ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 13, 2010

မဲမပေးရေးလှုပ်ရှားမှု စာရွက်များဖြန့်ဝေ

ရိုးမ ၃၊ စက်တင်ဘာ ၁၃၊ ၂၀၁၀

ပဲခူးမြို့ပေါ်တွင် ယနေ့ နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံနှင့် အတူ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲမပေးရန် စည်းရုံးလှုံ့ဆော်သည့် စာရွက်များ ဖြန့်ဝေမှု ဖြစ်ပွားခဲ့သည်။

ပဲခူးမြို့ ရပ်ကွက်ကြီး (၉)၊ မဟာစည်၊ မဟာမြိုင်တို့တွင် အဆိုပါစာရွက်ဖြန့်ဝေမှုများ ပြုလုပ်သွားကြောင်း ဒေသခံတဦးက ပြောသည်။

“အန်တီဒေါ်အောင်ဆန်းစုကြည့်ရဲ့ ပုံတွေပါတယ် စာတွေလည်း တော်တော်များများရေးထားတယ်၊ ပြည်သူလူထုဟာ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိသလို့ မဲမပေးပိုင်ခွင့်လည်း ရှိတယ်ဆိုတာတွေ ပါတယ်” ဟု ပြောသည်။

ယင်းစာရွက်များကို ဆိုင်ကယ်စီး လူတစုက ကျဲချသွားခြင်းဖြစ်ပြီး ဒေသခံများကလည်း စိတ်ဝင်တစား ဖတ်ရှုနေကြကြောင်း ၎င်းက ဆက်ပြောသည်။

“ဈေးထဲမှာတော့ တိုးတိုးတိုးတိုးနဲ့ပေါ့၊ အကျယ်တဝင့် မဟုတ်ပေမဲ့ တယောက်ကလည်း ဒီစာရွက်လေးရတယ်၊ အဲလို လက်ဆင့်ကမ်းလေးတွေ ပြောကြတာပေါ့” ဟု ပြောသည်။

အလားတူ ရန်ကုန်တိုင်း ဒလဆိပ်ကမ်း၊ ပုဇွန်တောင်ဈေးနှင့် အင်းစိန်ဂုံးကျော် တံတားတို့တွင်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် မဲမပေးရေး လှုပ်ရှားမှုစာရွက်များ ကပ်သည့် လှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်။

No comments:

Post a Comment