ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jun 10, 2009

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုမှု ပြုလုပ်

Thursday-28 May 2009 ရိုးမ ၃

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ခဲ့ကြသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပူးပေါင်းဖွဲ့စည်းထားသော Joint Action Committee အဖွဲ့ဝင်များ ဦးဆောင်သည့် အင်အား ၁၀၀ ခန့်က ယနေ့ နေ့လည်ပိုင်းတွင် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

“မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်စိုးရက ပုဂ္ဂိုလ်ရေးအရာရော နိုင်ငံရေးအရပါ နည်းမျိုးစုံနဲ့ တိုက်ခိုက်နေတာဟာ မတရားမှုဆိုတာကို သိသိကြီးနဲ့ ငြိမ်မခံနေနိုင်ဘူး၊ အာဆီယံအနေနဲ့လည်း ငြိမ်မနေသင့်ဘူး၊ ကုလသမဂ္ဂအနေနဲ့လည်း ငြိမ်မနေသင့်ဘူး၊ ဒါကြောင့်လာတောင်းဆို ဆန္ဒပြတာဖြစ်တယ်” ဟု ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သူတဦးက ပြောသည်။

ဒေါ်အောင်စုကြည်အပေါ် ယခုကဲ့သို့ လုပ်ကြံကာ ထပ်မံတရားစွဲဆိုသည့် မတရားမှုကို နိုင်ငံတကာအနေဖြင့် ပြတ်ပြတ်သားသား ဖော်ထုတ်ပေးရန်အတွက် နိုင်ငံရေးအရသော်၎င်း၊ သံတမန်ရေးအရသော်၎င်း၊ စီးပွားရေးအရသော်၎င်း ဖိအားပေးပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လွှတ်ပေးရန်တို့ကိုပါ တောင်းဆိုဆန္ဒပြခဲ့ကြောင်း ၎င်းက ပြောသည်။

စစ်အစိုးရက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချရန် စွဲချက်တင် တရားစွဲဆိုခြင်းသည် မြန်မာပြည်သူလူထုတရပ်လုံးအား ထောင်ချခြင်းဖြစ်သည့်အတွက် ကမ္ဘာ့အသိုင်းအဝိုင်းက သိရှိရန်လိုကြောင်း ဆန္ဒပြရာတွင်ဦးဆောင်ခဲ့သူ ကိုအောင်ခိုင်က ပြောသည်။

အဆိုပါဆန္ဒပြပွဲကို ထိုင်းအာဏာပိုင်များက တားဆီးမှုများပြုလုပ်ခဲ့သော်လည်း တစုံတရာ ဖမ်းဆီးခဲ့ခြင်းမရှိဘဲ အေးအေးချမ်းချမ်းဖြင့် ပြီးဆုံးသွားခဲ့သည်ဟု ဆိုသည်။

No comments:

Post a Comment