ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Nov 5, 2010

ဝန်ထမ်းများ ယနေ့ ကြိုတင်မဲပေးနေရ

November 5th, 2010 | ရိုးမ ၃

ဟင်္သာတ မြို့ပေါ် ဌာနဆိုင်ရာဝန်ထမ်းအနေဖြင့် ယနေ့တွင် ကြိုတင်မဲပေးမှုများ ပြုလုပ်နေရသည့်အတွက် မကျေမနပ် ဖြစ်နေကြသည်။


ဝန်ထမ်းများအနေဖြင့် မဲမပေးလျှင် ရာထူးနေရာအပြောင်းအရွေ့ထိခိုက်မည်ကို စိုးရိမ်သည့်အတွက် ကြံ့ဖွံ့ပါတီကို ထောက်ခံမဲပေးနေရခြင်းဖြစ်ကြောင်း ဝန်ထမ်းတဦးက ပြောသည်။

“ဝန်းထမ်းတွေကတော့ မဲမပေးချင်ကြဘူး၊ ဒါပေမဲ့လည်း အပြောင်းအရွေ့တွေဖြစ်လာမှာ စိုးရိမ်တော့ မဲပေးလိုက်ရတယ်” ဟု ဝန်ထမ်းတဦးက ပြောသည်။

ထို့အပြင် ကြံ့ဖွံ့ပါတီဝင်များမှ ဟင်္သာတမြို့ပေါ်တွင် ကြံ့ဖွံ့တံဆိပ်နှင့် အင်္ကျီ၊ ဦးထုပ်၊ ဘောလ်ပင်များ လိုက်လံဝေငှနေလျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ဒေသခံများအနေဖြင့်လည်း ယင်းကဲ့သို့ ကြံ့ဖွံ့ပါတီမှ ဝေငှသည့် အင်္ကျီများကို လက်ခံရယူပြီး ပြောင်းပြန် ဝတ်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါဝန်ထမ်းက ဆက်ပြောသည်။

ဟင်္သာတမြို့ပေါ်မှ ဆိုက်ကား အနှေးယာဉ်လုပ်သားများကိုလည်း ကြံ့ဖွံ့ပါတီမှ ငွေကျပ် ရှစ်သောင်းကို အတိုးမဲ့ချေးပေးခြင်းများလဲ ပြုလုပ်နေသည်။

ဟင်္သာတမြို့ပေါ်တွင် ကရင်ပြည်သူ့ပါတီမှ ဒေါက်တာစောဆိုင်မွန်သာ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ဦးစောထွန်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဌေးဦးတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

No comments:

Post a Comment