ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 11, 2009

ဝမ်းပျက်ရောဂါကြောင့် ကလေးငယ်များသေဆုံးမှု များပြား

ရိုးမ ၃

မြန်မာပြည်အလယ်ပိုင်းဒေသတွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်များသေဆုံးမှု များပြားနေကြောင်း ဒေသခံများက ပြောသည်။

ယခုလ လဆန်းပိုင်းမှစတင်ကာ ညောင်ဦး၊ ပခုက္ကူ၊ မုံရွာနှင့် ရေစကြိုမြို့များတွင် ရာသီဥတုပူပြင်းမှုနှင့် ယင်းနားသည့် အစားအစာများကြောင့် ယခုကဲ့သို့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေကြောင်း ရေစကြိုမြို့မှ ကျန်းမာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

“ကျနော့်မိတ်ဆွေ ဆရာဝန်ပြောတာ၊ မုံရွာမှာ အခြေအနေတော်တော်ဆိုးနေတယ်၊ အထူးသဖြင့် ကလေးငယ်တွေ အများဆုံးဖြစ်နေတာ၊ ဆေးရုံမှာပြည့်နေတာ အဲဒီဝမ်းပျက်ဝမ်းလျှောတဲ့ လူနာတွေပဲ များတယ်” ဟု ပြောသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ရေစကြိုမြို့၊ သုခဝတီရပ်ကွက်ထဲမှ ကလေးနှစ်ဦး ယမန်နေ့က သေဆုံးခဲ့ရပြီး အခြားရပ်ကွက်များတွင်လည်း သေဆုံးမှုများရှိနေသည်ဟု မြို့ခံက ပြောသည်။

“တချို့ကလည်း ဆေးရုံမတင်ပေမယ့် ဆရာဝန်ကို အိမ်ခေါ်ပြီး ကုနေတာတွေ များတယ်၊ ဒီမှာကတော့ ဆရာဝန်တွေထက် အပြင်မှာ ဆေးလိုက်ထိုးတဲ့သူတွေလဲ များတော့ အဲဒီလူတွေနဲ့ ကုတာများတယ်” ဟု ပြောသည်။

ထို့အပြင် နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများမှ ကလေးငယ်များလည်း ဝမ်းရောဂါဖြစ်ပွားမှု များပြားနေလျှက်ရှိပြီး သေဆုံးမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

No comments:

Post a Comment