ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Nov 5, 2010

ဒေါက်တာဖုန်းဝင်းကို ပြိုင်ဖက်ပါတီများ မကျေနပ်ဖြစ်နေ

November 5th, 2010 | ရိုးမ ၃

ရွေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်ခွင့် ရထားသည့် ဒေါက်တာဖုန်းဝင်းအား အခြားပြိုင်ဖက်ပါတီမှ မကျေမနပ်ဖြစ်နေကြောင်း မြို့ခံက ပြောသည်။


ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာဖုန်းဝင်းသည် လှည်းတန်းမီးပွိုင့်ရှိ ပြည်မြန်မာကုန်တိုက်နားတွင် ညနေတိုင်းစည်းရုံးခွင့်ရပြီး ကျန်ပါတီဝင်များမှာ ၎င်းကဲ့သို့ စည်းရုံးခွင့်မရခြင်းကြောင့် ဖြစ်သည်။

“သူက အခု ပရိုဂျက်တာ ထောင်ပြီး သူရဲ့လှုပ်ရှားမှုတွေကို ပြပြီး ညတိုင်း စည်းရုံးရေးဆင်းနေတာ၊ (sound-box) နှစ်လုံးနဲ့ပါ သီချင်းဖွင့်ပြီး လူတွေအာရုံစိုက်မှုရအောင် လုပ်နေတာ၊ အဲဒီအခွင့်အရေးက သူတယောက်တည်းရတာ၊ ဘယ်ပါတီမှ သူလိုမလုပ်နိုင်ဘူး” ဟု ပြောသည်။

ဒေါက်တာဖုန်းဝင်း ဆွေမျိုးများမှာ စစ်တပ်အသိုင်းအဝိုင်းတွင် အာဏာရှိ ထိပ်တန်းပုဂ္ဂိုလ်များ ပါဝင်ပြီး ငွေကြေးချမ်းသာမှုများကြောင့် ယင်းကဲ့သို့ လုပ်ဆောင်နိုင်ခြင်းဖြစ်ကြောင်း မြို့ခံက ပြောသည်။

“သူက အဆက်သွယ်ကောင်းတယ်၊ လက်ရှိစစ်အစိုးရအသိုင်းအဝိုင်းထဲမှာလဲ သူ့ညီအကိုတွေ မိတ်ဆွေတွေလဲ များတယ်၊ ရာထူးကြီးကြီးတွေရှိတယ်၊ ငွေကြေးပိုင်ဆိုင်မှုကလဲ တော်တော်များတော့ အဲဒီအရှိန်နဲ့ လုပ်နေတာ” ဟုပြောသည်။

ဒေါက်တာဖုန်းဝင်း၏ မဲဆွယ်စည်းရုံးမှုကို အစ္စရေးသံအမတ်ကြီးလဲ လာရောက်ကြည့်ခဲ့ပြီး ပြိုင်ဖက် (NDF) ပါတီကမူ ယင်းစည်းရုံးမှုများကို မကျေမနပ်ဖြစ်နေကြောင်း မြို့ခံက ပြောသည်။

ပြီးခဲ့သည့် ၃၁ ရက်နေ့ကလည်း ဒေါက်တာဖုန်းဝင်းဦးဆောင်ပြီး ရခိုင်လေဘေးသင့်ပြည်သူများကို အကူညီပေးရန် အကြောင်းပြ၍ ၎င်း၏ ဇနီး ဒေါ်ယူဇာမော်အပါအဝင် အင်အား(၃၀)ခန့်ဖြင့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ချီတက်လမ်းလျှောက်မှုများ ပြုလုပ်ခဲ့ကာ လက်ကမ်းစာစောင်များ ဝေငှခြင်းများလဲ တပြိုင်နက် ပြုလုပ်ခဲ့သည်။

No comments:

Post a Comment