ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Nov 7, 2010

မဲမသမာမှုများကြောင့် သပိတ်မှောက်မည့် သတင်းများ ထွက်ပေါ်နေ

November 7th, 2010 | ဖြိုးကြီး

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်တွင် မဲပေးနေစဉ်အတွင်း မဲပေးခွင့်ရှိသူစာရင်းများ ကွာခြားမှုနှင့် လွတ်လပ်စွာ မဲပေးခွင့် မရှိခြင်းတို့ကြောင့် အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီက သပိတ်မှောက်မည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း လေ့လာစောင့်ကြည့်သူက ပြောသည်။

“အခု ဘိုကလေးမှာ မဲပေးခွင့်မရသူက ငါးပုံတပုံလောက်ရှိနေတယ်၊ နာဂစ်မဖြစ်ခင်တုန်းက လူဦးရေနဲ့ အခုမဲစာရင်း လူဦး ရေနဲ့ တွက်ကြည့်တဲ့အခါ သေဆုံးတဲ့သူ စာရင်းတွေပြန်ပါနေသလို ဖြစ်နေတယ်၊ အဲလိုဖြစ်တဲ့အခါ အားလုံး မဲပေးခွင့်ရသလို ဖြစ်နေပြန်တယ်” ဟု ပြောသည်။


ဘိုကလေးမြို့နယ်တွင် နာဂစ်မဖြစ်ခင်က စာရင်းအရ လူဦးရေ ၂၉၀,၀၀၀ ကျော်ရှိပြီး ယခု မဲပေးခွင့်ရှိသူစာရင်းမှာ ၂၁၁,၇၈၆ ဦး ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ဘိုကလေးမြို့ပေါ် ၆ ရပ်ကွက်အတွင်း မဲရုံ ၄ ရုံ ရှိပြီး (၂) လမ်း၊ (၅) လမ်း၊ (၈) လမ်းနှင့် ပြည်လုံးချမ်းသာလမ်းတို့တွင် ထားရှိကာ မဲပေးခွင့်ရှိသူ ၅,၆၄၀ ဦး ရှိသည်။

ဘိုကလေးမြို့နယ်အတွင်း မဲဆန္ဒနယ်အမှတ် (၁) တွင် မဲရုံပေါင်း ၁၅၅ ရုံ၊ မဲပေးခွင့်ရှိသူ ၁၀၅,၃၁၀ နှင့် မဲဆန္ဒနယ်အမှတ် (၂) တွင် မဲရုံပေါင်း ၂၀၅၊ မဲပေးပိုင်ခွင့်ရှိသူ ၁၀၆,၄၇၆ ယောက်ရှိကာ မြို့ပေါ်တခုတည်းတွင် မဲရုံပေါင်း ၃၉ ရုံရှိကြောင်း လေ့လာစောင့်ကြည့်သူက ပြောသည်။

ထို့အပြင် ဘိုကလေးအပိုင် မြင်းကကုန်းဒေသတွင်း အမှတ် (၄) မဲရုံအဝတွင် ကြံ့ဖွံ့ပါတီက စည်းရုံးရေးလုပ်နေသည့်အတွက် (တစည)ပါတီက ကန့်ကွက်မှုများ ဖြစ်ပွားနေပြီး အမှတ် (၂) မဲရုံအတွင်း၌ တာဝန်ကျ အစောင့်တဦးက မဲထည့်ရမည့် ပါတီကို ညွှန်ကြားနေခြင်းများ ပြုလုပ်နေလျှက်ရှိသည်။

No comments:

Post a Comment