင်ဒဏ်ချမှတ်ခံလိုက်ရသူများမှာ အိုမီဂါစက်ရုံ၊ နွားရုံနှင့် အခြားကျဘန်းအလုပ်သမားများဖြစ်ကြောင်း တရားရုံးသို့ သွားရောက်ခဲ့သူတဦးက ပြောသည်။