ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 19, 2009

အင်းစိန်ထောင်အနီးတဝိုက် လက်နက်ကိုင်တပ်ဖွဲ့များ ပြည့်နှက်နေပြီး နေရာအချို့ကို ပိတ်ဆို့ထား

ရိုးမ ၃

ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်ဆေးမည်ဖြစ်သည့်အတွက် အင်းစိန်ထောင်ရှေ့ လမ်းမတလျှောက်နှင့် ဘေးပတ်လည်တွင် လုံခြုံရေးများ တင်းကြပ်စွာ ချထားကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အာဏာပိုင်များက ပုဒ်မ (၂၂) ဖြင့် တရားစွဲဆိုခဲ့ပြီး ယနေ့တွင် စတင်ကြားနာ စစ်ဆေးမည်ဖြစ်သည့်အတွက် လူစုလူဝေးဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ယခုကဲ့သို့ လုံခြုံရေးများ တင်းကြပ်စွာ ချထားခြင်းဖြစ်သည်။

လမ်းမပိတ်ဆို့ထား
အင်းစိန်ထောင်ရှေ့ လမ်းမကြီးအား ပိတ်ဆို့ထားသည်ကို တွေ့ရစဉ်
ယမန်နေ့ညမှ စတင်ကာ လက်နက်ကိုင်စစ်သားများက လမ်းမကြီးတလျှောက် ပိတ်ဆို့နေရာယူထားပြီး ကြံ့ဖွံ့၊ စွမ်းအားရှင်များလည်း နေရာအနှံ့ ပိတ်ဆို့ထားသည်ဟု ပြောသည်။

“လက်နက်ကိုင်စစ်သားတွေက ညကတည်းက စောင့်နေတာ၊ လမ်းကြိုလမ်းကြားတွေမှာလဲ ရှိတယ်၊ ဒိုင်နာကားတွေကိုလဲ အဆင့်သင့်ပြင်ဆင်ထားတာ၊ အင်အားက တော်တော်ကိုများတယ်၊ လူစုလူဝေးဖြစ်လာရင် ချက်ချင်းဖြိုခွင်းမဲ့ ပုံစံမျိုးတွေ လုပ်ထားတာ” ဟု မြို့ခံက ပြောသည်။

အင်းစိန်မီးရထားခုံးကျော်တံတားအဆင်း၊ ဘုရင့်နောင်လမ်းဆုံများတွင် ဒိုင်နားကားများကို တန်းစီရပ်ထားပြီး သွားလာရန် အခက်ခဲဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် အင်းစိန်ထောင်အနီးရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်းတွင် လုံထိန်းနှင့် စစ်တပ်အင်အား ရာနှင့်ချီကာ စောင့်ဆိုင်းနေလျှက်ရှိပြီး အင်းစိန်ပန်းခြံနှင့် ဘုရင့်နောင်လမ်းဆုံတို့ကိုလည်း လုံခြုံရေးတပ်ဖွဲ့များက ပိတ်ဆို့ထားလိုက်သည်။

No comments:

Post a Comment