ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jun 3, 2010

မုံရွာမြို့က ချင်းတွင်းရတနာဈေး မီးလောင်

ဘုန်းခိုင်။ ၃၊ ၆၊ ၂၀၁၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ချင်းတွင်းရတနာအဆင့်မြင့်ဈေးကြီး ယနေ့မနက် (၃) နာရီခန့်က မီးစတင် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း (၅၀၀)နီးပါး မီးလောင်ဆုံးရှုံးခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် ဈေးကြီးရဲ့အပေါ်ထပ် အလယ်ခန်းက မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်းလို့ ခန့်မှန်းပြောဆိုနေကြသော်လည်း အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဒေသခံမျက်မြင်များက ပြောသည်။

“ချင်းတွင်းရတနာဈေးမှာ မနက် (၃)နာရီကျော်လောက်က မီးလောင်တာ တော်တော်များတယ် မနက် (၈)နာရီ လောက်မှာ မီးငြိမ်းတာ၊ အခုထိ မီးသတ်က မီးကြွင်းမီးကျန်တွေ လိုက်ငြိမ်းနေတုန်းပဲ အပေါ်ထပ်ကော အောက်ထပ်ကော လောင်တာဆိုတော့ ဆိုင်ခန်းရှိသလောက်နီးပါ လောင်တာ ကျန်တာက နည်းနည်း လောက်ပဲကျန်တာ” ဟု ပြောသည်။

မနက် (၁၀)နာရီအချိန်ထိ ဈေးကြီးအတွင်း၌ မီးငြိမ်းသတ်နေဆဲဖြစ်ကြောင်းနှင့် ချင်းတွင်းရတနာဈေးတွင် ဆိုင်ခန်းပေါင်း (၅၀၀)ကျော်ရှိသည့်အနက် (၄၇၂)ခန်း မီးလောက်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ဆိုင်ခန်းအများစုမှာ ကုန်စုံဆိုင်၊ ငါးပိ ငါးခြောက်ဆိုင်၊ ပလပ်စတစ်ပစ္စည်းဆိုင်၊ စတီးပစ္စည်းဆိုင်နဲ့ အထည်ဆိုင် ကြီးတွေဖြစ်ကြပြီး လက်လီလက္ကားရောင်းချနေသည့် ဈေးဆိုင်များ ဖြစ်သည်။

အဆိုပါ မီးလောင်ကျွမ်းခဲ့သည့် ဆိုင်ခန်းများမှာ ကုန်ပစ္စည်းများအပါအဝင် ဆိုင်ခန်းတန်ဖိုးမှာ အနည်းဆုံး သိန်း (၄၀၀)ကျော်ရှိပြီး ယခုမီးလောင်ကျွမ်းခဲ့ခြင်းကြောင့် ဆုံးရှုံးရသည့် တန်ဖိုးမှာ အသေးစိတ်တွက်ချက်ဖို့ ခက်နေသေးကြောင်း ဒေသခံများက ပြောသည်။

အလားတူ ယခုနှစ်ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် ရန်ကုန်၊ သင်္ဃန်းကျွန်းဈေးတွင် ဆိုင်ခန်းပေါင်း (၆၀၀)ကျော် ဆုံးရှုံးခဲ့ရပြီး မေလ (၂၄) ရက်နေ့ကလည်း ရန်ကုန်မြို့ရှိ အဆင့်မြင့် မင်္ဂလာဈေးကြီး ရှိဆိုင်ခန်းပေါင်း (၈၀၀)ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်။

3 comments:

  1. OMG, THIS CAN'T BE AN ACCIDENT. I BELIEVE THAT THE MARKET IS GOING TO THE STUPID PEOPLE'S PARTERS SUCH AS TAYZA OR SOMEONE.

    I'M SO SORRY FOR THEM.

    ReplyDelete
  2. ဘာဖြစ်လို့များး မီးတွေ ခနခန လောင်နေရတာလဲ.
    ချို့မီးတွေလား.အစိုးရကိုမုန်းလို့ လုပ်နေကြတာလား.
    နေပြည်တော်ကို မီးရှို့ရမှာ. နေရာမှားနေတယ်နော်...

    ReplyDelete
  3. ရတနာတွေကိုပဲရွေးပြီးမီးလောင်နေတာဆိုတော့...သွေးရိုးသားရိုးလုံးဝမဖြစ်နိုင်ဘူး....ယုတာချေပြန်ပြီထင်တယ်..

    ReplyDelete