ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jan 6, 2010

နိုင်ငံရေးအကျဉ်းသူတဦး ထောင်တွင်းသေဆုံး

ရိုးမ ၃

အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကောင်းစွာမရရှိသဖြင့် နိုင်ငံရေးအကျဉ်းသူတဦး သေဆုံးသွားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ယနေ့ သတင်းထုတ်ပြန်ကြေညာသည်။

အသက် (၃၈) နှစ်အရွယ်ရှိ အတင်တင်ထွေး(ခ) မပဲသည် နှလုံးသွေးကြောပေါက်ရောဂါဖြင့် သာယာဝတီထောင် ဆေးရုံမှ အင်းစိန်းသို့ ပြောင်းရွေ့ပြီး ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုနှစ်အတွင်း မတင်တင်ထွေးအပါအဝင် ဆလိုင်းလှမိုး၊ စောချာလိတ်တို့သည် ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှု မရရှိသည့်အတွက် သေဆုံးခဲ့ရပြီး (AAPP) မှတ်တမ်းများအရ ၁၉၈၈ ခုနှစ်မှ ယနေ့ထိ ထောင်တွင်း သေဆုံးသူ နိုင်ငံရေးအကျဉ်းသား/ အကျဉ်းသူ ၁၄၃ ယောက်ရှိပြီဖြစ်သည်။

ယခု သေဆုံးသူ မတင်တင်ထွေးသည် ၂၀၀၇ ခုနှစ် စက်တင်ဘာရွေဝါရောင်လှုပ်ရှားမှုတွင် ပါဝင်ပတ်သက်မှုဖြင့် အခြားနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၄ ဦးနှင့်အတူ ဖမ်းဆီးခံရပြီး အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီးနောက် ၂၀၀၈ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ပြန်ရုတ်သိမ်းကာ တရားစွဲဆိုခံခဲ့ရသူဖြစ်သည်။

၎င်းအား အာဏာပိုင်များက နိုဝင်ဘာ ၂၄ ရက်နေ့တွင် လုံခြုံရေးအဖွဲ့များအား ဝတ္တရားနှောက်ယှက်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၂၂) အရ၎င်း၊ လုံခြုံရေးအဖွဲ့များအား အများမကြားဝံ့မနာသာ ဆဲဆိုမှုပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၂၉၄) တို့ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ၃ လချမှတ်ခံထားရသူဖြစ်သည်။

No comments:

Post a Comment