ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Nov 6, 2010

ရွေးကောက်ပွဲတရက်အလိုတွင် မဲမပေးရေးလှုပ်ရှားမှုများ ရှိနေဆဲ

November 6th, 2010 | ရိုးမ ၃

နအဖစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲရက်မတိုင်ခင် ယနေ့အထိ ရွေးကောက်ပွဲတွင် မဲမပေးရေးလှုပ်ရှားမှုများ ရှိနေသေးကြောင်း သိရသည်။


ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်များမှ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်နှင့် လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေနေခြင်းဖြစ်သည်။

“ဥပဒေအရ လူတိုင်း မဲမပေးဘဲ နေနိုင်ခွင့်ရှိသလို၊ အတင်းအကြပ် မဲပေးခိုင်းခြင်းသည်လည်း ဥပဒေကို ချိုးဖေါက်ခြင်းဖြစ်သည်” ဟူသည့် ဒေါ်အောင်ဆန်းစုကြည် အဆိုအမိန့် ပါရှိသည့် စာရွက်များကို ဘိုကလေးမြို့ပေါ်ရှိ တက်ကြွလှုပ်ရှားသူများက ထပ်ဆင့်ကူးယူ ဖြန့်ချိသည့်လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့သည်။

ရွေးကောက်ပွဲအနီးကပ်မှာ ပြည်သူတွေ ပိုပြီး သတိရစေဘို့ ဒီလှုပ်ရှားမှုတွေကို လုပ်ရခြင်းဖြစ်ကြောင်း လျှို့ဝှက်လှုပ်ရှားခြင်းမဟုတ်ဘဲ ဗြောင်ကျကျ လိုက်လံဝေငှခဲ့ခြင်းဖြစ်ကြောင်း၊ အာဏာပိုင်တွေအနေနဲ့ မှတ်တမ်းဓါတ်ပုံများ လိုက်ရိုက်ယူနေသည်ကို တွေ့ရှိရကြောင်း လှုပ်ရှားမှုတွင် ပါဝင်သည့် လူငယ်တဦးက ပြောပြသည်။

No comments:

Post a Comment