ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Nov 23, 2009

ဖခင်ဖြစ်သူ အသတ်ခံရမှုကို သက်ဆိုင်ရာက အရေးမယူသဖြင့် သမီးဖြစ်သူက ရဲချုပ်ထံတိုင်ကြား

ရိုးမ ၃

နယ်မြေခံအာဏာပိုင်များ ထိုးကြိတ်ရိုက်နှက်မှုကြောင့် သေဆုံးသွားသူအမှုကို သက်ဆိုင်ရာက အရေးယူဆောင်ရွက်ခြ်း မရှိသည့်အတွက် သမီးဖြစ်သူက မြန်မာနိုင်ငံ ရဲချုပ်ထံသို့ တင်ပြတိုင်တန်းထားသည်။

ပြီးခဲ့သည့်လ (၈) ရက်နေ့ ညပိုင်းက မြောက်ဥက္ကလာပမြို့၊ အမှတ် (၂) ရပ်ကွက်၊ သုမာလာလမ်းထိပ်တွင် (ရယက)အဖွဲ့ဝင်ဟောင်း ဦးဝင်းချိုနှင့် ရဲတပ်သား ပန်းသီး (ခ) အောင်အောင်ဦးတို့၏ ထိုးကြိတ်ရာမှ သေဆုံးသွား သည့် ဦးကျော်မောင်အမှုကို သမီးဖြစ်သူ မနှင်းအိဖြူက လက်မှတ်ရေးထိုးကာ တရားဝင် တင်ပြခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ထိုးနှက်ထားသည့် ဒဏ်ကြောင့် ဦးကျော်မောင်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိပြီး သွေးများအဆက်မပြတ် ယိုစီးကာ မြောက်ဥက္ကလာပဆေးရုံသို့ (၈) ရက်နေ့၊ ည (၁၀) နာရီခန့်တွင် ပို့ဆောင်ခဲ့ရပြီး (၉) ရက်နေ့ မနက်တွင် သေဆုံးသွားခဲ့သည်။

ဦးကျော်မောင်သေဆုံးမှုကို နယ်မြေခံရဲစခန်းတွင် အမှုဖွင့်ရာ (ရယက)အဖွဲ့ဝင်ဟောင်း ဦးဝင်းချို တဦးတည်းကိုသာ ဖမ်းဆီးစစ်ဆေးထားသော်လည်း အခြားရဲတပ်သား ပန်းသီး(ခ) အောင်အောင်ဦးနှင့် (ရယက)အဖွဲ့ဝင် ကျွဲပေါက်တို့အား တစုံတရာ ဖမ်းဆီးအရေးယူခြင်းမရှိကြောင်း သမီးဖြစ်သူက တင်ပြတိုင်တန်းထားသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ အာဏာပိုင်များဘက်မှ သက်သေများ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ရာတွင် မျက်မြင်သက်သေကို တကြိမ်တည်းသာ ခေါ်ယူစစ်ဆေးပြီး တဝက်တပျက် မျက်မြင်သက်သေများ၏ အမည်များကိုသာ အကြိမ်ကြိမ် တင်သွင်းထားသည်။

သေဆုံးသူ ဦးကျော်မောင်မှာ အသက် (၅၆) နှစ်အရွယ်ရှိပြီး အမှတ် (၈၁၇)၊ သုဇိတာ (၉) လမ်း၊ (၂) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူဖြစ်သည်။

အဆိုပါအမှုကို ပြီးခဲ့သည့်လ (၁၅) ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံရဲချုပ်ထံသို့ လိပ်မူကာ တိုင်တန်းထားသော်လည်း ယနေ့အထိ တစုံတရာ တုန့်ပြန်ဆောင်ရွက်ပေးခြင်း မရှိသေးပေ။

No comments:

Post a Comment