ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Nov 5, 2010

လူမှုရေးဖောက်ပြန်သူများ အောက်လွှတ်တော်အတွက် ဝင်ပြိုင်မည်

November 5th, 2010 | ဖြိုးကြီး

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ကြံ့ဖွံ့ပါတီမှ အောက်လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းသည် လူမှုရေးဖောက်ပြန်မှုများ ကျူးလွန်သူတဦးဖြစ်ကြောင်း မြို့ခံက ပြောသည်။


အင်္ဂပူမြို့နယ် ကြံ့ဖွံ့ပါတီမှ ဦးမြစိုးသည် အမျိုးသမီးတဦးအား အဓမ္မပြုကျင့်ကာ လျော်ကြေးပေးထားပြီး ကလေးထောက်ပံ့မှုကို လစဉ်ပေးနေရသည့်သူဖြစ်ကြောင်း ၎င်းက ပြောသည်။

“တစည စည်းရုံးရေးမှူးရဲ့သမီးကို အဓမ္မကျင့်ပြီး လျော်ကြေး (၁၀) သိန်းတခါ၊ (၈)သိန်းတခါ ပေးပြီး အခုရန်ကုန်မှာ ထားတယ်၊ လစဉ် ကလေးစရိတ်ထောက်ပံ့ပေးနေရတာ၊ အဲဒီလူက ရွေးကောက်ပွဲဝင်ပြိုင်မှာ” ဟုပြောသည်။

ထို့အပြင် အင်္ဂပူမြို့နယ်မှ ကြံ့ဖွံ့ဝန်ထမ်းအမျိုးသမီးများကိုလည်း မယားငယ်အဖြစ်ထားရှိကြောင်း ဒေသခံက ဆက်ပြောသည်။

“ကြံ့ဖွံ့ EC အမျိုးသမီးတယောက်ကို နှစ်လုံး၊ သုံးလုံးဒိုင်ဖွင့်ဖို့ ငွေထုတ်ပေးထားတယ်၊ နောက် စာရေးမ တယောက်ကိုကျတော့ အိမ်ပြင်ဖို့ ငွေထုတ်ပေးထားတယ်၊ အဲဒီနှစ်ယောက်စလုံးကို သူက တိတ်တိတ်ပုန်းယူထားတာ” ဟု မြို့ခံက ပြောသည်။

ယင်းကဲ့သို့ လူမှုရေးဖောက်ပြန်မှုများကို ကျူးလွန်နေသည့် ကြံ့ဖွံ့ပါတီဝင်များကို ဒေသခံများအနေဖြင့် ရွေးကောက်ပွဲတွင် မည်သည့်နည်းနှင့်မှ မဲပေးဖို့ မဖြစ်နိုင်ကြောင်း မြို့ခံများက ပြောဆိုနေလျှက်ရှိသည်။

No comments:

Post a Comment