ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Aug 21, 2010

USDP ပါတီမြို့နယ်ရုံးဖွင့်ပွဲတွင် ရွေးကောက်ပွဲသပိတ်မှောက်စာရွက် ဖြန့်ဝေ

ဘုန်းခိုင်၊ ၂၁ သြဂုတ်၊ ၂၀၁၀

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး USDP ပါတီက ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် မြို့နယ် ပါတီရုံးဖွင့်ပွဲ အခမ်းအနားတွင် ရွေးကောက်ပွဲဆန့်ကျင်ရေးစာရွက်များ ဖြန့်ဝေသွားခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲဆန့်ကျင်ရေးစာရွက်တွေကို မည်သူတွေက ဖြန့်ဝေခဲ့သည်ကို မသိရဘဲ ထိုစာရွက်တွင်ပါသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ဖတ်ခဲ့ရသည့် ဒေသခံတဦးက ပြောသည်။

“ထူးဆန်းတာကတော့ အဲဒီဖွင့်ပွဲအတွင်းမှာဘဲ ရွေးကောက်ပွဲဆန့်ကျင်ရေးစာရွက်တွေ ဝေသွားတာဘဲ။ စာထဲမှာ ယခင်ကြံ့ဖွံ့ကနေ ပါတီပြောင်းပြီး တိုင်းပြည်အာဏာကို တရားဝင်ယူတော့မယ်။ တရားမဝင်ခင်က လူမှုအသင်းအဖွဲ့ဆိုပြီးတောင် လူထုကိုမတရားစော်ကား ဖိနှိပ်သွေးစုပ်ခဲ့တာ ခုလိုတရားဝင်သာဖြစ်ခဲ့ရင် အသွေးအသားများသာမက ရိုးတွင်းချဉ်ဆီပါ စုတ်ယူကြလိမ့်မယ်။ နောက်ဆုံးမှာကြတော့ ၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်ခြင်းဖြင့်သာ စစ်ကျွန်ဘ၀က လွတ်မြောက်နိုင်မယ်လို့ရေးထားတယ်” ဟု ပြောသည်။

ကျောက်ပန်းတောင်းမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးဖွင့်ပွဲကို ယခင်မြို့နယ်ကြံ့ဖွံ့အတွင်းရေးမှူး ဦးမောင်တူးက ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှ ကျေးရွာသား (၆၀) ကျော် တက်ရောက်ခဲ့သည်။

ုကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရုံးဖွင့်ပွဲတွင် အသုံးပြုခဲ့သည့် အလံအပါအဝင် ရုံးပစ္စည်းများအားလုံးသည် ယခင်ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းတုန်းက အသုံးပြုခဲ့သည်ပစ္စည်းများပင်ဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။

ထိုပါတီရုံးဖွင့်ပွဲအပေါ် ထားရှိသည့် ကျောက်ပန်းတောင်းမြို့ခံပြည်သူများရဲ့ အခြေအနေကို အခြားဒေသခံတဦးက “ရွာဘက်ကလူတွေခေါ်ပြီး မုန့်ဟင်းခါးကျွေးတယ်၊ မြို့ခံတွေကတော့ စိတ်ဝင်စားမှု မရှိလှပါဘူး ဒေသခံအချင်းချင်း အကြောင်းသိတွေလည်း ဖြစ်နေတယ်။ အခွင့်အရေးရတုံး ချဉ်းကပ်ကြတဲ့ သဘောဘဲလို့ထင်ပါတယ်။ လူထုမကျေနပ်မှုတွေဖြစ်လာတော့လည်း ဒီကောင်တွေ လူထုဘက်ပြန်ကပ်လာကြမှာပါ” ဟု ပြောသည်။

No comments:

Post a Comment