ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Mar 4, 2009

ကြက်အသေနှုန်း များပြားသည့်သတင်းကို အာဏာပိုင်များက ပိတ်ပင်ထား

ရိုးမ ၃

မိထ္တီလာမြို့တွင် ကြက်အသေနှုန်း များပြားနေလျှက်ရှိပြီး ဒေသအာဏာပိုင်များက အဆိုပါသတင်းကို မပြောဆိုရန် တားမြစ်ပိတ်ပင်ထားကြောင်း မြို့ခံများက ပြောသည်။

တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေး ဆရာဝန်အား ကြက်လည်လိမ်ရောဂါကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ပြောဆိုရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း တိမွေးကုဆရာဝန်နှင့် နီးစပ်သူတဦးက ပြောသည်။

“တိရစ္ဆာန်ဆေးကုဆရာဝန် ပြောပုံအရဆိုရင် ဒါဟာ ဗိုင်းရပ်စ်ပိုးကြောင့်သေတာ၊ ကြက်လည်လိမ်ရောဂါဆိုတာ ဒီလိုမျိုးမဟုတ်ဘူးလို့ ပြောတယ်၊ အခုဟာက ကြက်တွေက တော်တော်ကို သေနေတာ” ဟု ပြောသည်။

မြို့နယ်အာဏာပိုင်အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးအဆိုအရ မြို့နယ်အတွင်း မွေးမြူထားသည့် ကြက်များကို မကြာခင်ရက်ပိုင်းအတွင်း အမိန့်ထုတ်၍ သတ်ပစ်ရန် သက်ဆိုင်ရာက စီစဉ်နေကြောင်း ပြောသည်။

“မိထ္တီလာမြို့ပေါ်မှာရော စက်မှုဇုံအတွင်းမှာရော မွေးထားတဲ့ ကြက်တွေကို သတ်ဖို့ အာဏာပိုင်တွေက အမိန့်ထုတ်တော့မယ်လို့တော့ ကြားတယ်၊ ဒါပေမဲ့လည်း တိတိကျကျလုပ်တာ မတွေ့ရသေးဘူး၊ အခုဖြစ်နေပုံက ကြက်ငှက်တုတ်ကွေးပုံစံမျိုး ဖြစ်နေတာ” ဟု ၎င်းက ပြောသည်။

စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ တိရစ္ဆာန်များနှင့်ပတ်သက်၍ ဖြစ်ပွားသည့် ရောဂါများကို ထိထိရောက်ရောက် ကာကွယ်တားဆီးခြင်း၊ ပြည်သူများကို အသိပေးခြင်းများမရှိကြောင်း မြို့ခံများက ပြောဆိုနေလျှက်ရှိသည်။

No comments:

Post a Comment