ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Mar 1, 2010

မြန်မာ့သတင်းသမဂ္ဂညီလာခံ ကျင်းပ

ရိုးမ ၃

သတ္တမအကြိမ်မြောက် မြန်မာ့သတင်းသမဂ္ဂညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယနေ့ နံနက်ပိုင်းမှ စတင်ကျင်းပခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြန်မာအပါအဝင် နိုင်ငံပေါင်း (၁၁) နိုင်ငံမှ သတင်းသမားများ၊ စာပေးအနုပညာရှင် ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး မြန်မာ့သတင်းသမဂ္ဂ(BMA) မှ ဦးမောင်မောင်မြင့်က အမှာစကားပြောကြား၍ ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားသို့ ဝါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းက မြန်မာ့ဒီမိုကရေစီအရေးအတွက် အမှန်တရားများဖော်ထုတ်ရာတွင် သတင်းမီဒီယာများအနေဖြင့် ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ရန်

တိုက်တွန်းကြောင်းနှင့် ရုပ်ရှင်ဒါရိုက်တာ ဦးဝင်းဖေက သတင်းမီဒီယာများအနေဖြင့် မြန်မာပြည်အတွက် စတုတ္တမဏ္ဍိုင်ကို အဝေးမှ ထောက်ပံ့ပေးရန် တိုက်တွန်းကြောင်း အမှာစကားရုပ်သံများ
ပေးပို့ခဲ့ကြသည်။

အခမ်းအနားတွင် ဒုတိယအကြိမ်မြောက် ဂျပန်သတင်းထောက် ကင်ဂျီနာဂါအိ ဆုကို မြန်မာသတင်းထောက် ၂ ဦးအား ချီးမြှင့်ခဲ့ကြပြီး အဆိုပါဆုကို အကျဉ်းကျခံနေရသည့် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)သတင်းထောက်များဖြစ်ကြသည့် ကိုဝင်းမော်နှင့် မလှလှဝင်းတို့ကို ပူးတွဲချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကိုယ်စား (DVB) မှ ဝန်ထမ်းများက လက်ခံရယူခဲ့သည်။

စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲအလွန်ကာလ အနာဂါတ်မြန်မာ့မီဒီယာမြင်ကွင်းနှင့် ရွေးကောက်ပွဲကို သတင်းသမားများအနေဖြင့် တာဝန်သိစွာစောင့်ကြည့်ရန်လိုအပ်ကြောင်းကို ပြည်တွင်းမှ အယ်ဒီတာတဦးနှင့် အလွတ်သတင်းထောက် လာရီဂျာဂန်တို့က ဦးဆောင်၍ အပြန်လှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

မြန်မာ့သတင်းသမဂ္ဂ ညီလာခံကို ယနေ့မှ စတင်ကာ ၃ ရက်အကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

No comments:

Post a Comment