ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Dec 7, 2010

ကုလအတွင်းရေးမှူးချုပ်က မြန်မာ့အရေးကိစ္စ လုံခြုံရေးကောင်စီတွင် တင်ပြခဲ့

December 7th, 2010 | ရိုးမ ၃

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr. Vijay Nambiar) က မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်၍ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများကို ဒီဇင်ဘာ ၆ ရက်နေ့က တင်ပြခဲ့သည်။

မစ္စတာ နမ်ဘီးယားသည် နက်ပိုင်းတွင် မြန်မာ့မိတ်ဆွေနိုင်ငံများနှင့် တွေ့ဆုံဆွေးနွေပြီး ညနေပိုင်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်၍ အစီရင်ခံစာ တင်သွင်းမည်ဖြစ်သည်။


မစ္စတာ နမ်ဘီးယားသည် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ၂၀၁၀ ရွေးကောက်ပွဲ အပါအ၀င် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး ကိစ္စများကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီ အချို့၏ ခေါင်းဆောင်များ၊ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ နမ်ဘီးယား၏ ခရီးစဉ်သည် မြန်မာ့နိုင်ငံရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်ကြောင်း၊ ကုလသမဂ္ဂသည် သူ့၏ လုပ်ငန်း စဉ်များနှင့် ပတ်သက်ပြီး အကန့်အသတ်များ ရှိနေသော်လည်း ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို လေးစားကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံရေးအသွင် ကူးပြေင်းရေး အစီအစဉ်များကို ယုံကြည်လက်ခံနိုင်အောင် လုပ်ပြမှသာ ရှေ့သွားမည့် ခရီးစဉ်များတွင် အောင်မြင်မည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို နိုင်ငံတကာစံချိန်နှင့် ကြည့်လျှင် အလွန် နိမ့်ကျနေကြောင်းလည်း ထောက်ပြခဲ့သည်။

“မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့တဲံ ရွေးကောက်ပွဲကတော့ နိုင်ငံတကာ မိသားစုက မျှော်လင့်ထားတဲ့ အဆင့်အတန်း ထက် အလွန်ပဲ နိမ့်ကျခဲ့တဲ့အတွက် ၀မ်းနည်း စိတ်မကောင်း ဖြစ်ရတယ်၊ အနာဂတ်ကို မျှော်မှန်းပြီး ကျနော်တို့က မြန်မာနိုင်ငံ အာဏာပိုင်တွေကို ဆက်လက်ပြီး တိုက်တွန်း နှိုးဆော်နေဖို့ လိုအပ်နေတာကတော့ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းတဲ့ ကိစ္စမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိဖို့နဲ့ အရေးပါသူတွေ အားလုံး ပါဝင်ရေးပါပဲ၊ လာမယ့် ၂ လ တာ ကာလဟာ မြန်မာ့နိုင်ငံရေးမှာ သိပ်ကို အရေးကြီးတဲ့ အချိန်ပါ၊ ဒီကာလမှာ မြန်မာ့နိုင်ငံရေး တိုးတက် ဖြစ်ထွန်း လာဖို့ အဆုံးအဖြတ်ပေးမယ့် လမ်းကြောင်းသစ် ပေါ်ထွက်လာမယ့် အလားအလာ ရှိနေသလို နိုင်ငံ တကာ မှာလည်း ဒီအပြောင်းအလဲကို လက်ခံမယ်၊ လက်မခံဘူး သုံးသပ်ကြမှာ ဖြစ်ပါတယ်၊ မြန်မာအာဏာပိုင်တွေဟာ တာဝန်ရှိတဲ့အတိုင်း အတိအကျ လုပ်ကိုင် ဆောင်ရွက်သွားဖို့ ပိုမိုကောင်းမွန်တဲ့ အနေအထားမှာ ရှိနေသင့်တယ်” ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့ကိုယ်စားလှယ်များကို ရှင်းလင်း ပြောဆိုခဲ့သည်။

ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းတွင် မစ္စတာ နမ်ဘီးယား၊ မစ္စတာ ဘန်ကီမွန်းတို့သည် မြန်မာ့မိတ်ဆွေများ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အမေရိကန်၊ကနေဒါ၊ ဗြိတိန်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ရုရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ပြင်သစ်၊ နော်ဝေ၊ ပေါ်တူဂီ တို့နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment