ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 11, 2009

ပြည်ပရုပ်သံသတင်းများပြသခြင်းမပြုရန် အာဏာပိုင်များ လက်မှတ်ထိုးခိုင်းနေ

ရိုးမ ၃
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်တွင် ပြည်ပရုပ်သံသတင်းများ ပြသကြည့်ရှုခြင်းမပြုလုပ်ရန် အာဏာပိုင်များက လက်မှတ်ရေးထိုးခိုင်းခြင်းများ ပြုလုပ်နေလျှက်ရှိသည်။

ယမန်နေ့ညပိုင်းမှ စတင်ကာ လူစည်ကားသည့်နေရာများရှိ စားသောက်ဆိုင်ပိုင်ရှင်များကို ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) လိုင်းကို ပြသခြင်းမပြုတော့ကြောင်း ခံဝန်ချက်လက်မှတ်များ ထိုးခိုင်းနေသည်ဟု မြို့ခံ လုပ်ငန်းရှင်တဦးက ပြောသည်။

“သူတို့က မနေ့က ညနေပိုင်းလောက်ကစပြီး စားသောက်ဆိုင်ပိုင်ရှင်တွေကို မပြတော့ပါဘူး ဆိုတဲ့အကြောင်း လိုက်ထိုးခိုင်းတာ၊ ဒါပေမဲ့ တချို့နေရာတွေမှာတော့ ကြည့်တာတွေရှိတာပဲ၊ ဘိုကလေးမှာက တမြို့လုံးနီးပါး ကြည့်ကြတာပဲ” ဟု ပြောသည်။

ယခုကဲ့သို့ အာဏာပိုင်များဘက်က ပြည်ပသတင်းရုပ်သံလိုင်းများကို ပြသခြင်းမပြုရန် တားမြစ်ပိတ်ပင်နေသော်လည်း အချို့ ညစ်ညမ်းဗွီဒီယိုများ ညစဉ် ပြသနေသည့် လ္ဘရည်ဆိုင်များကိုမူ တစုံတရာ ကန့်သတ်ခြင်းမရှိကြောင်း အဆိုပါလုပ်ငန်းရှင်က ဆက်လက်ပြောသည်။

“ဘိုကလေးမြို့ပေါ် (၆) ရပ်ကွက်က လ္ဘက်ရည်ဆိုင်တွေဆိုရင် ပေါ်တင်ကိုပြတာ၊ အဲတော့ လူငယ်တွေ ကိုယ်ကျင့်တရားတွေ ပျက်ပြားကုန်တာပေါ့၊ ဒါမျိုးကျတော့ ဘာကြောင့် ခွင့်ပြုထားလဲဆိုတာက စဉ်းစားစရာပဲ” ဟု ၎င်းက ပြောသည်။

ဘိုကလေးမြို့ပေါ်တွင် လ္ဘက်ရည်ဆိုင် ရာနှင့်ချီရှိသော်လည်း လူစည်ကားပြီး နာမည်ကြီးသည့်ဆိုင်များမှာ (၃၀) ကျော်ရှိကြောင်း အဆိုပါလုပ်ငန်းရှင်က ဆက်ပြောသည်။

“လ္ဘက်ရည်ဆိုင်တွေမှာ နာမည်ကြီးတာက ညီနောင်တို့၊ ကောင်းထက်လင်းတို့လို ဆိုင်တွေပေါ့၊ စားသောက်ဆိုင်တွေဆိုရင် တော့ပ်၊ ဒဂုံတို့က နာမည်ကြီးတွေ၊ ညစ်ညမ်းခွေတွေပြတဲ့ (၆) ရပ်ကွက်ထဲမှာက လ္ဘက်ရည်ဆိုင်ပေါင်း ၂၀ လောက်ရှိတယ်၊ ဆိုင်တိုင်းကို ပြနေတာ” ဟု ပြောသည်။

ထို့အပြင် မြန်မာပြည်အလယ်ပိုင်း၊ ညောင်ဦးမြို့တွင်လည်း မကြာသေးခင်ရက်ပိုင်းအတွင်းက ပြည်ပသတင်းရုပ်သံများ ပြသကြည့်ရှုခြင်းမပြုလုပ်ရန် တားမြစ်မှုများ ပြုလုပ်ခဲ့သည်။

No comments:

Post a Comment