ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Oct 13, 2010

ဗုံးခွဲမှု မသင်္ကာဖြင့် အဖမ်းခံထားရသူများ ထောင်ဒဏ်ချမှတ်ခံရ

ဖြိုးကြီး။ အောက်တိုဘာ ၁၃၊ ၂၀၁၀

ဗုံးပေါက်ကွဲမှုနှင့် စွပ်စွဲအဖမ်းဆီးခံရသည့် ကိုညီညီထွန်း(ခ)မီးဒုတ်နှင့် ကိုစိုးမိုးထွန်းတို့ကို အင်းစိန်ထောင်တွင်း တရားရုံးက ယနေ့ ထောင်ဒဏ်အသီးသီး အမိန့်ချမှတ်လိုက်သည်။


ကိုစိုးမိုးထွန်းကို ပုဒ်မ (၁၃/၁)၊ (၁၇/၁) တို့ဖြင့် ထောင်ဒဏ် (၈) နှစ်၊ ကိုညီညီထွန်းကို ပုဒ်မ (၁၃/၁)၊ (၁၇/၁ )၊ ၅၀၅ (ခ)၊ ကြိုးမဲ့ ကြေးနန်းအက် ပုဒ်မ(၆-၁) တို့ဖြင့် ထောင်ဒဏ် (၁၃) နှစ် အသီးသီးချမှတ်လိုက်ခြင်းဖြစ်ကြောင်း ရှေ့နေဦးကျော်ဟိုးက ပြောသည်။

“သူတို့ကို ဖမ်းတုန်းက မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာတို့က ဗုံးပေါက်တဲ့ကိစ္စတွေနဲ့ မသင်္ကာလို့ ဖမ်းပြီးစစ်တယ်၊ စစ်လို့ မပေါ်တာနဲ့ အခုပုဒ်မတွေနဲ့ ထောင်ချလိုက်တာ” ဟု ပြောသည်။

၎င်းတို့ နှစ်ဦးအား ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ရာတွင် လုံလောက်သည့် သက်သေအထောက်အထားများ တိတိကျကျမရှိဘဲနှင့် အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း ဦးကျော်ဟိုးက ဆက်ပြောသည်။

“ဖမ်းတုန်းက ဗုံးပေါက်ကွဲမှု မသင်္ကာလို့ဖမ်းတယ် သက်ဆိုင်ရာက စစ်ဆေးတယ် မပေါ်တဲ့အခါကျတော့ အခုအjavascript:void(0)မိန့်ချလိုက်တဲ့ ပုဒ်မတွေနဲ့ တရားစွဲတယ်၊ အဲဒီ တရားစွဲတဲ့ ပုဒ်မတွေက တရားသူကြီးအမိန့်ချတဲ့အခါကြတော့ မျက်မြင်သက်သေ၊ သက်သေအထောက်အထားစုံစုံလင်လင်နဲ့ အမိန့်ချတာ မဟုတ်တော့ မကျေနပ်ဘူး၊ မခိုင်လုံတဲ့အခါ အယူခံတက်ဖို့ အစီစဉ်ရှိတယ်” ဟု ဆက်ပြောသည်။

ကိုစိုးမိုးထွန်းသည် ၁၉၈၈ ခုနှစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင် ကျောင်းသားတဦးဖြစ်ပြီး ကိုညီညီထွန်း (ခ) မီးဒုတ်သည် ကယားအထူးဒေသ (၂) ရဲ့ ကန္တာရ၀တီဂျာနယ် အယ်ဒီတာအဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့သူဖြစ်သည်။ အဆိုပါဂျာနယ်သည် ၂၀၀၈ ခုနှစ်အကုန်တွင် ထုတ်ဝေခွင့် ပိတ်ပင်ခံခဲ့ရသည်။

ကိုစိုးမိုးထွန်းနှင့် ကိုညီညီထွန်းတို့အား ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၄ ရက်နေ့တွင် စစ်ဖက်ရေးရာ လုံခြုံရေး (စရဖ)က ဖမ်းဆီးခဲ့ပြီး အောင်သပြေ စစ်ကြောရေးတွင် (၃) လကြာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ၂၀၁၀ ဖေဖော်ဝါရီလတွင် တရားစွဲဆိုခဲ့ပြီး ယခုကဲ့သို့ အမိန့်ချမှတ်လိုက် ခြင်းဖြစ်သည်။

No comments:

Post a Comment