ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 18, 2009

ဆရာမများ၏ ဘက်လိုက်သင်ကြားမှုများကြောင့် ကျောင်းသားမိဘများ သားသမီးပညာရေးကို စိုးရိမ်နေ

ဖြိုးကြီး

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမက (၉) မှ ကျောင်းဆရာ၊ ဆရာမများက ကျောင်းသားကျောင်းသူများအပေါ် ဘက်လိုက်သင်ကြားမှုများ ပြုလုပ်နေခြင်းကြောင့် ကလေးငယ်များပညာရေးအတွက် စိုးရိမ်နေရကြောင်း ကျောင်းသား၏မိဘတဦးက ပြောသည်။

ထက်မြက်ထူးချွန်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများကို အတန်းပိုင်ဆရာမများက ၎င်းတို့ထံ ကျူရှင်တက်မှ ဂရုတစိုက် သင်ကြားပေးခြင်းများပြုလုပ်ပြီး အခြားကလေးငယ်များကို သင်ကြားပေးခြင်းမရှိဘဲ ခွဲခြားဆက်ဆံမှုများ ပြုလုပ်နေလျှက်ရှိသည်။

“အခုထက်မြက်ထူးချွန်ဖြေမဲ့ ကလေးတွေတချို့က အတန်းပိုင်တွေဆီမှာ ကျူရှင်တက်ကြတယ်လေ၊ တကယ်ဆို အဲလိုဖြေဖို့ ဆရာမတွေက အားလုံးကို ဂရုတစိုက်သင်ပေးရမှာ၊ ကျူရှင်မတက်တဲ့ ကလေးတွေကြတော့ မသင်ပေးဘူးဖြစ်နေတာ” ဟု ကျောင်းသားမိဘတဦးက ပြောသည်။

အတန်းပိုင်များထံ ကျူရှင်တက်သည့် ကျောင်းသားများကို လေ့လာနိုင်ရန် News light of Myanmar အမည်ရှိ study guard သတင်းစာများကို ပေးလေ့လာစေပြီး အခြားကျောင်းသားများကို လေ့လာခိုင်းခြင်းမရှိကြောင်း အဆိုပါ ကျောင်းသားမိဘက ဆက်ပြောသည်။

“သူတို့ပေးတဲ့ သတင်းစာကို ကျူရှင်မတက်တဲ့ ကလေးဆိုရင် ပေးမပြဖို့ ဆရာမတွေက မှာထားတာ၊ ဒါပေမဲ့ ကလေးအချင်းချင်းကတော့ ဆရာမ မသိအောင် ခိုးပေးနေရတာပေါ့” ဟု ပြောသည်။

ဆရာမများအနေဖြင့် ယခုကဲ့သို့ ကျောင်းသားများအပေါ် ခွဲခြားဆက်ဆံမှုများကြောင့် ကလေးငယ်များ ပညာရေးကို ထိခိုက်မှုများစွာ ဖြစ်ပေါ်ပြီး မြန်မာ့ပညာရေးစနစ်မှာ စိုးရိမ်စရာများရှိနေသည်ဟု ၎င်းက ဆက်လက်ပြောသည်။

No comments:

Post a Comment