ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Feb 6, 2010

ဂေါပက လူကြီးသမီးလုပ်ရပ်ကို မြို့ခံများ မကျေနပ်

ဖြိုးကြီး

ကျိုက်ခေါက်ဘုရားဂေါပက အတွင်းရေးမှူးသမီးဖြစ်သူက ဘုရားရင်ပြင်တော်ပေါ်တွင် ရိုင်းပျစွာဆက်ဆံမှုကြောင့် ဒေသခံများ မကျေမနပ်ဖြစ်နေကြသည်။

သန်လျင်မြို့၊ ကျိုက်ခေါက်ဘုရားပွဲတော်လပြည့်နေက ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးငွေထွန်း၏ သမီးဖြစ်သူက ဖိနပ်မစီးရန် အမိန်ထုတ်ထားသည့်နေရာသို့ ဖိနပ်စီးလာပြီး လာရောက်တားမြစ်သူများကို ရိုင်းစိုင်းစွာ ပြောဆို လိုက်ကြောင်း မြို့ခံမျက်မြင်တဦးက ပြောသည်။

Feb 4, 2010

KNU ခေါင်းဆောင်နေအိမ်နှင့် သတင်းစာစောင်အဖွဲ့ရုံးကို ထိုင်းလုံခြုံရေးအဖွဲ့များ ဝင်ရောက်စစ်ဆေး

ရိုးမ ၃

ထိုင်း- မြန်မာနယ်စပ်ရှိ KNU ခေါင်းဆောင်နေအိမ်နှင့် ကရင့်သတင်းစဉ် စာစောင်(KIC) ရုံးကို ထိုင်းအာဏာပိုင်များက ယနေ့နံနက် ၆ နာရီခန့်တွင် ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ထိုင်းစစ်တပ်နှင့် ရဲအင်အား ၂၀ ခန့်က တရားဝင် ရှာဖွေပုံစံ (ဝရမ်း)များဖြင့် လာရောက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကရင့်သတင်းစဉ်စာစောင် တာဝန်ခံကပြောသည်။

ကြံ့ဖွံ့ဦးဆောင်၍ လူထုစည်းရုံးမှုများ လုပ်ဆောင်နေ

ဖြိုးကြီး

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ကြံ့ဖွံ့အဖွဲ့က လမ်းပြင်ခြင်းများနှင့် ပျော်ပွဲရွှင်ပွဲများကို လိုက်လံလုပ်ဆောင်နေလျှက်ရှိသည်။

တောင်ဒဂုံမြို့နယ်အတွင်း ယခုရက်ပိုင်းတွင် ကြံ့ဖွံ့အသင်းက ဦးဆောင်၍ ဆိုင်းဘုတ်များထောင်ပြီး လမ်းပြင်၊ လမ်းခင်းခြင်းများကို လုပ်ဆောင်နေကြောင်း မြို့ခံတဦးက ပြောသည်။

Feb 3, 2010

HIV ရောဂါအတွက် အရေးပေါ်အကူအညီလိုအပ်နေ

ရိုးမ ၃

မြန်မာနိုင်ငံတွင်း တိုးတက်ပြန့်ပွားလာနေသည့် HIV/AIDS ရောဂါအတွက် ဆေးဝါးထောက်ပံ့မှုများစွာ လိုအပ်နေကြောင်း ကူညီစောင့်ရှောင့်နေသူတဦးကပြောသည်။

HIV ရောဂါပိုးကူးစက်ပိုမိုများပြားလာပြီး ကုသမည့်ဆေးဝါးနှင့် ကူညီစောင့်ရှောင့်မှုများ နည်းပါးနေသည်ဟု အဆိုပါရောဂါနှင့်ပတ်သက်၍ ကူညီနေသူ မဖြူဖြူသင်းကပြောသည်။

စစ်တပ်အတွင်း ရွေးကောက်ပွဲကို စိတ်မဝင်စား

ဗထူး

ရွေးကောက်ပွဲကျင်းပမည်ဟု နိုင်ငံတကာနှင့် တိုင်းပြည်အား ကြေညာထားသော်လည်း လက်တွေ့တွင် တပ်တွင်းက စိတ်မဝင်စားကြောင်းပြောသည်။

"စည်းကော်ဆွေးနွေးပွဲမှာတော့ ပြောတယ်၊ ဒါပေမဲ့ အလုပ်အရသာ တက်တာပါ စိတ်မဝင်စားဘူး၊ ကျနော်က အစပေါ့၊ ပုံမှန်လုပ်ရတဲ့သဘောပါပဲ၊ အဓိကဆွေးနွေးကျတာတော့ မိသားစုတွေ ကျပ်တည်းနေအကြောင်းကသာ များပါတယ်" ဟု တာဝန်ထမ်းဆောင်ဆဲ အရာခံဗိုလ်တဦးက ပြောသည်။

Feb 2, 2010

မွန်လူထုအနေဖြင့် မွန်ခေါင်းဆောင်များ ဦးဆောင်မှုနောက်ကို လိုက်ရန် တိုက်တွန်း

ဖြိုးကြီး

မွန်ပြည်သူလူထုအနေဖြင့် ပြည်သူလူထု အားလုံးအတွက် အရေးကြီးသည့် နိုင်ငံရေးအပြောင်းအလဲ ကာလတွင် မွန်ခေါင်းဆောင်များ၏ ဦးဆောင်မှုနောက်ကို ယုံယုံကြည်ကြည်လိုက်ပါကြရန် တိုက်တွန်းလိုက်သည်။

ယနေ့ကျရောက်သည့် (၆၃) နှစ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားတွင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ လွတ်မြောက်နယ်မြေဌာနချုပ် အထွေထွေအတွင်းရေးမှူး နိုင်ဥဿာက ပြောဆိုခြင်း ဖြစ်သည်။