ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jun 10, 2009

ဒေါ်အောင်ဆန်းစုကြည်လွှတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲပြုလုပ်

Sunday-07 June 2009 ဖြိုးကြီး

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ ကို ထိုင်းအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ယနေ့နံနက် (၁၁) နာရီခန့်မှ စတင်ကာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားထိပ်တွင် ပြုလုပ်ခဲ့ကြသည်။

အချိန်တနာရီနီးပါးကြာမြင့်ခဲ့သည့် အဆိုပါဆန္ဒပြပွဲကို မဲဆောက်ဒေသတွင်းရှိ ဒီမိုကရေစီလိုလားသူ မြန်မာပြည်သား ၁၀၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြသည်။



ဆန္ဒပြပွဲမြင်ကွင်း

ဆန္ဒပြပွဲမြင်ကွင်း
ဆန္ဒပြပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ “ဒေါ်အောင်ဆန်းစုကြည်ဟာ လူရှင်သင်္ချိုင်းထဲမှာ အခက်ခဲပေါင်းများစွာနဲ့ ရင်ဆိုင်ကျော်ဖြတ်ရမှာ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းအားထုတ်တဲ့ သူတွေကိုလဲ ခွန်အားသတ္တိတွေ ပေးနိုင်ရမယ်၊ မြန်မာပြည်ထဲမှာရှိတဲ့ ကိုယ့်လူတွေကိုလဲ ခွန်အားသတ္တိတွေ ပေးနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာ ဖြစ်တယ်” ဟု ဦးဆောင်ပါဝင်ခဲ့သူတဦးက ပြောသည်။

အဆိုပါဆန္ဒပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေး၊ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရေးနှင့် စစ်အာဏာရှင်စနစ် ပြုတ်ကျရေးဆိုသည့် ကြွေးကြော်သံများ တောင်းဆိုခဲ့ကြပြီး “ကမ္ဘာမကြေဘူး” သီချင်းကို သံပြိုင်သီဆိုခဲ့သည်။

စစ်အစိုးရအာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သက်တမ်း ကုန်ဆုံးခါးနီးအချိန်တွင် အမှုဆင်၍ ပုဒ်မ (၂၂) ဖြင့် တရားစွဲဆိုမှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပြည်တွင်းပြည်ပ နေရာအနှံ့အပြားတွင် ဆန္ဒပြတောင်းဆိုပွဲများ ဆက်တိုက်ဖြစ်ပေါ်လာသည်။

မကြာသေးခင်ကလည်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုမှု ပြုလုပ်ခဲ့ကြသည်။

No comments:

Post a Comment