ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 29, 2009

၈၈ မျိုးဆက် ကျောင်းသားများက စစ်အစိုးရကို တိုက်တွန်း

ဉာဏ်မောင်

စစ်အစိုးရ ခေါင်းဆောင်များအနေဖြင့် စီးပွားရေးပိတ်ဆို့မှုကိစ္စအပါအဝင် အမျိုးသားရေးပြဿနာများကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အင်န်အယ်ဒီနှင့် ပူးပေါင်းဖြေရှင်းရန် မေတ္တာ စေတနာထားကာ ဆောင်ရွက်စေချင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် တိုက်တွန်းချက်တစောင် ထုတ်ပြန်လိုက်သည်။

နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) နှင့် ပူးပေါင်းဖြေရှင်း၍ အမျိုးသားရေးပြဿနာများကို တွေ့ဆုံဆွေးနွေး အဖြေရှာရေးအတွက် ယနေ့အချိန်အခါသည် အကောင်းဆုံးနှင့် အသင့်တော်ဆုံး ဖြစ်သည်ဟု ယုံကြည်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အင်န်အယ်လ်ဒီပါတီမှ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးကိစ္စနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက် ဖြေရှင်းနိုင်ရန် စစ်အစိုးရခေါင်းဆောင်ထံသို့ မေတ္တာရပ်ခံလွှာ ပေးပို့ထားသည်ကို သိရှိရပြီး ထိုသို့ အဖြေရှာကြမှသာ အဆိုပါကိစ္စသည် အဆင်ပြေချောမွေ့ လာနိုင်ကြောင်းလည်း ဆက်လက်ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး ၎င်းနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့နေမှုများကို ရုတ်သိမ်းအောင် လုပ်ဆောင်ပေးမည်ဆိုလျှင် သူကိုယ်တိုင် အင်န်အယ်လ်ဒီနှင့် တွေ့ဆုံဆွေးနွေးမည်ဟု ထုတ်ပြန်ခဲ့ဖူးသည်။

အချက် (၇) ချက်ပါဝင်သည့် ၈၈ မျိုးဆက်ကျောင်းသားများ တိုက်တွန်းချက်တွင် မကြာသေးမီရက်ပိုင်းအတွင်းက အနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုအပြင် နိုင်ငံချင်း တိုက်ရိုက်ထိတွေ့ဆက်ဆံသော နည်းလမ်းကိုလည်း ကျင့်သုံးမည့် မူဝါဒကို ဒေါ်အောင်ဆန်းစုကြည်မှ ထောက်ခံကြိုဆိုသကဲ့သို့ ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့်လည်း ကြိုဆိုပါကြောင်း ဖော်ပြထားသည်။

No comments:

Post a Comment