ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jan 5, 2011

လွတ်လပ်ရေးနေ့အခမ်းအနား ကျောက်ပန်းတောင်းတွင် ကျင်းပ

January 5th, 2011 | ရိုးမ ၃

(၆၃) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အခမ်းအနားကို မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များက ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားကို နံနက် (၉) နာရီမှ (၁၀) နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ပြီး အင်အား (၅၀) ကျော်ခန့် တက်ရောက် ခဲ့ကြသည်။


အဆိုပါ လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် တောင်ဆိုချက် (၂)ချက်ထုတ်ပြန်ခဲ့ကြောင်း အခမ်းအနားသို့ တက်ရောက်ခဲ့သူ တဦးက ပြောသည်။

“အခမ်းအနားမှာ ဆုံးဖြတ်ချက်ချခဲ့တာက (၂၁) ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ရေးဆောင်ရွက်ချက်ကို အပြည့်အဝ ထောက်ခံကြောင်းနဲ့ လူတန်းစားအားလုံးပါဝင်သော ဒီမိုကရေစီကွန်ယက် အမြန်ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်သွားရန် ဆုံးဖြတ်ချက်နှစ်ခု ချမှတ်ခဲ့တယ်” ဟု ပြောသည်။

ထို့အပြင် စစ်အစိုးရ၏ ဥပဒေမဲ့ ဖမ်းဆီးခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်တို့ကို လေးနက်စွာ တောင်းဆိုချက်နှစ်ခုကို ထုတ်ပြန်ခဲ့သည်။

ယင်းအခမ်းအနားကို ဒေသအာဏာပိုင်များက လုံခြုံရေးများချမှတ်ကာ စောင့်ကြည့်မှုများရှိခဲ့သော်လည်း တစုံတရာ နှောက်ယှက်ခြင်းမရှိကြောင်း အခမ်းအနားသို့ တက်ရောက်ခဲ့သူက ဆက်ပြောသည်။

No comments:

Post a Comment