ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Apr 2, 2010

ကြံ့ဖွံ့အဖွဲ့ မဲရရန် လမ်းခင်းပေးလျှက်ရှိ

လွန်းဒင်

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှ ကြံ့ဖွံ့ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း)များ ရွေးကောက်ပွဲအတွက် မဲရရှိရန် စည်းရုံးသည့်အနေဖြင့် ရပ်ကွက်လမ်းများကို ပြင်ပေးနေကြောင်း မြို့ခံတဦးက ပြောသည်။

၎င်းအဖွဲ့သည် လူထုအကျိုးအတွက် လမ်းပြင်ပေးခြင်းမဟုတ်ပဲ ရွေးကောက်ပွဲတွင် အသင်းဝင် အင်အားတိုးလာရန် လူထုအပေါ် အကြပ်ကိုင်သည့် စည်းကမ်းများထုတ်၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

စီးပွားရေးဇုံ ညွှန်မှူးများ အပြောင်းအလဲလုပ်ပြီး အဂတိလိုက်စားမှုများ အရေးယူခြင်းမရှိ

ရိုးမ ၃

မြဝတီ စီးပွားရေးစက်မှုဇုံ အရာရှိများ အပြောင်းအလဲလုပ်ပြီး လာဘ်ပေးလာဘ်ယူမှုများကို ထိထိရောက်ရောက် အရေးယူခြင်းမရှိကြောင်း တပ်မဗျူဟာမှူးနှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။

ယမန်နေ့က လက်ရှိညွှန်ကြားရေးမှူးနေရာသို့ ယခင်တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးအောင်စိုးသိန်းအား ပြန်လည်တာဝန်ပေးအပ်ပြီး ၎င်းတို့အနေဖြင့် အဂတိလိုက်စားမှုများ ရှိခဲ့ခြင်းကို အရေးယူခြင်းမရှိကြောင်း ဒေသခံက ပြောသည်။