ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Mar 19, 2010

အချက်အလက် ဆင်းရဲခေါင်းပါးရှာသော ငါးမင်းဆွေသို့

တူမောင်ညို

ရင်းနှီးတဲ့ လုပ်ဖေါ်ကိုင်ဖက်တစ်ယောက်က လှမ်းပြောတာပါ။

မတ်လ ၁၆ ရက်နေ့ မြန်မာ့အလင်းသတင်းစာထဲက “ငါးမင်းဆွေ” ဆောင်းပါးမှာ ခင်ဗျားကို “ထိကပါးရိကပါး” လုပ်ထားတယ်လို့ ပြောလာပါတယ်။

ဒါနဲ့ သူပြောတဲ့ဆောင်းပါး ဖတ်ကြည့်ဖြစ်တယ်ဆိုပါတော့။

ခေါင်းစဉ် ကြည့်လိုက်ကတည်းက“မျက်ခမ်းမြင်ရုံနဲ့ ငတာကြီးသားမှန်း သိတယ်” ဆိုသလိုပဲ၊ ဘယ်အချိုး ချိုးတော့မယ်ဆိုတာ သိပြီးသားပါလို့ ပြောရင် အပြောလွန်ရာကျမလား မသိပါဘူးဗျာ။

သတင်းစာဆောင်းပါး ဆိုတာ သတင်းဆောင်းပါးပဲမဟုတ်လား။ “အားလုံးကောင်းပါသည်ခင်ဗျား” ပဲပေါ့။ ဒီထက် ဘာရေးနိုင်မှာလဲ။

Mar 17, 2010

မီးဘေးသင့်အိမ်ခြေများ နေရာချထားမှုကို တိုင်းမှူးထံသို့ တင်ပြထား

ဖြိုးကြီး

မီးဘေးသင့်အိမ်ထောင်စုများအား နေရာပြန်လည်ချထားရာတွင် ဒေသအာဏာပိုင်များ၏ အမြတ်ထုတ် ကိုယ်ကျိုးရှာမှုများ ရှိနေသည့်အတွက် တိုင်းအာဏာပိုင်များထံသို့ တင်ပြတိုင်ကြားသည်ကို ယနေ့ထိအရေးယူဆောင်ရွက် ပေးခြင်းမရှိကြောင်း ဒေသခံတဦးက ပြောသည်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် စက်ကုန်းကျေးရွာမှ မီးလောင်ခဲ့သည့် အိမ်ခြေများကို ပြန်လည်နေရာချထားပေးရာတွင် နေအိမ်ဆောက်လုပ်နေထိုင်ရန် ခက်ခဲသည့် ချိုင့်ဝှမ်း၊ အင်းအိုင်များအတွင်း နေရာချထားသည့်အပြင် ယခင်ပိုင်ဆိုင်သော မြေဧရိယာ တဝက်ခန့်သာပြန်ပေးသဖြင့် ဒေသခံများက တိုင်းမှူးထံသို့ တင်ပြတိုင်တန်းခဲ့ခြင်းဖြစ်သည်။

ရွှေပြည်သာစက်မှုဇုံ (၂) မှ 'OK' ကြာဆံစက်ရုံတွင် ဆန္ဒပြမှုဖြစ်ပွား

ကောင်းမြတ်ကျော်

ရန်ကုန်းတိုင်းအတွင်းရှိ ရွှေပြည်သာစက်မှုဇုံ (၂) မှ 'OK' ကြာဆံစက်ရုံတွင် အလုပ်သမား (၁၀၀) ကျော် ယမန်နေ့ မွန်းတည့် (၁၂) နာရီမှစ၍ အလုပ်မဆင်းဘဲ ဆန္ဒပြနေကြသည်။

အလုပ်အားခ နည်းပါးသည့်အတွက် အရေးဆိုပေးရန် ရွှေပြည်သာအလုပ်သမားရုံးသို့ အလုပ်သမ (၁၀) ဦး သွားရောက်တိုင်တန်းရာမှ ယခုကဲ့သို့ ဆန္ဒပြနေခြင်းဖြစ်သည်။

