ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jan 14, 2010

ခလရ ၈၀ တပ်တွင်း ပြဿနာဖြစ်ခဲ့

ဗထူး

သဲကုန်းစလင်းရှိ ခလရ(၈၀)တွင် တပ်တွင်းဝင်စစ်ဆေးမှုဖြင့် ပြဿနာဖြစ်ပွားခဲ့သည်။

စရဖက ခမရ(၅) မှာ တည်းတယ်၊ တပ်ကိုဝင်စစ်တယ်၊ တပ်ကအစစ်မခံဘူး၊ ပစ်ခတ်မှုဖြစ်တယ်၊ ရန်ကုန်က ဆင်းလာတာ ခုတော့တိုင်းကိုတင်ထားတယ်၊ ဘယ်လိုလာမလဲတော့မသိသေးဘူး။

အဲဒါကို လိုက်နေတုန်းပဲ အရာရှိ/စစ်သည်အားလုံး အရင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ စုံစမ်းနေဆဲပါပဲ။ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဦးစီးအရာရှိ (စရဖ) တဦးပါတယ်။

တပ်မတော်အတွင်းမှာ စစ်ဆေးတာတွေရှိနေဆဲဖြစ်ပြီး မြင်းခြံမှာ လက်နက်တိုက် ဖောက်ထွင်းမှု ဖြစ်ခဲ့တယ်။

“ပထမတော့ ‘ဒါဘာ’မှာလို့ပြောတယ်၊ နောက်မှသိရတာက စရဖက တပ်ကိုမနက်ပိုင်းမှာ ၀င်စစ်ဖို့လုပ်တယ်၊ တပ်က ခွင့်မပြုဘူး၊ ရင်းမှူးကိုယ်တိုင်က တပ်ဝင်စစ်တာ ခွင့်မပြုဘူးလေ၊ ခုတော့ တိုင်းမှာ ဒီကိစ္စတင်ထားဆဲပဲ” ဟု နီးစပ်တဲ့ အရာရှိတဦးက ပြောတယ်။

“တပ်တွေကို မသင်ကာဖြစ်ပြီး ၀င်စစ်ဆေးနေတာ ဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာ ကျနော်တို့လည်းခန့်မှန်းရခက်တယ်၊ အပေါ်ကစိတ်ကြိုက်လုပ်နေပုံရတယ်” ဟု ပြောသည်။

အပြင်မှာ သတင်းတွေ ထွက်နေတယ်။ ဒီကိစ္စကို တပ်မဌာနချုပ်က တိုက်ရိုက်ကိုင်တွယ်မယ်လို့ ပြောနေတယ်။

No comments:

Post a Comment