ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 17, 2009

မန္တလေးမြို့တည် အနှစ် ၁၅၀ ပြည့်ပွဲကျင်းပ

ရိုးမ ၃

ယနေ့ကျရောက်သည့် မန္တလေးမြို့တည် နှစ် ၁၅၀ ပြည့်အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့ စည်ပင်သာယာခန်းမတွင် ဒီကနေ့ မနက်ပိုင်းက လူပေါင်း ၅၀၀ ကျော်ပါဝင်သည့် ဝန်းခင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ကြောင်း မန္တလေးမြို့သူမြို့သားများက ပြောသည်။

အဆိုပါမန္တလေးမြို့တည် နှစ် ၁၅၀ ပြည့်အထိမ်းအမှတ်ဖွင့်ပွဲတွင် မြို့မတေးဂီတအဖွဲ့၏ ငွေငန်းရုပ်နှင့် အလှပြကားအပါအဝင် စည်ပင်တေးဂီတနှင့် အလှပြအဖွဲ့၊ မာဃလုလင်အလှပြကားများလည်း ပါဝင်သည်။



မန္တလေး

မန္တလေးကျုံးနှင့် နန်းမြို့ရိုး (Photo: Wikipedia)
မြို့တော်ခမ်းမရှေ့က စည်ပင်သာယာရေးကော်မတီ အဆောက်အဦးအတွင်းတွင် ရွှေချည်ထိုး၊ ပန်းချီ၊ ပန်းပုနှင့် ဓါတ်ပုံပြပွဲ၊ ကုသိုလ်တော်ဘုရား တောင်ဘက်မုခ်တွင် မော်ကွန်းကဗျည်းကျောက်စာဖွင့်ပွဲ၊ ရွှေမန်းတောင်အားကစားကွင်းတွင် နှစ် ၁၅၀ ပြည့် ကုန်စည်ဈေးပွဲတော်နှင့် စာအုပ်ဈေးပွဲတော်များလည်း ဒီကနေ့ စတင်ဖွင့်လှစ် ခင်ကျင်းပြသကြောင်း မန္တလေးမြို့ခံများက ပြောသည်။

ဖျော်ဖြေရေးအတွက် ကုသိုလ်တော်ဘုရားအနီးတွင် သစ်လွင်၊ နှင်းသပြေ၊ မြတရာ အငြိမ့်ပွဲနှင့် ရွှေမန်းတောင်အားကစားကွင်းတွင် မန္တလေး စင်တင်တေးဂီတအဖွဲ့ သုံးဖွဲ့က တညစီ အလှည့်ကျဖျော်ဖြေမည်ဖြစ်ပြီး မော်ကွန်းရုပ်ရှင်ထုတ်လုပ်ရေးမှ မန္တလေးကို နောက်ခံသည့် ဇာတ်ကားများ အခမဲ့ပြသမည်ဖြစ်သည်။

မန္တလေးမြို့သည် မြန်မာမင်းတို့ ထီးစိုက်နန်းစိုက်ခဲ့သည့် နောက်ဆုံးမြို့ဖြစ်ပြီး ကျုံးအပါအဝင် နန်းမြို့ရိုးတို့ဖြင့် အထင်ကရ တင့်တယ်နေဆဲ မြို့တမြို့ဖြစ်သည်။ ခေတ်အဆက်ဆက်ကို ဖြတ်သန်းရင်း မန္တလေးမြို့သည် အနှစ် ၁၅၀ ပြည့်မြောက်ခဲ့ပြီး အဆိုပါ နှစ် ၁၅၀ အတွင်း မန္တလာသူ မန္တလားသားများသည်လည်း နိုင်ငံရေး၊ စီးပွားရေး လူမှုရေး နယ်ပယ်အသီးသီး၏ စိန်ခေါ်မှုများနှင့် ဖြတ်သန်းရှင်သန်ခဲ့ကြရပေသည်။

မန္တလေးမြို့တည် နှစ် ၁၅၀ ပြည့်မြောက်သည့်ပွဲသည် ကြုံတောင့်ကြုံခဲဖြစ်သော်လည်း မန္တလာသူမန္တလာသားအများစုအဖို့ စီးပွားရေး၊ လူမှုရေး အထွေထွေအကြပ်အတည်များကြောင့် ပျော်ရွှင်နိုင်ခြင်းမရှိဟု သိရသည်။ မန္တလေးမြို့တည် နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ပွဲကို သုံးရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်သည်။

No comments:

Post a Comment