Mar 15, 2010

ဘားတိုက်ကို ပြန်ပို့ရမယ့် စစ်အစိုးရ

မမခင်

စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ရွေးကောက်ပွဲကော်မရှင်ဆိုတာ ထွက်ပေါ်လာခဲ့ ပါပြီ။ ဒါဟာ စစ်အာဏာရှင်တွေအနေနဲ့ ရွေးကောက်ပွဲကို တကယ်လုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်လို့ ပြောလိုက်တာလို့ ထင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲ လုပ်မယ် လုပ်မယ်နဲ့ မကြာခဏ ပြောလေ့ရှိပေမဲ့ သူပြောပြောနေတဲ့ ရွေးကောက်ပွဲဆိုတာကို ပြည်သူလူထုက စိတ်ဝင်တစားမရှိလှတာမို့ သိပ်တော့အရေးမပါလှပါဘူး။ အခုအခြေအနေမှာ ရွေးကောက်ပွဲဥပဒေတွေ၊ ကော်မရှင်တွေ ထွက်ပေါ်လာပေမဲ့လည်း လူထုကတော့ စစ်အစိုးရလုပ်သမျှ အယုံအကြည် ကင်းမဲ့နေတာကြောင့် စိတ်ဝင်တစား ပြောဆိုကြတာ မကြားရပါဘူး။

ပြည်သူလူထုအထဲက တချို့သောသူများကို စစ်အစိုးရလုပ်မယ့် ရွေးကောက်ပွဲကို ဘယ်လိုမြင်လဲ မေးမြန်းကြည့်တဲ့ အခါတော့ "မမြင်ဘူး။ မမြင်ဘူးဆိုတာ ပြည်သူလူထုအကျိုးအတွက် ဘာကိုမှ မမြင်ဘူး" လို့ ဖြေသူလည်း ရှိပါတယ်။ တချို့သော သူများကတော့ "ဒီကောင်တွေ ထင်ရာလုပ်မှာဘဲ။ သူတို့လူနဲ့ သူတို့ လုပ်သွားမှာ။ ရွေးစရာမှမရှိတာ ဘာကိုသွားရွေးမလဲ" လို့ဆိုသူကလည်း ဆိုပါတယ်။ ဒီလို ပြည်သူတွေဘက်က စိတ်ဝင်စားမှု နဲပါးနေတာကလည်း 'တခါသေဖူး ပျဉ်ဘိုးနားလည်' ဆိုသလို စစ်အစိုးရလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲ ဆိုတာကို ကြုံဖူးတွေ့ဖူးပြီးသားဖြစ်တော့ မယုံကြည်နိုင်တော့တာက အဓိကပါ။

ဦးဝင်းတင်၏ ရှစ်ဆယ်နှစ်ပြည့် စကားသဝဏ်




Mar 14, 2010

ကြားဖြတ်အစိုးရဖွဲ့ရန် MPU တိုက်တွန်း

ရိုးမ ၃

စစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်သွားရန်အတွက် နည်းလမ်းပေါင်းစုံသုံး၍ ဆန်ကျင့်သွားမည်ဖြစ်ကြောင်းနှင့် ကြားဖျက်အစိုးရဖွဲ့ရန် နိုင်ငံရေးခေါင်းဆောင်များက ပြောဆိုခဲ့ကြသည်။

ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်သည့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များအဖွဲ့က ဦးဆောင်၍ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲဥပဒေအား သုံးသပ်ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

(၂၂) နှစ်မြောက် ဖုန်းမော်နေ့ အခမ်းအနားပြုလုပ်

ကောင်းမြတ်ကျော်

ယနေ့ကျရောက်သည့် (၂၂) နှစ်မြောက် ကိုဖုန်းမော် ကျဆုံးခြင်း အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ်တွင် ၁၉၈၈ ခုနှစ် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းများ ဦးစီး၍ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနား၌ နံနက်ပိုင်းတွင် ၁၉၈၈ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း ကျဆုံးခဲ့သည့် ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်အပါအဝင် ဒီမိုကရေစီ အရေးတော်ပုံအတွင်း ကျဆုံးခဲ့ကြသည့် ရဟန်းရှင်လူ ပြည်သူများအား ရည်စူး၍ ပင့်သံဃာတော် (၇) ပါးအား ဆွမ်းဆက်ကပ်လှူဒါန်း ရေစက်သွန်းချပြီး မွန်းလွဲပိုင်းတွင် လက်ရှိ မြန်မာ့နိုင်ငံရေးကို သုံးသပ်သည့် စကားဝိုင်းတခု ပြုလုပ်ခဲ့သည်။