ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Oct 7, 2010

လူပေါင်း(၃၀)ကျော်သေသည့် စက်လှေနစ်မြုပ်မှု ရာသီဥတုကြောင့် မဟုတ်ဟုဆို

ရိုးမ ၃၊ အောက်တိုဘာ ၇၊ ၂၀၁၀

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်း ယမန်နေ့ နံနက်ပိုင်းက စက်လှေ တိမ်းမှောက်မှုကြောင့် လူပေါင်းသုံးဆယ်ကျော် သေဆုံးပြီး ရာသီဥတုကြောင့် တိမ်းမှောက်သွားခြင်း မဟုတ်ကြောင်း ဒေခံက ပြောသည်။

လပွတ္တာမြို့နယ်၊ ပြင်စလူအပိုင်၊ ပလူဆိပ်ကျေးရွာအုပ်စုတွင်းမှ အင်ကနူကုန်း၊ ပိတောက်ကုန်း၊ ပဒဲကော ကျေးရွာများမှ ကျောင်းသား/သူနှင့် ဆရာ/မများ တင်ဆောင်လာလည့် စက်လှေသည် မိကျောင်းအိုင် ကျေးရွာသို့အသွား ဝန်မမျှသည့်အတွက် တိမ်းမှောက်သွားခြင်းဖြစ်သည်။

“ရာသီဥတုကြောင့် မြုပ်တာမဟုတ်ဘူး၊ ချောင်းကကျဉ်းတယ်၊ စစ်လှေက လိုင်းသဘောင်္မဟုတ်ဘူး နီးစပ်ရာ စက်လှေဖြစ်တော့ လှေနဲ့လူအားမမျှတော့ ပဒဲကော ရွာအထွက်မှာမြုပ်တာ၊ ကျောင်းသားတွေကတော့ အလယ်တန်းကျောင်းသား/သူတွေ” ဟု ဒေသခံက ပြောသည်။

စက်လှေပိုင်ရှင်မှာ ပလူဆိပ်ကျေးရွာမှ ကိုတင့်ဇော်ဖြစ်ပြီး ကျေးရွာဥက္ကဌက ဦးဆောင်ငှားရမ်းပြီး သွားခြင်းဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။

စက်လှေပေါ်တွင် လူပေါင်း (၈၀)ခန့်တင်ဆောင်သွားပြီး လက်တလော ၃၆ လောင်း ဆယ်ယူရရှိထားကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ စက်လှေနစ်မြုပ်မှုနှင့်ပတ်သက်၍ နယ်မြေခံရဲစခန်းက ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေလျှက်ရှိကြောင်း တာဝန်ကျ ရဲဝန်ထမ်းတဦးက ပြောသည်။

“၁၈ ဦးသေဆုံးပြီး လေးဦးပျောက်ပါတယ်၊ အတည်ပြုတုန်းရှိပါသေးတယ်၊ အတိအကျမ ဖြစ်သေးဘူး၊ စစ်ဆေးတုန်းဖြစ်တယ်၊ အားကစားပွဲသွားတာ၊ ပညာရေးအဖွဲ့တွေလဲ သွားစစ်တယ်၊ ကျောင်းပေါင်းစုံ လုပ်တာမဟုတ်ဘူး၊ မြို့နယ်က လုပ်တာမဟုတ်ဘူး” ဟုပြောသည်။

ယင်းစုံညီအားကစားပွဲတော်ကို မြို့နယ်အာဏာပိုင်များက စီစဉ်ပြုလုပ်ခြင်းမဟုတ်ဘဲ ဒေသတွင်း ရောက်ရှိနေသည့် လူမှုအခြေပြုအဖွဲ့က ပြုလုပ်ခြင်းဖြစ်ကြောင်း ဒေသခံရွာသားက ပြောသည်။

No comments:

Post a Comment